မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံသို့ဝင်ရောက်ခွင့်ပြု

805

NP News - အောက်တိုဘာ ၃၁
ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည့် မူလ (၄၆)နိုင်ငံမှ(၆၃) နိုင်ငံသို့တိုးမြှင့်ခဲ့ရာ မြန်မာနိုင်ငံလည်းပါဝင်လာပြီဖြစ်ကြောင်းသိရသည်။ အဆိုပါနိုင်ငံများကို ၂ဝ၂၁ ခုနှစ် နိုဝင်ဘာ (၁)ရက်တွင် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနက လေကြောင်းလိုင်းမှဝင်ရောက် လာသူများကိုသာ ကနဦးလက်ခံမည်ဖြစ်ပြီးမည်သည့် Passport အမျိုးအစားဖြင့် မဆိုလက်ခံမည် ဖြစ်ကြောင်းသိရသည်။ သို့သော်ကာကွယ် ဆေးထိုးနှံပြီးစီးရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအသိအမှတ်ပြု ကာကွယ်ဆေးများသည် CoronaVac(Sinovac)၊ AstraZeneca ၊ Pfizer-BioNTech၊ Covilo (Sinopharm)၊ Janssen (Johnson and Johnson)၊ Morderna ၊ Sputnik V (၇) မျိုးဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဒေါ်လာ (၅ဝဝဝဝ) တန်ဖိုးရှိ COVID-19 ကျန်းမာရေးအာမခံလိုအပ်မည်ဖြစ် ကြောင်းသိရသည်။ Thailand Pass စနစ်ကို နိုဝင်ဘာလ (၁)ရက်တွင် စတင်ကျင့်သုံးမည်ဖြစ်သည့်အတွက် ထိုင်းနိုင်ငံသို့လေကြောင်းဖြင့် ခရီး သွားမည့်သူများအနေဖြင့် Thailand Pass စနစ်ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် Thailand Pass စနစ်သို့မှတ်ပုံတင်လျှောက်ထားရန်အတွက် သက်ဆိုင်ရာနိုင်ငံမှ မထွက်ခွာမီအနည်းဆုံး (၇)ရက် ကြိုတင်လျှောက်ထားရန်လိုအပ်မည်ဖြစ်ကြောင်းသိရသည်။
Quarantine ဝင်ရောက်ရန် မလိုဟုဆိုသော်လည်း ရောက်ရှိရက်တွင် RT-PCR Test ပြုလုပ်ရန်သတ်မှတ် AQ / ASQ ဟိုတယ်၌ ခေတ္တနေထိုင်ပြီး ရလဒ်အပေါ်မူတည်၍ ယင်းဟိုတယ်မှထွက်ခွာနိုင်မည်ဖြစ်ကြောင်းသိရသည်။
zawgyi version
ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းႏိုင္ငံသို႔ဝင္ေရာက္ခြင့္ျပဳ
NP News - ေအာက္တိုဘာ ၃၁
ထိုင္းႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ခြင့္ျပဳခဲ့သည့္ မူလ (၄၆)ႏိုင္ငံမွ(၆၃) ႏိုင္ငံသို႔တိုးျမႇင့္ခဲ့ရာ ျမန္မာႏိုင္ငံလည္းပါဝင္လာၿပီျဖစ္ေၾကာင္းသိရသည္။ အဆိုပါႏိုင္ငံမ်ားကို ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာ (၁)ရက္တြင္ ထိုင္းႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ခြင့္ျပဳမည္ျဖစ္ေၾကာင္းသိရသည္။
ထိုင္းႏိုင္ငံ၊ လူဝင္မႈႀကီးၾကပ္ေရးဌာနက ေလေၾကာင္းလိုင္းမွဝင္ေရာက္ လာသူမ်ားကိုသာ ကနဦးလက္ခံမည္ျဖစ္ၿပီးမည္သည့္ Passport အမ်ိဳးအစားျဖင့္ မဆိုလက္ခံမည္ ျဖစ္ေၾကာင္းသိရသည္။ သို႔ေသာ္ကာကြယ္ ေဆးထိုးႏွံၿပီးစီးရမည္ျဖစ္ၿပီး ထိုင္းႏိုင္ငံအသိအမွတ္ျပဳ ကာကြယ္ေဆးမ်ားသည္ CoronaVac(Sinovac)၊ AstraZeneca ၊ Pfizer-BioNTech၊ Covilo (Sinopharm)၊ Janssen (Johnson and Johnson)၊ Morderna ၊ Sputnik V (၇) မ်ိဳးျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ေဒၚလာ (၅ဝဝဝဝ) တန္ဖိုးရွိ COVID-19 က်န္းမာေရးအာမခံလိုအပ္မည္ျဖစ္ ေၾကာင္းသိရသည္။ Thailand Pass စနစ္ကို ႏိုဝင္ဘာလ (၁)ရက္တြင္ စတင္က်င့္သုံးမည္ျဖစ္သည့္အတြက္ ထိုင္းႏိုင္ငံသို႔ေလေၾကာင္းျဖင့္ ခရီး သြားမည့္သူမ်ားအေနျဖင့္ Thailand Pass စနစ္ျဖင့္ မွတ္ပုံတင္ရမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ Thailand Pass စနစ္သို႔မွတ္ပုံတင္ေလွ်ာက္ထားရန္အတြက္ သက္ဆိုင္ရာႏိုင္ငံမွ မထြက္ခြာမီအနည္းဆုံး (၇)ရက္ ႀကိဳတင္ေလွ်ာက္ထားရန္လိုအပ္မည္ျဖစ္ေၾကာင္းသိရသည္။
Quarantine ဝင္ေရာက္ရန္ မလိုဟုဆိုေသာ္လည္း ေရာက္ရွိရက္တြင္ RT-PCR Test ျပဳလုပ္ရန္သတ္မွတ္ AQ / ASQ ဟိုတယ္၌ ေခတၱေနထိုင္ၿပီး ရလဒ္အေပၚမူတည္၍ ယင္းဟိုတယ္မွထြက္ခြာႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။