လှိုင်မြို့နယ်ရဲစခန်း ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

1218

NP News - နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ လှိုင်ရဲစခန်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှု အောက်တိုဘာလ (၃၁) ရက်က ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်တိုဘာလ(၃၁) ရက်၊ နေ့လည်(၁၂) နာရီ (၃ဝ) မိနစ်ခန့်တွင် လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မဟာသီရိဆီ စက်လမ်း၊ ရေစက်ဝန်းအတွင်းရှိ အမှိုက်ကန်ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲထား သော (၄ဝ) မမ ဗုံးသီးခွံ နှစ်ခုနှင့် ပေါက်ကွဲမှု မရှိသေးသော (၄ဝ) မမ ဗုံးသီးတစ်လုံးတို့အား တွေ့ရှိရကြောင်း စစ်ကောင်စီဘက်က ယနေ့ (နိုဝင်ဘာလ ၁ ရက်)တွင် ထုတ်ပြန်လိုက်သည်။
သို့သော် လူမှုကွန်ရက်တွင် အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ လှိုင်မြို့မရဲစခန်းကို 44st-UG နှင့်မဟာမိတ်အဖွဲ့ အစည်းများက အောက်တိုဘာလ(၃၁) ရက်၊ နေ့လည်ပိုင်းက လက်နက်ကြီးဖြင့် လေးချက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးသုံးချက်က စခန်းတွင်းကျရောက်ပေါက်ကွဲခဲ့ကာ ကျန်တစ်ချက်မှာမူ ပေါက်ကွဲခဲ့ခြင်းမရှိကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် လူနှင့် အဆောက်အဦးလည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖောက်ခွဲမှုပြုလုပ်သည့် ကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိရေး အတွက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။
လွန်ခဲ့သော အောက်တိုဘာ(၂၉) ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာရှိ မြောင်ရဲစခန်းအဆောက်အဦးနှင့် ရဲလိုင်းခန်းများ မီးရှိုးဖျက်ဆီးခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
#NPNews
Zawgyi Version;
လႈိင္ၿမိဳ႕နယ္ရဲစခန္း ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရ
NP News - ႏိုဝင္ဘာ ၁
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္ရွိ လႈိင္ရဲစခန္းဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရမႈ ေအာက္တိုဘာလ (၃၁) ရက္က ျဖစ္ပြားခဲ့သည္။ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေအာက္တိုဘာလ(၃၁) ရက္၊ ေန႔လည္(၁၂) နာရီ (၃ဝ) မိနစ္ခန႔္တြင္ လႈိင္ၿမိဳ႕နယ္၊ (၁၂) ရပ္ကြက္၊ မဟာသီရိဆီ စက္လမ္း၊ ေရစက္ဝန္းအတြင္းရွိ အမႈိက္ကန္ေပါက္ကြဲမႈ ႏွစ္ႀကိမ္ျဖစ္ပြားေၾကာင္းသတင္းရရွိသျဖင့္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕မ်ားမွ သြားေရာက္စစ္ေဆးခဲ့ရာ ေပါက္ကြဲထား ေသာ (၄ဝ) မမ ဗုံးသီးခြံ ႏွစ္ခုႏွင့္ ေပါက္ကြဲမႈ မရွိေသးေသာ (၄ဝ) မမ ဗုံးသီးတစ္လုံးတို႔အား ေတြ႕ရွိရေၾကာင္း စစ္ေကာင္စီဘက္က ယေန႔ (ႏိုဝင္ဘာလ ၁ ရက္)တြင္ ထုတ္ျပန္လိုက္သည္။
သို႔ေသာ္ လူမႈကြန္ရက္တြင္ အဆိုပါေပါက္ကြဲမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ လႈိင္ၿမိဳ႕မရဲစခန္းကို 44st-UG ႏွင့္မဟာမိတ္အဖြဲ႕ အစည္းမ်ားက ေအာက္တိုဘာလ(၃၁) ရက္၊ ေန႔လည္ပိုင္းက လက္နက္ႀကီးျဖင့္ ေလးခ်က္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးသုံးခ်က္က စခန္းတြင္းက်ေရာက္ေပါက္ကြဲခဲ့ကာ က်န္တစ္ခ်က္မွာမူ ေပါက္ကြဲခဲ့ျခင္းမရွိေၾကာင္းသတင္းမ်ားထြက္ေပၚခဲ့သည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ လူႏွင့္ အေဆာက္အဦးလည္း ထိခိုက္ပ်က္စီးမႈ မရွိေၾကာင္း၊ ေပါက္ကြဲမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေဖာက္ခြဲမႈျပဳလုပ္သည့္ က်ဴးလြန္သူ တရားခံမ်ားအား ဖမ္းဆီးရမိေရး အတြက္ စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း စစ္ေကာင္စီဘက္က ထုတ္ျပန္ထားသည္။
လြန္ခဲ့ေသာ ေအာက္တိုဘာ(၂၉) ရက္ကလည္း စစ္ကိုင္းတိုင္းေဒသႀကီး၊ ေျမာင္ၿမိဳ႕နယ္၊ နဂါးေပါက္ေက်း႐ြာရွိ ေျမာင္ရဲစခန္းအေဆာက္အဦးႏွင့္ ရဲလိုင္းခန္းမ်ား မီးရႈိးဖ်က္ဆီးခံရသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ေသးသည္။
#NPNews