လုံခြုံရေးတင်းကြပ်ထားသည့် အကျဉ်းထောင်အား ဖောက်ပြေးခဲ့သူအချို့ကို အစ္စရေးရဲတပ်ဖွဲ့ပြန်လည်ဖမ်းဆီး

471

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၁
ယခုသီတင်းပတ်အတွင်းလုံခြုံရေးတိုးမြှင့်ထားသည့် Gilboa အစ္စရေးအကျဉ်းထောင်အတွင်းကထွက်ပြေးလွှတ်မြောက်သွားသည့် ပါလက်စတိုင်း အကျဉ်းသားခြောက်ဦးအနက် (၂)ဦးကို စက် တင်ဘာလ (၁ဝ)ရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်လိုက်သည်။
အဆိုပါအကျဉ်းထောင်ဖောက်မှုက အစ္စရေးနိုင်ငံသမိုင်းတွင် အံအားသင့်ဖွယ်ကောင်းသည့်ထောင် ဖောက်ပြေးမှုတစ်ခုဖြစ်ခဲ့ကြောင်း ၎င်းတို့သည် အကျဉ်းထောင်မှဥမင်လှိုင်ခေါင်းတူးကာထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အစ္စရေးရဲတပ်ဖွဲ့က"နိုင်ငံမြောက်ပိုင်းရှိရဲတပ်ဖွဲ့ဟာ ထွက်ပြေးခဲ့တဲ့အကျဉ်းသားနှစ်ဦးကို ထွက်ပြေးပြီးအချိန်တိုအတွင်းမှာပြန်ဖမ်းဆီးနိုင်ခဲ့တယ်"ဟု သတင်းထုတ်ပြန်ထားသည်။
ပြန်ဖမ်းဆီးနိုင်ခဲ့သူနှစ်ဦးသည် အသက် (၄၈) နှစ်အရွယ်ရှိ Yaqoub Qadri နှင့် အသက်(၄၅)အရွယ် ရှိ Mahmoud Abdullah Ardah ဆိုသူတို့ဖြစ်ပြီး ၎င်းတို့သည် အစ္စလာမစ်ဂျီဟတ်အဖွဲ့ဝင်များဖြစ် ကြောင်းသိရသည်။ ဒေသအတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ Mahmoud Abdullah Ardah သည် ထောက်ဖောက်ပြေးမှုကိုကြိုးကိုင်စီမံခဲ့သူဖြစ်ကြောင်းသိရသည်။ အဆိုပါနှစ်ဦးကိုပြန်ဖမ်းဆီးနိုင်ခဲ့ပြီးနောက် မကြာမီဂါဇာကမ်းမြောက်ဒေသကနေအစ္စရေးတောင်ပိုင်းကို ရော့ကဒ်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီး အစ္စရေးနိုင်ငံကဒုံးကျည်ကာကွယ်ရေးစနစ် Iron Dome ဖြင့် ကြားဖြတ်ဟန့်တားခဲ့ရကြောင်း အစ္စရေးစစ်ဘက်ကပြောသည်။
အစ္စရေးရဲတပ်ဖွဲ့က"ထောင်ဖောက်ပြေးသူနှစ်ဦးရဲ့နေရာကိုသိရှိခဲ့ပြီးနောက် ရဟတ်ယာဉ်တွေနဲ့လိုက်လံဖမ်းဆီးခဲ့တယ်။ သူတို့နှစ်ဦးကို Nazarethမြို့တောင်ပိုင်းမှ ာဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်။ခုခံတာမျိုးတော့မရှိခဲ့ဘူး" ဟုထုတ်ပြန်ထားသည်။
ဒေသခံများသည် အစားစာအတွက်အမှိုက်ပုံးများကိုရှာဖွေနေသူနှစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် ရဲတပ် ဖွဲ့ထံသတင်းပေးခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးမီဒီယာများတွင်ဖော်ပြထားသည်။ ကျန်ရှိသည့် အ ကျဉ်းသားများကို ပြန်ဖမ်းဆီးနိုင်ရေးအတွက်အရှိန်မြင့်လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။
#NPNews