ကော့ကရိတ်မြို့ NLD ပါတီအဖွဲ့ချုပ်ရုံးတွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွား

 547

NP News - အောက်တိုဘာ ၃၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ NLD ပါတီအဖွဲ့ချုပ်ရုံးတွင် ယနေ့ (အောက်တိုဘာလ ၃၁)ရက်၊ နံနက် (၃) နာရီခန့်က လက်လုပ်ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပေါက်ကွဲမှုကြောင့် အဆောက်အဦးအောက်ထပ်ရှိ အဝင်တံခါးမကြီး၊ တံခါးဘောင်များနှင့် ပြတင်းပေါက်မှန်များပျက်စီးသွားကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးသို့မေးမြန်းရာတွင် ကော့ကရိတ်မြို့အတွင်း ပေါက်ကွဲသံကြားရသည့်အတွက် လုံ ခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာတွင် ရေသန့်ဘူးအပိုင်းအစများနှင့် ယမ်းကြိုးများအားစစ်ဆေးတွေ့ရှိပြီး ရေသန့်ဘူးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်ဗုံးပေါက် ကွဲခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြန်လည်ဖြေကြားခဲ့သည်။

ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် NLD ပါတီရုံးလည်းပေါက် ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်းများထွက်ပေါ်နေခဲ့သော်လည်း စစ်ကောင်စီဘက်ကအဆိုပါသတင်းနှင့်ပတ်သက်၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းမရှိကြောင်းပြန်လည်ပြောကြားခဲ့သည်။ မွန်ပြည်နယ် ကျိုက်ထို၊ သထုံနှင့် ဘီးလင်းမြို့တို့ရှိ NLD ပါတီရုံးများတွင် အောက်တိုဘာလ (၂၃) ရက်၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့သေးသည်။

zawgyi version
ေကာ့ကရိတ္ၿမိဳ႕ NLD ပါတီအဖြဲ႕ခ်ဳပ္႐ုံးတြင္ လက္လုပ္ဗုံးေပါက္ကြဲမႈျဖစ္ပြား
NP News - ေအာက္တိုဘာ ၃၁
ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ရွိ NLD ပါတီအဖြဲ႕ခ်ဳပ္႐ုံးတြင္ ယေန႔ (ေအာက္တိုဘာလ ၃၁)ရက္၊ နံနက္ (၃) နာရီခန႔္က လက္လုပ္ဗုံးေပါက္ ကြဲမႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။ ေပါက္ကြဲမႈေၾကာင့္ အေဆာက္အဦးေအာက္ထပ္ရွိ အဝင္တံခါးမႀကီး၊ တံခါးေဘာင္မ်ားႏွင့္ ျပတင္းေပါက္မွန္မ်ားပ်က္စီးသြားေၾကာင္းသိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ေကာင္စီသတင္းမွန္ျပန္ၾကားေရးသို႔ေမးျမန္းရာတြင္ ေကာ့ကရိတ္ၿမိဳ႕အတြင္း ေပါက္ကြဲသံၾကားရသည့္အတြက္ လုံ ၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးရာ ေပါက္ကြဲမႈျဖစ္ပြားရာ ေနရာတြင္ ေရသန႔္ဘူးအပိုင္းအစမ်ားႏွင့္ ယမ္းႀကိဳးမ်ားအားစစ္ေဆးေတြ႕ရွိၿပီး ေရသန႔္ဘူးျဖင့္ ျပဳလုပ္ထားသည့္ ေဒသႏၲရလက္လုပ္ဗုံးေပါက္ ကြဲခဲ့ျခင္းျဖစ္ေၾကာင္း တာဝန္ရွိသူတစ္ဦးကျပန္လည္ေျဖၾကားခဲ့သည္။

ယေန႔တြင္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္ NLD ပါတီ႐ုံးလည္းေပါက္ ကြဲမႈျဖစ္ပြားခဲ့သည္ဟု သတင္းမ်ားထြက္ေပၚေနခဲ့ေသာ္လည္း စစ္ေကာင္စီဘက္ကအဆိုပါသတင္းႏွင့္ပတ္သက္၍ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းမရွိေၾကာင္းျပန္လည္ေျပာၾကားခဲ့သည္။ မြန္ျပည္နယ္ က်ိဳက္ထို၊ သထုံႏွင့္ ဘီးလင္းၿမိဳ႕တို႔ရွိ NLD ပါတီ႐ုံးမ်ားတြင္ ေအာက္တိုဘာလ (၂၃) ရက္၌ ေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ေသးသည္။

Related news

© 2021. All rights reserved.