နေပြည်တော်မြို့မဈေးနှင့် ဥတ္တရသီရိမြို့နယ်လျှပ်စစ်ရုံးအား ဗုံးဖောက်ခွဲခဲ့သည့် တရားခံ(၄)ဦးဖမ်းမိ

4459

NP News - နိုဝင်ဘာ ၁၆
နေပြည်တော်မြို့မဈေးနှင့် ဥတ္တရသီရိမြို့နယ်လျှပ်စစ်ရုံးတို့တွင် ဗုံးဖောက်ခွဲခဲ့သည့် တရားခံ(၄)ဦးအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဖမ်းမိခဲ့ကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးက နိုဝင် ဘာလ(၁၅)ရက်ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းတို့နှင့်အတူလက်လုပ်သေနတ် (၄)လက်၊ ၅.၅၆ ကျည် (၁ဝ) တောင့်၊ လက်လုပ်မိုင်း (၂) လုံး၊ ပြောက်ကျား ယူနီဖောင်း/ ဂျာစီများ၊ NLD ပါတီတံဆိပ်ပါအင်္ကျီများကိုပါ ဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဥတ္တရသီရိမြို့နယ်၊ B-4 လမ်းမကြီး၊ ဓာတ်အားခွဲရုံ အနီးရှိနေအိမ်တွင် တင်ကိုငြိမ်း (ခ) ရွှေကောင်း (၄၈)နှစ်နှင့် ခင်မောင်ရင် (၃၇) နှစ်တို့အား ပွိုင့် (၂၂) ကျည်ဖြင့် ပစ်ခတ်ရသည့် လက်လုပ်သေနတ် (၄) လက်၊ ၅.၅၆ မမကျည် (၁ဝ) တောင့်၊ ပြောက်ကျားယူနီဖောင်း/ဂျာစီများ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ နိုဝင်ဘာလ (၁၂)ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ဥတ္တရသီရိ မြို့နယ်၊ စည်သာအေးရွာ၊ ပျဉ်းမနား-တောင်ညို လမ်းမကြီးအနီးရှိ ခင်မောင်ရင် ၏ နေအိမ်မှ လက်လုပ်မိုင်း (၂) လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
တင်ကိုငြိမ်း(ခ)ရွှေကောင်း ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ (၁၃)ရက်တွင် ဇဗ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ ခရေအိမ်ရာ၊ တိုက်အမှတ်(၉၄)၊ အခန်း အမှတ်(၁၄)သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ပြောက် ကျားယူနီဖောင်းများ၊ NLD ပါတီတံဆိပ်ပါအင်္ကျီများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်း ဆည်းရမိခဲ့ကြောင်း၊ နိုဝင်ဘာလ (၁၃) ရက်တွင် ယမ်းကြိုးနှင့် ဆက်စပ်ပစ္စည်းများအား ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ၊ စက်မှု(၁) အုတ်စက်ရှေ့၊ အိမ်အမှတ်(၃၈၅)နေ ဇော်မင်းအောင် ထံ အပ်နှံထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဇော်မင်းအောင်(၃၉)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဇော်မင်းအောင်၏ ထွက်ဆိုချက်အရ တင်ကိုငြိမ်း (ခ) ရွှေကောင်းနှင့် ခင်မောင်ရင် တို့အား ဖမ်းဆီး ရရှိသည့် ဖြစ်စဉ်သတင်းနှင့် မှတ်တမ်း ဓာတ်ပုံများအား မင်းကုန်းကျေးရွာနေ သိန်းဝင်း မှ ဇော်မင်းအောင် အား ပြသ၍ တိမ်းရှောင်စေရန် ပြောကြားခဲ့ကြောင်း သိရှိရသဖြင့် သိန်းဝင်း(၅၀)နှစ်အား ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ခင်မောင်ရင်သည် ဧပြီလခန့်တွင် ပျဉ်းမနားမြို့နယ်၊ အဝေရာဆည် အနီး၌ နေပြည်တော် PDF အဖွဲ့မှ ဖွင့်လှစ်သည့် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ကြောင်းနှင့် ပျဉ်းမနားမြို့နယ် NLD ပါတီအတွင်းရေးမှူး စိုင်းဝင်းနိုင်ဦး(ဖမ်းဆီးရန်ကျန်)မှ ဖီးနစ်မြို့ပြ ပြောက်ကျားအဖွဲ့အား ဟန်မင်းထွန်း (ဖမ်းဆီးရန်ကျန်)အား ဖွဲ့စည်းစေကာ ဖောက်ခွဲရေး လုပ်ငန်းများ လုပ်ဆောင်ရန်စီစဉ်ခဲ့ကြောင်း၊ နေပြည်တော် PDF အဖွဲ့အနေဖြင့် NUG မှ ဦးရည်မွန် ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိပြီး ၎င်း၏ ညွှန်ကြားချက်များအတိုင်း ဖောက်ခွဲရေး လုပ်ငန်းများ၊ ဒလန်ရှင်းလင်းရေး လုပ်ငန်းများအား ဆောင်ရွက်ရကြောင်း ဖော်ထုတ် သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တင်ကိုငြိမ်း(ခ)ရွှေကောင်း ၏ ထွက်ဆိုချက်အရ ဇွန်လတွင် တောင်ငူမြို့နေ ဝေဠု(ဖမ်းဆီးရန်ကျန်)ထံမှ လက်လုပ် သေနတ် (၄) လက်၊ MG-1 လက်ပစ်ဗုံး (၁) လုံး၊ လက် လုပ်ဗုံး(၁)လုံး၊ ယမ်းကြိုးနှင့် ဆက်စပ်ပစ္စည်းများအား ဝယ်ယူခဲ့ကြောင်းနှင့် ဇူလိုင်လတွင် အောင်ပန်းမြို့နေ ခွန်သူရ(ဖမ်းဆီးရန်ကျန်)ထံမှ ၅.၅၆ ကျည် (၁ဝ) တောင့်ရယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ဖော်ပြထားသည်။
ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအနေဖြင့် မေလခန့်တွင် ဟန်မင်းထွန်း၏ စေခိုင်းမှုဖြင့် ခင်မောင်ရင်သည် ဥတ္တရသီရိမြို့နယ်၊ မောင်ရမ်း ကျေးရွာအုပ်စု၊ ဝက်စုကျေးရွာရှိ ခေါင်ရည်ဆိုင်ရှေ့တွင် လက်လုပ်မိုင်း (၁) လုံးဖြင့် လည်းကောင်း၊ အောက်တိုဘာလ (၅)ရက်တွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္နိရပ်ကွက်၊ တိုက်အမှတ် (၄၃၅၆) အနီး၌ ရပ်ထားသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဝန်ထမ်းကြို/ပို့ ယာဉ်အား ထမင်းဗူးရီမုဒ်မိုင်း (၁) လုံးဖြင့် လည်းကောင်း၊ အောက်တို ဘာလ (၁၄)ရက်တွင် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ဈေးအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ကပ်လျက် ရဲကင်းအား လက်လုပ်ဗုံး (၁) လုံးဖြင့် လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၃) ရဲစခန်း အနီးတွင် လက်လုပ်ဗုံး (၁) လုံးဖြင့်လည်းကောင်း၊ အောက်တိုဘာလ ၂၈ ရက်တွင် ဇမ္ဗူသီရိ မြို့နယ်၊ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းလိုင်းခန်းရှေ့ရှိ ဝန်ထမ်းကြို/ပို့ယာဉ်အား ထမင်းဗူး ရီမုဒ်မိုင်း (၁) လုံးဖြင့် လည်းကောင်း၊ နိုဝင်ဘာလ ၃ ရက်တွင် ဟန်မင်းထွန်း မှ ပေးပို့သော MG-1 လက်ပစ်ဗုံး (၁) လုံး၊ လက်လုပ်ဗုံး (၁) လုံးတို့အား တင်ကိုငြိမ်း (ခ)ရွှေကောင်း ထံမှတစ်ဆင့် ရယူ၍ နိုဝင်ဘာလ ၆ ရက်တွင် ဥတ္တရသီရိမြို့နယ် လျှပ်စစ်ရုံးအား MG-1 လက်ပစ်ဗုံးဖြင့် လည်းကောင်း၊ နိုဝင်ဘာလ ၁ဝ ရက်တွင် ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော် မြို့မဈေး အပေါ်ထပ်ရှိ စည်ပင်သာယာဈေး၊ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်ဗုံးဖြင့် လည်းကောင်းဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
zawgyi version
ေနျပည္ေတာ္ၿမိဳ႕မေဈးႏွင့္ ဥတၱရသီရိၿမိဳ႕နယ္လွ်ပ္စစ္႐ုံးအား ဗုံးေဖာက္ခြဲခဲ့သည့္ တရားခံ(၄)ဦးဖမ္းမိ
NP News - ႏိုဝင္ဘာ ၁၆
ေနျပည္ေတာ္ၿမိဳ႕မေဈးႏွင့္ ဥတၱရသီရိၿမိဳ႕နယ္လွ်ပ္စစ္႐ုံးတို႔တြင္ ဗုံးေဖာက္ခြဲခဲ့သည့္ တရားခံ(၄)ဦးအား ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူဖမ္းမိခဲ့ေၾကာင္း စစ္ေကာင္စီသတင္းမွန္ျပန္ၾကားေရးက ႏိုဝင္ ဘာလ(၁၅)ရက္ညပိုင္းက သတင္းထုတ္ျပန္ခဲ့သည္။ ယင္းတို႔ႏွင့္အတူလက္လုပ္ေသနတ္ (၄)လက္၊ ၅.၅၆ က်ည္ (၁ဝ) ေတာင့္၊ လက္လုပ္မိုင္း (၂) လုံး၊ ေျပာက္က်ား ယူနီေဖာင္း/ ဂ်ာစီမ်ား၊ NLD ပါတီတံဆိပ္ပါအက်ႌမ်ားကိုပါ ဖမ္းဆီးရမိခဲ့ေၾကာင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ဥတၱရသီရိၿမိဳ႕နယ္၊ B-4 လမ္းမႀကီး၊ ဓာတ္အားခြဲ႐ုံ အနီးရွိေနအိမ္တြင္ တင္ကိုၿငိမ္း (ခ) ေ႐ႊေကာင္း (၄၈)ႏွစ္ႏွင့္ ခင္ေမာင္ရင္ (၃၇) ႏွစ္တို႔အား ပြိဳင့္ (၂၂) က်ည္ျဖင့္ ပစ္ခတ္ရသည့္ လက္လုပ္ေသနတ္ (၄) လက္၊ ၅.၅၆ မမက်ည္ (၁ဝ) ေတာင့္၊ ေျပာက္က်ားယူနီေဖာင္း/ဂ်ာစီမ်ား၊ ေဖာက္ခြဲေရး ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ႏိုဝင္ဘာလ (၁၂)ရက္တြင္ ဖမ္းဆီးရမိခဲ့ၿပီး ၎တို႔၏ ထြက္ဆိုခ်က္အရ ဥတၱရသီရိ ၿမိဳ႕နယ္၊ စည္သာေအး႐ြာ၊ ပ်ဥ္းမနား-ေတာင္ညိဳ လမ္းမႀကီးအနီးရွိ ခင္ေမာင္ရင္ ၏ ေနအိမ္မွ လက္လုပ္မိုင္း (၂) လုံးႏွင့္ ေဖာက္ခြဲေရး ဆက္စပ္ပစၥည္းမ်ားအား သိမ္းဆည္း ရမိခဲ့ေၾကာင္း သိရသည္။
တင္ကိုၿငိမ္း(ခ)ေ႐ႊေကာင္း ၏ ထြက္ဆိုခ်က္အရ ႏိုဝင္ဘာလ (၁၃)ရက္တြင္ ဇဗၺဴသီရိၿမိဳ႕နယ္၊ ပညာသိဒၶိရပ္ကြက္၊ ခေရအိမ္ရာ၊ တိုက္အမွတ္(၉၄)၊ အခန္း အမွတ္(၁၄)သို႔ ဝင္ေရာက္ရွာေဖြခဲ့ရာ ေျပာက္ က်ားယူနီေဖာင္းမ်ား၊ NLD ပါတီတံဆိပ္ပါအက်ႌမ်ားႏွင့္ ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားအား သိမ္း ဆည္းရမိခဲ့ေၾကာင္း၊ ႏိုဝင္ဘာလ (၁၃) ရက္တြင္ ယမ္းႀကိဳးႏွင့္ ဆက္စပ္ပစၥည္းမ်ားအား ဥတၱရသီရိၿမိဳ႕နယ္၊ မင္းကုန္းေက်း႐ြာအုပ္စု၊ ကြၽဲရွင္းေက်း႐ြာ၊ စက္မႈ(၁) အုတ္စက္ေရွ႕၊ အိမ္အမွတ္(၃၈၅)ေန ေဇာ္မင္းေအာင္ ထံ အပ္ႏွံထားေၾကာင္း သိရွိရသျဖင့္ သြားေရာက္ရွာေဖြခဲ့ရာ ေဇာ္မင္းေအာင္(၃၉)ႏွစ္အား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ဆက္လက္၍ ေဇာ္မင္းေအာင္၏ ထြက္ဆိုခ်က္အရ တင္ကိုၿငိမ္း (ခ) ေ႐ႊေကာင္းႏွင့္ ခင္ေမာင္ရင္ တို႔အား ဖမ္းဆီး ရရွိသည့္ ျဖစ္စဥ္သတင္းႏွင့္ မွတ္တမ္း ဓာတ္ပုံမ်ားအား မင္းကုန္းေက်း႐ြာေန သိန္းဝင္း မွ ေဇာ္မင္းေအာင္ အား ျပသ၍ တိမ္းေရွာင္ေစရန္ ေျပာၾကားခဲ့ေၾကာင္း သိရွိရသျဖင့္ သိန္းဝင္း(၅၀)ႏွစ္အား ထပ္မံ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ခင္ေမာင္ရင္သည္ ဧၿပီလခန႔္တြင္ ပ်ဥ္းမနားၿမိဳ႕နယ္၊ အေဝရာဆည္ အနီး၌ ေနျပည္ေတာ္ PDF အဖြဲ႕မွ ဖြင့္လွစ္သည့္ ေဖာက္ခြဲေရးသင္တန္းတက္ေရာက္ခဲ့ေၾကာင္းႏွင့္ ပ်ဥ္းမနားၿမိဳ႕နယ္ NLD ပါတီအတြင္းေရးမႉး စိုင္းဝင္းႏိုင္ဦး(ဖမ္းဆီးရန္က်န္)မွ ဖီးနစ္ၿမိဳ႕ျပ ေျပာက္က်ားအဖြဲ႕အား ဟန္မင္းထြန္း (ဖမ္းဆီးရန္က်န္)အား ဖြဲ႕စည္းေစကာ ေဖာက္ခြဲေရး လုပ္ငန္းမ်ား လုပ္ေဆာင္ရန္စီစဥ္ခဲ့ေၾကာင္း၊ ေနျပည္ေတာ္ PDF အဖြဲ႕အေနျဖင့္ NUG မွ ဦးရည္မြန္ ၏ တိုက္႐ိုက္ကြပ္ကဲမႈေအာက္တြင္ရွိၿပီး ၎၏ ၫႊန္ၾကားခ်က္မ်ားအတိုင္း ေဖာက္ခြဲေရး လုပ္ငန္းမ်ား၊ ဒလန္ရွင္းလင္းေရး လုပ္ငန္းမ်ားအား ေဆာင္႐ြက္ရေၾကာင္း ေဖာ္ထုတ္ သိရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။ တင္ကိုၿငိမ္း(ခ)ေ႐ႊေကာင္း ၏ ထြက္ဆိုခ်က္အရ ဇြန္လတြင္ ေတာင္ငူၿမိဳ႕ေန ေဝဠဳ(ဖမ္းဆီးရန္က်န္)ထံမွ လက္လုပ္ ေသနတ္ (၄) လက္၊ MG-1 လက္ပစ္ဗုံး (၁) လုံး၊ လက္ လုပ္ဗုံး(၁)လုံး၊ ယမ္းႀကိဳးႏွင့္ ဆက္စပ္ပစၥည္းမ်ားအား ဝယ္ယူခဲ့ေၾကာင္းႏွင့္ ဇူလိုင္လတြင္ ေအာင္ပန္းၿမိဳ႕ေန ခြန္သူရ(ဖမ္းဆီးရန္က်န္)ထံမွ ၅.၅၆ က်ည္ (၁ဝ) ေတာင့္ရယူခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု ေဖာ္ျပထားသည္။
ေဖာက္ခြဲေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့မႈအေနျဖင့္ ေမလခန႔္တြင္ ဟန္မင္းထြန္း၏ ေစခိုင္းမႈျဖင့္ ခင္ေမာင္ရင္သည္ ဥတၱရသီရိၿမိဳ႕နယ္၊ ေမာင္ရမ္း ေက်း႐ြာအုပ္စု၊ ဝက္စုေက်း႐ြာရွိ ေခါင္ရည္ဆိုင္ေရွ႕တြင္ လက္လုပ္မိုင္း (၁) လုံးျဖင့္ လည္းေကာင္း၊ ေအာက္တိုဘာလ (၅)ရက္တြင္ ဇမၺဴသီရိၿမိဳ႕နယ္၊ သုခသိဒၷိရပ္ကြက္၊ တိုက္အမွတ္ (၄၃၅၆) အနီး၌ ရပ္ထားေသာ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန၊ ဝန္ထမ္းႀကိဳ/ပို႔ ယာဥ္အား ထမင္းဗူးရီမုဒ္မိုင္း (၁) လုံးျဖင့္ လည္းေကာင္း၊ ေအာက္တို ဘာလ (၁၄)ရက္တြင္ ဥတၱရသီရိၿမိဳ႕နယ္၊ ေ႐ႊနံ႔သာရပ္ကြက္၊ ေဈးအနီးရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ ကပ္လ်က္ ရဲကင္းအား လက္လုပ္ဗုံး (၁) လုံးျဖင့္ လည္းေကာင္း၊ ဇမၺဴသီရိၿမိဳ႕နယ္၊ အမွတ္ (၃) ရဲစခန္း အနီးတြင္ လက္လုပ္ဗုံး (၁) လုံးျဖင့္လည္းေကာင္း၊ ေအာက္တိုဘာလ ၂၈ ရက္တြင္ ဇမၺဴသီရိ ၿမိဳ႕နယ္၊ လွ်ပ္စစ္ ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ဝန္ထမ္းလိုင္းခန္းေရွ႕ရွိ ဝန္ထမ္းႀကိဳ/ပို႔ယာဥ္အား ထမင္းဗူး ရီမုဒ္မိုင္း (၁) လုံးျဖင့္ လည္းေကာင္း၊ ႏိုဝင္ဘာလ ၃ ရက္တြင္ ဟန္မင္းထြန္း မွ ေပးပို႔ေသာ MG-1 လက္ပစ္ဗုံး (၁) လုံး၊ လက္လုပ္ဗုံး (၁) လုံးတို႔အား တင္ကိုၿငိမ္း (ခ)ေ႐ႊေကာင္း ထံမွတစ္ဆင့္ ရယူ၍ ႏိုဝင္ဘာလ ၆ ရက္တြင္ ဥတၱရသီရိၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးအား MG-1 လက္ပစ္ဗုံးျဖင့္ လည္းေကာင္း၊ ႏိုဝင္ဘာလ ၁ဝ ရက္တြင္ ဇဗၺဴသီရိၿမိဳ႕နယ္၊ ေနျပည္ေတာ္ ၿမိဳ႕မေဈး အေပၚထပ္ရွိ စည္ပင္သာယာေဈး၊ အုပ္ခ်ဳပ္ေရးမႉး႐ုံးအား လက္လုပ္ဗုံးျဖင့္ လည္းေကာင္းေဖာက္ခြဲခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါဖမ္းဆီးရမိတရားခံမ်ားအား ဥပေဒအရထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ၿပီး ဆက္စပ္တရားခံမ်ားအား အျမန္ဆုံး ဖမ္းဆီးရမိေရးအတြက္ ၎တို႔ပုန္းခိုရာေနရာမ်ား၊ လႈပ္ရွားသြားလာ ေနထိုင္မႈ သတင္းမ်ားရရွိပါက သက္ဆိုင္ရာသို႔ လွ်ိဳ႕ဝွက္စြာ သတင္းေပးတိုင္ၾကားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ထည့္သြင္းေဖာ္ျပထားသည္။