Mytel ကုမ္ပဏီ၏အကြီးအကဲတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ၍ ပွဲချင်းပြီးသေဆုံး

1568

NP News - နိုဝင်ဘာ ၄
Mytel Company ၏ လက်ရှိ အကြီးအကဲဖြစ်သူ အငြိမ်းစား ဗိုလ်မှူးဟောင်း ဦးသိန်းအောင်နှင့် ဇနီးဖြစ်သူ ဒေါ်သိမ့်အောင်သူတို့လင်မယားကို အရပ်သားလက်နက်ကိုင်သေနတ်သမားတစ်ဦးမှ ယနေ့ (နိုဝင်ဘာလ(၄) ရက်) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သဖြင့် ဦးသိန်းအောင်သည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူက သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိခဲ့သည်။
အဆိုပါသတင်းသည် အခင်းဖြစ်ပွားချိန် ယနေ့ နံနက်ပိုင်းအတွင်းမှာပင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာခဲ့ပြီး သေဆုံးသွားခဲ့သည့် ဗိုလ်မှူးဟောင်း ဦးသိန်းအောင်သည် လက်ရှိ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့နှင့် သူငယ်ချင်းဖြစ်ကြောင်း ဖော်ပြမှုများလည်းရှိခဲ့သည်။
အငြိမ်းစား ဗိုလ်မှူးသိန်းအောင် အသတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ “ မရမ်းကုန်းမြို့နယ်၊ (၇) ရပ်ကွက်၊ တေးနုယဉ်လမ်းတွင် ယနေ့ နိုဝင်ဘာလ(၄) ရက် နံနက် (၇) နာရီ (၃ဝ) မိနစ် အချိန်ခန့်က ပစ်ခ တ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ (၇) ရပ်ကွက်၊ တေးနုယဉ်လမ်း၊ မရမ်းကုန်းမြို့နယ်နေသူ အသက်(၅၆)နှစ် ဦးသိန်းအောင်နှင့် ၎င်း၏ ဇနီးဖြစ်သူသည် တေးနုယ ဉ်လမ်းအတိုင်း လမ်းလျှောက်ပြန်လာစဉ် လက်နက်ကိုင်အကြမ်းဖက် သမား(၁) ဦးမှ စောင့်ဆိုင်း၍ သေနတ်ဖြင့် ပစ်ခတ်ကာ တေးနုယဉ်လမ်းအတိုင်း ရန်ကုန်-ပြည်လမ်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်” ဟု ထုတ်ပြန်သည်။
အရပ်သားလက်နက်ကိုင်သည် ဦးသိန်းအောင်နှင့် ဇနီးဖြစ်သူတို့ လမ်းလျှောက်ထွက်လာမည်ကို သိပုံရပြီး ကြိုတင်အသင့်စောင့်ဆိုင်နေဟန် ပေါ်သည်။ ယင်းတို့လင်မယားလမ်းလျှောက်ထွက်ပြီး ပြန်လာစဉ်တွင် အရပ်သားလက်နက်ကိုင်မှ ဦးသိန်းအောင်နှင့် ဇနီးတို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးသိန်းအောင်သည် သေနတ်ဒဏ်ရာ လေးချက်ထိမှန်ခဲ့ပြီး အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ ဇနီးဖြစ်သူမှာမူ လက်၊ ခါး၊ ခြေထောက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဦးသိန်းအောင်၏ ဇနီးဖြစ်သူ ဒေါ်သိမ့်အောင်သူသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနှင့် အနီးတစ်ဝိုက်အား ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Zawgyi Version;
Mytel ကုမၸဏီ၏အႀကီးအကဲတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံရ၍ ပြဲခ်င္းၿပီးေသဆုံး
NP News - ႏိုဝင္ဘာ ၄
Mytel Company ၏ လက္ရွိ အႀကီးအကဲျဖစ္သူ အၿငိမ္းစား ဗိုလ္မႉးေဟာင္း ဦးသိန္းေအာင္ႏွင့္ ဇနီးျဖစ္သူ ဒေါ်သိမ့်အောင်သူတို့လင်မယားကို အရပ္သားလက္နက္ကိုင္ေသနတ္သမားတစ္ဦးမွ ယေန႔ (ႏိုဝင္ဘာလ(၄) ရက္) နံနက္ပိုင္းက ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခဲ့သျဖင့္ ဦးသိန္းေအာင္သည္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ၿပီး ဇနီးျဖစ္သူက ေသနတ္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သတင္းရရွိခဲ့သည္။
အဆိုပါသတင္းသည္ အခင္းျဖစ္ပြားခ်ိန္ ယေန႔ နံနက္ပိုင္းအတြင္းမွာပင္ လူမႈကြန္ရက္ေပၚပ်ံ႕ႏွံ႔လာခဲ့ၿပီး ေသဆုံးသြားခဲ့သည့္ ဗိုလ္မႉးေဟာင္း ဦးသိန္းေအာင္သည္ လက္ရွိ ေရတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးမိုးေအာင္၊ ေလတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္တို႔ႏွင့္ သူငယ္ခ်င္းျဖစ္ေၾကာင္း ေဖာ္ျပမႈမ်ားလည္းရွိခဲ့သည္။
အၿငိမ္းစား ဗိုလ္မႉးသိန္းေအာင္ အသတ္ခံရမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ေကာင္စီဘက္မွ “ မရမ္းကုန္းၿမိဳ႕နယ္၊ (၇) ရပ္ကြက္၊ ေတးႏုယဥ္လမ္းတြင္ ယေန႔ ႏိုဝင္ဘာလ(၄) ရက္ နံနက္ (၇) နာရီ (၃ဝ) မိနစ္ အခ်ိန္ခန႔္က ပစ္ခ တ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ (၇) ရပ္ကြက္၊ ေတးႏုယဥ္လမ္း၊ မရမ္းကုန္းၿမိဳ႕နယ္ေနသူ အသက္(၅၆)ႏွစ္ ဦးသိန္းေအာင္ႏွင့္ ၎၏ ဇနီးျဖစ္သူသည္ ေတးႏုယ ဥ္လမ္းအတိုင္း လမ္းေလွ်ာက္ျပန္လာစဥ္ လက္နက္ကိုင္အၾကမ္းဖက္ သမား(၁) ဦးမွ ေစာင့္ဆိုင္း၍ ေသနတ္ျဖင့္ ပစ္ခတ္ကာ ေတးႏုယဥ္လမ္းအတိုင္း ရန္ကုန္-ျပည္လမ္းသို႔ ထြက္ေျပးသြားခဲ့ေၾကာင္း သိရွိရသည္” ဟု ထုတ္ျပန္သည္။
အရပ္သားလက္နက္ကိုင္သည္ ဦးသိန္းေအာင္ႏွင့္ ဇနီးျဖစ္သူတို႔ လမ္းေလွ်ာက္ထြက္လာမည္ကို သိပုံရၿပီး ႀကိဳတင္အသင့္ေစာင့္ဆိုင္ေနဟန္ ေပၚသည္။ ယင္းတို႔လင္မယားလမ္းေလွ်ာက္ထြက္ၿပီး ျပန္လာစဥ္တြင္ အရပ္သားလက္နက္ကိုင္မွ ဦးသိန္းေအာင္ႏွင့္ ဇနီးတို႔အား ပစ္ခတ္သတ္ျဖတ္ခဲ့ရာ ဦးသိန္းေအာင္သည္ ေသနတ္ဒဏ္ရာ ေလးခ်က္ထိမွန္ခဲ့ၿပီး အခင္းျဖစ္ေနရာမွာတင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ကာ ဇနီးျဖစ္သူမွာမူ လက္၊ ခါး၊ ေျခေထာက္တို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ဦးသိန္းေအာင္၏ ဇနီးျဖစ္သူ ေဒၚသိမ့္ေအာင္သူသည္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆးကုသမႈ ခံယူလ်က္ရွိ ၿပီး လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ အခင္းျဖစ္ပြားရာႏွင့္ အနီးတစ္ဝိုက္အား ပိတ္ဆို႔ရွာေဖြ စစ္ေဆးမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။