မုံရွာသံမဏိ PDF အဖွဲ့ဝင်များအပါအဝင်(၉)ဦးအား လက်လုပ်သေနတ်များ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိကြောင်း စစ်ကောင်စီထုတ်ပြန်

5492

NP News - နိုဝင်ဘာ ၃ဝ
မုံရွာသံမဏိ PDFအဖွဲ့ဝင်များအပါအဝင်(၉)ဦးအား လက်လုပ်သေနတ်များ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိခဲ့ကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးက နိုဝင်ဘာလ (၂၉)ရက်ညပိုင်းက သ တင်းထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်တွင် အမျိုးသား (၉) ဦး အား ၄ဝ မမ ဗုံးပစ်လောင်ချာ(၁)လက်၊ AK 47 သေနတ် (၁)လက်၊ လက်လုပ်သေနတ်(၇)လက်၊ ကျည်အိမ်(၂) ခု၊ ၇.၆၂ ကျည် (၁ဝဝ) တောင့်၊ ၄ဝ မမ ဗုံးသီး (၁၄) လုံး၊ လက်ပစ်ဗုံး (၆)လုံး၊ လက်လုပ်မိုင်း(၁၂)လုံး၊ မှန်ပြောင်း (၁)လက်၊ လက်လုပ်သေ နတ်ပြုလုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ၊ ဖောက်ခွဲရေးနှင့်ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။
မုံရွာ သံမဏိ PDF အဖွဲ့နှင့်ပတ်သက်ဆက်သွယ်နေသည့် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ကျော်ဦး(ခ) ကျော်ကျော်ဦး (၄၇)နှစ်အား နိုဝင်ဘာလ (၁၇) ရက်တွင် ဖမ်းဆီးခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ နိုဝင် ဘာလ(၁၈)ရက်တွင် ချမ်းမြဝတီရပ်ကွက်၊ "အားသစ်" တည်းခိုခန်း၊ အ ခန်းအမှတ်(၃ဝ၁)၌ အောင်ကျော်ဇင် (၂၇)နှစ်၊ ဝေဖြိုးကျော်(ခ)အသေးလေး (၂၅)နှစ်၊ ဟိန်းထက်ဝင်း(၂၀)နှစ်နှင့် ဝင်းကို(၁၉)နှစ်တို့ (၄)ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ ဝေဖြိုးကျော်(ခ) အသေးလေး၏ ထွက်ဆိုချက်အရ မုံရွာမြို့၊ အက်တောရပ်ကွက်နေ မောင်တိုး(ခ)ရန်အောင်တိုး (၃၂)နှစ်နေအိမ်အား လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့်ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အနောက်ဘက်မြေကြီးအတွင်း ပီနံအိတ်ဖြင့် ထုတ် ထားသည့် လက်လုပ်ရီမုဒ်မိုင်း (၁ဝ) လုံး၊ ယမ်းမှုန့်များနှင့်အတူ တရားခံ မောင်တိုး (ခ) ရန်အောင်တိုးအားဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြထားသည်။
ဖမ်းမိသူများ၏ထွက်ဆိုချက်များအရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ ကြက်မွေးမြူရေးဇုန် တွင် ရဲထက်ငြိမ်း (၂၉)နှစ်၊ ကောင်းမြတ်ဖေ (၂၇)နှစ်၊ ဇင်မောင် (၂ဝ)နှစ်တို့ (၃) ဦးအား ၄ဝ မမ ဗုံးပစ်လောင်ချာ (၁) လက်၊ ဗုံးသီး (၁၄) လုံး၊ AK 47 သေနတ် (၁) လက်၊ ကျည်အိမ် (၂) ခု၊ ၇.၆၂ ကျည် (၁ဝဝ) တောင့်၊ လက်ပစ်ဗုံး (၆) လုံး၊ လက်လုပ်မိုင်း (၂)လုံး၊ လက်လုပ်သေနတ်အတို (၅) လက်၊ ပြုလုပ်ဆဲလက်လုပ်သေနတ်အတို (၂) လက်၊ အီကွေးမန့် (၂) စုံ၊ မှန်ပြောင်း (၁) လက်၊ အမိုနီယမ်နိုက်ထရိတ် (၁)ပိဿာခန့် (၂) ထုပ်၊ ဒီတိုနေတာ (၃) ဘူး၊ ဘတ္ထရီထည့် ဗူး(အသေး)(၁၂) ဗူး၊ လက်လုပ်သေနတ်ပြုလုပ်ရာ တွင်အသုံးပြုသည့် စပရိန် (၁ဝ) ခု၊ လက်လုပ်သေနတ်ပြုလုပ်သည့် သံ ပြား(၇)ပြား၊ လက်လုပ်ကျည်ခွံ (၁၅) ခု၊ လက်လုပ်ပစ္စတိုပြုလုပ်ရန် ပြောင်းမျိုးစုံ (၁၆) ခု၊ ယမ်းမှုန့် (၃ဝ)ကျပ်သားခန့်(၁)ထုပ်၊ လက်လုပ်သေနတ်ပြောင်း (၁) ခု၊ Acer အမျိုးအစား Laptop (၁) လုံး၊ ဆားကစ်ဘောက် (၂) ခု၊ ရီမုဒ် Control (၃) ခုတို့နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
ဝေဖြိုးကျော် (ခ) အသေးလေး၏ ထွက်ဆိုချက်အရ ၎င်းသည် ဖမ်းဆီးရန်ကျန် ဟိန်းသော်တာ၏ ချိတ်ဆက်ပေးမှုဖြင့် ဧပြီလ (၇) ရက်မှ (၂၃) ရက်ထိ အောင်ကျော်ဇင် ၊ ဝင်းကိုနှင့် ဖမ်းဆီးရန်ကျန်သော ဖြိုးကိုကို၊ အောင်မြင့်မြတ်၊ ရှည်ကြီး၊ ရန်မျိုး၊ ရာဇာစိုး၊ ဒိုင်းမွန်ထွေး၊ ဖြိုးသူ၊ သီဟကျော်၊ ငစိုင်း၊ ပြားကြီး၊ စုတ်ဖွားတို့နှင့်အတူ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာမှ တစ်ဆင့် KIA တပ်မဟာ (၈) နယ်မြေသို့ သွားရောက်၍ ဖောက်ခွဲရေးသင်တန်း တက်ရောက် ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် ယင်းမာပင်မြို့နယ်၊ ဘူးလှည်းကျေးရွာအနီးရှိ PDF စခန်းသို့ သွားရောက်၍ ဖမ်းဆီးရန်ကျန် ဇော်မျိုးအောင်(ခ)သံမဏိခေါင်း ဆောင်၍ မုံရွာသံမဏိ PDF အဖွဲ့တွင် အောင်ကျော်ဇင်နှင့်အတူအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်းနှင့် ရဲထက်ငြိမ်း၏ ထွက်ဆိုချက်အရ အောက်တို ဘာလ(၁၇) ရက်တွင် ဖမ်းဆီးရန်ကျန် လှိုင်မျိုးမှလက်နက်/ခဲယမ်းများ အား ၎င်း၏ကြက်ခြံတွင် လာရောက် သိမ်းဆည်းထားခြင်းဖြစ်ပြီး ယင်းမာပင်မြို့နယ်၊ ဘူးလှည်းကျေးရွာအနီးရှိ PDF စခန်းသို့ ပို့ဆောင်ရမည့်ပစ္စည်းများဖြစ်ကြောင်းဖော်ထုတ်သိရသည်ဟုထုတ်ပြန်ချက်တွင် ရေး သားထားသည်။
ယင်းမုံရွာသံမဏိ PDF အဖွဲ့၏ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများအနေ ဖြင့် ဩဂုတ်လ (၁၆) ရက်တွင် ဝေဖြိုးကျော်(ခ) အသေးလေးနှင့်သက်ဦးမောင်(ခ) ငသက်တို့သည် ဆိုင်ကယ်ဖြင့်ရုံးကြီးရပ်ကွက်၊ မြို့နယ်အ ကောက်ခွန်ဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာသို့ လက်လုပ်မိုင်း (၁) လုံးဖြင့် လည်းကောင်း၊ စက်တင်ဘာလ (၁၃) ရက် တွင် ဝေဖြိုးကျော်(ခ)အ သေးလေး နှင့် ဟိန်းထက်ဝင်း အပါအဝင် (၈) ဦးတို့သည် မုံရွာမြို့ ချမ်းမြဝတီ ရပ်ကွက် ရေကူးကန်လမ်းအနီးရှိ Mytel တာဝါတိုင်အား လက် လုပ်မိုင်း (၄) လုံးဖြင့် လည်းကောင်း၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် အောင်ကျော်ဇင် နှင့် ဇော်ထက်အောင် တို့သည် မုံရွာမြို့၊ မြဝတီရပ် ကွက်၊ Mytel ရုံး၊ ဆက်သွယ်ရေး ရုံးရှေ့၌ လက်လုပ်မိုင်း (၁) လုံးဖြင့် လည်းကောင်း၊ စက်တင်ဘာလ ၁၆ ရက်တွင် အောင်ကျော်ဇင်၊ ဇော်ထက်အောင် နှင့် အောင်မြင့်မြတ် တို့သည် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ မြန်မာဘီယာရုံးရှေ့၌ လက်လုပ်မိုင်း (၁) လုံးဖြင့် လည်းကောင်း၊ နိုဝင် ဘာလ(၁၃)ရက်တွင် ဝေဖြိုးကျော်(ခ) အသေးလေးသည် အောင်ကျော်ဇင်၊ ဟိန်းထက်ဝင်း တို့နှင့်အတူ မုံရွာ - ကျောက်ကာလမ်း တိုင်းရင်းဆေးရုံအနီးရှိ ‘‘ခရေဆောင်’’ အတွင်းသို့ လက်လုပ်မိုင်း (၂) လုံးဖြင့် လည်းကောင်း ဖောက်ခွဲခဲ့သည်ကို ဖော်ထုတ်ချက်အရ သိရကြောင်း ရေးသားထားသည်။
မုံရွာသံမဏိ PDF အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုများအနေဖြင့် စက်တင် ဘာလ (၂၂) ရက်တွင် ဇော်ထက်အောင် နှင့် ငပုတ် တို့သည် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ထန်းတောမီးပွိုင့်တွင် တာဝန်ထမ်း ဆောင်နေသော ယာဉ်ထိန်းရဲ အား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စက်တင် ဘာလ (၂၃) ရက်တွင် တရားခံ ဇော်ထက်အောင် နှင့် ငပုတ် တို့သည် မုံရွာမြို့၊ မြဝတီရပ်ကွက်၊ Mytel ရုံးရှေ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင် (၁) ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အောက်တိုဘာလ (၂ဝ) ရက်တွင် အောင်ကျော်ဇင်နှင့် ဖမ်းဆီးရန်ကျန် ငစိုင်း၊ စုတ်ဖွား၊ ပြားကြီးတို့သည် မုံရွာမြို့၊ နန္ဒာဝန်ရပ်ကွက်၊ ပုဏ္ဏမီလမ်းရှိ ပြည်သူ (၁) ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အောက်တိုဘာလ (၂၄) ရက်တွင် အောင်ကျော်ဇင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ဇော်မျိုးအောင်(ခ) သံမဏိ၊ ငစိုင်း၊ စုတ်ဖွားတို့သည် မအူကျေး ရွာရှိ ပြည်သူ (၁) ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အောက် တိုဘာလ (၂၆) ရက်တွင် ဇော်ထက်အောင်၊ ငပုတ် နှင့် တောက်တီးတို့ သည် စက်မှုဇုန်ရပ်ကွက်အတွင်းရှိ (၈၁)ကာလာအိုကေဆိုင်ရှေ့၌ပြည်သူ(၂)ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းစစ်ကောင် စီ၏ ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
zawgyi version
မုံ႐ြာသံမဏိ PDF အဖြဲ႕ဝင္မ်ားအပါအဝင္(၉)ဦးအား လက္လုပ္ေသနတ္မ်ား၊ ေဖာက္ခြဲေရး ဆက္စပ္ပစၥည္းမ်ားႏွင့္အတူဖမ္းမိေၾကာင္း စစ္ေကာင္စီထုတ္ျပန္
NP News - ႏိုဝင္ဘာ ၃ဝ
မုံ႐ြာသံမဏိ PDFအဖြဲ႕ဝင္မ်ားအပါအဝင္(၉)ဦးအား လက္လုပ္ေသနတ္မ်ား၊ ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားႏွင့္အတူဖမ္းမိခဲ့ေၾကာင္း စစ္ေကာင္စီသတင္းမွန္ျပန္ၾကားေရးက ႏိုဝင္ဘာလ (၂၉)ရက္ညပိုင္းက သ တင္းထုတ္ျပန္ခဲ့သည္။
ျဖစ္စဥ္တြင္ အမ်ိဳးသား (၉) ဦး အား ၄ဝ မမ ဗုံးပစ္ေလာင္ခ်ာ(၁)လက္၊ AK 47 ေသနတ္ (၁)လက္၊ လက္လုပ္ေသနတ္(၇)လက္၊ က်ည္အိမ္(၂) ခု၊ ၇.၆၂ က်ည္ (၁ဝဝ) ေတာင့္၊ ၄ဝ မမ ဗုံးသီး (၁၄) လုံး၊ လက္ပစ္ဗုံး (၆)လုံး၊ လက္လုပ္မိုင္း(၁၂)လုံး၊ မွန္ေျပာင္း (၁)လက္၊ လက္လုပ္ေသ နတ္ျပဳလုပ္ရာတြင္အသုံးျပဳသည့္ပစၥည္းမ်ား၊ ေဖာက္ခြဲေရးႏွင့္ဆက္စပ္ပစၥည္းမ်ားႏွင့္အတူဖမ္းဆီးရမိေၾကာင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထား သည္။
မုံ႐ြာ သံမဏိ PDF အဖြဲ႕ႏွင့္ပတ္သက္ဆက္သြယ္ေနသည့္ မုံ႐ြာၿမိဳ႕၊ ေအာင္ခ်မ္းသာရပ္ကြက္ေန ေက်ာ္ဦး(ခ) ေက်ာ္ေက်ာ္ဦး (၄၇)ႏွစ္အား ႏိုဝင္ဘာလ (၁၇) ရက္တြင္ ဖမ္းဆီးခဲ့ၿပီး ၎၏ထြက္ဆိုခ်က္အရ ႏိုဝင္ ဘာလ(၁၈)ရက္တြင္ ခ်မ္းျမဝတီရပ္ကြက္၊ "အားသစ္" တည္းခိုခန္း၊ အ ခန္းအမွတ္(၃ဝ၁)၌ ေအာင္ေက်ာ္ဇင္ (၂၇)ႏွစ္၊ ေဝၿဖိဳးေက်ာ္(ခ)အေသးေလး (၂၅)ႏွစ္၊ ဟိန္းထက္ဝင္း(၂၀)ႏွစ္ႏွင့္ ဝင္းကို(၁၉)ႏွစ္တို႔ (၄)ဦးအား ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း၊ ဖမ္းဆီးရမိသူ ေဝၿဖိဳးေက်ာ္(ခ) အေသးေလး၏ ထြက္ဆိုခ်က္အရ မုံ႐ြာၿမိဳ႕၊ အက္ေတာရပ္ကြက္ေန ေမာင္တိုး(ခ)ရန္ေအာင္တိုး (၃၂)ႏွစ္ေနအိမ္အား လုံၿခဳံေရးပူးေပါင္းအဖြဲ႕ျဖင့္ဝင္ေရာက္ရွာေဖြခဲ့ရာ ေနအိမ္အေနာက္ဘက္ေျမႀကီးအတြင္း ပီနံအိတ္ျဖင့္ ထုတ္ ထားသည့္ လက္လုပ္ရီမုဒ္မိုင္း (၁ဝ) လုံး၊ ယမ္းမႈန႔္မ်ားႏွင့္အတူ တရားခံ ေမာင္တိုး (ခ) ရန္ေအာင္တိုးအားဖမ္းဆီးရမိခဲ့ေၾကာင္းေဖာ္ျပထားသည္။
ဖမ္းမိသူမ်ား၏ထြက္ဆိုခ်က္မ်ားအရ လုံၿခဳံေရးပူးေပါင္းအဖြဲ႕သည္ မုံ႐ြာၿမိဳ႕၊ ရတနာပုံရပ္ကြက္၊ ၾကက္ေမြးျမဴေရးဇုန္ တြင္ ရဲထက္ၿငိမ္း (၂၉)ႏွစ္၊ ေကာင္းျမတ္ေဖ (၂၇)ႏွစ္၊ ဇင္ေမာင္ (၂ဝ)ႏွစ္တို႔ (၃) ဦးအား ၄ဝ မမ ဗုံးပစ္ေလာင္ခ်ာ (၁) လက္၊ ဗုံးသီး (၁၄) လုံး၊ AK 47 ေသနတ္ (၁) လက္၊ က်ည္အိမ္ (၂) ခု၊ ၇.၆၂ က်ည္ (၁ဝဝ) ေတာင့္၊ လက္ပစ္ဗုံး (၆) လုံး၊ လက္လုပ္မိုင္း (၂)လုံး၊ လက္လုပ္ေသနတ္အတို (၅) လက္၊ ျပဳလုပ္ဆဲလက္လုပ္ေသနတ္အတို (၂) လက္၊ အီေကြးမန႔္ (၂) စုံ၊ မွန္ေျပာင္း (၁) လက္၊ အမိုနီယမ္ႏိုက္ထရိတ္ (၁)ပိႆာခန႔္ (၂) ထုပ္၊ ဒီတိုေနတာ (၃) ဘူး၊ ဘတၳရီထည့္ ဗူး(အေသး)(၁၂) ဗူး၊ လက္လုပ္ေသနတ္ျပဳလုပ္ရာ တြင္အသုံးျပဳသည့္ စပရိန္ (၁ဝ) ခု၊ လက္လုပ္ေသနတ္ျပဳလုပ္သည့္ သံ ျပား(၇)ျပား၊ လက္လုပ္က်ည္ခြံ (၁၅) ခု၊ လက္လုပ္ပစၥတိုျပဳလုပ္ရန္ ေျပာင္းမ်ိဳးစုံ (၁၆) ခု၊ ယမ္းမႈန႔္ (၃ဝ)က်ပ္သားခန႔္(၁)ထုပ္၊ လက္လုပ္ေသနတ္ေျပာင္း (၁) ခု၊ Acer အမ်ိဳးအစား Laptop (၁) လုံး၊ ဆားကစ္ေဘာက္ (၂) ခု၊ ရီမုဒ္ Control (၃) ခုတို႔ႏွင့္ အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ေဝၿဖိဳးေက်ာ္ (ခ) အေသးေလး၏ ထြက္ဆိုခ်က္အရ ၎သည္ ဖမ္းဆီးရန္က်န္ ဟိန္းေသာ္တာ၏ ခ်ိတ္ဆက္ေပးမႈျဖင့္ ဧၿပီလ (၇) ရက္မွ (၂၃) ရက္ထိ ေအာင္ေက်ာ္ဇင္ ၊ ဝင္းကိုႏွင့္ ဖမ္းဆီးရန္က်န္ေသာ ၿဖိဳးကိုကို၊ ေအာင္ျမင့္ျမတ္၊ ရွည္ႀကီး၊ ရန္မ်ိဳး၊ ရာဇာစိုး၊ ဒိုင္းမြန္ေထြး၊ ၿဖိဳးသူ၊ သီဟေက်ာ္၊ ငစိုင္း၊ ျပားႀကီး၊ စုတ္ဖြားတို႔ႏွင့္အတူ ကသာၿမိဳ႕နယ္၊ မွတ္တိုင္ေက်း႐ြာမွ တစ္ဆင့္ KIA တပ္မဟာ (၈) နယ္ေျမသို႔ သြားေရာက္၍ ေဖာက္ခြဲေရးသင္တန္း တက္ေရာက္ ခဲ့ေၾကာင္း၊ သင္တန္းဆင္းၿပီးေနာက္ ယင္းမာပင္ၿမိဳ႕နယ္၊ ဘူးလွည္းေက်း႐ြာအနီးရွိ PDF စခန္းသို႔ သြားေရာက္၍ ဖမ္းဆီးရန္က်န္ ေဇာ္မ်ိဳးေအာင္(ခ)သံမဏိေခါင္း ေဆာင္၍ မုံ႐ြာသံမဏိ PDF အဖြဲ႕တြင္ ေအာင္ေက်ာ္ဇင္ႏွင့္အတူအဖြဲ႕ဝင္အျဖစ္ ပါဝင္ခဲ့ေၾကာင္းႏွင့္ ရဲထက္ၿငိမ္း၏ ထြက္ဆိုခ်က္အရ ေအာက္တို ဘာလ(၁၇) ရက္တြင္ ဖမ္းဆီးရန္က်န္ လႈိင္မ်ိဳးမွလက္နက္/ခဲယမ္းမ်ား အား ၎၏ၾကက္ၿခံတြင္ လာေရာက္ သိမ္းဆည္းထားျခင္းျဖစ္ၿပီး ယင္းမာပင္ၿမိဳ႕နယ္၊ ဘူးလွည္းေက်း႐ြာအနီးရွိ PDF စခန္းသို႔ ပို႔ေဆာင္ရမည့္ပစၥည္းမ်ားျဖစ္ေၾကာင္းေဖာ္ထုတ္သိရသည္ဟုထုတ္ျပန္ခ်က္တြင္ ေရး သားထားသည္။
ယင္းမုံ႐ြာသံမဏိ PDF အဖြဲ႕၏ ေဖာက္ခြဲဖ်က္ဆီးေရးလုပ္ငန္းမ်ားအေန ျဖင့္ ဩဂုတ္လ (၁၆) ရက္တြင္ ေဝၿဖိဳးေက်ာ္(ခ) အေသးေလးႏွင့္သက္ဦးေမာင္(ခ) ငသက္တို႔သည္ ဆိုင္ကယ္ျဖင့္႐ုံးႀကီးရပ္ကြက္၊ ၿမိဳ႕နယ္အ ေကာက္ခြန္ဦးစီးဌာန႐ုံး ဝန္ထမ္းအိမ္ရာသို႔ လက္လုပ္မိုင္း (၁) လုံးျဖင့္ လည္းေကာင္း၊ စက္တင္ဘာလ (၁၃) ရက္ တြင္ ေဝၿဖိဳးေက်ာ္(ခ)အ ေသးေလး ႏွင့္ ဟိန္းထက္ဝင္း အပါအဝင္ (၈) ဦးတို႔သည္ မုံ႐ြာၿမိဳ႕ ခ်မ္းျမဝတီ ရပ္ကြက္ ေရကူးကန္လမ္းအနီးရွိ Mytel တာဝါတိုင္အား လက္ လုပ္မိုင္း (၄) လုံးျဖင့္ လည္းေကာင္း၊ စက္တင္ဘာလ (၁၅) ရက္ေန႔တြင္ ေအာင္ေက်ာ္ဇင္ ႏွင့္ ေဇာ္ထက္ေအာင္ တို႔သည္ မုံ႐ြာၿမိဳ႕၊ ျမဝတီရပ္ ကြက္၊ Mytel ႐ုံး၊ ဆက္သြယ္ေရး ႐ုံးေရွ႕၌ လက္လုပ္မိုင္း (၁) လုံးျဖင့္ လည္းေကာင္း၊ စက္တင္ဘာလ ၁၆ ရက္တြင္ ေအာင္ေက်ာ္ဇင္၊ ေဇာ္ထက္ေအာင္ ႏွင့္ ေအာင္ျမင့္ျမတ္ တို႔သည္ မုံ႐ြာၿမိဳ႕၊ စက္မႈဇုန္ရပ္ကြက္၊ ျမန္မာဘီယာ႐ုံးေရွ႕၌ လက္လုပ္မိုင္း (၁) လုံးျဖင့္ လည္းေကာင္း၊ ႏိုဝင္ ဘာလ(၁၃)ရက္တြင္ ေဝၿဖိဳးေက်ာ္(ခ) အေသးေလးသည္ ေအာင္ေက်ာ္ဇင္၊ ဟိန္းထက္ဝင္း တို႔ႏွင့္အတူ မုံ႐ြာ - ေက်ာက္ကာလမ္း တိုင္းရင္းေဆး႐ုံအနီးရွိ ‘‘ခေရေဆာင္’’ အတြင္းသို႔ လက္လုပ္မိုင္း (၂) လုံးျဖင့္ လည္းေကာင္း ေဖာက္ခြဲခဲ့သည္ကို ေဖာ္ထုတ္ခ်က္အရ သိရေၾကာင္း ေရးသားထားသည္။
မုံ႐ြာသံမဏိ PDF အဖြဲ႕၏ လုပ္ႀကံသတ္ျဖတ္မႈမ်ားအေနျဖင့္ စက္တင္ ဘာလ (၂၂) ရက္တြင္ ေဇာ္ထက္ေအာင္ ႏွင့္ ငပုတ္ တို႔သည္ မုံ႐ြာၿမိဳ႕၊ ေအာင္မဂၤလာရပ္ကြက္ရွိ ထန္းေတာမီးပြိဳင့္တြင္ တာဝန္ထမ္း ေဆာင္ေနေသာ ယာဥ္ထိန္းရဲ အား လက္နက္ငယ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ စက္တင္ ဘာလ (၂၃) ရက္တြင္ တရားခံ ေဇာ္ထက္ေအာင္ ႏွင့္ ငပုတ္ တို႔သည္ မုံ႐ြာၿမိဳ႕၊ ျမဝတီရပ္ကြက္၊ Mytel ႐ုံးေရွ႕ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ေနေသာ တပ္ဖြဲ႕ဝင္ (၁) ဦးအား လက္နက္ငယ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ ေအာက္တိုဘာလ (၂ဝ) ရက္တြင္ ေအာင္ေက်ာ္ဇင္ႏွင့္ ဖမ္းဆီးရန္က်န္ ငစိုင္း၊ စုတ္ဖြား၊ ျပားႀကီးတို႔သည္ မုံ႐ြာၿမိဳ႕၊ နႏၵာဝန္ရပ္ကြက္၊ ပုဏၰမီလမ္းရွိ ျပည္သူ (၁) ဦးအား လက္နက္ငယ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ ေအာက္တိုဘာလ (၂၄) ရက္တြင္ ေအာင္ေက်ာ္ဇင္ႏွင့္ ဖမ္းဆီးရန္က်န္ တရားခံ ေဇာ္မ်ိဳးေအာင္(ခ) သံမဏိ၊ ငစိုင္း၊ စုတ္ဖြားတို႔သည္ မအူေက်း ႐ြာရွိ ျပည္သူ (၁) ဦးအား လက္နက္ငယ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ ေအာက္ တိုဘာလ (၂၆) ရက္တြင္ ေဇာ္ထက္ေအာင္၊ ငပုတ္ ႏွင့္ ေတာက္တီးတို႔ သည္ စက္မႈဇုန္ရပ္ကြက္အတြင္းရွိ (၈၁)ကာလာအိုေကဆိုင္ေရွ႕၌ျပည္သူ(၂)ဦးအား လက္နက္ငယ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္းစစ္ေကာင္ စီ၏ ထုတ္ျပန္ခ်က္တြင္ေရးသားေဖာ္ျပထားသည္။