ဟယ်ရီပေါ်တာကြယ်ပွင့် Tom Felton ဟာ Ryder Cup ပြိုင်ပွဲဝင်နေတုန်း သတိလစ်သွား

 474

ရောင်နီ (NP News) - စက်တင်ဘာ ၂၅
Wisconsin ပြည်နယ်၊ Whistling Straits မှာ ပြုလုပ်တဲ့ အနုပညာရှင် နာမည်ကျော်များရဲ့ Ryder Cup ပြိုင်ပွဲမှာ ဟယ်ရီပေါ်တာကြယ်ပွင့်ဖြစ်သူ Tom Felton ဟာ ဂေါက်ရိုက်ပြိုင်ပွဲဝင်နေတုန်း ကျန်းမာရေးပြဿနာတစ်ခု ခံစားခဲ့ရပါတယ်။

နာမည်ကြီး Harry Potter ( ဟယ်ရီပေါ်တာ) ဇာတ်လမ်းတွဲမှာ Draco Malfoy အဖြစ် သရုပ်ဆောင်ထားတဲ့ နာမည်ကျော် Felton ဟာ စက်တင်ဘာလ ၂၃ ရက်၊ ကြာသပတေးနေ့က ဂေါက်ရိုက်ပြိုင်နေတုန်း လဲကျပြီးနောက် သတိလစ်သွားခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

"ယနေ့ Ryder Cup Celebrity Match မှာ သရုပ်ဆောင်နဲ့ ဂီတပညာရှင် Tom Felton ဟာ ဥရောပပွဲစဉ်အတွက် ယှဉ်ပြိုင်နေစဉ် ကျန်းမာရေး ထိခိုက်မှုနဲ့ တွေ့ကြုံတွေ့ခဲ့ရတယ်" လို့ PGA of America က ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ Felton ရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ယခု သီတင်းပတ်အတွင်း အသက် ၃၄ နှစ်အရွယ်ရှိ Felton ဟာ နာမည်ကျော် Ryder Cup ပွဲစဉ်မှာ Team Europe ကိုယ်စားပြု ပါဝင်ခဲ့ပြီး ဘောလုံးသမားဟောင်း Alessandro Del Piero၊ NBA ကစားသမားဟောင်း Toni Kukočနှင့် NHL ကစားသမားဟောင်း Teemu Selänneနှင့်မင်းသမီး Stephanie Szostak တို့နဲ့အတူ ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.