တရုတ်မှဝယ်ယူထားသည့်ကာကွယ်ဆေး(၂၄)သန်း၏နောက်ဆုံးအသုတ်ဖြစ်သည့်(၄)သန်း ယခုလ(၇)ရက်တွင်ရောက်ဖွယ်ရှိ

 740

NP News - နိုဝင်ဘာ ၂
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာကွယ်ဆေးများရရှိရေးအတွက် နိုင်ငံအ သီးသီးမှဝယ်ယူလျက်ရှိရာ တရုတ်နိုင်ငံထံမှ Sinopharm ကာကွယ် ဆေး(၂၄)သန်းဝယ်ယူခွင့်ရခဲ့သည်။ အဆိုပါဝယ်ယူခွင့်ရရှိသည့်ကာ ကွယ်ဆေးများမှ ကာကွယ်ဆေးသန်း(၂ဝ)သည်ငါးကြိမ်ခွဲ၍ရောက်ရှိခဲ့ပြီး ခြောက်ကြိမ်မြောက်ရောက်ရှိမည့် ကာကွယ်ဆေး (၄)သန်းသည် နို ဝင်ဘာလ (၇) ရက်တွင်မြန်မာနိုင်ငံသို့ရောက်ရှိဖွယ်ရှိကြောင်း ကျန်းမာ ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

“တရုတ်ကနေဝယ်ထားတဲ့ ကာကွယ်ဆေးထဲက နောက်ဆုံးကျန်တဲ့လေးသန်းက နိုဝင်ဘာလ (၇)ရက်လောက်ရောက်ဖို့ရှိပါတယ်။ ဒီလထဲမှာပဲ တရုတ်ကလှူဒါန်းတဲ့ကာကွယ်ဆေး သုံးသန်းနဲ့ ထပ်မံဝယ်ယူထားတဲ့ ကာကွယ်ဆေးတစ်သန်း စုစုပေါင်းလေးသန်းလည်း ထပ်မံရောက်ရှိဖို့ရှိနေပါတယ်” ဟု ယင်းကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးနှင့်လှူဒါန်းထားသည့် ကာကွယ်ဆေးသည် (၃၃ ဒသမ ၈) သန်းရှိကြောင်းသိရသည်။ ကာကွယ်ဆေးထိုးနှံမှုများကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ(၂၇)ရက်မှစတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလကုန်အထိ ပထမအကြိမ်နှင့်အကြိမ်ပြည့် ကာကွယ်ဆေးထိုးပြီးသူပေါင်း (၁၃ ဒသမ ၃)သန်းရှိပြီဖြစ်ကြောင်းသိရသည်။ ကာကွယ်ဆေးကို အုပ်စုအလိုက်ခွဲကာထိုးနှံပေးလျက်ရှိပြီး လက်ရှိတွင် အသက်(၄၅)နှစ်နှင့်အ ထက်ပြည်သူများအထိထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ အသက် (၁၂) နှစ်အထက် ကျောင်းသား(၉ ဒသမ ၈)သိန်းကိုလည်း ပထမအကြိမ်ထိုးနှံပြီးဖြစ်ကာ နိုဝင်ဘာလ(၉)ရက်တွင်ဒုတိယအကြိမ်ထိုးနှံပေးမည်ဖြစ် ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားလာက တည်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်တရုတ် Vaccineကုမ္ပဏီများချိတ်ဆက်ရန် တက်တက်ကြွကြွကူညီပေးပြီး အသက်သာဆုံးဈေးနှုန်း၊ အလျင်မြန်ဆုံးနှုန်းဖြင့် မြန်မာနိုင်ငံထံ ကိုဗစ်-၁၉ Vaccine ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ လက်ရှိအထိ တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ Vaccine Doses (၂၆.၆)သန်းရှိပြီးဖြစ်ကာ ၎င်းတို့အနက်(၅.၉)သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် မြန်မာနိုင်ငံတရုတ်နွယ်ဖွားများအသိုင်းအဝိုင်းကိုယ်ထူကိုယ်ထ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းကို ၂ဝ၂၁ ခုနှစ် သြဂုတ်လ (၂၄)ရက်တွင်စတင်ခဲ့ပြီး မြန် မာနိုင်ငံရောက် တရုတ်လူမျိုးနှင့် တရုတ်နွယ်ဖွားများ၊ ဒေသခံပြည်သူ များ နှင့် ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယားစသဖြင့် နိုင်ငံ(၂ဝ) ကျော်မှ မြန်မာနိုင်ငံသို့ရောက်ရှိနေသူများ စုစုပေါင်းလူဦးရေ (၃၄၃ဝဝဝ) အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။

zawgyi version
တ႐ုတ္မွဝယ္ယူထားသည့္ကာကြယ္ေဆး(၂၄)သန္း၏ေနာက္ဆုံးအသုတ္ျဖစ္သည့္(၄)သန္း ယခုလ(၇)ရက္တြင္ေရာက္ဖြယ္ရွိ
NP News - ႏိုဝင္ဘာ ၂
ျမန္မာႏိုင္ငံအေနျဖင့္ ကိုဗစ္ကာကြယ္ေဆးမ်ားရရွိေရးအတြက္ ႏိုင္ငံအ သီးသီးမွဝယ္ယူလ်က္ရွိရာ တ႐ုတ္ႏိုင္ငံထံမွ Sinopharm ကာကြယ္ ေဆး(၂၄)သန္းဝယ္ယူခြင့္ရခဲ့သည္။ အဆိုပါဝယ္ယူခြင့္ရရွိသည့္ကာ ကြယ္ေဆးမ်ားမွ ကာကြယ္ေဆးသန္း(၂ဝ)သည္ငါးႀကိမ္ခြဲ၍ေရာက္ရွိခဲ့ၿပီး ေျခာက္ႀကိမ္ေျမာက္ေရာက္ရွိမည့္ ကာကြယ္ေဆး (၄)သန္းသည္ ႏို ဝင္ဘာလ (၇) ရက္တြင္ျမန္မာႏိုင္ငံသို႔ေရာက္ရွိဖြယ္ရွိေၾကာင္း က်န္းမာ ေရးဝန္ႀကီး ဌာနမွ တာဝန္ရွိသူ တစ္ဦးကေျပာသည္။

“တ႐ုတ္ကေနဝယ္ထားတဲ့ ကာကြယ္ေဆးထဲက ေနာက္ဆုံးက်န္တဲ့ေလးသန္းက ႏိုဝင္ဘာလ (၇)ရက္ေလာက္ေရာက္ဖို႔ရွိပါတယ္။ ဒီလထဲမွာပဲ တ႐ုတ္ကလႉဒါန္းတဲ့ကာကြယ္ေဆး သုံးသန္းနဲ႔ ထပ္မံဝယ္ယူထားတဲ့ ကာကြယ္ေဆးတစ္သန္း စုစုေပါင္းေလးသန္းလည္း ထပ္မံေရာက္ရွိဖို႔ရွိေနပါတယ္” ဟု ယင္းကေျပာသည္။

လက္ရွိျမန္မာႏိုင္ငံတြင္ အိႏၵိယႏိုင္ငံ ႏွင့္ တ႐ုတ္ႏိုင္ငံမွ ဝယ္ယူထားသည့္ ကာကြယ္ေဆးႏွင့္လႉဒါန္းထားသည့္ ကာကြယ္ေဆးသည္ (၃၃ ဒသမ ၈) သန္းရွိေၾကာင္းသိရသည္။ ကာကြယ္ေဆးထိုးႏွံမႈမ်ားကို ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီလ(၂၇)ရက္မွစတင္ေဆာင္႐ြက္ခဲ့ရာ ေအာက္တိုဘာလကုန္အထိ ပထမအႀကိမ္ႏွင့္အႀကိမ္ျပည့္ ကာကြယ္ေဆးထိုးၿပီးသူေပါင္း (၁၃ ဒသမ ၃)သန္းရွိၿပီျဖစ္ေၾကာင္းသိရသည္။ ကာကြယ္ေဆးကို အုပ္စုအလိုက္ခြဲကာထိုးႏွံေပးလ်က္ရွိၿပီး လက္ရွိတြင္ အသက္(၄၅)ႏွစ္ႏွင့္အ ထက္ျပည္သူမ်ားအထိထိုးႏွံၿပီးျဖစ္ေၾကာင္း သိရသည္။ အသက္ (၁၂) ႏွစ္အထက္ ေက်ာင္းသား(၉ ဒသမ ၈)သိန္းကိုလည္း ပထမအႀကိမ္ထိုးႏွံၿပီးျဖစ္ကာ ႏိုဝင္ဘာလ(၉)ရက္တြင္ဒုတိယအႀကိမ္ထိုးႏွံေပးမည္ျဖစ္ ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ ကပ္ေရာဂါ တတိယလႈိင္းျဖစ္ပြားလာက တည္းက တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံႏွင့္တ႐ုတ္ Vaccineကုမၸဏီမ်ားခ်ိတ္ဆက္ရန္ တက္တက္ႂကြႂကြကူညီေပးၿပီး အသက္သာဆုံးေဈးႏႈန္း၊ အလ်င္ျမန္ဆုံးႏႈန္းျဖင့္ ျမန္မာႏိုင္ငံထံ ကိုဗစ္-၁၉ Vaccine ေထာက္ပံ့ေပးခဲ့ေၾကာင္းသိရသည္။ လက္ရွိအထိ တ႐ုတ္ႏိုင္ငံမွျမန္မာႏိုင္ငံသို႔ ေထာက္ပံ့ေပးသည့္ ကိုဗစ္-၁၉ Vaccine Doses (၂၆.၆)သန္းရွိၿပီးျဖစ္ကာ ၎တို႔အနက္(၅.၉)သန္းသည္ တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔လႉဒါန္းေပးအပ္ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံတ႐ုတ္ႏြယ္ဖြားမ်ားအသိုင္းအဝိုင္းကိုယ္ထူကိုယ္ထ ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးႏွံမႈလုပ္ငန္းကို ၂ဝ၂၁ ခုႏွစ္ ၾသဂုတ္လ (၂၄)ရက္တြင္စတင္ခဲ့ၿပီး ျမန္ မာႏိုင္ငံေရာက္ တ႐ုတ္လူမ်ိဳးႏွင့္ တ႐ုတ္ႏြယ္ဖြားမ်ား၊ ေဒသခံျပည္သူ မ်ား ႏွင့္ ထိုင္း၊ စင္ကာပူ၊ ဂ်ပန္၊ ေတာင္ကိုရီးယားစသျဖင့္ ႏိုင္ငံ(၂ဝ) ေက်ာ္မွ ျမန္မာႏိုင္ငံသို႔ေရာက္ရွိေနသူမ်ား စုစုေပါင္းလူဦးေရ (၃၄၃ဝဝဝ) အား ကာကြယ္ေဆးထိုးႏွံေပးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.