ထန်တလန်မြို့တွင် လောင်သောမီးကိစ္စ CDF များက ငြင်းဆိုသကဲ့သို့ စစ်တပ်ကလည်း ငြင်းဆို

 1168

Iris (NP News) - အောက်တိုဘာ ၃၀
ထန်တလန်မြို့ မီးလောင်မှုဖြစ်စဉ်ကို စစ်တပ်ဘက်က လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ CDF များက လုံခြုံရေးတပ်သားများ လိုက်မလာနိုင်စေရန် အဆောက်အအုံအချို့ကို အကာအကွယ်ယူ၍ မီးရှို့ခဲ့ကြခြင်းဖြစ်ကြောင်း နစကဘက်မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာ(၃၀)ရက်တွင် ပြောသည်။

ထန်တလန်မြို့ မီးလောင်နေမှုမြင်ကွင်းများကို အရည်အသွေးကောင်းမွန်လှသောဓါတ်ပုံ မှတ်တမ်းများစွာဖြင့် အောက်တိုဘာ(၂၉)ရက် ညနေပိုင်းမှစ၍ လူမှုကွန်ရက်တစ်ခွင်တွင် စတင်မြင်တွေ့ခဲ့ရပြီး ယင်းလုပ်ရပ်ကို CDF များက လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ဝိုင်းဝန်းရေးသားထားကာ စစ်တပ်ဘက်က ကျုးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝိုင်းဝန်းရေးသားဖြန့်ဝေမှုများ ရှိနေသည်ကို တွေ့ရသည်။ " မြို့တွင်းလုံခြုံရေးလှည့်ကင်းဆောင်ရွက်ကြတာမှာ မြို့လယ်နေရာ ရပ်ကွက်(၁)မှာ လမ်းဘေးကနေ PDF အဖွဲ့က လက်လုပ်မိုင်းသုံးလုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ သေနတ်တွေနဲ့လည်း ပစ်ခတ်ပါတယ်။ ဒီလိုလုပ်တော့ ကျွန်တော်တို့ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေ လုပ်ပါတယ်။ ပြန်ပစ်တဲ့အခါမှာ PDF တွေက လူနေအဆောက်အအုံတွေကို အကာအကွယ်ယူပြီး ဆုတ်ပြေးတယ်။ ပြီးတော့ လူနေအဆောက်အအုံလေးလုံးပေ့ါ။ အိမ်လေးလုံးကို နောက်က (စစ်တပ်) ဆက်လိုက်လာလို့မရအောင် မီးရှို့ခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်မှာ ကျွန်တော်တို့ဆီက စစ်သည်တစ်ယောက် ကျဆုံးခဲ့ရပါတယ် " ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ဖြေကြားသည်။ အဆိုပါ မီးလောင်နေသောအဆောက်အအုံများကို မီးငြိမ်းသတ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာသော်လည်း PDF များက အဆောက်အအုံများအတွင်းမှနေ၍ လက်နက်များဖြင့် အကာအကွယ်ယူ ပစ်ခတ်နေသောကြောင့် မီးငြိမ်းသတ်၍မရဘဲ ကျည်ရှောင်နေရခြင်းမျိုး ရှိခဲ့ကြောင်း ဆိုသည်။ ချင်းပြည်နယ် ထန်တလန်မှ သတင်းရင်းမြစ်တစ်ဦး၏ အဆိုအရ မီးလောင်မှုဖြစ်ခဲ့သော ထန်တလန်မြို့ပေါ်တွင် မြို့နေလူထုအများစုက မရှိတော့ဘဲ နယ်စပ် တီးရူးမြစ်ကို ဖြတ်သန်း၍ အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲသို့ စစ်ရှောင်သွားကြသည်မှာ လနှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ထန်တလန်မြို့ပေါ်၌ စစ်တပ်၊ ရဲနှင့် CDF များသာ ကျန်ရှိခဲ့ပြီး တိုက်ပွဲငယ်များ မကြာခဏဖြစ်နေကြောင်း၊ တိုက်ပွဲများအတွင်း၌ အသာစီးရယူလိုမှုအတွက် နှစ်ဖက်လုံးမှ အပြန်အလှန်အားဖြင့် အဆောက်အအုံများကို မီးရှို့ခြင်းများ ရှိခဲ့ကြောင်းလည်း ဆိုသည်။ အောက်တိုဘာ(၂၉)ရက်က မီးလောင်မှုတွင်လည်း မြို့ပေါ်ရှိ အိမ်ခြေပေါင်း(၁၆၄)အိမ်ထက်မနည်းနှင့် ခရစ်ယာန်ဘုရားကျောင်းနှစ်ခုတို့ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဆိုသည်။ သို့သော်လည်း ယင်းကိန်းဂဏန်းမှာ အောက်တိုဘာ(၂၉)မီးလောင်မှုမတိုင်မီ စက်တင်ဘာအတွင်းက ဖြစ်ခဲ့သော မီးလောင်မှုကြီးနှင့်ပေါင်းစပ်၍ ထွက်ရှိလာသော ကိန်းဂဏန်းဖြစ်နိုင်ခြေ ပိုများကြောင်းလည်း သိရသည်။ " မီးလောင်မှုဖြစ်တော့ ထန်တလန်က မီးသတ်က ဘယ်လာငြိမ်းမလဲ။ CDM လုပ်ထားကြတယ်လေ။ မနေနိုင်လို့ သွားပြီး မီးသတ်ပေးမယ်ဆိုရင်တောင် နှစ်ဖက်လုံးက ဘယ်သူက ပစ်မယ်မှန်းမသိဘူးလေ " ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ ထန်တလန်မြို့ပေါ်မှ လူထုမှာ မီဇိုရမ်ဘက်သို့ တိမ်းရှောင်ရေးတွင် ထန်တလန်မြို့မှတစ်ဆင့် တီးရူးမြစ်ကို ဖြတ်သန်းရန် မြန်မာပိုင်နက်အခြမ်းအထိ နေ့တစ်ဝက်ပင်မသွားရသော ခရီးမျိုးဖြစ်ကြောင်းလည်း သိရသည်။ အထူးသဖြင့် ထန်တလန်သည် ချင်း CNF လက်နက်ကိုင်အဖွဲ့ အခြေစိုက်ရာ အိန္ဒိယနယ်စပ်နှင့် အနီးဆုံးသောမြို့တစ်မြို့ဖြစ်ကြောင်း ဆိုသည်။

ထန်တလန်မီးလောင်မှုကို မြို့ပေါ်မှ မီးသတ်အဖွဲ့က လာရောက်ငြိမ်းသတ်ရေးတွင် အခက်အခဲရှိသကဲ့သို့ မိုင်(၂၀)သာဝေးသော ဟားခါးမြို့မှ လာရောက်ရေးတွင်လည်း ဟားခါး-ထန်တလန် ကားလမ်းပေါ်မှာ တံတားကို CNF က မိုင်းခွဲဖျက်ဆီးခဲ့ပြီးဖြစ်သည့်အတွက် လာရောက်ရန် မလွယ်ကူကြောင်းလည်း သိရသည်။ စိတ်ဝင်စားဖွယ်ကောင်းသော အချက်အလက်တစ်ခုမှာမူ ထန်တလန်မီးလောင်မှုဖြစ်စဉ်အတွက် မှတ်တမ်းဓါတ်ပုံများနှင့် ရုပ်သံအတိုတို့ကို ဒရုန်းများဖြင့် ရိုက်ကူး၍ တွစ်တာမှတစ်ဆင့် စတင်ဖြန့်ချိသောအဖွဲ့ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်မှတစ်ဆင့် မြန်မာလူမှုကွန်ရက်မီဒီယာများတွင် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည်ကို တွေ့ရသည်။

Zawgyi Version
ထန္တလန္ျမိဳ႕တြင္ ေလာင္ေသာမီးကိစၥ CDF မ်ားက ျငင္းဆုိသကဲ့သုိ႔ စစ္တပ္ကလည္း ျငင္းဆုိ
Iris (NP News) - ေအာက္တုိဘာ ၃၀
ထန္တလန္ျမိဳ႕ မီးေလာင္မႈျဖစ္စဥ္ကုိ စစ္တပ္ဘက္က လုပ္ေဆာင္ခဲ့ျခင္းမဟုတ္ဘဲ CDF မ်ားက လုံျခဳံေရးတပ္သားမ်ား လုိက္မလာႏုိင္ေစရန္ အေဆာက္အအုံအခ်ဳိ႔ကုိ အကာအကြယ္ယူ၍ မီးရိႈ႕ခဲ့ၾကျခင္းျဖစ္ေၾကာင္း နစကဘက္မွ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေအာက္တုိဘာ(၃၀)ရက္တြင္ ေျပာသည္။

ထန္တလန္ျမိဳ႕ မီးေလာင္ေနမႈျမင္ကြင္းမ်ားကုိ အရည္အေသြးေကာင္းမြန္လွေသာဓါတ္ပုံ မွတ္တမ္းမ်ားစြာျဖင့္ ေအာက္တုိဘာ(၂၉)ရက္ ညေနပုိင္းမွစ၍ လူမႈကြန္ရက္တစ္ခြင္တြင္ စတင္ျမင္ေတြ႔ခဲ့ရျပီး ယင္းလုပ္ရပ္ကုိ CDF မ်ားက လုပ္ေဆာင္ျခင္းမဟုတ္ေၾကာင္း ၀ုိင္း၀န္းေရးသားထားကာ စစ္တပ္ဘက္က က်ဳးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း ၀ုိင္း၀န္းေရးသားျဖန္႔ေ၀မႈမ်ား ရွိေနသည္ကုိ ေတြ႔ရသည္။ " ျမိဳ႔တြင္းလုံျခဳံေရးလွည့္ကင္းေဆာင္ရြက္ၾကတာမွာ ျမိဳ႔လယ္ေနရာ ရပ္ကြက္(၁)မွာ လမ္းေဘးကေန PDF အဖြဲ႔က လက္လုပ္မုိင္းသုံးလုံးနဲ႔ တုိက္ခုိက္ခဲ့ပါတယ္။ ေသနတ္ေတြနဲ႔လည္း ပစ္ခတ္ပါတယ္။ ဒီလုိလုပ္ေတာ့ ကၽြန္ေတာ္တုိ႔ဘက္ကလည္း ျပန္လည္ပစ္ခတ္မႈေတြ လုပ္ပါတယ္။ ျပန္ပစ္တဲ့အခါမွာ PDF ေတြက လူေနအေဆာက္အအုံေတြကုိ အကာအကြယ္ယူျပီး ဆုတ္ေျပးတယ္။ ျပီးေတာ့ လူေနအေဆာက္အအုံေလးလုံးေပ့ါ။ အိမ္ေလးလုံးကုိ ေနာက္က (စစ္တပ္) ဆက္လုိက္လာလုိ႔မရေအာင္ မီးရိႈ႔ခဲ့ၾကပါတယ္။ အဲဒီျဖစ္စဥ္မွာ ကၽြန္ေတာ္တုိ႔ဆီက စစ္သည္တစ္ေယာက္ က်ဆုံးခဲ့ရပါတယ္ " ဟု ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက မီဒီယာမ်ားကုိ ေျဖၾကားသည္။ အဆုိပါ မီးေလာင္ေနေသာအေဆာက္အအုံမ်ားကုိ မီးျငိမ္းသတ္ရန္အတြက္ လုံျခဳံေရးတပ္ဖြဲ႔၀င္မ်ား ထပ္မံေရာက္ရွိလာေသာ္လည္း PDF မ်ားက အေဆာက္အအုံမ်ားအတြင္းမွေန၍ လက္နက္မ်ားျဖင့္ အကာအကြယ္ယူ ပစ္ခတ္ေနေသာေၾကာင့္ မီးျငိမ္းသတ္၍မရဘဲ က်ည္ေရွာင္ေနရျခင္းမ်ဳိး ရွိခဲ့ေၾကာင္း ဆုိသည္။ ခ်င္းျပည္နယ္ ထန္တလန္မွ သတင္းရင္းျမစ္တစ္ဦး၏ အဆုိအရ မီးေလာင္မႈျဖစ္ခဲ့ေသာ ထန္တလန္ျမိဳ႕ေပၚတြင္ ျမိဳ႕ေနလူထုအမ်ားစုက မရွိေတာ့ဘဲ နယ္စပ္ တီးရူးျမစ္ကုိ ျဖတ္သန္း၍ အိႏၵိယ မီဇုိရမ္ျပည္နယ္ထဲသုိ႔ စစ္ေရွာင္သြားၾကသည္မွာ လႏွင့္ခ်ီ ၾကာျမင့္ခဲ့ျပီျဖစ္ေၾကာင္း သိရသည္။ ယင္းအျပင္ ထန္တလန္ျမိဳ႕ေပၚ၌ စစ္တပ္၊ ရဲႏွင့္ CDF မ်ားသာ က်န္ရွိခဲ့ျပီး တုိက္ပြဲငယ္မ်ား မၾကာခဏျဖစ္ေနေၾကာင္း၊ တုိက္ပြဲမ်ားအတြင္း၌ အသာစီးရယူလုိမႈအတြက္ ႏွစ္ဖက္လုံးမွ အျပန္အလွန္အားျဖင့္ အေဆာက္အအုံမ်ားကုိ မီးရိႈ႕ျခင္းမ်ား ရွိခဲ့ေၾကာင္းလည္း ဆုိသည္။ ေအာက္တုိဘာ(၂၉)ရက္က မီးေလာင္မႈတြင္လည္း ျမိဳ႕ေပၚရွိ အိမ္ေျခေပါင္း(၁၆၄)အိမ္ထက္မနည္းႏွင့္ ခရစ္ယာန္ဘုရားေက်ာင္းႏွစ္ခုတုိ႔ ပ်က္စီးဆုံးရႈံးမႈမ်ား ရွိခဲ့ေၾကာင္း ဆုိသည္။ သုိ႔ေသာ္လည္း ယင္းကိန္းဂဏန္းမွာ ေအာက္တုိဘာ(၂၉)မီးေလာင္မႈမတုိင္မီ စက္တင္ဘာအတြင္းက ျဖစ္ခဲ့ေသာ မီးေလာင္မႈၾကီးႏွင့္ေပါင္းစပ္၍ ထြက္ရွိလာေသာ ကိန္းဂဏန္းျဖစ္ႏုိင္ေျခ ပုိမ်ားေၾကာင္းလည္း သိရသည္။ " မီးေလာင္မႈျဖစ္ေတာ့ ထန္တလန္က မီးသတ္က ဘယ္လာျငိမ္းမလဲ။ CDM လုပ္ထားၾကတယ္ေလ။ မေနႏုိင္လုိ႔ သြားျပီး မီးသတ္ေပးမယ္ဆုိရင္ေတာင္ ႏွစ္ဖက္လုံးက ဘယ္သူက ပစ္မယ္မွန္းမသိဘူးေလ " ဟု အဆုိပါ သတင္းရင္းျမစ္က ေျပာသည္။ ထန္တလန္ျမိဳ႕ေပၚမွ လူထုမွာ မီဇုိရမ္ဘက္သုိ႔ တိမ္းေရွာင္ေရးတြင္ ထန္တလန္ျမိဳ႔မွတစ္ဆင့္ တီးရူးျမစ္ကုိ ျဖတ္သန္းရန္ ျမန္မာပုိင္နက္အျခမ္းအထိ ေန႔တစ္၀က္ပင္မသြားရေသာ ခရီးမ်ဳိးျဖစ္ေၾကာင္းလည္း သိရသည္။ အထူးသျဖင့္ ထန္တလန္သည္ ခ်င္း CNF လက္နက္ကုိင္အဖြဲ႔ အေျခစိုက္ရာ အိႏၵိယနယ္စပ္ႏွင့္ အနီးဆုံးေသာျမိဳ႕တစ္ျမိဳ႕ျဖစ္ေၾကာင္း ဆုိသည္။

ထန္တလန္မီးေလာင္မႈကုိ ျမိဳ႕ေပၚမွ မီးသတ္အဖြဲ႔က လာေရာက္ျငိမ္းသတ္ေရးတြင္ အခက္အခဲရွိသကဲ့သုိ႔ မုိင္(၂၀)သာေ၀းေသာ ဟားခါးျမိဳ႕မွ လာေရာက္ေရးတြင္လည္း ဟားခါး-ထန္တလန္ ကားလမ္းေပၚမွာ တံတားကုိ CNF က မုိင္းခြဲဖ်က္ဆီးခဲ့ျပီးျဖစ္သည့္အတြက္ လာေရာက္ရန္ မလြယ္ကူေၾကာင္းလည္း သိရသည္။ စိတ္၀င္စားဖြယ္ေကာင္းေသာ အခ်က္အလက္တစ္ခုမွာမူ ထန္တလန္မီးေလာင္မႈျဖစ္စဥ္အတြက္ မွတ္တမ္းဓါတ္ပုံမ်ားႏွင့္ ရုပ္သံအတုိတုိ႔ကုိ ဒရုန္းမ်ားျဖင့္ ရုိက္ကူး၍ တြစ္တာမွတစ္ဆင့္ စတင္ျဖန္႔ခ်ိေသာအဖြဲ႔ျဖစ္ျပီး ယင္းလုပ္ေဆာင္ခ်က္မွတစ္ဆင့္ ျမန္မာလူမႈကြန္ရက္မီဒီယာမ်ားတြင္ ဟုိးေလးတေက်ာ္ေက်ာ္ျဖစ္ခဲ့သည္ကုိ ေတြ႔ရသည္။

Related news

© 2021. All rights reserved.