နေပြည်တော်ရှိ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနရှိ လိုင်စင်(၆)ခုကို ရောင်းချမည်

1174

NP News - စက်တင်ဘာ ၂ဝ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနရှိ အရပ်ရပ်အခွင့်အရေးလိုင် စင်(၆) ခုကို အိတ်ဖွင့်တင်ဒါ၊ အခြားနည်းစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ လေလံတင်ရောင်းချရေးအဖွဲ့ထံမှသိရသည်။
အဆိုပါရောင်းချမှုသည်၂ဝ၂၂ ခုနှစ် အောက်တိုဘာလ (၁) ရက်မှ ၂ဝ၂၂ ခုနှစ် မတ်လကုန်အထိ (၆လ)အတွက် ဖြစ်ကြောင်း သိရသည်။ လေလံတင်ရောင်းချမည့် လိုင်စင်များတွင် လယ်ဝေးနွားပွဲဈေးဝင်ကြေးကောက် ၊ လယ်ဝေးနွားပွဲဈေးစက်ဘီး၊ ဆိုင်ကယ်အပ်နှံမှု ၊ သာဝတ္ထိနွားပွဲဈေးဝင်ကြေးကောက် ၊ သာဝတ္ထိနွားပွဲဈေးစက်ဘီး၊ ဆိုင်ကယ်အပ်နှံမှု၊ တပ်ကုန်းနွားပွဲဈေးဝင်ကြေးကောက် ၊ တပ်ကုန်းနွားပွဲဈေးစက်ဘီး၊ ဆိုင်ကယ်အပ်နှံမှုတို့ပါဝင်ကြောင်း သိရသည်။
လေလံလျှောက်လွှာနှင့် စည်းကမ်းချက်များကို အခမဲ့ရယူလျှောက်ထားနိုင်ပြီးရောင်းချမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များ၏ ပေးသွင်းရမည့် အာမခံငွေအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနတွင် ငွေသွင်းချလျံယူ၍ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်သို့ စက်တင်ဘာလ (၂၂) ရက်တွင် နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ရောင်းချမှုကို စက်တင်ဘာလ (၂၄) ရက်တွင် နေ ပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁)ရက်ကလည်း အဆိုပါ လိုင်စင် (၆) ခုကို လေလံစနစ်ဖြင့်ရောင်းချရန် ကြေညာခဲ့ဖူးကြောင်းသိရသည်။
#NPNews