မကွေးတိုင်း၊ ကျောက်ထုမြို့နှင့် ပန်ဆန်းကျေးရွာသို့ ဆက်သွယ်ထားသည့် ဂုံဘို(ယောချောင်း) ချောင်းကူးတံတား မိုင်းခွဲဖျက်ဆီးခံရ

 986

NP News - နိုဝင်ဘာ ၁
မကွေးတိုင်း၊ ကျောက်ထုမြို့နှင့် ပန်ဆန်းကျေးရွာသို့ ဆက်သွယ်ထားသည့် ဂုံဘို(ယောချောင်း) ချောင်းကူးတံတား အောက်တိုဘာလ (၃ဝ)ရက်တွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲနှင့် ပန်ဆန်ကျေးရွာသို့ ဆက်သွယ်ထားသော အရှည်(၆၉ဝ) ပေ၊ အကျယ်(၁၆)ပေ သံဘောင်ဘေလီ အမျိုးအစား ဂုံဘို(ယောချောင်း) ချောင်းကူတံတားအား PDF အမည်ခံ လက်နက်ကိုင်အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏ သစ်သားကြမ်းခင်းအရှည် (၃ဝ) ပေ၊ အကျယ် (၂) ပေ နှင့် ဝဲဘက်ခြမ်းလက်ရန်း ပြုတ်ထွက် ပျက်စီးခဲ့ပြီး တံတားဒေါက်တိုင်အုတ်ခုံတို့ ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးက အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါလက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပျက်စီးသွားသည့် ဂုံဘို(ယောချောင်း) ချောင်းကူးတံတားအား သက်ဆိုင်ရာအဖွဲ့မှ သွားရောက်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ခဲ့ပြီး လက်ရှိအချိန်တွင် ယာဉ်ငယ်များ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
#NPNews

Zawgyi Version;

မေကြးတိုင္း၊ ေက်ာက္ထုၿမိဳ႕ႏွင့္ ပန္ဆန္းေက်း႐ြာသို႔ ဆက္သြယ္ထားသည့္ ဂုံဘို(ေယာေခ်ာင္း) ေခ်ာင္းကူးတံတား မိုင္းခြဲဖ်က္ဆီးခံရ
NP News - ႏိုဝင္ဘာ ၁
မေကြးတိုင္း၊ ေက်ာက္ထုၿမိဳ႕ႏွင့္ ပန္ဆန္းေက်း႐ြာသို႔ ဆက္သြယ္ထားသည့္ ဂုံဘို(ေယာေခ်ာင္း) ေခ်ာင္းကူးတံတား ေအာက္တိုဘာလ (၃ဝ)ရက္တြင္ မိုင္းခြဲဖ်က္ဆီးခံခဲ့ရေၾကာင္း သိရသည္။

ေဆာၿမိဳ႕နယ္၊ ေက်ာက္ထုၿမိဳ႕နယ္ခြဲႏွင့္ ပန္ဆန္ေက်း႐ြာသို႔ ဆက္သြယ္ထားေသာ အရွည္(၆၉ဝ) ေပ၊ အက်ယ္(၁၆)ေပ သံေဘာင္ေဘလီ အမ်ိဳးအစား ဂုံဘို(ေယာေခ်ာင္း) ေခ်ာင္းကူတံတားအား PDF အမည္ခံ လက္နက္ကိုင္အဖြဲ႕မွ လက္လုပ္မိုင္းျဖင့္ ေဖာက္ခြဲဖ်က္ဆီးခဲ့သျဖင့္ တံတား၏ သစ္သားၾကမ္းခင္းအရွည္ (၃ဝ) ေပ၊ အက်ယ္ (၂) ေပ ႏွင့္ ဝဲဘက္ျခမ္းလက္ရန္း ျပဳတ္ထြက္ ပ်က္စီးခဲ့ၿပီး တံတားေဒါက္တိုင္အုတ္ခုံတို႔ ပ်က္စီးခဲ့ေၾကာင္း စစ္ေကာင္စီ သတင္းျပန္ၾကားေရးက ေအာက္တိုဘာလ (၃၁) ရက္တြင္ ထုတ္ျပန္ခဲ့သည္။

အဆိုပါလက္လုပ္မိုင္းေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ ပ်က္စီးသြားသည့္ ဂုံဘို(ေယာေခ်ာင္း) ေခ်ာင္းကူးတံတားအား သက္ဆိုင္ရာအဖြဲ႕မွ သြားေရာက္ျပဳျပင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ယာဥ္ငယ္မ်ား သြားလာႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။
#NPNews

Related news

© 2021. All rights reserved.