ချောင်းဦးမြို့၊ မူလတန်းကျောင်းအနီး မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မိုင်းထောင်သူသေဆုံး

 1938

NP News - နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ရှိ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းအနီးတွင် အမည်မသိအမျိုးသားတစ်ဦးမှ မိုင်းထောင်ဖောက်ခွဲမှုပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ယင်းအမျိုးသား သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါဖြစ်စဉ်သည် အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် နိုဝင်ဘာလ(၁)ရက်မတိုင်ခင် အောက်တိုဘာ(၃၁)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ကျောင်းများပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်ကို ဆန့်ကျင်ကြောင်း ပြသသည့်အပြင် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ စိုးရိမ်ထိတ်လန့်စေရန် ပြုမူလုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ယူဆရသည်။

ဖြစ်စဉ်အသေးစိတ်သည် အောက်တိုဘာလ(၃၁)ရက် ညနေ (၆)နာရီ (၅ဝ) မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ မြို့မရပ်ကွက်၊ ကုတိုးကုံးရပ်ရှိ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းအနီးလမ်းမပေါ်၌ ပြည်တွင်းတည်ငြိမ်မှုကို မလိုလားသူတစ်ဦးမှ မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့သဖြင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာတွင် အမျိုးသားတစ်ဦး သေဆုံး လျက်အနေအထားအတိုင်း တွေ့ရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိကြောင်း၊ ၎င်း၏ အလောင်းအနီးတွင် လက်ကိုင်ဖုန်း တစ်လုံးကို သိမ်းဆည်းရမိခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်၏ မျက်နှာကျက်များ နှင့် ပြတင်းပေါက်တံခါး မှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်း နစကဘက်ကနိုဝင်ဘာလ (၁)ရက် ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

နစက၏ထုတ်ပြန်ချက်ထဲတွင် CRPH၊ NUG နှင့် PDF များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ နေအိမ်များ၊ လမ်းတံတားများနှင့် ပြည်သူပိုင်ရုံး၊ ဌာနအဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးမှုများအပြင် ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကိုပါ ဗုံးထောင်၊ ဖောက်ခွဲ၊ ဖျက်ဆီးမှုများအထိ လုပ်ဆောင်လျက်ရှိကြသည်ဟု ဖော်ပြပါရှိသည်။

အလားတူ ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့သည့် ပထမဆုံးနေ့ နိုဝင်ဘာလ(၁) ရက် နေ့လည်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်းရှိ အ.ထ.က(၁) အခြေခံ ပညာအထက်တန်းကျောင်း (ကြည့်မြင်တိုင်)ရှေ့လမ်းဘေး၌ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ဖောက်ခွဲမှုများကျူးလွန်ခဲ့သည့် ကျူးလွန်သူတရားခံများနှင့် စေခိုင်းသူများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
#NPNews

Zawgyi Version;
ေခ်ာင္းဦးၿမိဳ႕၊ မူလတန္းေက်ာင္းအနီး မိုင္းေထာင္ေနစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့သျဖင့္ မိုင္းေထာင္သူေသဆုံး
NP News - ႏိုဝင္ဘာ ၂

စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕ရွိ အမွတ္(၁) အေျခခံပညာမူလတန္းေက်ာင္းအနီးတြင္ အမည္မသိအမ်ိဳးသားတစ္ဦးမွ မိုင္းေထာင္ေဖာက္ခြဲမႈျပဳလုပ္စဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့သျဖင့္ ယင္းအမ်ိဳးသား ေသဆုံးခဲ့ေၾကာင္းသတင္းရရွိသည္။
အဆိုပါျဖစ္စဥ္သည္ အေျခခံပညာစာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္မည့္ ႏိုဝင္ဘာလ(၁)ရက္မတိုင္ခင္ ေအာက္တိုဘာ(၃၁)ရက္ ညေနပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး စစ္ေကာင္စီဘက္မွ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ခြင့္ေပးခဲ့သည္ကို ဆန႔္က်င္ေၾကာင္း ျပသသည့္အျပင္ ေက်ာင္းသား/ေက်ာင္းသူမ်ားႏွင့္ ေက်ာင္းသားမိဘမ်ား စိုးရိမ္ထိတ္လန႔္ေစရန္ ျပဳမူလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းလည္း ယူဆရသည္။

ျဖစ္စဥ္အေသးစိတ္သည္ ေအာက္တိုဘာလ(၃၁)ရက္ ညေန (၆)နာရီ (၅ဝ) မိနစ္ခန႔္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေခ်ာင္းဦးၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္၊ ကုတိုးကုံးရပ္ရွိ အမွတ္(၁) အေျခခံပညာမူလတန္းေက်ာင္းအနီးလမ္းမေပၚ၌ ျပည္တြင္းတည္ၿငိမ္မႈကို မလိုလားသူတစ္ဦးမွ မိုင္းေထာင္ေနစဥ္ ေပါက္ကြဲမႈျဖစ္ပြားေၾကာင္း သတင္းရရွိခဲ့သျဖင့္ သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ သြားေရာက္စစ္ေဆးခဲ့ရာ အခင္းျဖစ္ေနရာတြင္ အမ်ိဳးသားတစ္ဦး ေသဆုံး လ်က္အေနအထားအတိုင္း ေတြ႕ရွိခဲ့သည္ကို စစ္ေဆးေတြ႕ရွိေၾကာင္း၊ ၎၏ အေလာင္းအနီးတြင္ လက္ကိုင္ဖုန္း တစ္လုံးကို သိမ္းဆည္းရမိခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ေက်ာင္းေဆာင္၏ မ်က္ႏွာက်က္မ်ား ႏွင့္ ျပတင္းေပါက္တံခါး မွန္မ်ား ကြဲအက္ပ်က္စီးခဲ့ေၾကာင္း နစကဘက္ကႏိုဝင္ဘာလ (၁)ရက္ ညပိုင္းတြင္ ထုတ္ျပန္လိုက္သည္။

နစက၏ထုတ္ျပန္ခ်က္ထဲတြင္ CRPH၊ NUG ႏွင့္ PDF မ်ားသည္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးကို ပ်က္ျပားေစရန္ရည္႐ြယ္ခ်က္ျဖင့္ အခ်ိဳ႕ေဒသမ်ားတြင္ လက္နက္ကိုင္တိုက္ခိုက္မႈမ်ား၊ ေနအိမ္မ်ား၊ လမ္းတံတားမ်ားႏွင့္ ျပည္သူပိုင္႐ုံး၊ ဌာနအေဆာက္အဦမ်ားအား ေဖာက္ခြဲဖ်က္ဆီးမႈမ်ားအျပင္ ကေလးသူငယ္မ်ား ပညာသင္ၾကားေနသည့္ စာသင္ေက်ာင္းမ်ားကိုပါ ဗုံးေထာင္၊ ေဖာက္ခြဲ၊ ဖ်က္ဆီးမႈမ်ားအထိ လုပ္ေဆာင္လ်က္ရွိၾကသည္ဟု ေဖာ္ျပပါရွိသည္။

အလားတူ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ခဲ့သည့္ ပထမဆုံးေန႔ ႏိုဝင္ဘာလ(၁) ရက္ ေန႔လည္ပိုင္းကလည္း ရန္ကုန္တိုင္းေဒသႀကီး၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ေဘာဂရပ္ကြက္၊ ဗားကရာလမ္းရွိ အ.ထ.က(၁) အေျခခံ ပညာအထက္တန္းေက်ာင္း (ၾကည့္ျမင္တိုင္)ေရွ႕လမ္းေဘး၌ ေပါက္ကြဲမႈႏွစ္ႀကိမ္ျဖစ္ပြားခဲ့သည္။ ထို႔ေၾကာင့္ ေဖာက္ခြဲမႈမ်ားက်ဴးလြန္ခဲ့သည့္ က်ဴးလြန္သူတရားခံမ်ားႏွင့္ ေစခိုင္းသူမ်ားအား အျမန္ဆုံးဖမ္းဆီးရမိေရးအတြက္ စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္းသိရသည္။
#NPNews

Related news

© 2021. All rights reserved.