အမေရိကန်အနေဖြင့် Covid-19 တိုက်ဖျက်မှုတွင် တရုတ်နှင့်ပူးပေါင်းဆောင်ရွက်သင့်ဟုဆို

603

ရောင်နီ ( NP News ) - စက်တင်ဘာ ၇
COVID-19 ကူးစက်ပြန့်ပွားမှုကို အဆုံးသတ်စေရန်အတွက် ကမ္ဘာလုံးဆိုင်ရာအဖြေရှာရန် အမေရိကန်သည် တရုတ်နှင့်ပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း နာမည်ကြီးအမေရိကန်စီးပွားရေး ပညာရှင် Jeffrey Sachs ကတနင်္ဂနွေနေ့ (စက်တင်ဘာလ ၅ရက်)က မလေးရှားမီဒီယာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
မလေးရှားသတင်းစာ The Star နှင့် အီးမေးလ်အင်တာဗျူးတွင် Sachs က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအား ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုသည် လုံးဝမလုံလောက်သေးကြောင်း၊ အဓိက ပထဝီဆိုင်ရာနိုင်ငံရေးပြဿနာများထဲမှတစ်ခုသည် ကမ္ဘာလုံးဆိုင်ရာအဖြေရှာရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပူးပေါင်းရန် ပျက်ကွက်နေခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်ရဲ့ကူးစက်ရောဂါနှိမ်နင်းရေး အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပုံကို တစ်ကမ္ဘာလုံးအနေနဲ့ အတုယူသင့်တယ်။ အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေခြင်းထက်စာရင် တရုတ်နဲ့အတူတ ကွပူးပေါင်းလုပ်ဆောင်ပြီး ကောင်းတဲ့အမူအကျင့်အချို့ကို သင်ယူသင့်တယ်” ဟု ကပ်ရောဂါ ကာကွယ်ရေးတွင် က မ္ဘာလုံးဆိုင်ရာ၊ သာတူညီမျှမှုနှင့် ရေရှည်တည်တံ့စေသော ဖြေရှင်းနည်းများကို မြန်ဆန်စေရန် ကူညီဖန်တီးနေသူ Lancet COVID-19 ကော်မရှင်အကြီးအကဲ အမေရိကန်စီးပွားရေးပညာရှင် Sachs က ပြောသည်။
Sachs သည် အမေရိကန်၏ ရောဂါထိန်းချုပ်မှု ပျက်ကွက်ခြင်းများကိုလည်း ထောက်ပြခဲ့ပြီး အမေရိကန် ပြည် ထောင်စုသည် လူ့အဖွဲ့အစည်းများစွာ၏ ယဉ်ကျေးမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအပြုအမူများကို လူမှုကောင်းကျိုးထက် ရှေ့တန်းတင်နေကြောင်း၊ “ လွတ်လပ်မှု” အမည်ခံထားသည့် အမေရိကန်များသည် Covid-19 အခြေခံစည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းကြောင့် Covid-19 ရောဂါ အမေရိကန်တွင် ပျံ့နှံ့လာခြင်းဖြစ်ကြောင်း၊ ချမ်းသာသည့် နိုင်ငံများသည်လည်း၎င်းတို့၏ အသိပညာများ၊ အထူးသဖြင့် ကာကွယ်ဆေးများကို ရက်ရက်ရောရော မမျှဝေခဲ့ကြကြောင်း၊ ယင်းကြောင့် ကမ္ဘာ့ဒေသအသီးသီးမှနိုင်ငံများ Covid-19 တိုက်ဖျက်ရေးကို ပိုမိုကြိုးပမ်းအားထုတ်စေလိုကြောင်း Sachs က တိုက်တွန်းခဲ့သည်။
#NPNews