ထိုင်းသို့တရားမဝင်ဝင်ရောက်၍ဖမ်းဆီးခံရသူများအပါအဝင်မြန်မာလုပ်သား(၆၃ဝဝ)ကျော် ယခုလအတွင်းနေရပ်ပြန်ခွင့်ရ

555

NP News - အောက်တိုဘာ ၃၁
ထိုင်းသို့တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်၍ ဖမ်းဆီးခံရသူများအ ပါအဝင် မြန်မာလုပ်သား (၆၃၄ဝ)ဦးသည် ယခလ(အောက်တိုဘာလ) အတွင်း နေရပ်ပြန်ခွင့်ရခဲ့ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံအလုပ် သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ထိုင်းနိုင်ငံအတွင်းနေထိုင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် ဆေးရုံတက်ရောက်ကုသနေရသည့်လူနာများ၊ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထိန်းသိမ်းခံရသူများနှင့် ပြစ်ဒဏ်ကျခံပြီးဖြစ်၍ ပြန်လည်လွတ်မြောက်လာသူများ၊ တာ့ခ်ပြည်နယ်အတွင်း နေထိုင်လုပ်ကိုင်လျက်ရှိသော အ လုပ်သမားများ နေရပ်ပြန်နိုင်ရေးအတွက် မဲဆောက်မြို့အလုပ်သမားသံအရာရှိရုံးအနေဖြင့်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ထို့ ကြောင့် ၂ဝ၂၁ခုနှစ်၊ အောက်တိုဘာလအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အလုပ်သ မား (၃၈၁)ဦးအပါအဝင် ကျား(၃၄၇၂)၊ မ(၂၈၆၈)၊ စုစုပေါင်း(၆၃၄ဝ)ဦး တို့ကို နေရပ်ပြန်နိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ နေရပ်ပြန်နိုင်ရေးအ တွက်လည်း မဲဆောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံ တားအမှတ်(၂)မှတဆင့် တစ်ရက်ခြား (၅ဝဝ) ဦးနှုန်းဖြင့် နေရပ်ပြန်နိုင်ရေးခွင့်ပြုပေးလျက်ရှိကြောင်းသိရသည်။
တာ့ခ်ပြည်နယ်အတွင်း နယ်မြေဖြတ်ကျော်သွားလာခွင့်ပိတ်ပင်ထားဆဲဖြစ်ရာ တာ့ခ်ပြည်နယ်ပြင်ပတွင်နေထိုင်သူများအနေဖြင့် နယ်မြေဖြတ်ကျော်ဝင်ရောက်ပါက ကိုဗစ်ရောဂါထိန်းချုပ်ရေး ဥပဒေများအရ အရေး ယူခံရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို ထိုင်းအာဏာပိုင်များမှ မကြာခဏဖမ်းဆီးရမိလျက်ရှိရာ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင်လမ်းကြောင်းများဖွင့်လှစ်မှသာ လာရာက်ကြလည်း အလုပ်သမားသံအရာရှိရုံးက မေတ္တာရပ်ခံထား သည်။
zawgyi version
ထိုင္းသို႔တရားမဝင္ဝင္ေရာက္၍ဖမ္းဆီးခံရသူမ်ားအပါအဝင္ျမန္မာလုပ္သား(၆၃ဝဝ)ေက်ာ္ ယခုလအတြင္းေနရပ္ျပန္ခြင့္ရ
NP News - ေအာက္တိုဘာ ၃၁
ထိုင္းသို႔တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္၍ ဖမ္းဆီးခံရသူမ်ားအ ပါအဝင္ ျမန္မာလုပ္သား (၆၃၄ဝ)ဦးသည္ ယခလ(ေအာက္တိုဘာလ) အတြင္း ေနရပ္ျပန္ခြင့္ရခဲ့ေၾကာင္း ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံအလုပ္ သမားသံအရာရွိ႐ုံး၏ ထုတ္ျပန္ခ်က္အရသိရသည္။
ကိုဗစ္-၁၉ ကပ္ေရာဂါကာလတြင္ ထိုင္းႏိုင္ငံအတြင္းေနထိုင္လုပ္ကိုင္လ်က္ရွိသည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအနက္ ေဆး႐ုံတက္ေရာက္ကုသေနရသည့္လူနာမ်ား၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ဖမ္းဆီးထိန္းသိမ္းခံရသူမ်ားႏွင့္ ျပစ္ဒဏ္က်ခံၿပီးျဖစ္၍ ျပန္လည္လြတ္ေျမာက္လာသူမ်ား၊ တာ့ခ္ျပည္နယ္အတြင္း ေနထိုင္လုပ္ကိုင္လ်က္ရွိေသာ အ လုပ္သမားမ်ား ေနရပ္ျပန္ႏိုင္ေရးအတြက္ မဲေဆာက္ၿမိဳ႕အလုပ္သမားသံအရာရွိ႐ုံးအေနျဖင့္ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းသိရသည္။ ထို႔ ေၾကာင့္ ၂ဝ၂၁ခုႏွစ္၊ ေအာက္တိုဘာလအတြင္း တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္မႈေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ အလုပ္သ မား (၃၈၁)ဦးအပါအဝင္ က်ား(၃၄၇၂)၊ မ(၂၈၆၈)၊ စုစုေပါင္း(၆၃၄ဝ)ဦး တို႔ကို ေနရပ္ျပန္ႏိုင္ေရးေဆာင္႐ြက္ေပးခဲ့ေၾကာင္းသိရသည္။ ေနရပ္ျပန္ႏိုင္ေရးအ တြက္လည္း မဲေဆာက္ၿမိဳ႕ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံ တားအမွတ္(၂)မွတဆင့္ တစ္ရက္ျခား (၅ဝဝ) ဦးႏႈန္းျဖင့္ ေနရပ္ျပန္ႏိုင္ေရးခြင့္ျပဳေပးလ်က္ရွိေၾကာင္းသိရသည္။
တာ့ခ္ျပည္နယ္အတြင္း နယ္ေျမျဖတ္ေက်ာ္သြားလာခြင့္ပိတ္ပင္ထားဆဲျဖစ္ရာ တာ့ခ္ျပည္နယ္ျပင္ပတြင္ေနထိုင္သူမ်ားအေနျဖင့္ နယ္ေျမျဖတ္ေက်ာ္ဝင္ေရာက္ပါက ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရး ဥပေဒမ်ားအရ အေရး ယူခံရမည္ျဖစ္ၿပီး ထိုင္းႏိုင္ငံသို႔ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္မႈမ်ားကို ထိုင္းအာဏာပိုင္မ်ားမွ မၾကာခဏဖမ္းဆီးရမိလ်က္ရွိရာ ျမန္မာေ႐ႊ႕ ေျပာင္းအလုပ္သမားမ်ားအေနျဖင့္ တရားဝင္လမ္းေၾကာင္းမ်ားဖြင့္လွစ္မွသာ လာရာက္ၾကလည္း အလုပ္သမားသံအရာရွိ႐ုံးက ေမတၱာရပ္ခံထား သည္။