အမေရိကန်က ရိုက်ကူးခဲ့တဲ့ “No Time To Die” ဂျိမ်းစ်ဘွန်းဇာတ်ကားရဲ့ဇာတ်ညွှန်းကို ပြန်လည်ဆွေးနွေးဖို့ တရုတ်သံတမန် ပြောကြား

1578

ရောင်နီ(NP News) - အောက်တိုဘာလ ၁၁
အမေရိကန်အနေနဲ့ ၎င်းတို့ရဲ့ဂျိန်းစဘွန်းရုပ်ရှင်မှ 007 ကာရိုက်တာရဲ့ စစ်အေးခေတ် စာအုပ်နဲ့ သရုပ်ဆောင်ခဲ့ တဲ့အပိုင်းကို ရပ်တန့်သင့်ပြီး နှစ်နိုင်ငံ စီးပွားရေးပေါင်းစည်းဖို့ တရုတ်နဲ့ဆွေးနွေးရမယ်လို့ ဝါရှင်တန်ရှိ တရုတ် ထိပ်တန်းသံတမန်က ဆိုပါတယ်။
တရုတ်သံအမတ် Qin Gang ဟာ အောက်တိုဘာလ(၇) ရက်၊ ကြာသပတေးနေ့က ဖွင့်လှစ်ထားတဲ့ အမေရိ ကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီရဲ့ တရုတ်မစ်ရှင်စင်တာကို ဖုန်းခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ အဆိုပါ စင်တာ ဟာ CIA ဒါရိုက်တာ ဝီလျံဘန်းက "၂၁ ရာစုမှာ ရင်ဆိုင်နေရတဲ့ အရေးအကြီးဆုံး ပထဝီနိုင်ငံရေး ခြိမ်းခြောက်မှု " ကို တုန့်ပြန်ဖို့ တရုတ်အစိုးရကိုဆန့်ကျင်ကာ တည်ထောင်ထားတာလည်းဖြစ်ပါတယ်။
တရုတ်ဘာသာ အသံ လွှင့် Phoenix TV နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Qin က ဝီလျံဘန်းရဲ့မှတ်ချက်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အလေးနက်ဆုံး တွက်ချက်မှုဖြစ်တယ်လို့ပြောကြားခဲ့ပြီး သမ္မတဂျိုးဘိုင်ဒမ်ရဲ့ ကုလသမဂ္ဂ အထွေ ထွေညီလာခံ မိန့်ခွန်းမှာ အမေရိကန်က စစ်အေးတိုက်ပွဲသစ်ကို မရှာဘူးလို့ ဆိုခဲ့ပေမယ့် ရုပ်ရှင်ထဲက 007 ဇာတ် ကောင်နဲ့အတူ ပါဝင်ခဲ့တဲ့ စစ်အေးတိုက်ပွဲပြဇာတ်စာအုပ်ဟာ အဓိပ္ပာယ်တစ်ခုရှိနိုင်ကြောင်း အောက်တိုဘာလ(၉) ရက်၊ စနေနေ့က တရုတ်သံရုံးရဲ့ဝက်ဘ်ဆိုက်ကနေ ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးမှတ်တမ်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးကို လမ်းကြောင်းမှန်ပေါ်ရောက်စေဖို့ လွဲမှားတဲ့ဆက်သွယ်ရေးနဲ့၊ မလိုလားအပ်တဲ့ ပဋိပက္ခ များကို ရှောင်ရှားသင့်ကြောင်း Qin က ဆိုပါတယ်။ နှစ်နိုင်ငံအကြား တင်းမာမှုများကို လျော့ဖို့ ပြီးခဲ့တဲ့ သီတင်း တပတ်က ကြိုးပမ်းခဲ့ကြပြီး သံတမန်ရေးရာအကြံပေးများဖြစ်တဲ့ Yang Jiechi နဲ့ Jake Sullivan တို့ဟာ ဆွစ်ဇာလန်နိုင်ငံမှာ အောက်တိုဘာလ (၆) ရက်၊ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။
တရုတ်ဒုတိယဝန်ကြီးချုပ် Liu He က အောက်တိုဘာလ(၈) ရက်၊ ေသောကြာနေ့က အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai နဲ့ တွေ့ဆုံပြီး အခွန်စည်းကြပ်မှုကို ပယ်ဖျက်ဖို့ တွန်းအားပေးခဲ့ကာ ဒီနေ့ အောက်တိုဘာလ(၁၁) ရက်၊ တနင်္လာနေ့မှာတော့ Tai က တရုတ်သည်ကုန်သွယ်ရေး သဘောတူညီချက်မှာ ကတိကဝတ်အချို့ကို ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ဟာ တရုတ်နဲ့ပြန်လည် ညှိနှိုင်းဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
#NPNews