DICA တွင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းအားလုံး သီးခြားဘဏ်ငွေစာရင်းထားရှိရမည်
1038
NP News - နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၅(က) တွင် ကုမ္ပဏီသည်၎င်းတွင်ပါ ဝင်သူများ၏အခွင့်အရေးနှင့်သီးခြားဖြစ်သော ကိုယ်ပိုင်အခွင့်အရေးများရှိသည့်တရားဝင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့်ကု မ္ပဏီတိုင်းအနေဖြင့် သီးခြားဘဏ်ငွေစာရင်းထားရှိရမည်ဖြစ်ကြောင်းပြ ဋ္ဌာန်းထားပြီးဖြစ်သော်လည်း အချို့သောကုမ္ပဏီ၊ အဖွဲ့အစည်းများသည် ငွေကြေးဆိုင်ရာကိစ္စများတွင်ဘဏ်များ၌ သီးခြားငွေစာရင်းဖွင့်လှစ်ဆောင်ရွက်မှုမပြုဘဲ ဒါရိုက်တာများ၏ဘဏ်စာရင်းများအသုံးပြု၍လုပ် ငန်းဆောင်ရွက်နေကြသည်ကိုတွေ့ရှိရကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပ ဏီများညွှန်ကြားမှုဦးစီးဌာန(DICA)က ထုတ်ပြန်ထားသည်။
“ကုမ္ပဏီတွေအနေနဲ့သီးခြားဘဏ်ငွေစာရင်းအကောင့်ဖွင့်ထားရင် ကိုယ်ပိုင်ငွေစာရင်းထက်စာရင် အားသာချက်များစွာရှိတယ်။ နားလည်သူတွေအားလုံးကတော့ သီးခြားဘဏ်ငွေစာရင်းအောက်ကပဲအားလုံးသွားကြတယ်။ သီးခြားဘဏ်ငွေစာရင်းရဲ့တန်ဖိုးက အသုံးချနိုင်သ လောက်အသုံးဝင်ပါတယ်။ လုပ်ငန်းထဲကငွေကြေးကို ကိုယ်ပိုင်ဘဏ်စာရင်းအရခွဲထုတ်အကျိုးအမြတ်ယူလိုက်တာက တနည်းတဖုံဆိုရင် ငွေကြေးအလွဲသုံးစားနဲ့ငြိပါတယ်။ ဒါကြောင့်သီးခြားဘဏ်ငွေစာရင်းဆိုတာက အငြင်းပွားမှုနဲ့လိမ်လည်မှုတွေမဖြစ်အောင်ခွဲထားတာပါ”ဟု စီး ပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ၊ အဖွဲ့အစည်းအားလုံးအနေဖြင့် သီး ခြားဘဏ်ငွေစာရင်းထားရှိရမည်ဖြစ်ကြောင်း DICA က နိုဝင်ဘာလ (၂၂) ရက်တွင်ထုတ်ပြန်လိုက်သည်။ ကုမ္ပဏီများမှတ်ပုံတင်ခြင်းကို ၂ဝ၁၈ ခုနှစ် ဩဂုတ်လ(၁)မှစတင်ကာအွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် စတင်လုပ် ဆောင်ခဲ့ပြီး တစ်လလျှင်ပျမ်းမျှ ကုမ္ပဏီ (၁၄ဝဝ)ကျော်မှတ်ပုံတင်ခဲ့ကြောင်းသိရသည်။ သို့သော် ကိုဗစ်ကြောင့်စီးပွားရေးကျဆင်းချိန်နှင့်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် မှတ်ပုံတင်သည့်ကုမ္ပဏီသည် (၁၈၈) ခုသာရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်ထိမှတ်ပုံတင်ထားသည့်ကုမ္ပဏီပေါင်း (၈)သောင်းခန့်ရှိကြောင်းသိရသည်။
zawgyi version
DICA တြင္မွတ္ပုံတင္ထားသည့္ ကုမၸဏီ၊ အဖြဲ႕အစည္းအားလုံး သီးျခားဘဏ္ေငြစာရင္းထားရွိရမည္
NP News - ႏိုဝင္ဘာ ၂၃
ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒပုဒ္မ ၅(က) တြင္ ကုမၸဏီသည္၎တြင္ပါ ဝင္သူမ်ား၏အခြင့္အေရးႏွင့္သီးျခားျဖစ္ေသာ ကိုယ္ပိုင္အခြင့္အေရးမ်ားရွိသည့္တရားဝင္အဖြဲ႕အစည္းတစ္ရပ္ျဖစ္ေၾကာင္း ျပ႒ာန္းထားသျဖင့္ကု မၸဏီတိုင္းအေနျဖင့္ သီးျခားဘဏ္ေငြစာရင္းထားရွိရမည္ျဖစ္ေၾကာင္းျပ ႒ာန္းထားၿပီးျဖစ္ေသာ္လည္း အခ်ိဳ႕ေသာကုမၸဏီ၊ အဖြဲ႕အစည္းမ်ားသည္ ေငြေၾကးဆိုင္ရာကိစၥမ်ားတြင္ဘဏ္မ်ား၌ သီးျခားေငြစာရင္းဖြင့္လွစ္ေဆာင္႐ြက္မႈမျပဳဘဲ ဒါ႐ိုက္တာမ်ား၏ဘဏ္စာရင္းမ်ားအသုံးျပဳ၍လုပ္ ငန္းေဆာင္႐ြက္ေနၾကသည္ကိုေတြ႕ရွိရေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸ ဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန(DICA)က ထုတ္ျပန္ထားသည္။
“ကုမၸဏီေတြအေနနဲ႔သီးျခားဘဏ္ေငြစာရင္းအေကာင့္ဖြင့္ထားရင္ ကိုယ္ပိုင္ေငြစာရင္းထက္စာရင္ အားသာခ်က္မ်ားစြာရွိတယ္။ နားလည္သူေတြအားလုံးကေတာ့ သီးျခားဘဏ္ေငြစာရင္းေအာက္ကပဲအားလုံးသြားၾကတယ္။ သီးျခားဘဏ္ေငြစာရင္းရဲ႕တန္ဖိုးက အသုံးခ်ႏိုင္သ ေလာက္အသုံးဝင္ပါတယ္။ လုပ္ငန္းထဲကေငြေၾကးကို ကိုယ္ပိုင္ဘဏ္စာရင္းအရခြဲထုတ္အက်ိဳးအျမတ္ယူလိုက္တာက တနည္းတဖုံဆိုရင္ ေငြေၾကးအလြဲသုံးစားနဲ႔ၿငိပါတယ္။ ဒါေၾကာင့္သီးျခားဘဏ္ေငြစာရင္းဆိုတာက အျငင္းပြားမႈနဲ႔လိမ္လည္မႈေတြမျဖစ္ေအာင္ခြဲထားတာပါ”ဟု စီး ပြားေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာၾကားသည္။
ထို႔ေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန(DICA) တြင္ မွတ္ပုံတင္ထားေသာ ကုမၸဏီ၊ အဖြဲ႕အစည္းအားလုံးအေနျဖင့္ သီး ျခားဘဏ္ေငြစာရင္းထားရွိရမည္ျဖစ္ေၾကာင္း DICA က ႏိုဝင္ဘာလ (၂၂) ရက္တြင္ထုတ္ျပန္လိုက္သည္။ ကုမၸဏီမ်ားမွတ္ပုံတင္ျခင္းကို ၂ဝ၁၈ ခုႏွစ္ ဩဂုတ္လ(၁)မွစတင္ကာအြန္လိုင္းမွတ္ပုံတင္စနစ္ျဖင့္ စတင္လုပ္ ေဆာင္ခဲ့ၿပီး တစ္လလွ်င္ပ်မ္းမွ် ကုမၸဏီ (၁၄ဝဝ)ေက်ာ္မွတ္ပုံတင္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္ ကိုဗစ္ေၾကာင့္စီးပြားေရးက်ဆင္းခ်ိန္ႏွင့္အာဏာသိမ္းမႈျဖစ္ပြားခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္းတြင္ မွတ္ပုံတင္သည့္ကုမၸဏီသည္ (၁၈၈) ခုသာရွိခဲ့ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္ထိမွတ္ပုံတင္ထားသည့္ကုမၸဏီေပါင္း (၈)ေသာင္းခန႔္ရွိေၾကာင္းသိရသည္။