ဗဟိုဘဏ်က ဖေဖော်ဝါရီလမှစတင်ကာ(၁ဝ)လအတွင်းရောင်းချပေးခဲ့သည့်ဒေါ်လာသန်း(၃၂ဝ)ကျော်ရှိ

 558

NP News - နိုဝင်ဘာ ၁
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလမှစတင် ကာနိုဝင်ဘာလ(၁)ရက်အထိ (၁ဝ)လအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ (၃၂၄.၈)သန်းရောင်းချပေးထားပြီး ဖြစ်ကာ အောက်တိုဘာလတွင်း ဒေါ်လာသန်း(၁၁ဝ) ကိုစံချိန်တင်ရောင်းချခဲ့ကြောင်း ဗဟိုဘဏ်၏ စာရင်းအချက်အလက်များအရသိရသည်။

ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာရောင်းချမှုအနေဖြင့် ဖေဖော်ဝါရီလတွင် (၆.၈)သန်း၊ ဧပြီလတွင် (၁၂)သန်း၊ မေလတွင် (၂၄)သန်း၊ ဇွန်လတွင် (၁၂)သန်း၊ ဇူလိုင်လတွင် (၃၉)သန်း၊ သြဂုတ်လတွင် (၂၈)သန်း၊ စက်တင်ဘာလတွင် (၆၃) သန်း၊ အောက်တိုဘာလတွင် သန်း(၁၁ဝ) ရှိခဲ့ပြီး နိုဝင်ဘာလ (၁) ရက်တွင် ဒေါ်လာသန်း(၃ဝ)ကိုစတင်ရောင်းချလိုက်သည်။ နိုဝင်ဘာလ (၁)ရက်တွင် နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့်ရောင်းချသည့် ငွေလဲလှယ်နှုန်းသည် တစ်ဒေါ်လာလျှင် ၁၇၆ဝ ကျပ်ဖြစ် ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ပြင်ပရှိဒေါ်လာဈေးများသည်လည်း တအိအိကျဆင်းလာပြီဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းဒေါ်လာဈေးနှုန်းအဆမ တန်မြင့်တက်လာခြင်းကြောင့် နိုင်ငံခြားငွေကြေးသုံးစွဲမှုအပေါ်ကန့် သတ်ချက်များချမှတ်ခဲ့သည့်အပြင် ဒေါ်လာများကိုနိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ဆက်တိုက်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ကာလတိုအ တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့ နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖွင့်လှစ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း သုံးသပ်ဝေဖန်မှုများလည်းရှိသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုမဖြစ်ပွားမီ ဇန်နဝါရီလတွင် ပြည်တွင်း ၏ ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာလျှင် (၁၃၇၇)ကျပ်သာရှိခဲ့ပြီး အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလပြီးနောက် စက်တင်ဘာလ (၂၉) ရက်တွင် နိုင်ငံခြားငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ငွေကျပ် (၂၇ဝဝ)ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ဗဟိုဘဏ်က ဒေါ် လာလိုအပ်ချက်ရှိနေသော ကဏ္ဍများသို့ နိုင်ငံခြားသုံးငွေများ ရောင်း ဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (AD)ရဘဏ်များမှတစ်ဆင့် ရောင်းချပေးနိုင်ရန်အတွက် အပတ်စဉ်လေလံခေါ်ယူ၍ ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေ ရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်း အကြား ကွာဟချက် (spread)ကို ပယ်ဖျက်ပေးခြင်း၊ ပို့ကုန်ရငွေအား ရက် (၃ဝ) ထက်မကျော်လွန်ဘဲ ဘဏ်များထံပြန်လည် ရောင်းချရန်လည်းဆောင်ရွက်ခဲ့ သည်။

zawgyi version
ဗဟိုဘဏ္က ေဖေဖာ္ဝါရီလမွစတင္ကာ(၁ဝ)လအတြင္းေရာင္းခ်ေပးခဲ့သည့္ေဒၚလာသန္း(၃၂ဝ)ေက်ာ္ရွိ
NP News - ႏိုဝင္ဘာ ၁
ျမန္မာႏိုင္ငံတြင္ အာဏာသိမ္းမႈျဖစ္ပြားခဲ့သည့္ ေဖေဖာ္ဝါရီလမွစတင္ ကာႏိုဝင္ဘာလ(၁)ရက္အထိ (၁ဝ)လအတြင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ အေမရိကန္ေဒၚလာ (၃၂၄.၈)သန္းေရာင္းခ်ေပးထားၿပီး ျဖစ္ကာ ေအာက္တိုဘာလတြင္း ေဒၚလာသန္း(၁၁ဝ) ကိုစံခ်ိန္တင္ေရာင္းခ်ခဲ့ေၾကာင္း ဗဟိုဘဏ္၏ စာရင္းအခ်က္အလက္မ်ားအရသိရသည္။

ဗဟိုဘဏ္၏ အေမရိကန္ေဒၚလာေရာင္းခ်မႈအေနျဖင့္ ေဖေဖာ္ဝါရီလတြင္ (၆.၈)သန္း၊ ဧၿပီလတြင္ (၁၂)သန္း၊ ေမလတြင္ (၂၄)သန္း၊ ဇြန္လတြင္ (၁၂)သန္း၊ ဇူလိုင္လတြင္ (၃၉)သန္း၊ ၾသဂုတ္လတြင္ (၂၈)သန္း၊ စက္တင္ဘာလတြင္ (၆၃) သန္း၊ ေအာက္တိုဘာလတြင္ သန္း(၁၁ဝ) ရွိခဲ့ၿပီး ႏိုဝင္ဘာလ (၁) ရက္တြင္ ေဒၚလာသန္း(၃ဝ)ကိုစတင္ေရာင္းခ်လိုက္သည္။ ႏိုဝင္ဘာလ (၁)ရက္တြင္ ႏိုင္ငံျခားေငြေဈးၿပိဳင္ေလလံစနစ္ျဖင့္ေရာင္းခ်သည့္ ေငြလဲလွယ္ႏႈန္းသည္ တစ္ေဒၚလာလွ်င္ ၁၇၆ဝ က်ပ္ျဖစ္ ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ ျပင္ပရွိေဒၚလာေဈးမ်ားသည္လည္း တအိအိက်ဆင္းလာၿပီျဖစ္သည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ျပည္တြင္းေဒၚလာေဈးႏႈန္းအဆမ တန္ျမင့္တက္လာျခင္းေၾကာင့္ ႏိုင္ငံျခားေငြေၾကးသုံးစြဲမႈအေပၚကန႔္ သတ္ခ်က္မ်ားခ်မွတ္ခဲ့သည့္အျပင္ ေဒၚလာမ်ားကိုႏိုင္ငံျခားေငြေဈးၿပိဳင္ေလလံစနစ္ျဖင့္ ဆက္တိုက္ေရာင္းခ်ေပးခဲ့ျခင္းျဖစ္သည္။ ကာလတိုအ တြင္း ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း အတက္၊ အက်ႀကီးမားျခင္းကို ေလ်ာ့ နည္းေစရန္ႏွင့္ ႏိုင္ငံျခားသုံးသီးသန႔္ အရန္ေငြျဖည့္တင္းရန္ ဗဟိုဘဏ္က ႏိုင္ငံျခားေငြေဈးၿပိဳင္ေလလံဖြင့္လွစ္ေဆာင္႐ြက္ေနျခင္းျဖစ္သည္ဟုလည္း သုံးသပ္ေဝဖန္မႈမ်ားလည္းရွိသည္။

ျမန္မာႏိုင္ငံတြင္ အာဏာသိမ္းမႈမျဖစ္ပြားမီ ဇန္နဝါရီလတြင္ ျပည္တြင္း ၏ ေဒၚလာေဈးႏႈန္းသည္ တစ္ေဒၚလာလွ်င္ (၁၃၇၇)က်ပ္သာရွိခဲ့ၿပီး အာဏာသိမ္းမႈျဖစ္ပြားခဲ့သည့္ ေဖေဖာ္ဝါရီလၿပီးေနာက္ စက္တင္ဘာလ (၂၉) ရက္တြင္ ႏိုင္ငံျခားေငြလဲႏႈန္းသည္ တစ္ေဒၚလာလွ်င္ ေငြက်ပ္ (၂၇ဝဝ)ဝန္းက်င္အထိ စံခ်ိန္တင္ျမင့္တက္ခဲ့သည္။ ဗဟိုဘဏ္က ေဒၚ လာလိုအပ္ခ်က္ရွိေနေသာ က႑မ်ားသို႔ ႏိုင္ငံျခားသုံးေငြမ်ား ေရာင္း ဝယ္ေဖာက္ကားသည့္ လုပ္ငန္းလိုင္စင္ (AD)ရဘဏ္မ်ားမွတစ္ဆင့္ ေရာင္းခ်ေပးႏိုင္ရန္အတြက္ အပတ္စဥ္ေလလံေခၚယူ၍ ေရာင္းခ်ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ ႏိုင္ငံျခားေငြ ေရာင္းေဈးႏႈန္းႏွင့္ ဝယ္ေဈးႏႈန္း အၾကား ကြာဟခ်က္ (spread)ကို ပယ္ဖ်က္ေပးျခင္း၊ ပို႔ကုန္ရေငြအား ရက္ (၃ဝ) ထက္မေက်ာ္လြန္ဘဲ ဘဏ္မ်ားထံျပန္လည္ ေရာင္းခ်ရန္လည္းေဆာင္႐ြက္ခဲ့ သည္။

Related news

© 2021. All rights reserved.