ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာ(၁၀၀)ကျော် ထိုင်းမှာ တစ်ရက်တည်း ဆက်တိုက်ဖမ်းဆီးခံရ

770

မိုးတိမ် (NP News) - အောက်တိုဘာ ၃၁
ထိုင်းနိုင်ငံဘက်ကို ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ မြန်မာ(၁၀၀)ကျော်ကို ခရိုင်နှစ်ခုထဲမှာ ထိုင်းရဲအရာရှိတွေက တစ်ရက်တည်းမှာပဲ ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်လမ်းကြောင်းတွေကို တင်းကြပ်မှုတွေလုပ်ဆောင်ထားတဲ့ကြားထဲကနေ တောလမ်းမျိုးစုံကို အသုံးပြုပြီး မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံထဲ ခိုးဝင်နေကြတာမျိုးဖြစ်တယ်လို့ ထိုင်းသတင်းစာ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။ ခိုးဝင်ကြတဲ့ မြန်မာတွေအားလုံးဟာလည်း ထိုင်းနိုင်ငံထဲမှာ အောက်ခြေအနိမ့်ဆုံးပဲဖြစ်ဖြစ် ရရာအလုပ်တစ်ခုခု ဝင်လုပ်ဖို့အတွက် ခိုးဝင်လာကြတာမျိုးဖြစ်ပြီး တင်းကြပ်နေမှန်း သိနေသည့်တိုင် ပွဲစားတွေကလည်း မြန်မာခိုးဝင်တွေဆီကနေ ငွေကြေးရယူပို့ဆောင်ပေးနေတာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ(၃၀)ရက် တစ်နေ့တည်းမှာပဲ မြန်မာ(၁၁၀)ဦးကို ထိုင်းရဲတွေက မောင်းခရိုင်နဲ့ ဆောင်ခလာဘူရီခရိုင်တို့ထဲက နေရာအသီးအသီးမှာ တစ်သုတ်ပြီးတစ်သုတ်ကို ဆက်တိုက်ဖမ်းဆီးရမိတာမျိုးဖြစ်ပြီး မောင်းခရိုင်ထဲမှာ နောက်ဆုံးဖမ်းဆီးနိုင်ခဲ့တဲ့ (၃၈)ဦးပါ အုပ်စုမှာဆိုရင် အမျိုးသမီး(၁၆)ဦး ပါဝင်တယ်လို့ သိရပါတယ်။ ပထမဆုံး ဖမ်းဆီးခဲ့တဲ့(၁၈)ဦးပါအဖွဲ့ဟာဆိုရင် အောက်တိုဘာ(၃၀)ရက် နံနက်(၄)နာရီခွဲလောက်အချိန်ကြီးမှာ ဝင်ရောက်ဖို့ကြိုးစားတာဖြစ်ပြီး မောင်းခရိုင်းထဲမှာ ဖမ်းဆီးခံလိုက်ရတာပါ။ ဒုတိယဝင်လာတဲ့အသုတ်ဆိုရင်လည်း လူဦးရေ(၅၄)ဦး ပါလာတာဖြစ်ပြီး ဆောင်ခလာဘူရီခရိုင်ထဲမှာ နံနက်(၆)နာရီလောက်က ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အားလုံးဟာ ပွဲစားတွေရဲ့လှည့်စားခြင်းကို ခံရတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဖမ်းဆီးခံရမှုတိုင်းလိုလိုမှာ ပွဲစားလူလည်တွေကို ဖမ်းဆီးနိုင်တာမျိုး သိပ်မရှိဘဲ မြန်မာအလုပ်သမားတွေကိုသာ ဖမ်းဆီးနိုင်ခဲ့တာမျိုး ဖြစ်ပါတယ်။ အားလုံးဟာ တစ်ဦးကို ဘတ်(၁၅၀၀၀)ကနေ ဘတ်(၂၀၀၀၀) (ကျပ်ငွေအားဖြင့် အနည်းဆုံး ၈ သိန်းမှ ၁၀ သိန်းကျော်) ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဖမ်းဆီးရမိသူတွေကို ထိုင်းအရာရှိတွေက ကိုဗစ်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး သက်ဆိုင်ရာနိုင်ငံဆီ ပြန်လည်ပို့ဆောင်ဖို့အတွက် စီစဉ်လေ့ရှိကြောင်းလည်း သိရပါတယ်။
အောက်တိုဘာ(၃၀)ရက် တစ်နေ့တည်းမှာပဲ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာ(၁၁၀)ဦးဟာ ပဲခူး၊ မော်လမြိုင်နဲ့ မန္တလေးက မြန်မာတွေဖြစ်ပြီး အလုပ်အကိုင်တစ်ခုခု ရချင်တာကြောင့် လာရောက်ကြတာမျိုးဖြစ်တယ်လို့ ထွက်ဆိုထားကြပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာ(၁၈)ရက်ကနေ(၂၆)ရက်အထိအတွင်းကလည်း တစ်ရက်ပျမ်းမျှ(၇၀)ဦးနှုန်းနဲ့ မြန်မာတွေ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Zawgyi Version
ခုိး၀င္ဖုိ႔ၾကိဳးစားတဲ့ ျမန္မာ(၁၀၀)ေက်ာ္ ထုိင္းမွာ တစ္ရက္တည္း ဆက္တုိက္ဖမ္းဆီးခံရ
မုိးတိမ္ (NP News) - ေအာက္တုိဘာ ၃၁
ထုိင္းႏုိင္ငံဘက္ကုိ ခုိး၀င္ဖုိ႔ၾကိဳးစားခဲ့တဲ့ ျမန္မာ(၁၀၀)ေက်ာ္ကုိ ခရုိင္ႏွစ္ခုထဲမွာ ထုိင္းရဲအရာရွိေတြက တစ္ရက္တည္းမွာပဲ ဆက္တုိက္ဖမ္းဆီးႏုိင္ခဲ့တယ္လုိ႔ သိရပါတယ္။
ထုိင္း-ျမန္မာနယ္စပ္လမ္းေၾကာင္းေတြကုိ တင္းၾကပ္မႈေတြလုပ္ေဆာင္ထားတဲ့ၾကားထဲကေန ေတာလမ္းမ်ဳိးစုံကုိ အသုံးျပဳျပီး ျမန္မာႏုိင္ငံသားေတြက ထုိင္းႏုိင္ငံထဲ ခုိး၀င္ေနၾကတာမ်ဳိးျဖစ္တယ္လုိ႔ ထုိင္းသတင္းစာ ဘန္ေကာက္ပုိ႔စ္က ေဖာ္ျပပါတယ္။ ခုိး၀င္ၾကတဲ့ ျမန္မာေတြအားလုံးဟာလည္း ထုိင္းႏုိင္ငံထဲမွာ ေအာက္ေျခအနိမ့္ဆုံးပဲျဖစ္ျဖစ္ ရရာအလုပ္တစ္ခုခု ၀င္လုပ္ဖုိ႔အတြက္ ခုိး၀င္လာၾကတာမ်ဳိးျဖစ္ျပီး တင္းၾကပ္ေနမွန္း သိေနသည့္တုိင္ ပြဲစားေတြကလည္း ျမန္မာခုိး၀င္ေတြဆီကေန ေငြေၾကးရယူပုိ႔ေဆာင္ေပးေနတာမ်ဳိးျဖစ္တယ္လုိ႔ ဆုိပါတယ္။ ေအာက္တုိဘာ(၃၀)ရက္ တစ္ေန႔တည္းမွာပဲ ျမန္မာ(၁၁၀)ဦးကုိ ထုိင္းရဲေတြက ေမာင္းခရုိင္နဲ႔ ေဆာင္ခလာဘူရီခရုိင္တုိ႔ထဲက ေနရာအသီးအသီးမွာ တစ္သုတ္ျပီးတစ္သုတ္ကုိ ဆက္တုိက္ဖမ္းဆီးရမိတာမ်ဳိးျဖစ္ျပီး ေမာင္းခရုိင္ထဲမွာ ေနာက္ဆုံးဖမ္းဆီးႏုိင္ခဲ့တဲ့ (၃၈)ဦးပါ အုပ္စုမွာဆုိရင္ အမ်ဳိးသမီး(၁၆)ဦး ပါ၀င္တယ္လုိ႔ သိရပါတယ္။ ပထမဆုံး ဖမ္းဆီးခဲ့တဲ့(၁၈)ဦးပါအဖြဲ႔ဟာဆုိရင္ ေအာက္တုိဘာ(၃၀)ရက္ နံနက္(၄)နာရီခဲြေလာက္အခ်ိန္ၾကီးမွာ ၀င္ေရာက္ဖုိ႔ၾကိဳးစားတာျဖစ္ျပီး ေမာင္းခရုိင္းထဲမွာ ဖမ္းဆီးခံလုိက္ရတာပါ။ ဒုတိယ၀င္လာတဲ့အသုတ္ဆုိရင္လည္း လူဦးေရ(၅၄)ဦး ပါလာတာျဖစ္ျပီး ေဆာင္ခလာဘူရီခရုိင္ထဲမွာ နံနက္(၆)နာရီေလာက္က ဖမ္းဆီးခံလုိက္ရတာျဖစ္ျပီး အားလုံးဟာ ပြဲစားေတြရဲ႕လွည့္စားျခင္းကို ခံရတာမ်ဳိး ျဖစ္တယ္လုိ႔ ဆုိပါတယ္။ အထူးသျဖင့္ ဖမ္းဆီးခံရမႈတုိင္းလုိလုိမွာ ပြဲစားလူလည္ေတြကုိ ဖမ္းဆီးႏုိင္တာမ်ဳိး သိပ္မရွိဘဲ ျမန္မာအလုပ္သမားေတြကုိသာ ဖမ္းဆီးႏုိင္ခဲ့တာမ်ဳိး ျဖစ္ပါတယ္။ အားလုံးဟာ တစ္ဦးကုိ ဘတ္(၁၅၀၀၀)ကေန ဘတ္(၂၀၀၀၀) (က်ပ္ေငြအားျဖင့္ အနည္းဆုံး ၈ သိန္းမွ ၁၀ သိန္းေက်ာ္) ေပးခဲ့ရတယ္လုိ႔လည္း ဆုိပါတယ္။ ဖမ္းဆီးရမိသူေတြကုိ ထုိင္းအရာရွိေတြက ကုိဗစ္စစ္ေဆးမႈေတြ လုပ္ေဆာင္ျပီး သက္ဆုိင္ရာႏုိင္ငံဆီ ျပန္လည္ပုိ႔ေဆာင္ဖုိ႔အတြက္ စီစဥ္ေလ့ရွိေၾကာင္းလည္း သိရပါတယ္။
ေအာက္တုိဘာ(၃၀)ရက္ တစ္ေန႔တည္းမွာပဲ ဖမ္းဆီးရမိခဲ့တဲ့ ျမန္မာ(၁၁၀)ဦးဟာ ပဲခူး၊ ေမာ္လျမိဳင္နဲ႔ မႏၱေလးက ျမန္မာေတြျဖစ္ျပီး အလုပ္အကုိင္တစ္ခုခု ရခ်င္တာေၾကာင့္ လာေရာက္ၾကတာမ်ဳိးျဖစ္တယ္လုိ႔ ထြက္ဆုိထားၾကပါတယ္။ လြန္ခဲ့တဲ့ ေအာက္တုိဘာ(၁၈)ရက္ကေန(၂၆)ရက္အထိအတြင္းကလည္း တစ္ရက္ပ်မ္းမွ်(၇၀)ဦးႏႈန္းနဲ႔ ျမန္မာေတြ ဖမ္းဆီးခံခဲ့ရတယ္လုိ႔ သိရပါတယ္။