မီတာခပေးဆောင်ခြင်းမရှိသည့် နေအိမ်များကို လျှပ်စစ်မီးဖြတ်တောက်ခြင်းများ စတင်ဆောင်ရွက်နေ

1138

NP News - နိုဝင်ဘာ ၂
နေပြည်တော်အပါအဝင် အချို့ပြည်နယ်နှင့်တိုင်းများရှိ လျှပ်စစ်မီတာခများပေးဆောင်ခြင်းမရှိသည့် နေအိမ်များကို လျှပ်စစ်ဓါတ်အားဖြတ်တောက် ခြင်းများဆောင်ရွက်လျက်ရှိပြီး ကျန်မြို့နယ်များကိုလည်း ဓါတ်အားဖြတ်တောက်ရန် စီစဉ်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
ယခု လျှပ်စစ်ဓါတ်အား မီးဖြတ်တောက်ခြင်းခံရသည့် ပြည်သူများသည် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ၊ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ အထိ (၇) လတာအတွင်း ပေးဆောင်ရမည့်ဓါတ်အားခများကို နောက်ဆုံး သတ်မှတ်ထားသော ၂ဝ၂၁ ခုနှစ် အောက်တိုဘာလအထိ လာရောက်ပေးဆောင်ခြင်းမရှိခဲ့သူများဖြစ်ပြီး ထိုသူများ၏နေ အိမ်များကို လျှပ်စစ်ဥပဒေအရ ဓါတ်အားဖြတ်တောက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လူမှုကွန်ရက်ပေါ်တွင် မီတာခ ပေးဆောင်ခြင်း မရှိသည့် နေအိမ်များကို မီးဖြတ်နေသည်ဟု သတင်းများထွက် ပေါ်လာခြင်းဖြစ်ပြီး အဆိုပါသတင်းသည် မှန်ကန်သော်လည်း လျှပ်စစ်ဓါတ်အား သုံးစွဲသူပြည်သူ များအနေဖြင့် မိမိအသုံးပြု သုံးစွဲသည့်လျှပ်စစ်ဓါတ်အားခကို ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ပေးဆောင်နိုင်ရန်အတွက်လည်း ပေးဆောင်ရမည့်ရက်များအား တိုးမြှင့်ပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်ဓါတ်အား မီတာခများပေးဆောင်နိုင်ရန် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလအတွက်ကို ၂ဝ၂၁ ခုနှစ် ဧပြီလ ၁၅ ရက်၊ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလအတွက်ကို ၂ဝ၂၁ ခုနှစ် မေလ ၂၅ ရက်၊ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ အတွက်ကို ဇွန် ၂၅ ရက်၊ ၂ဝ၂၁ ခုနှစ် မတ်လအတွက်ကို စက်တင်ဘာလ ၇ ရက်၊ ၂ဝ၂၁ ခုနှစ် ဧပြီလအတွက်ကို စက်တင်ဘာလ ၂၁ ရက်၊ ၂ဝ၂၁ ခုနှစ် မေလအတွက်ကို အောက်တိုဘာလ ၅ ရက်၊ ၂ဝ၂၁ ခုနစ် ဇွန်လအတွက်ကို အောက်တိုဘာလ ၁၉ ရက်၊ ၂ဝ၂၁ ခုနှစ် ဇူလိုင်လအတွက်ကို နိုဝင်ဘာလ ၂ ရက်၊ ၂ဝ၂၁ ခုနှစ် သြဂုတ်လအတွက်ကို နိုဝင်ဘာလ ၁၆ ရက်နှင့် ၂ဝ၂၁ ခုနှစ် စက်တင်ဘာလအတွက်ကို နိုဝင်ဘာ ၃ဝ ရက်စသဖြင့် အသီးသီးတိုးမြှင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သက်ဆိုင်ရာလျှပ်စစ်မီတာရုံးများသို့ လာရောက်၍ ဓါတ်အားခပေးဆောင်ရန် ခက်ခဲသော ပြည်သူများအတွက် ငွေလက်ခံကောင်တာခွဲများ ထပ်မံဖွင့်လှစ်ပေးခြင်း၊ ရွေ့လျားယာဉ်များဖြင့် မြို့တွင်းလှည်လည်ကာ ဓါတ်အား ကောက်ခံခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ နေပြည်တော်ကောင်စီနယ်မြေတွင် လာမည့် နိုဝင်ဘာလ(၅) ရက်အထိ လျှပ်စစ်မီတာခ ပေးဆောင်ခြင်းမရှိသည့် နေအိမ်များကို လျှပ်စစ်ဓါတ်အားဖြတ် တောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Zawgyi Version;
မီတာခေပးေဆာင္ျခင္းမရွိသည့္ ေနအိမ္မ်ားကို လွ်ပ္စစ္မီးျဖတ္ေတာက္ျခင္းမ်ား စတင္ေဆာင္႐ြက္ေန
NP News - ႏိုဝင္ဘာ ၂
ေနျပည္ေတာ္အပါအဝင္ အခ်ိဳ႕ျပည္နယ္ႏွင့္တိုင္းမ်ားရွိ လွ်ပ္စစ္မီတာခမ်ားေပးေဆာင္ျခင္းမရွိသည့္ ေနအိမ္မ်ားကို လွ်ပ္စစ္ဓါတ္အားျဖတ္ေတာက္ ျခင္းမ်ားေဆာင္႐ြက္လ်က္ရွိၿပီး က်န္ၿမိဳ႕နယ္မ်ားကိုလည္း ဓါတ္အားျဖတ္ေတာက္ရန္ စီစဥ္ေနေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနထံမွ သိရသည္။
ယခု လွ်ပ္စစ္ဓါတ္အား မီးျဖတ္ေတာက္ျခင္းခံရသည့္ ျပည္သူမ်ားသည္ ၂ဝ၂ဝ ျပည့္ႏွစ္ ဒီဇင္ဘာလ၊ ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီလမွ ဇြန္လ အထိ (၇) လတာအတြင္း ေပးေဆာင္ရမည့္ဓါတ္အားခမ်ားကို ေနာက္ဆုံး သတ္မွတ္ထားေသာ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလအထိ လာေရာက္ေပးေဆာင္ျခင္းမရွိခဲ့သူမ်ားျဖစ္ၿပီး ထိုသူမ်ား၏ေန အိမ္မ်ားကို လွ်ပ္စစ္ဥပေဒအရ ဓါတ္အားျဖတ္ေတာက္ျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
လူမႈကြန္ရက္ေပၚတြင္ မီတာခ ေပးေဆာင္ျခင္း မရွိသည့္ ေနအိမ္မ်ားကို မီးျဖတ္ေနသည္ဟု သတင္းမ်ားထြက္ ေပၚလာျခင္းျဖစ္ၿပီး အဆိုပါသတင္းသည္ မွန္ကန္ေသာ္လည္း လွ်ပ္စစ္ဓါတ္အား သုံးစြဲသူျပည္သူ မ်ားအေနျဖင့္ မိမိအသုံးျပဳ သုံးစြဲသည့္လွ်ပ္စစ္ဓါတ္အားခကို ေပးေဆာင္ရမည္ျဖစ္ေၾကာင္း၊ ေပးေဆာင္ႏိုင္ရန္အတြက္လည္း ေပးေဆာင္ရမည့္ရက္မ်ားအား တိုးျမႇင့္ေပးျခင္းမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
လွ်ပ္စစ္ဓါတ္အား မီတာခမ်ားေပးေဆာင္ႏိုင္ရန္ ၂ဝ၂ဝ ျပည့္ႏွစ္ ဒီဇင္ဘာလအတြက္ကို ၂ဝ၂၁ ခုႏွစ္ ဧၿပီလ ၁၅ ရက္၊ ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီလအတြက္ကို ၂ဝ၂၁ ခုႏွစ္ ေမလ ၂၅ ရက္၊ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ အတြက္ကို ဇြန္ ၂၅ ရက္၊ ၂ဝ၂၁ ခုႏွစ္ မတ္လအတြက္ကို စက္တင္ဘာလ ၇ ရက္၊ ၂ဝ၂၁ ခုႏွစ္ ဧၿပီလအတြက္ကို စက္တင္ဘာလ ၂၁ ရက္၊ ၂ဝ၂၁ ခုႏွစ္ ေမလအတြက္ကို ေအာက္တိုဘာလ ၅ ရက္၊ ၂ဝ၂၁ ခုနစ္ ဇြန္လအတြက္ကို ေအာက္တိုဘာလ ၁၉ ရက္၊ ၂ဝ၂၁ ခုႏွစ္ ဇူလိုင္လအတြက္ကို ႏိုဝင္ဘာလ ၂ ရက္၊ ၂ဝ၂၁ ခုႏွစ္ ၾသဂုတ္လအတြက္ကို ႏိုဝင္ဘာလ ၁၆ ရက္ႏွင့္ ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာလအတြက္ကို ႏိုဝင္ဘာ ၃ဝ ရက္စသျဖင့္ အသီးသီးတိုးျမႇင့္သတ္မွတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
သက္ဆိုင္ရာလွ်ပ္စစ္မီတာ႐ုံးမ်ားသို႔ လာေရာက္၍ ဓါတ္အားခေပးေဆာင္ရန္ ခက္ခဲေသာ ျပည္သူမ်ားအတြက္ ေငြလက္ခံေကာင္တာခြဲမ်ား ထပ္မံဖြင့္လွစ္ေပးျခင္း၊ ေ႐ြ႕လ်ားယာဥ္မ်ားျဖင့္ ၿမိဳ႕တြင္းလွည္လည္ကာ ဓါတ္အား ေကာက္ခံျခင္းမ်ားေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။ ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ လာမည့္ ႏိုဝင္ဘာလ(၅) ရက္အထိ လွ်ပ္စစ္မီတာခ ေပးေဆာင္ျခင္းမရွိသည့္ ေနအိမ္မ်ားကို လွ်ပ္စစ္ဓါတ္အားျဖတ္ ေတာက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။