ဧရာဝတီတိုင်းအတွင်း NUG နှင့်ဆက်စပ်နေသူ(၂၁)ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိဟုဆို

1765

NP News - နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်အတွင်း NUG နှင့် ဆက် စပ်နေသူ (၂၁)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးက နိုဝင်ဘာလ (၂၈)ရက်ညပိုင်းက ထုတ်ပြန်သည်။
ဖြစ်စဉ်တွင် အမျိုးသား (၁၇) ဦး၊ အမျိုးသမီး (၄) ဦး၊ စုစုပေါင်း (၂၁) ဦးအား ပစ္စတို (၂) လက်၊ ၎င်းကျည် (၂ဝ) တောင့်၊ ကျည်အိမ် (၂) ခု၊ လက် လုပ်လေသေနတ် (၂) လက်၊ စနိုက်ပါ မှန်ပြောင်း (၁) ခု၊ လက်လုပ်မိုင်း (၂) လုံး၊ TNT ယမ်း (၅) တောင့်၊ ဒီတိုနေတာ (၅) ချောင်း၊ အခြားဆက် စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
NUG ၏ စေခိုင်းချက်အရ ဖောက်ခွဲရေးလုပ်ငန်းများနှင့် ဒလန်ရှင်လင်းရေးများလုပ်ဆောင်နေသူဟုဆိုကာ ခိုင်စိုး(၄၈)နှစ်အား ကျိုက်လတ်မြို့ နယ်၊ ကျုံသီဝ ကျေးရွာရှိ ၎င်း၏နေအိမ်၌ နိုဝင်ဘာလ (၆)ရက်တွင် ဖမ်း ဆီးခဲ့ကြောင်း အဆိုပါဖမ်းဆီးရမိသူခိုင်စိုး၏ထွက်ဆိုချက်အရ နိုဝင်ဘာ လ(၇)ရက်တွင် ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာ၌ ပြည့်ဖြိုးအောင်(ခ) ကိုပြည့်(၂၈)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ နိုဝင်ဘာ လ(၈)ရက်တွင် ကျိုက်လတ်မြို့နယ်၊ သမက်ပြေကျေးရွာ၌ သန့်ဇင်(ခ) ကုလား(၄၉)နှစ်နှင့် ဟိန်းကို (၂၃)နှစ်တို့(၂)ဦးအားဖမ်းဆီးရမိခဲ့ကြောင်း နှင့် နိုဝင်ဘာလ (၁ဝ)ရက်တွင် ကျိုက်လတ်မြို့နယ်၊ ကျုံသီဝကျေးရွာ၌ သန်းသန်းဦး(၅၃)နှစ်နှင့် ကျိုက်လတ်မြို့၊ (၅)ရပ်ကွက်၊ (၁၆/၁၇)လမ်း၊ အမှတ်(၂၂၂)၌ အောင်အောင်ဦး(၄ဝ)နှစ် တို့အားလည်းကောင်း၊ နိုဝင် ဘာလ(၁၁)ရက်တွင် ကျိုက်လတ်မြို့နယ်၊ ရွှေလှေရိုးကျေးရွာ၌ မြင့်မြင့်စီ(၄၆)နှစ် အားလည်းကောင်း၊ နိုဝင်ဘာလ (၁၂)ရက်တွင် ရွှေလှေရိုးကျေးရွာ၌ မြင့်မြင့်ရီ(၄၃)နှစ် အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်ချက်အရသိရသည်။ ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက် အရဟုဆိုကာ နိုဝင်ဘာလ (၁၄)ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ နယ်၊ စစ်တောင်းတံတား(မုပ္ပလင်)စစ်ဆေးရေးဂိတ်၌ ကျိုက်လတ်မြို့ နယ် PDF အဖွဲ့မှ ထွဋ်နောင်ဦး(ခ)စီးဖိန်(၂၃)နှစ်၊ ချမ်းမြေ့သူ(ခ)ကြက်ကြီး(၂၆)နှစ်နှင့် မျိုးကိုကို(၂၁)နှစ်တို့ (၃)ဦးအားဖမ်းဆီးခဲ့ပြီး ချမ်းမြေ့သူ (ခ)ကြက်ကြီး၏ထွက်ဆိုချက်အရ နိုဝင်ဘာလ(၁၅)ရက်တွင် ကျိုက်လတ်မြို့၊ ဘုံလုံချောင်းတံတားအနီး၌ အောင်သူ(၃၇)နှစ်အား ဖမ်းဆီးခဲ့ကြောင်း ၎င်း၏ထွက်ဆိုချက်အရ ကျိုက်လတ်မြို့နယ်၊ သပြေတန်းကျေး ရွာအနောက်ဘက်လယ်ကွင်းအတွင်း၌ COLT DEFENDER အမျိုးအစား ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည် (၁၅)တောင့်၊ ကျည်အိမ် (၁)ခုအား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထွဋ်နောင်ဦး(ခ)စီးဖိန်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ(၁၅)ရက်တွင် ဒေးဒရဲမြို့နယ်၊ ကျိုက်လတ်မြစ်ကမ်းအနီး၊ မိချောင်းအိုင်ကျေးရွာ ချောင်းဝတွင် RETAY MOD 92 အမျိုးအစား ပစ္စတိုသေနတ် (၁) လက်၊ ၎င်းကျည် (၅) တောင့်၊ ကျည်အိမ် (၁) ခုအား သိမ်းဆည်းရမိခဲ့ပြီး၊ နိုဝင်ဘာလ(၁၆)ရက်တွင် ကျိုက်လတ်မြို့၊ (၃)ရပ်ကွက်၊ (၇)လမ်းနှင့် (၈)လမ်းထောင့်ရှိ စိန်ဖုန်းရောင်းဝယ်ရေးဆိုင်၌ သဉ္ဇာလင်း၊ (၂၃)နှစ်အား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ဖမ်း ဆီးရမိသူမြင့်မြင့်စီ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ (၁၇)ရက်တွင် ကျိုက်လတ်မြို့နယ်၊ ခမုံကျေးရွာ၌ ဗညားအောင်(၂၄)နှစ်နှင့် ဘိုကလေးမြို့နယ်၊ သူဌေးကုန်းကျေးရွာ၌ တင်အောင်မိုး(၅၀)နှစ်တို့ (၂) ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထွဋ်နောင်ဦး(ခ)စီးဖိန် ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၇ ရက် တွင် ကျိုက်လတ် မြို့နယ်၊ ကျုံတုံးလက်ပံကျေးရွာ ၌ မျိုးသန့်ဦး(၅၁)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာလ (၁၈)ရက်တွင် ကျုံသီဝကျေးရွာရှိ ခိုင်စိုး ၏နေအိမ်မှစနိုက်ပါမှန်ပြောင်း (၁) ခု၊ လက် လုပ်မိုင်း(၂)လုံး၊ TNT ယမ်းတောင့်(၅)တောင့်၊ ဒီတိုနေတာ(၅)ချောင်း နှင့် အခြားဆက်စပ်ပစ္စည်းများအားသိမ်းဆည်းရမိခဲ့ကာ ဖျာပုံမြို့၊ (၁၈) ရပ်ကွက်၊ ဗိုလ်မြတ်စံလမ်း၌ ကျော်ဇောဟိန်း(ခ)ထော်လေး(၂၂)နှစ်နှင့် ငြိမ်းချမ်းဦး (၂၃)နှစ်တို့ (၂) ဦးအား ဖမ်းဆီးနိုင်ခဲ့ ကြောင်းသိရသည်။ ထွဋ်နောင်ဦး(ခ)စီးဖိန်၏ထွက်ဆိုချက်ဖြင့် နိုဝင်ဘာလ(၁၉)ရက်တွင် ကျိုက်လတ်မြို့နယ်၊ ပရိုက်ကြံခင်းအုပ်စု၊ စခန်းကြီးကျေးရွာချောင်းအ စပ်၌ ဆာလာအိတ်နှင့်ထည့်ထားသော လက်လုပ်လေသေနတ်(၂)လက် အား သိမ်းဆည်းရမိခဲ့ပြီး ငြိမ်းချမ်းဦး ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ (၁၉)ရက်တွင် ဖျာပုံမြို့၊ (၁)ရပ်ကွက်၊ ဓနိတော (၁) လမ်း၊ ဖျာပုံတံတားအောက်၌ သိန်းတန်(၅၅)နှစ်နှင့် ခင်ဇော် (၄၉)နှစ်တို့ နှစ်ဦးအားလည်း ကောင်း၊ ထွဋ်နောင်ဦး (ခ)စီးဖိန်၏ထွက်ဆိုချက်အရ နိုဝင်ဘာလ(၂၁) ရက်တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းအုပ်စု၊ ဗန်ဒါပင်ကျေးရွာ၌ ချစ်ကိုကို (၃ဝ)နှစ်အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။ ဖမ်း ဆီးရမိသူများ၏ထွက်ဆိုချက်အရ ဧပြီလ (၁၂)ရက်မှ မေလ (၂ဝ)ရက်အထိ ထွဋ်နောင်ဦး(ခ)စီးဖိန်၊ ချစ်ကိုကို၊ ဖမ်းဆီးရန်ကျန်သောနေနိုင်(ခ) ကိုသက်၊ ကောင်းထက်လင်း၊ နေမျိုးအောင်၊ ဆန်းလင်း(ခ)ဆန်းလင်းအောင်နှင့် အောင်အောင်ကျော် တို့သည် မိုးညှင်းမြို့နယ်ရှိ KIA တပ်မ ဟာ(၈)တွင် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ကြောင်း၊ သင်တန်း ဆင်းပြီးနောက် ထွဋ်နောင်ဦး(ခ)စီးဖိန်၊ နေနိုင်(ခ)ကိုသက်နှင့် ဆန်းလင်း(ခ)ဆန်းလင်းအောင်တို့သည် ဇူလိုင်လ (၂ဝ)ရက်ခန့်တွင် ဖောက်ခွဲရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁)အားဖမ်းဆီးရန်ကျန် တရားခံဆန်ဇာ၊ ဗလကြီး၊ လပြည့်၊ ဒူးရှည်၊ ခေါကြီးနှင့် ကြက်ခေါင်းတို့ (၆)ဦးအား ကျိုက်လတ်မြို့နယ်၊ ကျုံသီဝ ကျေးရွာရှိ ခိုင်စိုး၊ သန်းသန်းဦးတို့၏ နေ အိမ်၌ (၆)ရက်ခန့်သင်ကြားပေးခဲ့ကြောင်းနှင့် ဇူလိုင်လစတုတ္ထပတ်ခန့်တွင် ဖောက်ခွဲရေးဆင့်ပွားသင်တန်း အမှတ်စဉ်(၂)နှင့်(၃)တို့အား မျိုးကို ကို၊ ဖမ်းဆီးရန်ကျန် တရားခံ ဂျိုကာ(ခ)ဂျိုကြီး အပါအဝင် (၁၄) ဦးတို့အားသင်ကြားပေးခဲ့ကြောင်း ယင်းနောက်ဩဂုတ်လ၊ ပထမပတ်တွင် ဖောက်ခွဲရေးဆင့်ပွား သင်တန်းအမှတ်စဉ်(၄)အား သန့်ဇင်(ခ)ကုလား၊ ဟိန်းကိုနှင့်ဖမ်းဆီးရန်ကျန်ကျော်ကြီး(ခ)ကျော်သူ၊ အောင်ကိုမင်းတို့ (၄) ဦးအား သမက်ပြေကျေးရွာတွင်လည်းကောင်း၊ ဩဂုတ်လ ဒုတိယပတ်တွင် ဖောက်ခွဲရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၅)အား ကျုံတုံးလက်ပံ ကျေးရွာရှိ မျိုးသန့်ဦး ၏ နေအိမ်တွင်လည်းကောင်း သင်ကြားပေးခဲ့ကြောင်း ဖော်ထုတ်ချက်အရသိရသည်ဟု ဖော်ပြထားသည်။
ထွက်ဆိုချက်များအရ ဇွန်လ (၂၉)ရက်တွင် ထွဋ်နောင်ဦး (ခ)စီးဖိန်၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ ချမ်းမြေ့သူ(ခ)ကြက်ကြီး၊ နေနိုင်(ခ)ကိုသက်တို့မှဦးဆောင်၍ကျိုက်လတ်မြို့နယ် PDF အဖွဲ့အားဖွဲ့စည်း၍ ဖျာပုံခရိုင် PDF အဖွဲ့တာဝန်ခံအဖြစ် ထွဋ်နောင်ဦး(ခ)စီးဖိန်၊ ဖျာပုံမြို့နယ် တာဝန်ခံအဖြစ်ဖမ်းဆီးရန်ကျန် အောင်သူ၊ ဘိုကလေးမြို့နယ်တာဝန်ခံအဖြစ် ဖမ်းဆီးရန်ကျန် ကိုဂျစ်တို့ဖြင့်ဖွဲ့စည်းခဲ့ကြောင်း၊ မြင့်မြင့်စီ၊ မြင့်မြင့်ရီ၊ ဗညားအောင်၊ တင်အောင်မိုး နှင့် အောင်သူတို့သည် PDF အဖွဲ့ဝင်များအား လိုအပ်သောထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျော်ဇောဟိန်း(ခ)ထော်လေး၊ ငြိမ်းချမ်းဦး၊ သိန်းတန်နှင့် ခင်ဇော်တို့သည်ထွဋ်နောင်ဦး(ခ)စီးဖိန်ထံတွင် ဖောက်ခွဲရေးဆင့်ပွားသင်တန်း တက်ရောက်၍ ဖျာပုံမြို့နယ်အတွင်းဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန်စီစဉ်လျက် ရှိကြောင်း ဖော်ထုတ်ချက်အရသိရသည်။
ထွဋ်နောင်ဦး(ခ)စီးဖိန် ၏ ထွက်ဆိုချက်အရ ဇွန်လအတွင်းကျုံသီဝကျေး ရွာနေ ၎င်း၏နေအိမ်၌လက်လုပ်မိုင်းများပြုလုပ်ခဲ့ကြောင်း ဇူလိုင်လတွင် ဖမ်းဆီးရန်ကျန် ဂျပန်ကြီး(ခ)အောင်ခန့်ဇော် ထံမှ ပစ္စတိုသေနတ် (၂) လက်၊ ကျည် (၂ဝဝ) တောင့်၊ ကျည်အိမ် (၂) ခု တို့အား ငွေကျပ်သိန်း (၅ဝ)ဖြင့် ချိတ်ဆက်ဝယ်ယူခဲ့ကြောင်း၊ အောင်အောင်ဦးသည် စက်တင် ဘာလတွင် တောင်ကြီးမြို့မှဝယ်ယူခဲ့သော Air Gun (၁)လက်အား၎င်းထံသို့ပေးအပ်ခဲ့ကြောင်း၊ ထွဋ်နောင်ဦး(ခ)စီးဖိန်၏ ထွက်ဆိုချက်အရနေနိုင်(ခ)ကိုသက်နှင့်အတူ ဇွန်လ(၁၂)ရက်တွင် ကျိုက်လတ်မြို့၊ (၁)ရပ် ကွက်ရှိ (အထက-၁)ကျောင်းဝင်း၌ လက်လုပ်မိုင်း (၁) လုံးအားလည်း ကောင်း၊ ဇွန်လ (၂၉)ရက်တွင်၊ (၁)ရပ်ကွက်၊ ကျိုက်လတ် - ဖျာပုံကားလမ်းဘေး(အထက-၁)ကျောင်းရှေ့ ခြံစည်းရိုးအပြင်ဘက်၌ လက်လုပ်မိုင်း(၂) လုံးအားလည်းကောင်း၊ (၃)ရပ်ကွက်၊ ကန်တော်ကြီးလမ်း၊ မြို့ နယ ပညာရေးမှူးရုံး အနောက်ဘက်စတိုခန်းဘေး၌ လက်လုပ်မိုင်း (၁) လုံးအားလည်းကောင်း၊ (၁)ရပ်ကွက်၊ ကျိုက်လတ်-ဖျာပုံကားလမ်းဘေး ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်၌ လက်လုပ်မိုင်း (၁) လုံးအားလည်း ကောင်းဖောက်ခွဲခဲ့ရာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှ ပြည်သူအချို့ ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် ထွဋ်နောင်ဦး(ခ)စီးဖိန်နှင့် ပြည့်ဖြိုးအောင်(ခ)ကိုပြည့်တို့ (၂) ဦးသည် အောက်တိုဘာလ (၃)ရက်တွင် ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကြီးကျေးရွာရှိ မြို့အဝင် ဆိုင်းဘုတ်အနီး၌ လက်လုပ်မိုင်း (၁) လုံးအားလည်း ကောင်း၊ အောက်တိုဘာလ ၁၀ ရက် တွင် ကျိုက်လတ်မြို့၊ (၂)ရပ် ကွက်၊ (၂)လမ်းရှိမြို့နယ်လျှပ်စစ်ရုံးရှေ့၌လက်လုပ်မိုင်း (၃)လုံးအားလည်းကောင်း၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်နှင့် ဒူးရှည်တို့(၂) ဦးသည် အောက်တိုဘာလ (၂ဝ)ရက်တွင် ကျိုက်လတ်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာရှိ Mytel တာဝါတိုင်အားလက်လုပ်မိုင်း(၁)လုံးဖြင့်လည်းကောင်းဖောက် ခွဲခဲ့ကြောင်းနှင့် ဖောက်ခွဲဖျက်ဆီးမှု စုစုပေါင်း (၇)ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ တရားခံ သဉ္ဇာလင်း၊ အောင်အောင်ဦး၊ ထွန်းထွန်း၊ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သော နေခြည်အေးမြင့်၊ ဂျစ်တူး(ခ)ဝေမာလွင်(ဘိုကလေးမြို့နယ် NLD ပါတီဝင်)နှင့် သန်းထိုက်ဦး(ကျိုက်လတ်မြို့နယ် NLD ပါတီဝင်)တို့မှ ဖောက်ခွဲဖျက် ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် Mission များသတ်မှတ်၍ထောက် ပံ့ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်ဟုလည်းရေးသားထား သည်။
zawgyi version
NP News - နိုဝင်ဘာ ၂၉