သတင်းစာတွင် အမွေပြတ်ကြေညာရုံဖြင့် အမွေဆက်ခံခွင့်မဆုံးရှုံးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

1639

NP News - နိုဝင်ဘာ ၂၇
ယုံကြည်ချက်အရအာဏာရှင်တော်လှန်ရေးလုပ်ငန်းများကိုဆောင်ရွက်နေကြသူများ၏ မိဘများက ယခုရက်ပိုင်းအတွင်း သားသမီးများကို နိုင် ငံပိုင်သတင်းစာများမှတဆင့် အမွေပြတ်စွန့်လွှတ်ခြင်းများ များပြားလာလျက်ရှိသည်။
“အခုရက်ပိုင်းတွေအတွင်းမှာ သတင်းစာတွေထဲမှာတော့ အမွေဖြတ်ကြေညာတာတွေ တော်တော်များများတော့တွေ့ရပါတယ်။ တချို့အွန်လိုင်းမီဒီယာပေါ်မှာလည်း တွေ့ရတယ်။ ဒီလိုလုပ်တာက ကြိုတင်ကာကွယ်တဲ့ပုံစုံမျိုးလုပ်တယ်ဆိုတာတွေလည်း အွန်လိုင်းပေါ်မှာတွေ့ရပါတယ်။ ကျွန်တော်ပြောလိုတာကတော့ ဒါတွေဟာ ဥပဒေကြောင်းအရတော့တရားမဝင်ပါဘူး။ သတင်းစာမှာကြေညာရုံနဲ့တော့ အမွေဆက်ခံ ခွင့်လည်း မဆုံးရှုံးဘူးဆိုတာ ကျွန်တော်တို့သိရပါတယ်။ တရားရုံမှာ သွာနုတ္တရ သားသမီးအဖြစ်လျှောက်ထား ပြီးတော့တရားရုံးကဆုံဖြတ်မှသာ တရားဝင်နိုင်တယ်လို့ဥပဒေကြောင်းအရသိရှိရပါတယ်”ဟု နစက သ တင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင် ဘာလ(၂၆)ရက်က ကျင်းပသည့် နစက သတင်းစာရှင်း လင်းပွဲတွင်ပြောသည်။
နစကအနေဖြင့် ရှောက်တိမ်းသွားသူများ၊ သွေးထိုးလှုံ့ဆော်မှုကြောင့်ထွက်သွားသူများနှင့်ပတ်သက်ပြီး ယေဘုယျအားဖြင့်ရာဇဝတ်မှုများ ကျူးလွန်ခြင်းမရှိပါက ပြန်လာနိုင်ကြောင်း၊ လက်ခံနိုင်ကြောင်းကိုလည်း နေ့စဉ်ကြေညာပေးလျက်ရှိသည်။ သို့သော် “ဒီလိုသတင်းစာထဲမှာထည့်ထားပြီးတော့မှ အကြမ်းဖက်သမားတွေကို တိုက်ရိုက်သွယ်ဝိုက်အားပေးထောက်ပံ့နေရင်လည်း သက်ဆိုင်ရာဥပဒေအရအရေးယူဆောင်ရွက်ခံရမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
အချို့သောလူငယ်များသည် လမ်းမှားရောက်မှန်းသိသည့်အတွက် တ ရားဥပဒေအရ အရေးယူမခံရစဉ်ပြန်လည်ဝင်ရောက်လိုသော်လည်း၎င်းတို့ချုပ်ဆိုထားသည့်စာချုပ်အရ နုတ်ထွက်မည်ဆိုပါက မိသားစုများကို ခြိမ်းခြောက်မည်ဆိုသည့် အကြောက်တရားများနှင့်လည်း ရင်ဆိုင်နေရကြောင်းသိရသည်။ “သို့သော်ဒီနေရာမှာအဓိကကျတာသည် ရှောင်တိမ်းနေတဲ့လူတွေကိုယ်တိုင်၊ လမ်းမှားရောက်နေတဲ့လူငယ်တွေ ကိုယ်တိုင်ဖြစ်ပါတယ်။ သူတို့တွေအနေနဲ့က ရာဇဝတ်မှုတွေကျူးလွန်ခဲ့ခြင်းမရှိဘူးဆိုလို့ရှိရင် ပြန်လည်ဝင်ရောက်လို့ရပါတယ်။ ဥပဒေဘောင်အတွင်းကဆောင်ရွက်တာက အကောင်းဆုံးဖြစ်တယ်လို့ပဲပြောလိုပါတယ်”ဟု ယင်းက ပြောသည်။
မြန်မာနိုင်ငံတွင်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအနှံ့ရှိပြည်သူအများအပြားကအာဏာရှင်စနစ်ဆန့်ကျင်သည့်ဆန္ဒပြမှုများကိုလုပ်ဆောင် ခဲ့ကြပြီး ယင်းတို့တွင်လူငယ်ပါဝင်မှုကအများဆုံးဖြစ်ခဲ့သည်။ ယင်းနောက်ပိုင်းလူငယ်များသည် လွတ်မြောက်နယ်မြေများသို့ရောက်ရှိခဲ့ကြပြီး PDF အဖွဲ့အတွင်းသို့ဝင်ရောက်ခဲ့ကြကာ အာဏာရှင်ဆန့်ကျင့်ရေးလှုပ်ရှားမှုများကိုလုပ်ဆောင်လာခဲ့ကြသည်။ လတ်တလောကြေညာသည့် အမွေပြတ်စွန့်လွှတ်ခံရမှုများတွင် လူငယ်များသာမက နာမည်ကျော်အနုပညာရှင်များလည်းပါဝင်လာသည်။
zawgyi version
သတင္းစာတြင္ အေမြျပတ္ေၾကညာ႐ုံျဖင့္ အေမြဆက္ခံခြင့္မဆုံးရႈံးေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
NP News - ႏိုဝင္ဘာ ၂၇
ယုံၾကည္ခ်က္အရအာဏာရွင္ေတာ္လွန္ေရးလုပ္ငန္းမ်ားကိုေဆာင္႐ြက္ေနၾကသူမ်ား၏ မိဘမ်ားက ယခုရက္ပိုင္းအတြင္း သားသမီးမ်ားကို ႏိုင္ ငံပိုင္သတင္းစာမ်ားမွတဆင့္ အေမြျပတ္စြန႔္လႊတ္ျခင္းမ်ား မ်ားျပားလာလ်က္ရွိသည္။
“အခုရက္ပိုင္းေတြအတြင္းမွာ သတင္းစာေတြထဲမွာေတာ့ အေမြျဖတ္ေၾကညာတာေတြ ေတာ္ေတာ္မ်ားမ်ားေတာ့ေတြ႕ရပါတယ္။ တခ်ိဳ႕အြန္လိုင္းမီဒီယာေပၚမွာလည္း ေတြ႕ရတယ္။ ဒီလိုလုပ္တာက ႀကိဳတင္ကာကြယ္တဲ့ပုံစုံမ်ိဳးလုပ္တယ္ဆိုတာေတြလည္း အြန္လိုင္းေပၚမွာေတြ႕ရပါတယ္။ ကြၽန္ေတာ္ေျပာလိုတာကေတာ့ ဒါေတြဟာ ဥပေဒေၾကာင္းအရေတာ့တရားမဝင္ပါဘူး။ သတင္းစာမွာေၾကညာ႐ုံနဲ႔ေတာ့ အေမြဆက္ခံ ခြင့္လည္း မဆုံးရႈံးဘူးဆိုတာ ကြၽန္ေတာ္တို႔သိရပါတယ္။ တရား႐ုံမွာ သြာႏုတၱရ သားသမီးအျဖစ္ေလွ်ာက္ထား ၿပီးေတာ့တရား႐ုံးကဆုံျဖတ္မွသာ တရားဝင္ႏိုင္တယ္လို႔ဥပေဒေၾကာင္းအရသိရွိရပါတယ္”ဟု နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ႏိုဝင္ဘာလ(၂၆)ရက္က က်င္းပသည့္ နစက သတင္းစာရွင္း လင္းပြဲတြင္ေျပာသည္။
နစကအေနျဖင့္ ေရွာက္တိမ္းသြားသူမ်ား၊ ေသြးထိုးလႈံ႕ေဆာ္မႈေၾကာင့္ထြက္သြားသူမ်ားႏွင့္ပတ္သက္ၿပီး ေယဘုယ်အားျဖင့္ရာဇဝတ္မႈမ်ား က်ဴးလြန္ျခင္းမရွိပါက ျပန္လာႏိုင္ေၾကာင္း၊ လက္ခံႏိုင္ေၾကာင္းကိုလည္း ေန႔စဥ္ေၾကညာေပးလ်က္ရွိသည္။ သို႔ေသာ္ “ဒီလိုသတင္းစာထဲမွာထည့္ထားၿပီးေတာ့မွ အၾကမ္းဖက္သမားေတြကို တိုက္႐ိုက္သြယ္ဝိုက္အားေပးေထာက္ပံ့ေနရင္လည္း သက္ဆိုင္ရာဥပေဒအရအေရးယူေဆာင္႐ြက္ခံရမွာျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
အခ်ိဳ႕ေသာလူငယ္မ်ားသည္ လမ္းမွားေရာက္မွန္းသိသည့္အတြက္ တ ရားဥပေဒအရ အေရးယူမခံရစဥ္ျပန္လည္ဝင္ေရာက္လိုေသာ္လည္း၎တို႔ခ်ဳပ္ဆိုထားသည့္စာခ်ဳပ္အရ ႏုတ္ထြက္မည္ဆိုပါက မိသားစုမ်ားကို ၿခိမ္းေျခာက္မည္ဆိုသည့္ အေၾကာက္တရားမ်ားႏွင့္လည္း ရင္ဆိုင္ေနရေၾကာင္းသိရသည္။ “သို႔ေသာ္ဒီေနရာမွာအဓိကက်တာသည္ ေရွာင္တိမ္းေနတဲ့လူေတြကိုယ္တိုင္၊ လမ္းမွားေရာက္ေနတဲ့လူငယ္ေတြ ကိုယ္တိုင္ျဖစ္ပါတယ္။ သူတို႔ေတြအေနနဲ႔က ရာဇဝတ္မႈေတြက်ဴးလြန္ခဲ့ျခင္းမရွိဘူးဆိုလို႔ရွိရင္ ျပန္လည္ဝင္ေရာက္လို႔ရပါတယ္။ ဥပေဒေဘာင္အတြင္းကေဆာင္႐ြက္တာက အေကာင္းဆုံးျဖစ္တယ္လို႔ပဲေျပာလိုပါတယ္”ဟု ယင္းက ေျပာသည္။
ျမန္မာႏိုင္ငံတြင္အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ ႏိုင္ငံအႏွံ႔ရွိျပည္သူအမ်ားအျပားကအာဏာရွင္စနစ္ဆန႔္က်င္သည့္ဆႏၵျပမႈမ်ားကိုလုပ္ေဆာင္ ခဲ့ၾကၿပီး ယင္းတို႔တြင္လူငယ္ပါဝင္မႈကအမ်ားဆုံးျဖစ္ခဲ့သည္။ ယင္းေနာက္ပိုင္းလူငယ္မ်ားသည္ လြတ္ေျမာက္နယ္ေျမမ်ားသို႔ေရာက္ရွိခဲ့ၾကၿပီး PDF အဖြဲ႕အတြင္းသို႔ဝင္ေရာက္ခဲ့ၾကကာ အာဏာရွင္ဆန႔္က်င့္ေရးလႈပ္ရွားမႈမ်ားကိုလုပ္ေဆာင္လာခဲ့ၾကသည္။ လတ္တေလာေၾကညာသည့္ အေမြျပတ္စြန႔္လႊတ္ခံရမႈမ်ားတြင္ လူငယ္မ်ားသာမက နာမည္ေက်ာ္အႏုပညာရွင္မ်ားလည္းပါဝင္လာသည္