၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို နိုဝင်ဘာလလယ်မှစတင် လျှောက်ထားနိုင်ပြီ

952

NP News - နိုဝင်ဘာ ၁၁
၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအား ကျင်းပသွားမည်ဖြစ်သည့်အတွက် ဖြေဆိုခွင့်လျှောက်လွှာများကို ယခု နိုဝင်ဘာလ(၁၅) ရက်မှစတင်၍ ဒီဇင်ဘာလ(၃ဝ) ရက်အထိ ပေးပို့လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီဌာနက ယနေ့ နိုဝင်ဘာလ(၁၁) ရက်တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် တရားဝင်ကြေညာလိုက်သည်။
ပြည်တွင်း၌ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုအခြေအနေများနှင့် နိုင်ငံရေးအရှု့ပ်အထွေးများကြောင့် ယခု ၂ဝ၂ဝ- ၂ဝ၂၁ ခုနှစ် ပညာသင်နှစ်အတွင်း အခြေခံပညာစာသင်ကျောင်းများအား တစ်နှစ်ပတ်လုံးနီးပါး ပိတ်ထားရသော်လည်း ၂ဝ၂၂ ခုနှစ် ဆယ်တန်းစာမေးပွဲအား ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း တရားဝင်အသိပေးကြေညာလိုက်ခြင်းဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများတင်သွင်းရာတွင် အမှတ်စဉ်(၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ်(၂)၊ (၃)၊ (၄) များဖြင့် ဖြေဆိုမည့်သူအတွက် ပန်းရောင်ဖြေဆိုခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရန် ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် ကျောင်းတက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းအုပ်ကြီးထံမှ ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင် ငွေကျပ်(၂ဝဝ) နှင့် စာမေးပွဲဝင်ကြေး ငွေကျပ်(၇ဝဝ) တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာတစ်စောင်တွင် တံဆိပ်ခေါင်းတစ်ခုကပ်ကာ သက်ဆိုင်ရာကျောင်းများမှ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြင်ပဖြေဆိုသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် ဆယ်တန်းစာမေးပွဲ ဖြေဆို ခွင့်လျှောက်လွှာများအား ငွေကျပ်(၂ဝဝ)နှင့် စာမေးပွဲဝင်ကြေးအတွက် ငွေကျပ်(၇ဝဝ)တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူကာ ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင်ကပ်၍ မိမိနေထိုင်သည့် မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ ကိုဗစ်ကူးစက်မှုစတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် မတ်လပိုင်းသည် ၂ဝ၁၉- ၂ဝ၂ဝ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုပြီးချိန်ဖြစ်ပြီး ထိုချိန်မှစတင်၍ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများအားလုံး ပိတ်ထားရသည်မှာ နှစ်နှစ်ခန့်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ၂ဝ၂ဝ- ၂ဝ၂၁ ခုနှစ် ဆယ်တန်းစာမေးပွဲ ကျင်းပနိုင်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ သိလိုစိတ်များပြင်းပြလျက်ရှိသည်။
သို့သော် ပညာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်(၉) ခုမှ မြို့နယ်(၄၆) မြို့နယ်ရှိ စာသင်ကျောင်းများသည် ယာယီပိတ်ထား ဆဲဖြစ်သော်လည်း မည်သို့သောအခြေအနေဖြစ်ပါစေ အဆိုပါ စာသင်ကျောင်းများတွင်တက်ရောက်ရမည့် ကျောင်းသား၊ ကျောင်း သူများနှင့် ပြင်ပဖြေဆိုမည့်သူများအတွက် လျှောက်လွှာရောင်းချခြင်းများအား သတ်မှတ်ရက် တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္ခြင့္စာေမးပြဲ ေျဖဆိုခြင့္ေလွ်ာက္လႊာမ်ားကို ႏိုဝင္ဘာလလယ္မွစတင္ ေလွ်ာက္ထားႏိုင္ၿပီ
NP News - ႏိုဝင္ဘာ ၁၁
၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲအား က်င္းပသြားမည္ျဖစ္သည့္အတြက္ ေျဖဆိုခြင့္ေလွ်ာက္လႊာမ်ားကို ယခု ႏိုဝင္ဘာလ(၁၅) ရက္မွစတင္၍ ဒီဇင္ဘာလ(၃ဝ) ရက္အထိ ေပးပို႔ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း ပညာေရးဝန္ႀကီဌာနက ယေန႔ ႏိုဝင္ဘာလ(၁၁) ရက္တြင္ ႏိုင္ငံပိုင္သတင္းစာမွတစ္ဆင့္ တရားဝင္ေၾကညာလိုက္သည္။
ျပည္တြင္း၌ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈအေျခအေနမ်ားႏွင့္ ႏိုင္ငံေရးအရႈ႕ပ္အေထြးမ်ားေၾကာင့္ ယခု ၂ဝ၂ဝ- ၂ဝ၂၁ ခုႏွစ္ ပညာသင္ႏွစ္အတြင္း အေျခခံပညာစာသင္ေက်ာင္းမ်ားအား တစ္ႏွစ္ပတ္လုံးနီးပါး ပိတ္ထားရေသာ္လည္း ၂ဝ၂၂ ခုႏွစ္ ဆယ္တန္းစာေမးပြဲအား က်င္းပႏိုင္ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း တရားဝင္အသိေပးေၾကညာလိုက္ျခင္းျဖစ္သည္။
တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုခြင့္ ေလွ်ာက္လႊာမ်ားတင္သြင္းရာတြင္ အမွတ္စဥ္(၁)၊ (၅)၊ (၆)၊ (၇)၊ (၈) မ်ားျဖင့္ ေျဖဆိုမည့္သူမ်ားအတြက္ အစိမ္းေရာင္ေျဖဆိုခြင့္ေလွ်ာက္လႊာႏွင့္ ကတ္ျပားပုံစံျဖင့္လည္းေကာင္း၊ ဘာသာတြဲ အမွတ္စဥ္(၂)၊ (၃)၊ (၄) မ်ားျဖင့္ ေျဖဆိုမည့္သူအတြက္ ပန္းေရာင္ေျဖဆိုခြင့္ ေလွ်ာက္လႊာႏွင့္ ကတ္ျပားပုံစံျဖင့္လည္းေကာင္း တင္သြင္းရန္ ခြဲျခားသတ္မွတ္ထားေၾကာင္း သိရသည္။
အေျခခံပညာအထက္တန္းေက်ာင္းမ်ားႏွင့္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားတြင္ ေက်ာင္းတက္ေရာက္ေနေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ေက်ာင္းအုပ္ႀကီးထံမွ ေျဖဆိုခြင့္ေလွ်ာက္လႊာတစ္ေစာင္လွ်င္ ေငြက်ပ္(၂ဝဝ) ႏွင့္ စာေမးပြဲဝင္ေၾကး ေငြက်ပ္(၇ဝဝ) တန္ ေငြသြင္းတံဆိပ္ေခါင္းမ်ား ဝယ္ယူၿပီး ေလွ်ာက္လႊာတစ္ေစာင္တြင္ တံဆိပ္ေခါင္းတစ္ခုကပ္ကာ သက္ဆိုင္ရာေက်ာင္းမ်ားမွ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသို႔ သတ္မွတ္ရက္အတြင္း ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ျပင္ပေျဖဆိုသူမ်ားအေနျဖင့္ သက္ဆိုင္ရာၿမိဳ႕နယ္ပညာေရးမႉး႐ုံးမ်ားတြင္ ဆယ္တန္းစာေမးပြဲ ေျဖဆို ခြင့္ေလွ်ာက္လႊာမ်ားအား ေငြက်ပ္(၂ဝဝ)ႏွင့္ စာေမးပြဲဝင္ေၾကးအတြက္ ေငြက်ပ္(၇ဝဝ)တန္ ေငြသြင္းတံဆိပ္ေခါင္းမ်ား ဝယ္ယူကာ ဝင္ခြင့္ေလွ်ာက္လႊာ၏ လက္ဝဲဘက္ ထိပ္ပိုင္းတြင္ကပ္၍ မိမိေနထိုင္သည့္ ၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးသို႔ ေပးပို႔ေလွ်ာက္ထားႏိုင္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံ၌ ကိုဗစ္ကူးစက္မႈစတင္ျဖစ္ပြားခဲ့သည့္ ၂ဝ၂ဝ ျပည့္ႏွစ္ မတ္လပိုင္းသည္ ၂ဝ၁၉- ၂ဝ၂ဝ ပညာသင္ႏွစ္အတြက္ တကၠသိုလ္ဝင္တန္းစာေမးပြဲမ်ား ေျဖဆိုၿပီးခ်ိန္ျဖစ္ၿပီး ထိုခ်ိန္မွစတင္၍ တကၠသိုလ္မ်ား၊ အေျခခံပညာေက်ာင္းမ်ားအားလုံး ပိတ္ထားရသည္မွာ ႏွစ္ႏွစ္ခန႔္ရွိလာၿပီျဖစ္သည္။ ထို႔ေၾကာင့္ ေက်ာင္းသားမိဘမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ ၂ဝ၂ဝ- ၂ဝ၂၁ ခုႏွစ္ ဆယ္တန္းစာေမးပြဲ က်င္းပႏိုင္ျခင္း ရွိ၊ မရွိႏွင့္ပတ္သက္၍ သိလိုစိတ္မ်ားျပင္းျပလ်က္ရွိသည္။
သို႔ေသာ္ ပညာေရးဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၉) ခုမွ ၿမိဳ႕နယ္(၄၆) ၿမိဳ႕နယ္ရွိ စာသင္ေက်ာင္းမ်ားသည္ ယာယီပိတ္ထား ဆဲျဖစ္ေသာ္လည္း မည္သို႔ေသာအေျခအေနျဖစ္ပါေစ အဆိုပါ စာသင္ေက်ာင္းမ်ားတြင္တက္ေရာက္ရမည့္ ေက်ာင္းသား၊ ေက်ာင္း သူမ်ားႏွင့္ ျပင္ပေျဖဆိုမည့္သူမ်ားအတြက္ ေလွ်ာက္လႊာေရာင္းခ်ျခင္းမ်ားအား သတ္မွတ္ရက္ တိုးျမႇင့္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။