အငြိမ်းစားသမ္မတ ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်နှင့် ဂျပန်အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါတို့ သီးသန့်တွေ့ဆုံခဲ့ကြောင်း သတင်းထွက်လာပြီး ဆရာတော် အရှင်ဆေကိန္ဒအား ဆာဆာကာဝါက သွားရောက်ဖူးမြော်

3142

Iris (NP News) - နိုဝင်ဘာ ၁၇
ဂျပန်အထူးကိုယ်စားလှယ် ဆာဆာကာဝါက သမ္မတ(ငြိမ်း)ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်တို့နှင့် သီးသန့်တွေ့ဆုံမှုလုပ်ခဲ့ကြောင်း သတင်းများစတင်ထွက်ပေါ်လာနေသည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းမှ သတင်းများကြားသိရသည်။
မြန်မာခရီးစဉ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နေပြည်တော်သို့ သီးသန့်သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ရခိုင်ပြည်နယ်သို့ ဆက်လက်ခရီးထွက်ခဲ့သော မစ္စတာ ဆာဆာကာဝါက ရခိုင်အခြေစိုက်ပါတီအချို့နှင့်လည်း နိုဝင်ဘာ(၁၄)ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းနောက်တွင် နိုဝင်ဘာ(၁၅)ရက်၌ ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး မြန်မာပလာဇာအနီးရှိ Melia ဟိုတယ်တွင် နိုင်ငံရေးပါတီမျိုးစုံနှင့် ဆက်တိုက်တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။ " ဒေါ်စုစုလွင်နဲ့ တွေ့တယ်လို့ သတင်းတွေကြားနေရတယ်။ သူက ထောင်ထဲမှာမလား " ဟု ဆာဆာကာဝါနှင့်သီးသန့်တွေ့ဆုံခဲ့သော နိုင်ငံရေးသမားတစ်ဦးက NP News ကို ပြောသည်။ သို့သော်လည်း ၎င်းအနေဖြင့် သီးခြားအတည်မပြုနိုင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပြီး ၎င်းတို့တွေ့ဆုံစဉ်ကလည်း မစ္စတာ ဆာဆာကာဝါဘက်က မြန်မာ့အရေးကိုကူညီဖြေရှင်းပေးစေလိုသည့် ဆန္ဒသဘောထားမျိုး ပြသခဲ့ကြောင်း ဆိုသည်။ ၎င်း၏ တူညီသောမေးခွန်းမှာ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှ မည်သည့်နည်းလမ်းဖြင့် ဖောက်ထွက်၍ တည်ငြိမ်းအေးချမ်းတိုးတက်မှုကို ရှာဖွေသင့်သနည်းဆိုသော ကိစ္စသာဖြစ်ကြောင်း ကြားသိရသည်။ " ဒေါ်စုစုလွင်က ထောင်ထဲမှာ မဟုတ်ပါဘူး။ သိသလောက်တော့ သုံးခွမှာ ပြန်နေတယ်လို့ ကြားတယ်။ သမ္မတကြီး ဦးထင်ကျော်လည်း အဲဒီမှာပဲ " ဟု အခြားသောနိုင်ငံရေးသမား သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။ Melia ဟိုတယ်ဘက်မှ သတင်းရင်းမြစ်တစ်ဦး၏ပြောကြားချက်တွင် မစ္စတာ ဆာဆာကာဝါ၏ တွေ့ဆုံမှုစာရင်းများ၌ နိုဝင်ဘာ(၁၇)ရက်အတွက်ကို ဆရာတော်အရှင်ဆေကိန္ဒဆီသို့ ဦးတည်ထားကြောင်း ဆိုသည်။ အထူးသဖြင့် ဆရာတော် အရှင်ဆေကိန္ဒဆီသို့ ယနေ့ (နိုဝင်ဘာ ၁၇)တွင် သွားရောက်ဖူးမြော်မည်ဖြစ်ကြောင်း သိရှိထားသည်ဟု ပြောသည်။ ဆက်စပ်မှုအရ ဆရာတော် အရှင်ဆေကိန္ဒနှင့် တွေ့ဆုံမှုအတွင်း၌ NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်စုစုလွင်နှင့် ခရီးကြုံ၍တွေ့သွားသည့်သဘောမျိုး ပြင်ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပြောကြားသည်။ မစ္စတာ ဆာဆာကာဝါဘက်က တွေ့ဆုံခဲ့သော နိုင်ငံရေးပါတီများ၏အနေအထားအရ ရခိုင်ပြည်နယ်မှ ဦးသာထွန်းလှဦးဆောင်သော ပါတီနှင့်လည်းကောင်း၊ ဒေါက်တာ အေးမောင်နှင့်လည်းကောင်း၊ ရှမ်း SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်နှင့်လည်းကောင်း၊ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့်လည်းကောင်း၊ ကျားဖြူပါတီမှ ဦးစိုင်းအိုက်ပေါင်းနှင့်လည်းကောင်း၊ ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဦးစောသန်းမြင့်နှင့်လည်းကောင်း၊ အခြားသော အမည်အထွက်မခံသေးသည့်ပါတီအချို့နှင့်လည်းကောင်း သီးသန့်တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် NLD ပါတီမှ လူသိထင်ရှားပုဂ္ဂိုလ်များဖြစ်သော ဆရာမုံရွာအောင်ရှင်၊ ဒေါ်စန္ဒာမင်းတို့နှင့် သီးသန့်တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရပြီး နိုဝင်ဘာ(၁၈)ရက်တွင် သတင်းစာရှင်းလင်းပွဲလုပ်ဆောင်ရန် စီစဉ်ထားကြောင်းလည်း သတင်းများရှိနေသည်။ သို့သော်လည်း မည်သည့်သတင်းဌာနများကို မည်ကဲ့သို့ ကန့်သတ်ဖိတ်ကြားမည်ဆိုသောအချက်ကို ရှင်းလင်းစွာ မသိရသေးဘဲ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်းကပင်လျှင် ကန့်သတ်မှုများလုပ်ခဲ့ကြောင်း ကြားသိရသည်။
Zawgyi Version
အျငိမ္းစားသမၼတ ဦးထင္ေက်ာ္၏ဇနီး ေဒၚစုစုလြင္ႏွင့္ ဂ်ပန္အထူးကုိယ္စားလွယ္ မစၥတာ ဆာဆာကာ၀ါတုိ႔ သီးသန္႔ေတြ႔ဆုံခဲ့ေၾကာင္း သတင္းထြက္လာျပီး ဆရာေတာ္ အရွင္ေဆကိႏၵအား ဆာဆာကာ၀ါက သြားေရာက္ဖူးေျမာ္
Iris (NP News) - ႏုိ၀င္ဘာ ၁၇
ဂ်ပန္အထူးကုိယ္စားလွယ္ ဆာဆာကာ၀ါက သမၼတ(ျငိမ္း)ဦးထင္ေက်ာ္၏ ဇနီးျဖစ္သူ ေဒၚစုစုလြင္တုိ႔ႏွင့္ သီးသန္႔ေတြ႔ဆုံမႈလုပ္ခဲ့ေၾကာင္း သတင္းမ်ားစတင္ထြက္ေပၚလာေနသည္ဟု ႏုိင္ငံေရးအသုိင္းအ၀ိုင္းမွ သတင္းမ်ားၾကားသိရသည္။
ျမန္မာခရီးစဥ္အတြင္း၌ ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္အား ေနျပည္ေတာ္သုိ႔ သီးသန္႔သြားေရာက္ေတြ႔ဆုံခဲ့ျပီးေနာက္ ရခုိင္ျပည္နယ္သို႔ ဆက္လက္ခရီးထြက္ခဲ့ေသာ မစၥတာ ဆာဆာကာ၀ါက ရခုိင္အေျခစုိက္ပါတီအခ်ဳိ႕ႏွင့္လည္း ႏုိ၀င္ဘာ(၁၄)ရက္တြင္ ေတြ႔ဆုံခဲ့ေၾကာင္း သိရသည္။ ယင္းေနာက္တြင္ ႏုိ၀င္ဘာ(၁၅)ရက္၌ ရန္ကုန္သုိ႔ ျပန္လည္ေရာက္ရွိခဲ့ျပီး ျမန္မာပလာဇာအနီးရွိ Melia ဟုိတယ္တြင္ ႏုိင္ငံေရးပါတီမ်ဳိးစုံႏွင့္ ဆက္တုိက္ေတြ႔ဆုံခဲ့ေၾကာင္းလည္း သိရသည္။ " ေဒၚစုစုလြင္နဲ႔ ေတြ႔တယ္လုိ႔ သတင္းေတြၾကားေနရတယ္။ သူက ေထာင္ထဲမွာမလား " ဟု ဆာဆာကာ၀ါႏွင့္သီးသန္႔ေတြ႔ဆုံခဲ့ေသာ ႏုိင္ငံေရးသမားတစ္ဦးက NP News ကုိ ေျပာသည္။ သုိ႔ေသာ္လည္း ၄င္းအေနျဖင့္ သီးျခားအတည္မျပဳႏုိင္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့ျပီး ၄င္းတုိ႔ေတြ႔ဆုံစဥ္ကလည္း မစၥတာ ဆာဆာကာ၀ါဘက္က ျမန္မာ့အေရးကိုကူညီေျဖရွင္းေပးေစလုိသည့္ ဆႏၵသေဘာထားမ်ဳိး ျပသခဲ့ေၾကာင္း ဆုိသည္။ ၄င္း၏ တူညီေသာေမးခြန္းမွာ လက္ရွိႏုိင္ငံေရးအခင္းအက်င္းမွ မည္သည့္နည္းလမ္းျဖင့္ ေဖာက္ထြက္၍ တည္ျငိမ္းေအးခ်မ္းတုိးတက္မႈကုိ ရွာေဖြသင့္သနည္းဆုိေသာ ကိစၥသာျဖစ္ေၾကာင္း ၾကားသိရသည္။ " ေဒၚစုစုလြင္က ေထာင္ထဲမွာ မဟုတ္ပါဘူး။ သိသေလာက္ေတာ့ သုံးခြမွာ ျပန္ေနတယ္လုိ႔ ၾကားတယ္။ သမၼတၾကီး ဦးထင္ေက်ာ္လည္း အဲဒီမွာပဲ " ဟု အျခားေသာႏုိင္ငံေရးသမား သတင္းရင္းျမစ္တစ္ဦးက NP News ကုိ ေျပာသည္။ Melia ဟုိတယ္ဘက္မွ သတင္းရင္းျမစ္တစ္ဦး၏ေျပာၾကားခ်က္တြင္ မစၥတာ ဆာဆာကာ၀ါ၏ ေတြ႔ဆုံမႈစာရင္းမ်ား၌ ႏုိ၀င္ဘာ(၁၇)ရက္အတြက္ကုိ ဆရာေတာ္အရွင္ေဆကိႏၵဆီသုိ႔ ဦးတည္ထားေၾကာင္း ဆုိသည္။ အထူးသျဖင့္ ဆရာေတာ္ အရွင္ေဆကိႏၵဆီသုိ႔ ယေန႔ (ႏုိ၀င္ဘာ ၁၇)တြင္ သြားေရာက္ဖူးေျမာ္မည္ျဖစ္ေၾကာင္း သိရွိထားသည္ဟု ေျပာသည္။ ဆက္စပ္မႈအရ ဆရာေတာ္ အရွင္ေဆကိႏၵႏွင့္ ေတြ႔ဆုံမႈအတြင္း၌ NLD ထိပ္တန္းေခါင္းေဆာင္တစ္ဦးျဖစ္သူ ေဒၚစုစုလြင္ႏွင့္ ခရီးၾကဳံ၍ေတြ႔သြားသည့္သေဘာမ်ဳိး ျပင္ဆင္ထားျခင္း ျဖစ္ႏုိင္ေၾကာင္း ၀ါရင့္ႏုိင္ငံေရးသမားတစ္ဦးက သုံးသပ္ေျပာၾကားသည္။ မစၥတာ ဆာဆာကာ၀ါဘက္က ေတြ႔ဆုံခဲ့ေသာ ႏုိင္ငံေရးပါတီမ်ား၏အေနအထားအရ ရခုိင္ျပည္နယ္မွ ဦးသာထြန္းလွဦးေဆာင္ေသာ ပါတီႏွင့္လည္းေကာင္း၊ ေဒါက္တာ ေအးေမာင္ႏွင့္လည္းေကာင္း၊ ရွမ္း SNLD ဥကၠ႒ ဦးစုိင္းညြန္႔လြင္ႏွင့္လည္းေကာင္း၊ ျပည္သူ႔ပါတီဥကၠ႒ ဦးကုိကုိၾကီးႏွင့္လည္းေကာင္း၊ က်ားျဖဴပါတီမွ ဦးစုိင္းအုိက္ေပါင္းႏွင့္လည္းေကာင္း၊ ဖက္ဒရယ္ျပည္ေထာင္စုပါတီမွ ဦးေစာသန္းျမင့္ႏွင့္လည္းေကာင္း၊ အျခားေသာ အမည္အထြက္မခံေသးသည့္ပါတီအခ်ဳိ႕ႏွင့္လည္းေကာင္း သီးသန္႔ေတြ႔ဆုံခဲ့ျပီးျဖစ္ေၾကာင္း သိရသည္။
ယင္းအျပင္ NLD ပါတီမွ လူသိထင္ရွားပုဂၢိဳလ္မ်ားျဖစ္ေသာ ဆရာမုံရြာေအာင္ရွင္၊ ေဒၚစႏၵာမင္းတုိ႔ႏွင့္ သီးသန္႔ေတြ႔ဆုံရန္ စီစဥ္ထားေၾကာင္း သိရျပီး ႏုိ၀င္ဘာ(၁၈)ရက္တြင္ သတင္းစာရွင္းလင္းပြဲလုပ္ေဆာင္ရန္ စီစဥ္ထားေၾကာင္းလည္း သတင္းမ်ားရွိေနသည္။ သုိ႔ေသာ္လည္း မည္သည့္သတင္းဌာနမ်ားကုိ မည္ကဲ့သုိ႔ ကန္႔သတ္ဖိတ္ၾကားမည္ဆုိေသာအခ်က္ကုိ ရွင္းလင္းစြာ မသိရေသးဘဲ ရခုိင္ျပည္နယ္ခရီးစဥ္အတြင္းကပင္လွ်င္ ကန္႔သတ္မႈမ်ားလုပ္ခဲ့ေၾကာင္း ၾကားသိရသည္။