နေပြည်တော်တွင် စစ်တပ်သတင်းပေးဒလန်ဟုဆိုကာ သားအမိနှစ်ဦးအား တစ်ရွာတည်းနေအမျိုးသားက သေနတ်ဖြင့်ပစ်ခတ်

1879

NP News - စက်တင်ဘာ ၁၁
နေပြည်တော် ဥတ္တရသီရိမြိုနယ်၊ မောင်ရမ်းကျေးရွာမှ သားအမိနှစ်ဦးအား တပ်ထောက်ခံသူဟုဆိုကာ တစ်ရွာတည်းနေထိုင်သူ အမျိုးသားတစ်ဦးမှ စက်တင်ဘာလ (၁ဝ) ရက်တွင် သေနတ်ဖြင့်ပစ် ခတ်ထွက်ပြေးသွားခဲ့ကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေ၏ စက်တင်ဘာ လ (၁၁) ရက်ထုတ်ပြန်ချက်အရသိရသည်။
ဗိဿနိုး PDF ၏ ထုတ်ပြန်ချက်အရ အဆိုပါဖြစ်စဉ်သည် ၎င်းတို့၏လက်ချက်ဖြစ်ပြီး စစ်တပ်သ တင်းပေးဒလန်ဖြစ်သည့်အတွက် နေပြည်တော် PDF တပ်ခွဲ (၅) မှ ဗိုလ်တေဇ နှင့် ဗိဿနိုး PDF တို ပူးပေါင်းကာ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို လုံခြုံရေးပူးပေါင်းအဖွဲ သွားရောက်စစ်ဆေးခဲ့ရာ (၉) မီလီမီတာ ကျည်ခွံ (၂) ခွံ၊ ကျည်ဖူး (၁) ခုတိုအား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဒေါ်ခင်မာဌေး၏ ဝမ်းဗိုက်၊ ဝဲနံအောက်၊ ဝဲလက်မောင်း တိုတွင် လည်းကောင်း၊ သမီးဖြစ်သူ မစန္ဒီဖြိုးတွင် ယာလက် မောင်းတွင်လည်းကောင်း သေနတ်ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ကုတင် - ၁ဝဝဝ) သို ပိုဆောင်ဆေးကုသမှု ပေးလျက်ရှိကြောင်း၊ တရားခံ ညီကျော် နှင့် သံသယရှိသူတို နှစ်ဦးအား ၎င်းတိုနေအိမ်၌ပင် ဖမ်းဆီးရမိခဲ့ပြီး လိုအပ်သောစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးက ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဗိဿနိုး PDF ကလည်း စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် ပြည်သူလူထုနှင့် ရပ်တည်မှုမရှိဘဲ စစ်ကောင်စီအလိုကျ ပြည်သူလူထုအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ဆောင်ရွက်နေသည့် စစ်တပ်နှင့် ရဲဝန်ထမ်းတို့အပါအဝင် CDM ဆောင်ရွက်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို မိသားစုဝင်များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်းကိုလည်း သတိပေးထုတ်ပြန်ထားသည်။
#NPNews