မလေးရှားမှာ စီးပွားရေးတွေပြန်လည်ဖွင့်လှစ်ပေးချိန်မှာ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်အတုတွေနဲ့သွားလာတာမျိုး မလုပ်ကြဖို့ ရဲတပ်ဖွဲ့ ကြိုတင်သတိပေး

 884

ရောင်နီ (NP News) - စက်တင်ဘာ ၂၆
မလေးရှားနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ တဖြည်းဖြည်း ပြန်ဖွင့်လာတာနဲ့အမျှ Covid-19 ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်အတုတွေပြုလုပ်ပြီး သွားလာတာမျိုး မပြုလုပ်ကြဖို့ ရဲတပ်ဖွဲ့က ကြိုတင်သတိပေးထားပါတယ်။

စားသောက်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေနဲ့ လက်လီအရောင်းဆိုင်တွေလို စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဝင်ရောက် လုပ်ကိုင်ဖို့အတွက် ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာ လိုအပ်ပြီး ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးထားသူတွေဟာ Langkawi မှာ အပန်းဖြေနိုင်သလို ဘုရားရှိခိုးကျောင်းလည်း တက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
"အချို့နိုင်ငံတွေဟာ ခရီးသွားဖို့အတွက် ကာကွယ်ဆေး ပတ်စပို့လိုအပ်မယ့် အလားအလာကို မြှင့်တင်လိုက်တဲ့အခါ ကာကွယ်ဆေးလက်မှတ်အတု ပြုလုပ်တာတွေ ပေါ်ပေါက်လာခဲ့ပြီး ဒီနိုင်ငံမှာလည်း အမျိုးမျိုးသော သွားလာခြင်းတွေအတွက် ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်ဖော်ပြရခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီဖြစ်ကြောင်း MMA အသင်း ဥက္ကဋ္ဌ Koh Kar Chai က The Straits Times ကို ပြောကြားခဲ့ပါတယ်။
"အထွေထွေရောဂါကု ဆရာဝန်တွေကို Covid-19 ကာကွယ်ဆေးထိုးပြီကြောင်း လက်မှတ်အတု ပြုလုပ်လိုတဲ့သူတွေက ငွေပေးပြီး ချဉ်းကပ်လာနိုင်တယ်လို့ Dr Koh က သတိပေးထားပြီး လူအချို့ဟာလည်း ကာကွယ်ဆေးထိုးနှံမှု မခံယူရသေးဘဲ လက်မှတ်ရဖို့ မျှော်လင့်ချက်နဲ့ ကာကွယ်ဆေးထိုးဖို့ စင်တာများကို ရောက်လာကြတာတွေ ရှိတယ်" လို့ ကွာလာလမ်ပူရှိ စင်တာမှ ကျန်းမာရေးအရာရှိတစ်ဦး က ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်တွေကို အွန်လိုင်းမှာပါ ရောင်းချနေပြီး "ကာကွယ်ဆေး လက်မှတ်" အမျိုးအစားသုံးမျိုးကို RM200 မှ RM1,500 (S $ 65 မှ S $ 485) အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.