စင်ပေါ်တက်ရရင် ကြောက်ဒူးတုန်လေ့ရှိတဲ့ ကမ္ဘာကျော်အဆိုတော်တွေကဘယ်သူတွေဖြစ်မလဲ

 831

ဝတီ (NP News) - နိုဝင်ဘာ ၁၅
လူအများကြီးရှေ့ဖျော်ဖြေရမှာကြောက်တဲ့ အကြောက်တရားဟာအမြဲရှိနေတတ်တဲ့အကြောက်တ ရားမျိုးပါ။ စင်ပေါ်အခုမှစတက်တဲ့လူမှစင်ကြောက်တတ်တာမဟုတ်ဘဲစင်ပေါ်တက်တာ ဝါရင့်နေပြီဖြစ်တဲ့ သမ္ဘာရင့်ကြီးတွေတောင်ဒီလိုပဲကြောက်ကြတာပါပဲ။ ဝါရင့်သမ္ဘာရင့်တွေတောင် ဒီလိုကြောက်တယ်ဆိုတာယုံဖို့ခက်ပေမယ့် သူတို့ကိုယ်တိုင်ကဒီလိုကြောက်တုန်းပဲလို့ ထုတ်ဖော်ဝန်ခံထားကြပါတယ်။ ဖိစီးမှုအကြီးကြီးရှိတယ်ဆိုရင်ဘယ်သူမဆို ဘယ်လောက်ပဲဝါရင့်နေရင့်နေ စင်ပေါ်ရောက်ရင် ကြောက်ဒူးတုန်ကြတာချည်းပါပဲ။ ဒါကြောင့် ဘယ်ကမ္ဘာကျော်အဆိုတော်တွေက စင်ကြောက်သလဲဆိုတာကြည့်လိုက်ကြရအောင်ပါ။

zawgyi version
စင္ေပၚတက္ရရင္ ေၾကာက္ဒူးတုန္ေလ့ရွိတဲ့ ကမာၻေက်ာ္အဆိုေတာ္ေတြကဘယ္သူေတြျဖစ္မလဲ
ဝတီ (NP News) - ႏိုဝင္ဘာ ၁၅
လူအမ်ားႀကီးေရွ႕ေဖ်ာ္ေျဖရမွာေၾကာက္တဲ့ အေၾကာက္တရားဟာအၿမဲရွိေနတတ္တဲ့အေၾကာက္တ ရားမ်ိဳးပါ။ စင္ေပၚအခုမွစတက္တဲ့လူမွစင္ေၾကာက္တတ္တာမဟုတ္ဘဲစင္ေပၚတက္တာ ဝါရင့္ေနၿပီျဖစ္တဲ့ သမာၻရင့္ႀကီးေတြေတာင္ဒီလိုပဲေၾကာက္ၾကတာပါပဲ။ ဝါရင့္သမာၻရင့္ေတြေတာင္ ဒီလိုေၾကာက္တယ္ဆိုတာယုံဖို႔ခက္ေပမယ့္ သူတို႔ကိုယ္တိုင္ကဒီလိုေၾကာက္တုန္းပဲလို႔ ထုတ္ေဖာ္ဝန္ခံထားၾကပါတယ္။ ဖိစီးမႈအႀကီးႀကီးရွိတယ္ဆိုရင္ဘယ္သူမဆို ဘယ္ေလာက္ပဲဝါရင့္ေနရင့္ေန စင္ေပၚေရာက္ရင္ ေၾကာက္ဒူးတုန္ၾကတာခ်ည္းပါပဲ။ ဒါေၾကာင့္ ဘယ္ကမာၻေက်ာ္အဆိုေတာ္ေတြက စင္ေၾကာက္သလဲဆိုတာၾကည့္လိုက္ၾကရေအာင္ပါ။

ဒမ်မီလပ်ဗာတို
ဒီနာမည်ကြီး အမေရိကန်အဆိုတော်ရဲ့သီချင်းတွေဟာ လူကြိုက်အများဆုံးသီချင်းစာရင်းထဲဝင်ခဲ့ပါတယ်။ ပေါက်သီချင်းတွေကြောင့် ခဏခဏလည်း စင်ပေါ်တက်ဖျော်ဖြေနေရပေမယ့်သူဟာ အမ်တီဗီ ဆုပေးပွဲကြီးမှာဖျော်ဖြေရဖို့ အလှည့်ကျလာတဲ့အခါမှာတော့အကြောက်ကြီးကြောက်လာပါတော့သ တဲ့။ `အဲဒီတုန်းက စင်ပေါ်မတက်ခင်ဘယ်လိုကြောက်လို့ ကြောက်မှန်းကိုမသိတော့ပါဘူး။နာမည်ကြီး အဆိုတော်တွေ အများကြီးကော်ဇောနီပေါ်ကနေ ဖြတ်လျှောက်နေချိန်မှာကျွန်မကဖျော်ဖြေရတာကိုး။ အဲဒီအဆိုတော်တွေထဲမှာ ကိုယ်လေးစားအားကျရတဲ့အဆိုတော်တွေ အများကြီးပါတော့ကျွန်မလည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားတော့တာ။ ဒါကြောင့်စင်ပေါ်မတက်ခင်လေးတင်မှာ နစ်ကီမီနာ့ဂျ်ရဲ့ သီချင်းလေးတစ်ပုဒ်ဖွင့်နားထောင်ပြီး ရဲဆေးလေးတင်လိုက်ရသေးတယ်`လို့သူကပြောပြခဲ့ဖူးပါတယ်။

zawgyi version
ဒမ္မီလပ္ဗာတို
ဒီနာမည္ႀကီး အေမရိကန္အဆိုေတာ္ရဲ႕သီခ်င္းေတြဟာ လူႀကိဳက္အမ်ားဆုံးသီခ်င္းစာရင္းထဲဝင္ခဲ့ပါတယ္။ ေပါက္သီခ်င္းေတြေၾကာင့္ ခဏခဏလည္း စင္ေပၚတက္ေဖ်ာ္ေျဖေနရေပမယ့္သူဟာ အမ္တီဗီ ဆုေပးပြဲႀကီးမွာေဖ်ာ္ေျဖရဖို႔ အလွည့္က်လာတဲ့အခါမွာေတာ့အေၾကာက္ႀကီးေၾကာက္လာပါေတာ့သ တဲ့။ `အဲဒီတုန္းက စင္ေပၚမတက္ခင္ဘယ္လိုေၾကာက္လို႔ ေၾကာက္မွန္းကိုမသိေတာ့ပါဘူး။နာမည္ႀကီး အဆိုေတာ္ေတြ အမ်ားႀကီးေကာ္ေဇာနီေပၚကေန ျဖတ္ေလွ်ာက္ေနခ်ိန္မွာကြၽန္မကေဖ်ာ္ေျဖရတာကိုး။ အဲဒီအဆိုေတာ္ေတြထဲမွာ ကိုယ္ေလးစားအားက်ရတဲ့အဆိုေတာ္ေတြ အမ်ားႀကီးပါေတာ့ကြၽန္မလည္း ေျခမကိုင္မိလက္မကိုင္မိ ျဖစ္သြားေတာ့တာ။ ဒါေၾကာင့္စင္ေပၚမတက္ခင္ေလးတင္မွာ နစ္ကီမီနာ့ဂ်္ရဲ႕ သီခ်င္းေလးတစ္ပုဒ္ဖြင့္နားေထာင္ၿပီး ရဲေဆးေလးတင္လိုက္ရေသးတယ္`လို႔သူကေျပာျပခဲ့ဖူးပါတယ္။

ရီဟားနား
ရီဟားနားဟာ မသိသူမရှိလောက်အောင်နာမည်ကြီးပါတယ်။ သူလုပ်ခဲ့သမျှဖျော်ဖြေပွဲကြီးတွေကလည်းအများကြီးပေါ့။ ဒီလိုကမ္ဘာကျော်ကြီးက စင်ကြောက်တုန်းပဲဆိုတာယုံမယ့်လူရှားပါလိမ့်မယ်။ ဟုတ်ပါတယ်။ သူဟာစင်ပေါ်တက်ရမှာ ကြောက်နေတုန်းပါပဲ။ ဒါကြောင့် စင်ပေါ်မတက်ခင်လိမ္မော်ဖျော်ရည် ဒါမှမဟုတ် ဆိုဒါလေးပုံမှန်သောက်ပါသတဲ့။`အဲဒါလေး သောက်လိုက်ရမှဖြစ်တာ။ မဟုတ်ရင်မရဘူး` လို့ သူကပြောပါတယ်။ စင်ပေါ်တက်ပြီး သီချင်းဆိုရတာဖြစ်ဖြစ်၊ ပွဲတစ်ပွဲမှာစင်ပေါ်တက်ပြီး ပါဝင်ပေးရတာပဲဖြစ်ဖြစ်သူကအမြဲကြောက်ဒူးတုန်ပါသတဲ့လေ။

zawgyi version
ရီဟားနား
ရီဟားနားဟာ မသိသူမရွိေလာက္ေအာင္နာမည္ႀကီးပါတယ္။ သူလုပ္ခဲ့သမွ်ေဖ်ာ္ေျဖပြဲႀကီးေတြကလည္းအမ်ားႀကီးေပါ့။ ဒီလိုကမာၻေက်ာ္ႀကီးက စင္ေၾကာက္တုန္းပဲဆိုတာယုံမယ့္လူရွားပါလိမ့္မယ္။ ဟုတ္ပါတယ္။ သူဟာစင္ေပၚတက္ရမွာ ေၾကာက္ေနတုန္းပါပဲ။ ဒါေၾကာင့္ စင္ေပၚမတက္ခင္လိေမၼာ္ေဖ်ာ္ရည္ ဒါမွမဟုတ္ ဆိုဒါေလးပုံမွန္ေသာက္ပါသတဲ့။`အဲဒါေလး ေသာက္လိုက္ရမွျဖစ္တာ။ မဟုတ္ရင္မရဘူး` လို႔ သူကေျပာပါတယ္။ စင္ေပၚတက္ၿပီး သီခ်င္းဆိုရတာျဖစ္ျဖစ္၊ ပြဲတစ္ပြဲမွာစင္ေပၚတက္ၿပီး ပါဝင္ေပးရတာပဲျဖစ္ျဖစ္သူကအၿမဲေၾကာက္ဒူးတုန္ပါသတဲ့ေလ။

အဒဲလ်
အဒဲလ် ထုတ်ခဲ့သမျှ သီချင်းခွေဟာ ကမ္ဘာပေါ်မှာသန်းပေါင်းများစွာရောင်းချခဲ့ရပါတယ်။ ဒီလောက်အ ထိအောင်မြင်လို့လည်း ဆုတွေတပွေ့တပိုက်ကြီးရထားတာပေါ့။ ဒီလောက်အထိအောင်မြင်မှုတွေကြီးကြီးမားမားရထားတယ်ဆိုတော့ သူဟာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိပြီး စင်ကြောက်မှာမဟုတ် လောက်ပါဘူးလို့ ထင်ရင်မှားသွားပါလိမ့်မယ်။ သူဟာပရိသတ်ကြောက်လွန်းလို့တစ်ခါကဆိုရင်အရေး ပေါ် ထွက်ပေါက်ကနေတောင်ထွက်သွားဖူးပြီး တစ်ခါကဆိုရင် အန်တောင်အန်ချမိပါသတဲ့လေ။`ပရိ သတ်က ကိုယ့်ရှိုးပွဲကိုကြည့်ချင်လို့ ဒေါ်လာ (၂ဝ) အကုန်ခံပြီးလာကြည့်တာကို တွေးမိတိုင်းစိတ်ဖိစီးမှု ဖြစ်ရတယ်။ ကြည့်ပြီးလို့.. ဟင် အပြင်မှာဆိုတာက ကောင်းလည်းမကောင်းဘူး။ အိမ်မှာအခွေဖွင့်နား ထောင်တာကမှကောင်းဦးမယ်လို့ အပြောခံရမှာသိပ်ကြောက်တယ်။ လူတွေကိုယ့်ကိုအချိန်ပေးပြီး
လာအားပေးရကျိုးနပ်စေချင်တယ်လေ`လို့ သူကပြောဖူးပါတယ်။ ဒါပေမဲ့ သူဘယ်လောက်ပဲပရိသတ် ကြောက်ကြောက် ဘယ်တော့မဆိုအကောင်းဆုံးဖျော်ဖြေသွားနိုင်တာချည်းပါပဲ။

zawgyi version
အဒဲလ္
အဒဲလ္ ထုတ္ခဲ့သမွ် သီခ်င္းေခြဟာ ကမာၻေပၚမွာသန္းေပါင္းမ်ားစြာေရာင္းခ်ခဲ့ရပါတယ္။ ဒီေလာက္အ ထိေအာင္ျမင္လို႔လည္း ဆုေတြတေပြ႕တပိုက္ႀကီးရထားတာေပါ့။ ဒီေလာက္အထိေအာင္ျမင္မႈေတြႀကီးႀကီးမားမားရထားတယ္ဆိုေတာ့ သူဟာကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈအျပည့္ရွိၿပီး စင္ေၾကာက္မွာမဟုတ္ ေလာက္ပါဘူးလို႔ ထင္ရင္မွားသြားပါလိမ့္မယ္။ သူဟာပရိသတ္ေၾကာက္လြန္းလို႔တစ္ခါကဆိုရင္အေရး ေပၚ ထြက္ေပါက္ကေနေတာင္ထြက္သြားဖူးၿပီး တစ္ခါကဆိုရင္ အန္ေတာင္အန္ခ်မိပါသတဲ့ေလ။`ပရိ သတ္က ကိုယ့္ရႈိးပြဲကိုၾကည့္ခ်င္လို႔ ေဒၚလာ (၂ဝ) အကုန္ခံၿပီးလာၾကည့္တာကို ေတြးမိတိုင္းစိတ္ဖိစီးမႈ ျဖစ္ရတယ္။ ၾကည့္ၿပီးလို႔.. ဟင္ အျပင္မွာဆိုတာက ေကာင္းလည္းမေကာင္းဘူး။ အိမ္မွာအေခြဖြင့္နား ေထာင္တာကမွေကာင္းဦးမယ္လို႔ အေျပာခံရမွာသိပ္ေၾကာက္တယ္။ လူေတြကိုယ့္ကိုအခ်ိန္ေပးၿပီး လာအားေပးရက်ိဳးနပ္ေစခ်င္တယ္ေလ`လို႔ သူကေျပာဖူးပါတယ္။ ဒါေပမဲ့ သူဘယ္ေလာက္ပဲပရိသတ္ ေၾကာက္ေၾကာက္ ဘယ္ေတာ့မဆိုအေကာင္းဆုံးေဖ်ာ္ေျဖသြားႏိုင္တာခ်ည္းပါပဲ။

ဟယ်ရီစတိုင်းလ်စ်

ဟယ်ရီစတိုင်းလ်စ်ကိုတော့ ဒီခေတ်ပျိုပျိုမေတွေ မသိစရာ လုံး၀ မရှိပါဘူး။
သူဟာလည်း စင်ပေါ်တက် ဖျော်ဖြေတဲ့ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။
ဒါ့အပြင် ထူးချွန်ဆုတွေလည်း တစ်သီကြီး ရထားတယ်လေ။ တစ်ခါကဆိုရင်
သူ စင်ကြောက်တာ ဘယ်လောက်အထိ ဆိုးဝါးသလဲဆို မဖျော်ဖြေခင်လေးမှာ
ထိုးအန်မိတဲ့အထိ ပါပဲတဲ့။ ဒီအကြောင်းကို အဖွဲ့ဝင် ဇေယန်မယ်လစ်ခ်က
ဖောက်သည်ချခဲ့ဖူးပါတယ်။ ဟယ်ရီစတိုင်းလ်စ်ကိုယ်တိုင်ကလည်း သူ ဘယ်လောက်
စင်ကြောက်တဲ့အကြောင်း ဟာသလုပ်ပြီး ပြောပြခဲ့ဖူးပါသေးတယ်။ သူ့ကို
ကြည့်လိုက်ရင်သာ ပရိသတ်တွေကို အေးအေးဆေးဆေး ပြုံးပြုံးရွှင်ရွှင် ဖျော်ဖြေနေတယ်
ထင်ရပေမယ့် အတွင်းစိတ်ထဲမှာ ဘယ်လောက်တောင် ကျိတ်ပြီး မြိုသိပ်ထားရတယ်ဆိုတာ
သူ ထုတ်ပြောပြမှပဲ သိရတော့တာပါပဲ။

ကေတီပယ်ရီ
ကေတီပယ်ရီလောက်ဝက်ဝက်ကွဲနာမည်ကြီးတဲ့ အဆိုတော်ဆိုလို့လက်တစ်ဆုပ်စာပဲရှိမှာပါ။ သူဟာ ဂီတနယ်ပယ်မှာ ဝင်ငွေအမြင့်ဆုံးအမျိုးသမီးစာရင်းထဲ ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အထိဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာကမ္ဘာ့ရောင်းအားအကောင်းဆုံးဂီတပညာရှင်အဖြစ်လည်း ကဗျည်းတင်ထားပါသေးတယ်။ ဘယ်လောက်အထိပဲ အောင်မြင်၊ အောင်မြင် သူ့မှာလည်းစင်ကြောက်ရောဂါရှိသေးတာပါပဲ။ `စင်ပေါ်မှာကြောက်လိုက်တာဆိုတာ လက်တွေရောခြေတွေပါတုန်နေတော့တာပဲ။ သီချင်းဆိုနေရင်းနဲ့တောင်အကြောက်ကမပြေသေးဘူး။ ကိုယ့်ဘက်က ပြင်ဆင်မှုလိုနေသေးလို့ကြောက်တာမဟုတ်ဘဲပရိသတ်တွေ စင်ပေါ်ဝိုင်းအုံလာကြမှာကိုကြောက်နေတာ။ပရိသတ်တွေအကုန်လုံးကကျွန်မနာမည်
ဝိုင်းအော်နေကြတော့ အဲဒီလိုတွေးပြီးကြောက်သွားတော့တာ`လို့ သူကဆိုပါတယ်။

zawgyi version
ေကတီပယ္ရီ
ေကတီပယ္ရီေလာက္ဝက္ဝက္ကြဲနာမည္ႀကီးတဲ့ အဆိုေတာ္ဆိုလို႔လက္တစ္ဆုပ္စာပဲရွိမွာပါ။ သူဟာ ဂီတနယ္ပယ္မွာ ဝင္ေငြအျမင့္ဆုံးအမ်ိဳးသမီးစာရင္းထဲ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အထိဝင္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာကမာၻ႔ေရာင္းအားအေကာင္းဆုံးဂီတပညာရွင္အျဖစ္လည္း ကဗ်ည္းတင္ထားပါေသးတယ္။ ဘယ္ေလာက္အထိပဲ ေအာင္ျမင္၊ ေအာင္ျမင္ သူ႔မွာလည္းစင္ေၾကာက္ေရာဂါရွိေသးတာပါပဲ။ `စင္ေပၚမွာေၾကာက္လိုက္တာဆိုတာ လက္ေတြေရာေျခေတြပါတုန္ေနေတာ့တာပဲ။ သီခ်င္းဆိုေနရင္းနဲ႔ေတာင္အေၾကာက္ကမေျပေသးဘူး။ ကိုယ့္ဘက္က ျပင္ဆင္မႈလိုေနေသးလို႔ေၾကာက္တာမဟုတ္ဘဲပရိသတ္ေတြ စင္ေပၚဝိုင္းအုံလာၾကမွာကိုေၾကာက္ေနတာ။ပရိသတ္ေတြအကုန္လုံးကကြၽန္မနာမည္ဝိုင္းေအာ္ေနၾကေတာ့ အဲဒီလိုေတြးၿပီးေၾကာက္သြားေတာ့တာ`လို႔ သူကဆိုပါတယ္။

တေလာဆွစ်ဖ်
တေလာဆွစ်ဖ်ဟာလည်း ဂီတထူးချွန်ဆုတွေ တပုံတခေါင်းကြီးရထားတဲ့ရောင်းအားအကောင်းဆုံး ဂီတအနုပညာရှင်တစ်လက်ပါ။ ဒါပေမဲ့ ဘယ်လောက်ပဲဟုန်းဟုန်းတောက်အောင်မြင်နေပေမယ့် သူဟာလည်း ပရိသတ်ကသူ့ကိုသဘောကျလား ၊ မကျလားသေသေချာချာမသိရရင်စင်ကြောက်တုန်းပါပဲတဲ့။ ပရိသတ်က သူ့ကို သဘောကျတဲ့ပရိသတ်တွေချည်းပဲဆိုတာ သေသေချာချာသိထားရင်တော့ သူ က စင်မကြောက်ပါဘူးတဲ့လေ။

zawgyi version
ေတလာဆြစ္ဖ္
ေတလာဆြစ္ဖ္ဟာလည္း ဂီတထူးခြၽန္ဆုေတြ တပုံတေခါင္းႀကီးရထားတဲ့ေရာင္းအားအေကာင္းဆုံး ဂီတအႏုပညာရွင္တစ္လက္ပါ။ ဒါေပမဲ့ ဘယ္ေလာက္ပဲဟုန္းဟုန္းေတာက္ေအာင္ျမင္ေနေပမယ့္ သူဟာလည္း ပရိသတ္ကသူ႔ကိုသေဘာက်လား ၊ မက်လားေသေသခ်ာခ်ာမသိရရင္စင္ေၾကာက္တုန္းပါပဲတဲ့။ ပရိသတ္က သူ႔ကို သေဘာက်တဲ့ပရိသတ္ေတြခ်ည္းပဲဆိုတာ ေသေသခ်ာခ်ာသိထားရင္ေတာ့ သူ က စင္မေၾကာက္ပါဘူးတဲ့ေလ။

အရီယာနာ ဂရန်ဒီ
အရီယာနာ ဂရန်ဒီဟာလည်း ထူးချွန်ဆုတွေအများကြီးရထားတဲ့ထိပ်တန်းလူငယ်အဆိုတော်တစ်ယောက်ပါ။ သူဟာ ၂ဝ၁၉ ခုနှစ်နောက်ပိုင်းကတည်းကအင်စတက်ဂရမ်မှာ ပရိသတ်အများဆုံးအမျိုး သမီးဖြစ်နေပါပြီ။ ဒီလောက်အထိ အောင်မြင်နေလည်းဒီစူပါစတားကတော့ စင်ပေါ်ရောက်ရင်ရင်တုန်ပန်းတုန် ဖြစ်တုန်းပါပဲတဲ့။ ၂ဝ၁၄ ခုနှစ်အမ်တီဗီ ဖျော်ဖြေပွဲမှာတုန်းကဆို သူ့မှာကြောက်လိုက်ရတာ လွန်ပါရောတဲ့။

zawgyi version
အရီယာနာ ဂရန္ဒီ
အရီယာနာ ဂရန္ဒီဟာလည္း ထူးခြၽန္ဆုေတြအမ်ားႀကီးရထားတဲ့ထိပ္တန္းလူငယ္အဆိုေတာ္တစ္ေယာက္ပါ။ သူဟာ ၂ဝ၁၉ ခုႏွစ္ေနာက္ပိုင္းကတည္းကအင္စတက္ဂရမ္မွာ ပရိသတ္အမ်ားဆုံးအမ်ိဳး သမီးျဖစ္ေနပါၿပီ။ ဒီေလာက္အထိ ေအာင္ျမင္ေနလည္းဒီစူပါစတားကေတာ့ စင္ေပၚေရာက္ရင္ရင္တုန္ပန္းတုန္ ျဖစ္တုန္းပါပဲတဲ့။ ၂ဝ၁၄ ခုႏွစ္အမ္တီဗီ ေဖ်ာ္ေျဖပြဲမွာတုန္းကဆို သူ႔မွာေၾကာက္လိုက္ရတာ လြန္ပါေရာတဲ့။

Related news

© 2021. All rights reserved.