ကျင့်စန်းကျော့ဂိတ် ပြန်လည်ဖွင့်လှစ်ပါက မူဆယ်ဂိုဒေါင်ချထားသည့် မြန်မာပို့ကုန် တန်ချိန် (၅ဝဝဝဝ)ကျော်ကို ဦးစားပေးတင်ပို့မည်

1201

NP News - စက်တင်ဘာ ၉
မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ကျင့်စန်းကျော့ဂိတ်အနီးတွင် ကုန်တင်ယာဉ်များရပ်နား၍ ကုန် ပစ္စည်းချိန်းပြောင်းနိုင်ရေးအတွက် ကုန်သွယ်မှုအထောက်အကူပြုယာဉ်ရပ်နားစခန်း ဖွင့်လှစ်နိုင်ရေးအစည်းအဝေးကို စက်တင်ဘာလ (၈) ရက်က ကျင်းပခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများကို မူဆယ်(၁ဝ၅)မိုင်တွင်တည်ဆောက်နေသည့် ကုတင် (၁ဝဝဝ) ဆံ့ကုသ ရေးစင်တာဖွင့်လှစ်အပြီး စက်တင်ဘာလလည်ခန့်တွင် ပြန်လည်ဖွင့်လှစ်ရန်လည်း ကုန်သည်များ က မျှော်လင့်နေကြသည်။
အဆိုပါအစည်းအဝေးတွင် ကျင့်စန်းကျော့ဂိတ်ပြန်လည်ဖွင့်လှစ်ချိန်ပါက မူဆယ်ဒေသတွင် ဂိုဒေါင်ချထားသည့် မြန်မာပို့ကုန် ကုန်စည်တန်ချိန် ၅ဝဝဝဝ ကျော်ကို ဦးစားပေးတင်ပို့နိုင်ရေး ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကျင့်စန်းကျော့ဂိတ်အနီးတွင်ဆောင်ရွက်မည့် ယာဉ်ရပ်နားစခန်းတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင်း၊ ရှန်တိန်ယာဉ်မောင်းချိန်းပြောင်းခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ ကုန်ပစ္စည်းများချိန်းပြောင်းခြင်းစသည့် လုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့် (SOPs) များနှင့်အညီ ဆောင်ရွက်နိုင်ရေးကြိုတင်ပြင်ဆင်ထားမည်ဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ် မူဆယ်၊ ရွှေလီနယ်စပ်ကုန်သွယ်ရေးဂိတ်များပြန် လည်ဖွင့်လှစ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကုမ္ပဏီအနေဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကျင့်စန်းကျော့ ကုန်သွယ်ရေးဂိတ်ပြန်လည်ဖွင့်လှစ်ချိန်တွင် တစ်ဖက်နိုင်ငံ၏ ကုန်တင်ယာဉ်များ မိမိနိုင်ငံဘက် မည်သည့်နေရာအထိ ဝင်ခွင့်ပြုသင့်သည်ကို နှစ်နိုင်ငံ နယ်စပ်ကိုယ်စားလှယ်များ ကြိုတင်ညှိနှိုင်းပြီး မူဝါဒပြတ်ပြတ်သားသားချမှတ်မည်ဖြစ်ကြောင်း သိရသည်။ ယာယီခေါက်တိုရှန်တိန်ကားကြီးကွင်းများတွင် ကောက်ခံရမည့် နှုန်းထားများကိုလည်း တပြေးညီ သတ်မှတ်နိုင်ရေးကြိုတင်တွက်ချက်ထားကြောင်းသိရသည်။ ယာဉ်မောင်း၊ ယာဉ်အကူတို့ကိုလည်း စက်တင်ဘာလ (၁ဝ) ရက်တွင် မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်အသင်းရုံးတွင် ကာကွယ်ဆေးထိုးပေးမည်ဖြစ် ကြောင်းသိရသည်။
#NPNews