ရုတ်တရက်ရောက်လာတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ် ရစ်ချတ်ဆန်ရဲ့မြန်မာခရီးစဉ်ကို နစကဘက်က အတည်ပြု

3381

Iris (NP News) - နိုဝင်ဘာ ၁
ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်ရေးရာအကြံပေးတစ်ဦးဖြစ်ခဲ့ဖူးသူ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဘီလ် ရစ်ချတ်ဆန်က မြန်မာခရီးစဉ်လာရောက်မယ့်ကိစ္စဟာ မှန်ကန်တယ်လို့ နစကဘက်က အတည်ပြုလိုက်ပါတယ်။
ဘီလ် ရစ်ချတ်ဆန်ရဲ့မြန်မာခရီးစဉ်ဟာ လွန်ခဲ့တဲ့ ရက်ပေါင်းများစွာအတွင်းမှာ သတင်းအစအနတောင် ထွက်ခဲ့တာမရှိဘဲ ရုတ်တရက်ပေါ်ပေါက်လာတာဖြစ်ပြီး AP သတင်းဌာနက စတင်ရေးသားဖော်ပြလာတာမျိုး ဖြစ်ပါတယ်။ ဖော်ပြချက်ထဲမှာတော့ ရစ်ချတ်ဆန်ရဲ့ခရီးစဉ်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်ဇ်ကိုယ်တိုင်ကလည်း သိရှိထားသလို ကိုဗစ်ကာကွယ်ရေးဆိုင်ရာအကူအညီတွေ ပေးအပ်နိုင်ဖို့အတွက် လာရောက်တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့အတွက် လိုအပ်တဲ့ဆေးဝါးတွေ၊ အထောက်အပံ့ပစ္စည်းတွေနဲ့ ကိုဗစ်ဆေးတွေကို ဝေငှသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ်အတွင်းမှာ ဘယ်သူတွေနဲ့တွေ့ခွင့်ရမလဲဆိုတာနဲ့ ဒီခရီးစဉ်ဖြစ်မြောက်လာဖို့ အိမ်စောင့်အစိုးရ နစကဘက်နဲ့ ဘယ်လိုညှိနှိုင်းနိုင်ခဲ့သလဲဆိုတာကို ရစ်ချတ်ဆန်ဘက်က အသေးစိတ်ဖော်ပြထားခြင်းမရှိဘူးလို့ AP က ဖော်ပြပါတယ်။ “ ခရီးစဉ်က ခွင့်ပြုထားပြီးပါပြီ။ ရောက်လည်း ရောက်တော့မှာပါ။ ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့တော့ ယာယီပြင်ဆင်ထားပါတယ် ” လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတစ်ဦးက NP News ကို ပြောပါတယ်။ ခရီးစဉ်အတွင်း ကျန်းမာရေးဝန်ကြီးနဲ့ဖြစ်စေ၊ လူကယ်ပြန်ဝန်ကြီးနဲ့ဖြစ်စေ သီးသန့်တွေ့ဆုံတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ရစ်ချတ်ဆန်ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မက်ဒလင်း မာဟနီကို ကိုးကားပြီး AP ရဲ့ဖော်ပြချက်မှာတော့ ရစ်ချတ်ဆန်ဟာ အမေရိကန်သတင်းထောက် ဒန်နီ ဖန်စတာကို ပြန်လွှတ်ပေးဖို့အတွက် ထည့်သွင်းတောင်းဆိုနိုင်ခြေရှိသလားဆိုတဲ့ကိစ္စအပေါ် ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ရစ်ချတ်ဆန်ရဲ့အသိပေးချက်ထဲမှာတော့ မြန်မာခရီးစဉ်ဟာ လူထုရဲ့ကျန်းမာရေးအပေါ်မှာသာ အာရုံစိုက်ထားတာဖြစ်ပြီး မတည်မငြိမ်ဖြစ်မှုတွေရဲ့နောက်မှာ အမှန်တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်နိုင်ရေးအတွက်သာ ရည်ရွယ်တာမျိုးဖြစ်တယ်လို့ အတိအလင်း ပြောကြားထားပါတယ်။
ရစ်ချတ်ဆန်ဟာ ဒေါ်အောင်ဆန်းစုကြည်လက်ထက်က ရခိုင်ပြည်နယ်ပြသနာဖြေရှင်းရေးဆိုင်ရာ အကြံပေးကော်မတီမှာ ကိုဖီအာနန်လိုမျိုးပဲ အရေးပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်မင်ရင်းနှီးဆုံးမိတ်ဆွေတစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရခိုင်ပြည်နယ်ပြသနာအတွက် ၂၀၁၈ ခုနှစ်က နောက်ဆုံးရောက်ရှိထားခဲ့သူလည်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု သမ္မတ ဘီလ် ကလင်တန်လက်ထက်မှာ နယူမက္ကဆီကိုပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးလည်း ဖြစ်သလို အမေရိကန်ပြည်ထောင်စု စွမ်းအင်ဝန်ကြီးအဖြစ်လည်း တာဝန်ယူဖူးသူဖြစ်ပါတယ်။
Zawgyi Version
ရုတ္တရက္ေရာက္လာတဲ့ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ေဟာင္း ဘီလ္ ရစ္ခ်တ္ဆန္ရဲ႕ျမန္မာခရီးစဥ္ကို နစကဘက္က အတည္ျပဳ
Iris (NP News) - ႏုိ၀င္ဘာ ၁
ေဒၚေအာင္ဆန္းစုၾကည္၏ ရခုိင္ျပည္နယ္ေရးရာအၾကံေပးတစ္ဦးျဖစ္ခဲ့ဖူးသူ ကုလသမဂၢဆုိင္ရာ အေမရိကန္သံအမတ္ၾကီးေဟာင္း ဘီလ္ ရစ္ခ်တ္ဆန္က ျမန္မာခရီးစဥ္လာေရာက္မယ့္ကိစၥဟာ မွန္ကန္တယ္လုိ႔ နစကဘက္က အတည္ျပဳလုိက္ပါတယ္။
ဘီလ္ ရစ္ခ်တ္ဆန္ရဲ႕ျမန္မာခရီးစဥ္ဟာ လြန္ခဲ့တဲ့ ရက္ေပါင္းမ်ားစြာအတြင္းမွာ သတင္းအစအနေတာင္ ထြက္ခဲ့တာမရွိဘဲ ရုတ္တရက္ေပၚေပါက္လာတာျဖစ္ျပီး AP သတင္းဌာနက စတင္ေရးသားေဖာ္ျပလာတာမ်ဳိး ျဖစ္ပါတယ္။ ေဖာ္ျပခ်က္ထဲမွာေတာ့ ရစ္ခ်တ္ဆန္ရဲ႕ခရီးစဥ္ကုိ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္ ဂူတာရက္ဇ္ကုိယ္တုိင္ကလည္း သိရွိထားသလုိ ကုိဗစ္ကာကြယ္ေရးဆုိင္ရာအကူအညီေတြ ေပးအပ္ႏုိင္ဖုိ႔အတြက္ လာေရာက္တာမ်ဳိးျဖစ္တယ္လုိ႔ ဆုိပါတယ္။ အထူးသျဖင့္ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ အကူအညီေတြ ေပးအပ္ႏုိင္ဖုိ႔အတြက္ လုိအပ္တဲ့ေဆး၀ါးေတြ၊ အေထာက္အပ့ံပစၥည္းေတြနဲ႔ ကုိဗစ္ေဆးေတြကုိ ေ၀ငွသြားဖုိ႔ ရည္ရြယ္ထားတယ္လုိ႔ သိရပါတယ္။ ဒါေပမဲ့ ဒီခရီးစဥ္အတြင္းမွာ ဘယ္သူေတြနဲ႔ေတြ႔ခြင့္ရမလဲဆုိတာနဲ႔ ဒီခရီးစဥ္ျဖစ္ေျမာက္လာဖုိ႔ အိမ္ေစာင့္အစုိးရ နစကဘက္နဲ႔ ဘယ္လုိညိွႏိႈင္းႏုိင္ခ့ဲသလဲဆုိတာကုိ ရစ္ခ်တ္ဆန္ဘက္က အေသးစိတ္ေဖာ္ျပထားျခင္းမရွိဘူးလုိ႔ AP က ေဖာ္ျပပါတယ္။ “ ခရီးစဥ္က ခြင့္ျပဳထားျပီးပါျပီ။ ေရာက္လည္း ေရာက္ေတာ့မွာပါ။ က်န္းမာေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာေတြနဲ႔ ပတ္သက္တဲ့ ၀န္ၾကီးဌာနက တာ၀န္ရွိသူေတြနဲ႔ ေတြ႔ဆုံသြားဖုိ႔ေတာ့ ယာယီျပင္ဆင္ထားပါတယ္ ” လုိ႔ လူမႈ၀န္ထမ္း ကယ္ဆယ္ေရးနဲ႔ျပန္လည္ေနရာခ်ထားေရး၀န္ၾကီးဌာနမွ ထိပ္တန္းအရာရွိတစ္ဦးက NP News ကုိ ေျပာပါတယ္။ ခရီးစဥ္အတြင္း က်န္းမာေရး၀န္ၾကီးနဲ႔ျဖစ္ေစ၊ လူကယ္ျပန္၀န္ၾကီးနဲ႔ျဖစ္ေစ သီးသန္႔ေတြ႔ဆုံတာမ်ဳိးေတြ ျဖစ္လာႏုိင္တယ္လုိ႔ ဆုိပါတယ္။ ရစ္ခ်တ္ဆန္ရဲ႕ေျပာေရးဆုိခြင့္ရပုဂၢိဳလ္ မက္ဒလင္း မာဟနီကုိ ကုိးကားျပီး AP ရဲ႕ေဖာ္ျပခ်က္မွာေတာ့ ရစ္ခ်တ္ဆန္ဟာ အေမရိကန္သတင္းေထာက္ ဒန္နီ ဖန္စတာကုိ ျပန္လႊတ္ေပးဖုိ႔အတြက္ ထည့္သြင္းေတာင္းဆုိႏုိင္ေျခရွိသလားဆုိတဲ့ကိစၥအေပၚ ျငင္းဆုိထားတယ္လုိ႔ သိရပါတယ္။ ရစ္ခ်တ္ဆန္ရဲ႕အသိေပးခ်က္ထဲမွာေတာ့ ျမန္မာခရီးစဥ္ဟာ လူထုရဲ႕က်န္းမာေရးအေပၚမွာသာ အာရုံစုိက္ထားတာျဖစ္ျပီး မတည္မျငိမ္ျဖစ္မႈေတြရဲ႕ေနာက္မွာ အမွန္တကယ္ဒုကၡေရာက္ေနတဲ့ ျပည္သူေတြကုိ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေတြ ေပးအပ္ႏုိင္ေရးအတြက္သာ ရည္ရြယ္တာမ်ဳိးျဖစ္တယ္လုိ႔ အတိအလင္း ေျပာၾကားထားပါတယ္။
ရစ္ခ်တ္ဆန္ဟာ ေဒၚေအာင္ဆန္းစုၾကည္လက္ထက္က ရခုိင္ျပည္နယ္ျပသနာေျဖရွင္းေရးဆုိင္ရာ အၾကံေပးေကာ္မတီမွာ ကုိဖီအာနန္လုိမ်ဳိးပဲ အေရးပါတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ခင္မင္ရင္းႏွီးဆုံးမိတ္ေဆြတစ္ဦးျဖစ္ပါတယ္။ ျမန္မာႏုိင္ငံကုိ ရခုိင္ျပည္နယ္ျပသနာအတြက္ ၂၀၁၈ ခုႏွစ္က ေနာက္ဆုံးေရာက္ရွိထားခဲ့သူလည္းျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စု သမၼတ ဘီလ္ ကလင္တန္လက္ထက္မွာ နယူမကၠဆီကိုျပည္နယ္ရဲ႕အုပ္ခ်ဳပ္ေရးမႉးေဟာင္းတစ္ဦးလည္း ျဖစ္သလို အေမရိကန္ျပည္ေထာင္စု စြမ္းအင္ဝန္ႀကီးအျဖစ္လည္း တာဝန္ယူဖူးသူျဖစ္ပါတယ္။