ရုရှားက ဂျပန်ဘီလီယံနာသူဋ္ဌေးကြီးကို နိုင်ငံတကာအာကာသစခန်းကိုသွားနိုင်ဖို့ကူညီဆောင်ရွက်ပေးပြီး အာကာသခရီးသွားလုပ်ငန်းကိုပြန်လည်လုပ်ကိုင်

 888

ဂျန်ဇက်(NP News) - ဒီဇင်ဘာ ၇
ရုရှားနိုင်ငံဟာ ဂျပန်ဘီလီယံနာသူဋ္ဌေးကြီး ယူဆာကူ မဲဇာဝါကို နိုင်ငံတ ကာ အာကာသစခန်းကို ဒီဇင်ဘာလ(၈)ရက်မှာစေလွှတ်ပို့ဆောင်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ ရုရှားနိုင်ငံဟာ ဆယ်စုနှစ်ကျော်နိုင်ငံတကာအာကာသခရီးသွားလာရေးလုပ်ငန်းစဉ်ကို ရပ်နားခဲ့ပေမယ့်လက်ရှိအ ချိန်မှာ နိုင်ငံတကာအာကာသခရီးသွားလုပ်ငန်းကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်တယ်လို့သိရပါတယ်။

ဂျပန်နိုင်ငံရဲ့အချမ်းသာဆုံးသူတစ်ဦးဖြစ်တဲ့ မဲဇာဝါဟာ သူရဲ့လက် ထောက်တစ်ဦးဖြစ်သူ ယိုဇိုဟီနာနိုနဲ့အတူ ကာဇက်စတန်နိုင်ငံရှိ အာကာ သလွှတ်တင်ရေးစခန်းက အာကာသယာဉ်နဲ့လိုက်ပါသွားမှာဖြစ်တယ်လို့သိရပါတယ်။ မဲဇာဝါတို့လိုက်ပါမယ့် အာကာသယာဉ်ကို ဂျပန်နိုင်ငံအလံလွှင့်ထူထားသလို ဂျပန်ဘီလီယံနာသူဋ္ဌေးကြီးရဲ့ အမည်အတိုကောက် MZ လိုဂိုကို အာကာသယာဉ်မှာကပ်ထားခဲ့ပေမယ့် ပုံမှန်မဟုတ်တဲ့ ရာသီ ဥတုဆိုစွတ်မှုအခြေနေတွေကြောင့် လိုဂိုကိုပြောင်းခဲ့ရတယ်လို့သိရပါတယ်။

ရုရှားနိုင်ငံဟာ ၂ဝဝ၉ ခုနှစ်က ကနေဒါအခြေစိုက် Cirque du Soleil ကုမ္ပဏီပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ ဘီလီနာသူဋ္ဌေးကြီးကိုအာ ကာသထဲပို့ဆောင်ပေးခဲ့ပြီးနောက်ပိုင်း အာကာသခရီးသွားလုပ်ငန်းကိုမလုပ်ကိုင်ဘဲရပ်နားနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရုရှားအာကာသအေ ဂျင်စီဖြစ်တဲ့ Roscosmos ဟာပြီးခဲ့တဲ့အောက်တိုဘာလကနာမည်ကျော် မင်းသမီး Yulia Peresild နဲ့ ဒါရိုက်တာ Klim Shipenko တို့ကိုကမ္ဘာပတ်လမ်းကြောင်းထဲ ပထမဆုံးအကြိမ်ရုပ်ရှင်ရိုက်ကူးနိုင်ဖို့ နိုင်ငံတကာ အာကာသစခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ ဂျပန်ဘီလီယံနာကို ပို့ဆောင်ပေးတဲ့ ခရီးစဉ်ဟာ ရုရှားနိုင်ငံအနေနဲ့ခေတ်သစ်အာကာ သခရီးသွားလုပ်ငန်းပြိုင်ဆိုင်မှုတွေမှာ အနောက်နိုင်ငံတွေကပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။ ဂျပန်ဘီလီယံနာသူဋ္ဌေးကြီးဟာ အာကာသထဲသွားရောက်လှည်ပတ်တဲ့ခရီးစဉ်ကို documentary ရိုက်ကူးပြီး ၎င်းရဲ့ Youtube ချန်နယ်က ပြန်လည်ပြသဖို့ စီစဉ်ထားရာ ၎င်းရဲ့အာကာသထဲသွားရောက်လှည့်ပတ်တဲ့ခရီးစဉ်က (၁၂) ရက်ကြာမြင့်မှာဖြစ်ပါတယ်။ ဂျပန်ဘီလီယံနာသူဋ္ဌေးကြီးယူဆာကူ မဲဇာဝါရဲ့ Youtube ချန်နယ်ဟာ လက်ရှိအချိန်မှာ subscribers ပေါင်း ၇၅ဝဝဝဝ ကျော်ရှိကြောင်းသိရပါတယ်။

zawgyi version
႐ုရွားက ဂ်ပန္ဘီလီယံနာသူေ႒းႀကီးကို ႏိုင္ငံတကာအာကာသစခန္းကိုသြားႏိုင္ဖို႔ကူညီေဆာင္႐ြက္ေပးၿပီး အာကာသခရီးသြားလုပ္ငန္းကိုျပန္လည္လုပ္ကိုင္
ဂ်န္ဇက္(NP News) - ဒီဇင္ဘာ ၇
႐ုရွားႏိုင္ငံဟာ ဂ်ပန္ဘီလီယံနာသူေ႒းႀကီး ယူဆာကူ မဲဇာဝါကို ႏိုင္ငံတ ကာ အာကာသစခန္းကို ဒီဇင္ဘာလ(၈)ရက္မွာေစလႊတ္ပို႔ေဆာင္ေပးမွာျဖစ္တယ္လို႔သိရပါတယ္။ ႐ုရွားႏိုင္ငံဟာ ဆယ္စုႏွစ္ေက်ာ္ႏိုင္ငံတကာအာကာသခရီးသြားလာေရးလုပ္ငန္းစဥ္ကို ရပ္နားခဲ့ေပမယ့္လက္ရွိအ ခ်ိန္မွာ ႏိုင္ငံတကာအာကာသခရီးသြားလုပ္ငန္းကို ျပန္လည္လုပ္ကိုင္ေနၿပီျဖစ္တယ္လို႔သိရပါတယ္။

ဂ်ပန္ႏိုင္ငံရဲ႕အခ်မ္းသာဆုံးသူတစ္ဦးျဖစ္တဲ့ မဲဇာဝါဟာ သူရဲ႕လက္ ေထာက္တစ္ဦးျဖစ္သူ ယိုဇိုဟီနာႏိုနဲ႔အတူ ကာဇက္စတန္ႏိုင္ငံရွိ အာကာ သလႊတ္တင္ေရးစခန္းက အာကာသယာဥ္နဲ႔လိုက္ပါသြားမွာျဖစ္တယ္လို႔သိရပါတယ္။ မဲဇာဝါတို႔လိုက္ပါမယ့္ အာကာသယာဥ္ကို ဂ်ပန္ႏိုင္ငံအလံလႊင့္ထူထားသလို ဂ်ပန္ဘီလီယံနာသူေ႒းႀကီးရဲ႕ အမည္အတိုေကာက္ MZ လိုဂိုကို အာကာသယာဥ္မွာကပ္ထားခဲ့ေပမယ့္ ပုံမွန္မဟုတ္တဲ့ ရာသီ ဥတုဆိုစြတ္မႈအေျခေနေတြေၾကာင့္ လိုဂိုကိုေျပာင္းခဲ့ရတယ္လို႔သိရပါတယ္။

႐ုရွားႏိုင္ငံဟာ ၂ဝဝ၉ ခုႏွစ္က ကေနဒါအေျခစိုက္ Cirque du Soleil ကုမၸဏီပူးတြဲတည္ေထာင္သူတစ္ဦးျဖစ္တဲ့ ဘီလီနာသူေ႒းႀကီးကိုအာ ကာသထဲပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ပိုင္း အာကာသခရီးသြားလုပ္ငန္းကိုမလုပ္ကိုင္ဘဲရပ္နားေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ႐ုရွားအာကာသေအ ဂ်င္စီျဖစ္တဲ့ Roscosmos ဟာၿပီးခဲ့တဲ့ေအာက္တိုဘာလကနာမည္ေက်ာ္ မင္းသမီး Yulia Peresild နဲ႔ ဒါ႐ိုက္တာ Klim Shipenko တို႔ကိုကမာၻပတ္လမ္းေၾကာင္းထဲ ပထမဆုံးအႀကိမ္႐ုပ္ရွင္႐ိုက္ကူးႏိုင္ဖို႔ ႏိုင္ငံတကာ အာကာသစခန္းကို ပို႔ေဆာင္ေပးခဲ့တယ္လို႔သိရပါတယ္။ ဂ်ပန္ဘီလီယံနာကို ပို႔ေဆာင္ေပးတဲ့ ခရီးစဥ္ဟာ ႐ုရွားႏိုင္ငံအေနနဲ႔ေခတ္သစ္အာကာ သခရီးသြားလုပ္ငန္းၿပိဳင္ဆိုင္မႈေတြမွာ အေနာက္ႏိုင္ငံေတြကၿပိဳင္ဘက္ေတြနဲ႔ယွဥ္ၿပိဳင္ဖို႔ ႀကိဳးပမ္းလာတာျဖစ္ပါတယ္။ ဂ်ပန္ဘီလီယံနာသူေ႒းႀကီးဟာ အာကာသထဲသြားေရာက္လွည္ပတ္တဲ့ခရီးစဥ္ကို documentary ႐ိုက္ကူးၿပီး ၎ရဲ႕ Youtube ခ်န္နယ္က ျပန္လည္ျပသဖို႔ စီစဥ္ထားရာ ၎ရဲ႕အာကာသထဲသြားေရာက္လွည့္ပတ္တဲ့ခရီးစဥ္က (၁၂) ရက္ၾကာျမင့္မွာျဖစ္ပါတယ္။ ဂ်ပန္ဘီလီယံနာသူေ႒းႀကီးယူဆာကူ မဲဇာဝါရဲ႕ Youtube ခ်န္နယ္ဟာ လက္ရွိအခ်ိန္မွာ subscribers ေပါင္း ၇၅ဝဝဝဝ ေက်ာ္ရွိေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.