မော်တော်ကားဝါသနာကိုအရင်းခံပြီး သန်းကြွယ်သူဋ္ဌေးမဖြစ်သွားတဲ့ အမျိုးသမီး

994

ဝတီ (NP News) - ဒီဇင်ဘာ ၇
ခပ်ချောချော၊ တောင့်တောင့်ဖြောင့်ဖြောင့် သြစတြေးလျသူတစ်ယောက်ဟာကမ္ဘာ့ကားလောကမှာ Supercar Blondie စူပါကားဘလွန်ဒီရယ်လို့ အရမ်းနာမည်ကြီးနေပါတယ်။ သူ့နာမည်အရင်းကတော့အဲလက်စ်ဟာ့စ်ချီ Alex Hirschi ပါ။ သူဟာအစဉ်အလာအားဖြင့် အမျိုးသားတွေချည်းပဲ စိုးမိုးလေ့ရှိတဲ့ ကမ္ဘာ့မော်တော်ကားလောကမှာကိုယ့်လမ်းကိုယ်ဖောက်ပြီးအောင်မြင်ကျော်ကြားလာတဲ့ ရှားရှားပါးပါးအမျိုးသမီးတစ်ယောက်ပေါ့။ အဲဒီလောကထဲ မရမကတိုးဝင်ပြီး ကြိုးစားတာငါးနှစ်တောင်မပြည့်သေးခင်မှာပဲ သူဟာအွန်လိုင်းမှာ ပရိသတ် (၆၄)သန်းရှိတဲ့ ကမ္ဘာ့နာမည်အကြီးဆုံးအမျိုးသမီး Car Influencer တစ်ယောက်ဖြစ်လာပြီးပိုင်ဆိုင်မှု ဒေါ်လာ (၁၇)သန်းလောက်အထိ ရှိလာပါတယ်။ ဒီတော့ ဝါသနာနဲ့အ လုပ်ထပ်တူကျတဲ့ဒီအခြေအနေအထိ ရောက်လာအောင် သူဘယ်လိုတည်ဆောက်ခဲ့သလဲ၊ ကြိုးစားခဲ့သလဲဆိုတာကြည့်လိုက်ကြရအောင်ပါ။
zawgyi version
ေမာ္ေတာ္ကားဝါသနာကိုအရင္းခံၿပီး သန္းႂကြယ္သူေ႒းမျဖစ္သြားတဲ့ အမ်ိဳးသမီး
ဝတီ (NP News) - ဒီဇင္ဘာ ၇
ခပ္ေခ်ာေခ်ာ၊ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ ၾသစေၾတးလ်သူတစ္ေယာက္ဟာကမာၻ႔ကားေလာကမွာ Supercar Blondie စူပါကားဘလြန္ဒီရယ္လို႔ အရမ္းနာမည္ႀကီးေနပါတယ္။ သူ႔နာမည္အရင္းကေတာ့အဲလက္စ္ဟာ့စ္ခ်ီ Alex Hirschi ပါ။ သူဟာအစဥ္အလာအားျဖင့္ အမ်ိဳးသားေတြခ်ည္းပဲ စိုးမိုးေလ့ရွိတဲ့ ကမာၻ႔ေမာ္ေတာ္ကားေလာကမွာကိုယ့္လမ္းကိုယ္ေဖာက္ၿပီးေအာင္ျမင္ေက်ာ္ၾကားလာတဲ့ ရွားရွားပါးပါးအမ်ိဳးသမီးတစ္ေယာက္ေပါ့။ အဲဒီေလာကထဲ မရမကတိုးဝင္ၿပီး ႀကိဳးစားတာငါးႏွစ္ေတာင္မျပည့္ေသးခင္မွာပဲ သူဟာအြန္လိုင္းမွာ ပရိသတ္ (၆၄)သန္းရွိတဲ့ ကမာၻ႔နာမည္အႀကီးဆုံးအမ်ိဳးသမီး Car Influencer တစ္ေယာက္ျဖစ္လာၿပီးပိုင္ဆိုင္မႈ ေဒၚလာ (၁၇)သန္းေလာက္အထိ ရွိလာပါတယ္။ ဒီေတာ့ ဝါသနာနဲ႔အ လုပ္ထပ္တူက်တဲ့ဒီအေျခအေနအထိ ေရာက္လာေအာင္ သူဘယ္လိုတည္ေဆာက္ခဲ့သလဲ၊ ႀကိဳးစားခဲ့သလဲဆိုတာၾကည့္လိုက္ၾကရေအာင္ပါ။

အစပိုင်းမှာ အင်မတန်ကိုမှ ခက်ခဲခဲ့ပါတယ်။ အဲလက်စ်ဟာ သြစတြေးလျက နယ်မြို့လေးတစ်မြို့မှာ မွေးဖွားကြီးပြင်းလာခဲ့သူဖြစ်ပြီးအိမ်ထောင်ကျတော့မှခင်ပွန်းနဲ့အတူ ဒူဘိုင်းကိုပြောင်းလာခဲ့ပါတယ်။ သူဟာငယ်ငယ်လေးကတည်းက ကားကိုအရမ်းဝါသနာပါပြီး ကားဆိုအရမ်းသဘောကျပါတယ်။ ကားကို အရူးအမူး ဝါသနာပါပေမယ့် အဲဒီဝါသနာနဲ့ကိုက်တဲ့အလုပ်ကို ရှာမတွေ့တော့ သူကတခြားအလုပ်တွေ တစ်ခုပြီးတစ်ခုလိုက်လျှောက်ပါတယ်။ အလုပ်လျှောက်တာ နှစ်သာပေါက်လာတယ်၊ သူ့မှာအလုပ်မရပါဘူး။ တစ်ခါတော့ အလုပ်တော့ရပါရဲ့။ ရတဲ့အလုပ်က ဘဏ်တစ်ခုမှာဧည့် ကြိုအလုပ်ပါ။ သူ လုံးဝဝါသနာမပါတဲ့အလုပ်ပေါ့။ နောက်ပိုင်းမှာတော့
ရေဒီယိုအသံလွှင့်ရုံတစ်ခုမှာအလုပ်ရပါတယ်။ အဲဒီအလုပ်ကတော့ သူ့ဝါ သနာနဲ့ နည်းနည်းနီးစပ်လာပါတယ်။ အဲဒါကတော့ကားပိုင်ရှင်၊ နာမည် ကြီးတွေကို သူတို့ကားအကြောင်းအင်တာဗျူးရတဲ့အလုပ်ပါ။ ဒီလိုနဲ့အဲဒီ အလုပ်လုပ်လာလိုက်တာ ငါးနှစ်လောက်လည်းကြာလာရောနာမည်ကြီး ကားကုမ္ပဏီ ဘန်ထလေ(Bentley)က သူတို့ကားတစ်စီးကို စနေ၊ တနင်္ဂ နွေပိတ်ရက်မှာ စမ်းမောင်းကြည့်ပေးဖို့ အလုပ်ကမ်းလှမ်းလာပါတယ်။ ဒီတော့ သူလည်းဝမ်းပန်းတသာပဲလက်ခံလိုက်တာပေါ့။ ပြီးတော့ အဲဒီလိုစမ်းမောင်းနေပုံကို အွန်လိုင်းပေါ်တင်လိုက်ပါတယ်။ အဲဒီမှာ သူတင်တာကို လူတွေကအရမ်းကြိုက်သွားကြပါတယ်။ ဒါနဲ့ပဲသူကတခြားကားကုမ္ပဏီကြီးတွေကိုသွားစပ်ဖို့စိတ်ကူးရလာပါတယ်။ ဒီလိုနဲ့ စနေ၊တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ စူပါကားတွေကို စမ်းမောင်းပြပြီး အဲဒီလိုမောင်းကြည့်နေပုံတွေကိုအွန်လိုင်းပေါ်တင်တဲ့အလုပ်က အဆင်ပြေလာပါတယ်။ ဒါနဲ့ပဲ ငါးနှစ်လောက်ကြာလာတော့ သူက ရေဒီယိုအသံလွှင့်ရုံမှာလုပ်နေတဲ့ အလုပ်ကနေထွက်လိုက်ပြီး ကားစမ်းမောင်းပြတဲ့အလုပ်တစ်ခုတည်းကိုပဲ ဇောက်ချလုပ်လာပါတော့တယ်။ ခင်ပွန်းကပါ အလုပ်ကထွက်လိုက်ပြီး ဒီအလုပ်ကိုကူလုပ်ပေးနေတာနှစ်ချီနေပါပြီ။ စူပါကားတွေစမ်းမောင်းပြပြီးအဲဒီကားတွေအကြောင်း ရှင်းပြတဲ့အလုပ်ကို တစ်လလုပ်လိုက်တာဟာ ရေဒီယိုအသံလွှင့်ရုံမှာ (၁ဝ) နှစ် အလုပ်လုပ်ခဲ့တာထက် ပိုက်ဆံပိုရတယ်ဆိုတာကို သူနောက်မှသိလာတာပါ။ ဒီလိုနဲ့ ဇနီးမောင်နှံနှစ်ယောက်
အလုပ်ကိုတက်ညီလက်ညီလုပ်လာလိုက်တာအခုဆိုရင် စူပါကားတွေပါ ဝယ်နိုင်သွားတဲ့အထိပါပဲ။ သူက ယူကျု၊ ဖေ့စ်ဘွတ်ခ်၊ အင်စတက်ဂရမ်၊
တစ်တုတ်စတဲ့ ကမ္ဘာသုံးလူမှုကွန်ရက်တွေအားလုံးမှာ အကောင့်တွေဖွင့်ထားတယ်လေ။
zawgyi version
အစပိုင္းမွာ အင္မတန္ကိုမွ ခက္ခဲခဲ့ပါတယ္။ အဲလက္စ္ဟာ ၾသစေၾတးလ်က နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ ေမြးဖြားႀကီးျပင္းလာခဲ့သူျဖစ္ၿပီးအိမ္ေထာင္က်ေတာ့မွခင္ပြန္းနဲ႔အတူ ဒူဘိုင္းကိုေျပာင္းလာခဲ့ပါတယ္။ သူဟာငယ္ငယ္ေလးကတည္းက ကားကိုအရမ္းဝါသနာပါၿပီး ကားဆိုအရမ္းသေဘာက်ပါတယ္။ ကားကို အ႐ူးအမူး ဝါသနာပါေပမယ့္ အဲဒီဝါသနာနဲ႔ကိုက္တဲ့အလုပ္ကို ရွာမေတြ႕ေတာ့ သူကတျခားအလုပ္ေတြ တစ္ခုၿပီးတစ္ခုလိုက္ေလွ်ာက္ပါတယ္။ အလုပ္ေလွ်ာက္တာ ႏွစ္သာေပါက္လာတယ္၊ သူ႔မွာအလုပ္မရပါဘူး။ တစ္ခါေတာ့ အလုပ္ေတာ့ရပါရဲ႕။ ရတဲ့အလုပ္က ဘဏ္တစ္ခုမွာဧည့္ ႀကိဳအလုပ္ပါ။ သူ လုံးဝဝါသနာမပါတဲ့အလုပ္ေပါ့။ ေနာက္ပိုင္းမွာေတာ့
ေရဒီယိုအသံလႊင့္႐ုံတစ္ခုမွာအလုပ္ရပါတယ္။ အဲဒီအလုပ္ကေတာ့ သူ႔ဝါ သနာနဲ႔ နည္းနည္းနီးစပ္လာပါတယ္။ အဲဒါကေတာ့ကားပိုင္ရွင္၊ နာမည္ ႀကီးေတြကို သူတို႔ကားအေၾကာင္းအင္တာဗ်ဴးရတဲ့အလုပ္ပါ။ ဒီလိုနဲ႔အဲဒီ အလုပ္လုပ္လာလိုက္တာ ငါးႏွစ္ေလာက္လည္းၾကာလာေရာနာမည္ႀကီး ကားကုမၸဏီ ဘန္ထေလ(Bentley)က သူတို႔ကားတစ္စီးကို စေန၊ တနဂၤ ေႏြပိတ္ရက္မွာ စမ္းေမာင္းၾကည့္ေပးဖို႔ အလုပ္ကမ္းလွမ္းလာပါတယ္။ ဒီေတာ့ သူလည္းဝမ္းပန္းတသာပဲလက္ခံလိုက္တာေပါ့။ ၿပီးေတာ့ အဲဒီလိုစမ္းေမာင္းေနပုံကို အြန္လိုင္းေပၚတင္လိုက္ပါတယ္။ အဲဒီမွာ သူတင္တာကို လူေတြကအရမ္းႀကိဳက္သြားၾကပါတယ္။ ဒါနဲ႔ပဲသူကတျခားကားကုမၸဏီႀကီးေတြကိုသြားစပ္ဖို႔စိတ္ကူးရလာပါတယ္။ ဒီလိုနဲ႔ စေန၊တနဂၤေႏြ အလုပ္ပိတ္ရက္ေတြမွာ စူပါကားေတြကို စမ္းေမာင္းျပၿပီး အဲဒီလိုေမာင္းၾကည့္ေနပုံေတြကိုအြန္လိုင္းေပၚတင္တဲ့အလုပ္က အဆင္ေျပလာပါတယ္။ ဒါနဲ႔ပဲ ငါးႏွစ္ေလာက္ၾကာလာေတာ့ သူက ေရဒီယိုအသံလႊင့္႐ုံမွာလုပ္ေနတဲ့ အလုပ္ကေနထြက္လိုက္ၿပီး ကားစမ္းေမာင္းျပတဲ့အလုပ္တစ္ခုတည္းကိုပဲ ေဇာက္ခ်လုပ္လာပါေတာ့တယ္။ ခင္ပြန္းကပါ အလုပ္ကထြက္လိုက္ၿပီး ဒီအလုပ္ကိုကူလုပ္ေပးေနတာႏွစ္ခ်ီေနပါၿပီ။ စူပါကားေတြစမ္းေမာင္းျပၿပီးအဲဒီကားေတြအေၾကာင္း ရွင္းျပတဲ့အလုပ္ကို တစ္လလုပ္လိုက္တာဟာ ေရဒီယိုအသံလႊင့္႐ုံမွာ (၁ဝ) ႏွစ္ အလုပ္လုပ္ခဲ့တာထက္ ပိုက္ဆံပိုရတယ္ဆိုတာကို သူေနာက္မွသိလာတာပါ။ ဒီလိုနဲ႔ ဇနီးေမာင္ႏွံႏွစ္ေယာက္
အလုပ္ကိုတက္ညီလက္ညီလုပ္လာလိုက္တာအခုဆိုရင္ စူပါကားေတြပါ ဝယ္ႏိုင္သြားတဲ့အထိပါပဲ။ သူက ယူက်ဳ၊ ေဖ့စ္ဘြတ္ခ္၊ အင္စတက္ဂရမ္၊
တစ္တုတ္စတဲ့ ကမာၻသုံးလူမႈကြန္ရက္ေတြအားလုံးမွာ အေကာင့္ေတြဖြင့္ထားတယ္ေလ။

နာမည်ကြီးအောင် သူ ဘယ်လိုလုပ်သလဲ။ ယောက်ျားတွေချည်းပဲ စိုးမိုးလေ့ရှိတဲ့ကားလောကမှာ အခုလိုအောင်မြင်အောင်လုပ်ရတာဟာ အမျိုး သမီးတစ်ယောက်အတွက် မလွယ်ရေးချမလွယ်ပါဘူး။ ဒီအလုပ်ကိုအချိန် ပြည့်ဇောက်ချမလုပ်ခင်ကတည်းကိုက သူက ကားလောကမှာအဆက်အ သွယ်တွေရနေပါပြီ။ ဒါကြောင့်လည်းဘန်ထလေဆိုတဲ့ကားကုမ္ပဏီကြီးက သူ့ကိုလာကမ်းလှမ်းတာပေါ့။ ဒီလိုနဲ့တခြားကားကုမ္ပဏီကြီးတွေဆီကပါ ယုံကြည်မှုရအောင် သူကလုပ်ပြလာနိုင်ပါတယ်။ အသစ်ထွက်သမျှကားအကောင်းစားတွေကို သူက စမ်းမောင်းပြပြီး အွန်လိုင်းပေါ်တင်တယ်လေ။ သူက ကားတွေကိုသာအရူးအမူးစိတ်ဝင်စားပေမယ့် စက်ပိုင်းဆိုင် ရာကိုတော့ ဘာမှနားမလည်လှပါဘူး။ ဒါကြောင့် သူက ကားအကြောင်း တင်ဆက်တဲ့အခါမှာ ကားခရေစီအမျိုးသမီးတွေရဲ့အမြင်ကနေပဲ တင် ဆက်ပါတယ်။ ကားချစ်သူ အများစုကလည်း ကားရဲ့အလှအပ၊ ဒီဇိုင်း၊ ထူးခြားမှုအပေါ်မှာပဲ စိတ်ဝင်စားပါတယ်။ ကားကျွမ်းကျင်သူအမျိုးသားတွေ တင်ဆက်တဲ့အခါ၊ ရှင်းပြတဲ့အခါမှာတော့ သူတို့က ကားစက်ပိုင်းအ ကြောင်းကိုပဲ အဓိကထားပြောပြလေ့ရှိပါတယ်။ ကားစက်ပိုင်းအကြောင်းကို ကားချစ်သူအများစုက နားလည်း မလည်သလို၊ စိတ်လည်း မဝင်စားကြပါဘူး။ ဒီအချက်ကို အဲလက်စ်ဟာ့စ်ချီက ကောင်းကောင်းသိလို့ ကားအကြောင်း တင်ဆက်ရင်ကားချစ်သူ အများစုစိတ်ဝင်စားမယ့်အရာတွေကိုပဲ အသားပေးတင်ဆက်ပါတယ်။ ဒါကြောင့်ပဲသူဟာ နှစ်ပိုင်းလေးအ တွင်းမှာ စိတ်တူကိုယ်တူပရိသတ်တွေအများကြီးရသွားပြီး အောင်မြင်သွားတော့တာပါ။
zawgyi version
နာမည္ႀကီးေအာင္ သူ ဘယ္လိုလုပ္သလဲ။ ေယာက္်ားေတြခ်ည္းပဲ စိုးမိုးေလ့ရွိတဲ့ကားေလာကမွာ အခုလိုေအာင္ျမင္ေအာင္လုပ္ရတာဟာ အမ်ိဳး သမီးတစ္ေယာက္အတြက္ မလြယ္ေရးခ်မလြယ္ပါဘူး။ ဒီအလုပ္ကိုအခ်ိန္ ျပည့္ေဇာက္ခ်မလုပ္ခင္ကတည္းကိုက သူက ကားေလာကမွာအဆက္အ သြယ္ေတြရေနပါၿပီ။ ဒါေၾကာင့္လည္းဘန္ထေလဆိုတဲ့ကားကုမၸဏီႀကီးက သူ႔ကိုလာကမ္းလွမ္းတာေပါ့။ ဒီလိုနဲ႔တျခားကားကုမၸဏီႀကီးေတြဆီကပါ ယုံၾကည္မႈရေအာင္ သူကလုပ္ျပလာႏိုင္ပါတယ္။ အသစ္ထြက္သမွ်ကားအေကာင္းစားေတြကို သူက စမ္းေမာင္းျပၿပီး အြန္လိုင္းေပၚတင္တယ္ေလ။ သူက ကားေတြကိုသာအ႐ူးအမူးစိတ္ဝင္စားေပမယ့္ စက္ပိုင္းဆိုင္ ရာကိုေတာ့ ဘာမွနားမလည္လွပါဘူး။ ဒါေၾကာင့္ သူက ကားအေၾကာင္း တင္ဆက္တဲ့အခါမွာ ကားခေရစီအမ်ိဳးသမီးေတြရဲ႕အျမင္ကေနပဲ တင္ ဆက္ပါတယ္။ ကားခ်စ္သူ အမ်ားစုကလည္း ကားရဲ႕အလွအပ၊ ဒီဇိုင္း၊ ထူးျခားမႈအေပၚမွာပဲ စိတ္ဝင္စားပါတယ္။ ကားကြၽမ္းက်င္သူအမ်ိဳးသားေတြ တင္ဆက္တဲ့အခါ၊ ရွင္းျပတဲ့အခါမွာေတာ့ သူတို႔က ကားစက္ပိုင္းအ ေၾကာင္းကိုပဲ အဓိကထားေျပာျပေလ့ရွိပါတယ္။ ကားစက္ပိုင္းအေၾကာင္းကို ကားခ်စ္သူအမ်ားစုက နားလည္း မလည္သလို၊ စိတ္လည္း မဝင္စားၾကပါဘူး။ ဒီအခ်က္ကို အဲလက္စ္ဟာ့စ္ခ်ီက ေကာင္းေကာင္းသိလို႔ ကားအေၾကာင္း တင္ဆက္ရင္ကားခ်စ္သူ အမ်ားစုစိတ္ဝင္စားမယ့္အရာေတြကိုပဲ အသားေပးတင္ဆက္ပါတယ္။ ဒါေၾကာင့္ပဲသူဟာ ႏွစ္ပိုင္းေလးအ တြင္းမွာ စိတ္တူကိုယ္တူပရိသတ္ေတြအမ်ားႀကီးရသြားၿပီး ေအာင္ျမင္သြားေတာ့တာပါ။

သူဟာ ကားအကြောင်း ကျွမ်းကျင်သူမဟုတ်ဘဲ ကားအကြောင်းစိတ်ဝင် စားစရာကောင်းအောင် တင်ဆက်သူသာဖြစ်တယ်လို့ သူကိုယ်တိုင်က ဝန် ခံထားပါတယ်။ သူက ကားတစ်စီးအကြောင်းတင်ဆက်တော့မယ်ဆိုရင်
အခုမှ ကားစမောင်းမယ့် လူလို့ကိုယ့်ကိုယ်ကိုယ်စိတ်သွင်းထားပြီး တင်ဆက်ပါတယ်။ ပြီးတော့ လူတွေကရိုက်ချက် အရမ်းကောင်းတဲ့တင်ဆက်ပုံမျိုးကို ကြည့်ချင်တာမဟုတ်ဘဲ ကိုယ်တိုင်ကားလိုက်မောင်းနေရသလို ခံစားချက်မျိုးပေးနိုင်တဲ့ တင်ဆက်ပုံမျိုးကိုပဲကြည့်ချင်ကြတာပါ။ ဒီအချက်ကိုလည်းအဲလက်စ်က ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။ ပြီးတော့ သူကဗီဒီယိုတွေကိုလည်းပုံမှန်မပျက်မကွက်တင်ပါတယ်။ ဒါဟာလည်း အောင်မြင်တဲ့ ဗလော့ဂါ Vlogger တစ်ယောက်ဖြစ်ရေးမှာ အင်မ တန်ကိုမှ အရေးကြီးတဲ့အချက်ပါပဲ။ ဒီကြားထဲမှာ သူ့ကိုအမျိုးသမီးရယ်လို့ ဝေဖန်တိုက်ခိုက်တာတွေလည်း အများကြီးခံရပါသေးတယ်။ အမျိုးသားတွေကြီးစိုးတဲ့ လောကမှာအမျိုးသမီးတစ်ယောက်တိုးဝင်လာတော့ ဝိုင်းကြဉ်တာတွေ၊ ဝိုင်းလှောင်တာတွေ၊ ဝိုင်းကဲ့ရဲ့တာတွေလုပ်ကြတာပေါ့။ ဒါ့အပြင် အွန်လိုင်းမှာလည်း မလိုတမာ အပြောတွေ အများကြီး အပြောခံရပါတယ်။ အဲဒီဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ခဲ့လို့သာ အဲလက်စ်ဟာ အခုလို
နာမည်အကြီးဆုံးအမျိုးသမီး Car Influencer ဖြစ်လာပြီး သန်းကြွယ်သူ ဋ္ဌေးမအဆင့်ကို ရောက်သွားတာပါ။ ကမ္ဘာသုံးလူမှုကွန်ရက်တွေမှာ သူက
ပရိသတ်တွေ သန်းနဲ့ချီရထားတော့ သူ့အကောင့်ကနေကားကြော်ငြာပို့စ် တစ်ခုတင်ပေးရင်ဒေါ်လာသန်းနဲ့ချီ ငွေဝင်နေပြီလေ။ ဒီတော့ အခုဆိုရင် အသက် ၃၅ နှစ်အရွယ် အဲလက်စ်ဟာဝါသနာနဲ့အလုပ် ထပ်တူကျပြီး စိတ်ချမ်းသာသလို လူလည်းချမ်းသာနေပါပြီ။
zawgyi version
သူဟာ ကားအေၾကာင္း ကြၽမ္းက်င္သူမဟုတ္ဘဲ ကားအေၾကာင္းစိတ္ဝင္ စားစရာေကာင္းေအာင္ တင္ဆက္သူသာျဖစ္တယ္လို႔ သူကိုယ္တိုင္က ဝန္ ခံထားပါတယ္။ သူက ကားတစ္စီးအေၾကာင္းတင္ဆက္ေတာ့မယ္ဆိုရင္ အခုမွ ကားစေမာင္းမယ့္ လူလို႔ကိုယ့္ကိုယ္ကိုယ္စိတ္သြင္းထားၿပီး တင္ဆက္ပါတယ္။ ၿပီးေတာ့ လူေတြက႐ိုက္ခ်က္ အရမ္းေကာင္းတဲ့တင္ဆက္ပုံမ်ိဳးကို ၾကည့္ခ်င္တာမဟုတ္ဘဲ ကိုယ္တိုင္ကားလိုက္ေမာင္းေနရသလို ခံစားခ်က္မ်ိဳးေပးႏိုင္တဲ့ တင္ဆက္ပုံမ်ိဳးကိုပဲၾကည့္ခ်င္ၾကတာပါ။ ဒီအခ်က္ကိုလည္းအဲလက္စ္က ေကာင္းေကာင္းႀကီး သေဘာေပါက္ပါတယ္။ ၿပီးေတာ့ သူကဗီဒီယိုေတြကိုလည္းပုံမွန္မပ်က္မကြက္တင္ပါတယ္။ ဒါဟာလည္း ေအာင္ျမင္တဲ့ ဗေလာ့ဂါ Vlogger တစ္ေယာက္ျဖစ္ေရးမွာ အင္မ တန္ကိုမွ အေရးႀကီးတဲ့အခ်က္ပါပဲ။ ဒီၾကားထဲမွာ သူ႔ကိုအမ်ိဳးသမီးရယ္လို႔ ေဝဖန္တိုက္ခိုက္တာေတြလည္း အမ်ားႀကီးခံရပါေသးတယ္။ အမ်ိဳးသားေတြႀကီးစိုးတဲ့ ေလာကမွာအမ်ိဳးသမီးတစ္ေယာက္တိုးဝင္လာေတာ့ ဝိုင္းၾကဥ္တာေတြ၊ ဝိုင္းေလွာင္တာေတြ၊ ဝိုင္းကဲ့ရဲ႕တာေတြလုပ္ၾကတာေပါ့။ ဒါ့အျပင္ အြန္လိုင္းမွာလည္း မလိုတမာ အေျပာေတြ အမ်ားႀကီး အေျပာခံရပါတယ္။ အဲဒီဒဏ္ေတြကို ႀကံ့ႀကံ့ခံႏိုင္ခဲ့လို႔သာ အဲလက္စ္ဟာ အခုလို
နာမည္အႀကီးဆုံးအမ်ိဳးသမီး Car Influencer ျဖစ္လာၿပီး သန္းႂကြယ္သူ ေ႒းမအဆင့္ကို ေရာက္သြားတာပါ။ ကမာၻသုံးလူမႈကြန္ရက္ေတြမွာ သူက
ပရိသတ္ေတြ သန္းနဲ႔ခ်ီရထားေတာ့ သူ႔အေကာင့္ကေနကားေၾကာ္ျငာပို႔စ္ တစ္ခုတင္ေပးရင္ေဒၚလာသန္းနဲ႔ခ်ီ ေငြဝင္ေနၿပီေလ။ ဒီေတာ့ အခုဆိုရင္ အသက္ ၃၅ ႏွစ္အ႐ြယ္ အဲလက္စ္ဟာဝါသနာနဲ႔အလုပ္ ထပ္တူက်ၿပီး စိတ္ခ်မ္းသာသလို လူလည္းခ်မ္းသာေနပါၿပီ။