ကမ်းရိုးတန်းဒေသများတွင်အုန်းပင်စိုက်ပျိုးထားရှိပါက သဘာဝဘေးအန္တရာယ်ကို အကာအကွယ်ပေးနိုင်ခြင်းကြောင့် အုန်းပင်စိုက်ပျိုးရန် ဗိုလ်ချုပ်မှူးကြီးပြော

 1037

NP News - အောက်တိုဘာ ၇
အုန်းဆီ၊ အုန်းမီးသွေး၊ အုန်းဆံတုံးစသည့် အုန်းနှင့် အုန်းထွက်ပစ္စည်းများသည် နေ့စဉ်အသုံးအ ဆောင်များတွင်မရှိမဖြစ်ပါဝင်နေပြီး ဈေးကွက်ခိုင်မာခြင်း၊ ကမ်းရိုးတန်းဒေသများတွင်အုန်းပင်စိုက်ပျိုးထားရှိပါက သဘာဝဘေးအန္တရာယ်ကို အကာအကွယ်ပေးနိုင်ခြင်းတို့ကြောင့် ဒေသခံများကိုလည်း အုန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ အသိပညာပေးတိုက်တွန်းကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်သို့ အောက်တိုဘာလ (၆) ရက်ကသွားရောက်စဉ်ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် Market နှင့် Target ကို သိရှိရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ရာသီသီးနှံများကို စိုက်ပျိုးကြရန်လို ကြောင်း၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းနှင့် စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ခွဲခြားသိမြင်ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ထက် ပိုလျှံမှုမရှိစေရန်နှင့် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် စဉ်းစားတွက် ချက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်လျက်ရှိသည့် ဒေသခံများ၏ ဈေးကွက်ကို မထိခိုက်စေရန် ဈေးကွက်လိုလားချက်နှင့် လိုအပ်ချက်ကို သိရှိအောင်လုပ်ဆောင်ပြီး စဉ်းစားတွက်ချက်လုပ်ဆောင်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးထုတ် ကုန်များမှ ပိုလျှံသည်များကို လေလွင့်မှုမဖြစ်ပေါ်စေရေး ရေရှည်ထားရှိအသုံးပြုနိုင်သည့် အခြောက်ခံ ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ရေး လုပ်ဆောင်ရန်လိုကြောင်း ယင်းကပြောသည်။

ထို့ပြင် မိမိတို့နိုင်ငံ၌ နို့နှင့် နို့ထွက်ပစ္စည်းများကို ပြင်ပမှ တင်သွင်းရလျက်ရှိသည့်အ တွက် နွားမွေးမြူရေးလုပ်ငန်းများမှ နို့နှင့် နို့ထွက်ပစ္စည်းများ အောင်မြင်အောင်ထုတ် လုပ်၍ ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နို့ထွက်နှုန်းကောင်းမွန်ရန် ပထမဦးစားပေးစဉ်းစား၍ ၎င်းမှတစ်ဆင့် နို့ဆီ၊ နို့စိမ်း၊ ထောပတ်အစရှိသည့် Product အဖြစ် အဆင့်ဆင့် လုပ်ဆောင်၍ အရည်အသွေးရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထွက်ပေါ်လာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်းပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ရာသီသီးနှံဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဇုန်များရှိ ဒေသအလိုက် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ အရည်အသွေးပြည့်မီသည့် အသား၊ ငါးများအားတိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးနှုန်းသက်သာစွာစားသောက်နိုင်ပြီး ပြည်သူ များအသားနှင့်ငါး စားသုံးမှုမြင့်မားလာကာ ကျန်းမာကြံ့ခိုင်မှုရှိလာမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သဖြင့် စ နစ်တကျဖြင့် စံပြဖြစ်အောင် စီမံဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းအ တွက်လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေးသားဖောက်ခြင်းလုပ်ငန်းများအား သုတေသနပြုဆောင်ရွက်ရန်လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။မွေးမြူ ရေးလုပ်ငန်းဆောင်ရွက်ရာ၌ ဒေသတွင်းဖူလုံမှုအားဦးစွာစဉ်းစားဆောင်ရွက်၍ ပိုလျှံအသားများကို အေးခဲအသားနှင့် ကုန်ချောထုတ်ကုန်အဖြစ်စီမံ၍ ပြည်ပသို့ တင်ပို့နိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
#NPNews

Picture

Wai Phyo

08/10/2021 22:20

တွင်းဟောင်းကိုဆီလူးပေးမနေနဲ့NP!အီးယူပါလီမန်ဘာထူးလဲ?သတင်းခိုင်နေပြီတင်တော့လေ၊တိုင်းပြည်တွက်အရေးပါတာကြဘာတွေတုံ့ဆိုင်းနေတာလဲ?လျှာဘယ်လိုလှည့်ရမလဲ ချိန်ဆနေတာလား?😁~ {စိတ်ဓာတ်ဖြောင့်မတ်သတင်းမှန်ပါစေNP}

Related news

© 2021. All rights reserved.