ဒုတိယအကြိမ်ပြင်ဆင်လိုက်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေတွင် ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ပါဝင်လာ

 1340

NP News - နိုဝင်ဘာ ၂
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေများတွင် ယခင်က ငွေဒဏ်သာ ပါဝင်ခဲ့သော်လည်း ယခု အသစ်ပြန်လည်ပြင်ဆင်လိုက်သည့် ဒုတိယအကြိမ်ပြင်ဆင်မှုတွင် ယခင်က သတ်မှတ်ထားသည့် ငွေဒဏ်အပြင် ထောင် ဒဏ်နှင့် ဒဏ်နှစ်ရပ်စလုံးအား ကျခံရနိုင်သည်ဟု ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နစကသတင်း ပြန်ကြားရေးအဖွဲ့မှ နိုဝင်ဘာလ(၁) ရက် ညပိုင်းက ထုတ်ပြန်ကြေညာလိုက်သည်။

ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၄၁၉) အရ ပြဌာန်းပြင်ဆင်လိုက်ကြောင်း နစကဥက္ကဋ္ဌကိုယ်တိုင်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခင်က ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ(၉၆)တွင် “ငွေဒဏ် ကျပ်သိန်း(၃ဝဝ)မှ ကျပ်သိန်း (၅ဝဝ)အထိ” ဆိုသည့်စကားရပ်ကို “အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း(၃ဝဝ) မှ အများဆုံး ကျပ်သိန်း(၅ဝဝ) အထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၉၇) အရ “ငွေဒဏ် ကျပ်သိန်း (၅ဝ)မှ ကျပ်သိန်း(၁ဝဝ)အထိ” ဆိုသည့်စကားရပ်ကို “အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ထောင်ဒ ဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း (၅ဝ)မှ အများဆုံး သိန်း(၁ဝဝ)အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးထားကြောင်း၊ ပုဒ်မ(၉၈) အရ “ငွေဒဏ် ကျပ်သိန်း(၁ဝဝ)မှ ကျပ်သိန်း(၃ဝဝ)အထိ” ဆိုသည့် စကားရပ်ကို “အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း (၁ဝဝ)မှ အများဆုံး ကျပ်သိန်း (၃ဝဝ)အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုဒ်မ(၉၉)တွင်လည်း “ငွေဒဏ် ကျပ်သိန်း(၃ဝဝ)မှ ကျပ်သိန်း (၅ဝဝ)အထိ” ဆိုသည့် စကားရပ်ကို “အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း (၃ဝဝ)မှ ကျပ်သိန်း (၅ဝဝ)အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုဒ်မ ၉၉-က ကို ထပ်မံဖြည့်စွက်၍ မည်သူမဆိုပုဒ်မ(၁ဝ၆)အရ ထုတ်ပြန်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များကို ဖောက်ဖျက်ပါက ငွေဒဏ်များနှင့် ထောင်ဒဏ်များအပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း ကြိုတင်သတိပေးထားသည်။
အလားတူ ပုဒ်မ(၁ဝ၅) နောက်တွင်လည်း ပုဒ်မ ၁ဝ၅(က) ကိုထပ်မံဖြည့်စွက်ခဲ့ပြီး အဆိုပါဥပဒေပါ ပြစ်မှုများကို ရဲကိုယ်တိုင် အရေးယူပိုင်ခွင့်ရှိသည့် ပြစ်မှုများအဖြစ် သတ်မှတ်လိုက်ကြောင်း ထည့်သွင်းသတိပေးထားသည်ကို ထုတ်ပြန်အရ သိရသည်။

Zawgyi Version;
ဒုတိယအႀကိမ္ျပင္ဆင္လိုက္သည့္ ႐ုပ္ျမင္သံၾကားႏွင့္ အသံထုတ္လႊင့္ျခင္းဆိုင္ရာဥပေဒတြင္ ေငြဒဏ္အျပင္ ေထာင္ဒဏ္ပါ ပါဝင္လာ
NP News - ႏိုဝင္ဘာ ၂

႐ုပ္ျမင္သံၾကားႏွင့္ အသံထုတ္လႊင့္ျခင္းဆိုင္ရာဥပေဒမ်ားတြင္ ယခင္က ေငြဒဏ္သာ ပါဝင္ခဲ့ေသာ္လည္း ယခု အသစ္ျပန္လည္ျပင္ဆင္လိုက္သည့္ ဒုတိယအႀကိမ္ျပင္ဆင္မႈတြင္ ယခင္က သတ္မွတ္ထားသည့္ ေငြဒဏ္အျပင္ ေထာင္ဒဏ္ႏွင့္ ဒဏ္ႏွစ္ရပ္စလုံးအား က်ခံရႏိုင္သည္ဟု ျပင္ဆင္ဖြဲ႕စည္းလိုက္ေၾကာင္း နစကသတင္း ျပန္ၾကား ေရးအဖြဲ႕မွ ႏိုဝင္ဘာလ(၁) ရက္ ညပိုင္းက ထုတ္ျပန္ေၾကညာလိုက္သည္။
႐ုပ္ျမင္သံၾကားႏွင့္အသံထုတ္လႊင့္ျခင္းဆိုင္ရာ ဥပေဒပုဒ္မမ်ားကို ဖြဲ႕စည္းပုံအေျခခံ ဥပေဒပုဒ္မ(၄၁၉) အရ ျပဌာန္းျပင္ဆင္လိုက္ေၾကာင္း နစကဥကၠ႒ကိုယ္တိုင္က လက္မွတ္ေရးထိုးထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

ယခင္က ႐ုပ္ျမင္သံၾကားႏွင့္ အသံထုတ္လႊင့္ျခင္းဆိုင္ရာဥပေဒပုဒ္မ(၉၆)တြင္ “ေငြဒဏ္ က်ပ္သိန္း(၃ဝဝ)မွ က်ပ္သိန္း (၅ဝဝ)အထိ” ဆိုသည့္စကားရပ္ကို “အနည္းဆုံး သုံးႏွစ္မွ အမ်ားဆုံး ငါးႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ အနည္းဆုံး က်ပ္သိန္း(၃ဝဝ) မွ အမ်ားဆုံး က်ပ္သိန္း(၅ဝဝ) အထိ ေငြဒဏ္ျဖစ္ေစ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ” ဆိုသည့္စကားရပ္ျဖင့္ အစားထိုးရမည္ျဖစ္ေၾကာင္း၊ ပုဒ္မ(၉၇) အရ “ေငြဒဏ္ က်ပ္သိန္း (၅ဝ)မွ က်ပ္သိန္း(၁ဝဝ)အထိ” ဆိုသည့္စကားရပ္ကို “အနည္းဆုံး ေျခာက္လမွ အမ်ားဆုံး တစ္ႏွစ္အထိ ေထာင္ဒ ဏ္ျဖစ္ေစ၊ အနည္းဆုံး က်ပ္သိန္း (၅ဝ)မွ အမ်ားဆုံး သိန္း(၁ဝဝ)အထိ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ” ဆိုသည့္ စကားရပ္ျဖင့္ အစားထိုးထားေၾကာင္း၊ ပုဒ္မ(၉၈) အရ “ေငြဒဏ္ က်ပ္သိန္း(၁ဝဝ)မွ က်ပ္သိန္း(၃ဝဝ)အထိ” ဆိုသည့္ စကားရပ္ကို “အနည္းဆုံး တစ္ႏွစ္မွ အမ်ားဆုံး သုံးႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ အနည္းဆုံး က်ပ္သိန္း (၁ဝဝ)မွ အမ်ားဆုံး က်ပ္သိန္း (၃ဝဝ)အထိ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ” ဆိုသည့္ စကားရပ္ျဖင့္ အစားထိုးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ပုဒ္မ(၉၉)တြင္လည္း “ေငြဒဏ္ က်ပ္သိန္း(၃ဝဝ)မွ က်ပ္သိန္း (၅ဝဝ)အထိ” ဆိုသည့္ စကားရပ္ကို “အနည္းဆုံး သုံးႏွစ္မွ အမ်ားဆုံး ငါးႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ အနည္းဆုံး က်ပ္သိန္း (၃ဝဝ)မွ က်ပ္သိန္း (၅ဝဝ)အထိ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ” ဆိုသည့္ စကားရပ္ျဖင့္ အစားထိုးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ပုဒ္မ ၉၉-က ကို ထပ္မံျဖည့္စြက္၍ မည္သူမဆိုပုဒ္မ(၁ဝ၆)အရ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္းသတ္မွတ္ခ်က္မ်ားကို ေဖာက္ဖ်က္ပါက ေငြဒဏ္မ်ားႏွင့္ ေထာင္ဒဏ္မ်ားအျပင္ ျပစ္မႈႏွင့္သက္ဆိုင္သည့္ ပစၥည္းမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းခံရမည္ျဖစ္ေၾကာင္း ႀကိဳတင္သတိေပးထားသည္။
အလားတူ ပုဒ္မ(၁ဝ၅) ေနာက္တြင္လည္း ပုဒ္မ ၁ဝ၅(က) ကိုထပ္မံျဖည့္စြက္ခဲ့ၿပီး အဆိုပါဥပေဒပါ ျပစ္မႈမ်ားကို ရဲကိုယ္တိုင္ အေရးယူပိုင္ခြင့္ရွိသည့္ ျပစ္မႈမ်ားအျဖစ္ သတ္မွတ္လိုက္ေၾကာင္း ထည့္သြင္းသတိေပးထားသည္ကို ထုတ္ျပန္အရ သိရသည္။

Related news

© 2021. All rights reserved.