ရုရှားနိုင်ငံပြိုလဲမည်ဆိုပါက ယူဂိုဆလားဗီးယားထက် သွေးထွက်သံယိုပိုများနိုင်ကြောင်း ပူတင်ပြော

 3127

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၃
ရုရှားနိုင်ငံရဲ့ပြိုလဲမှုအကျိုးဆက်တွေဟာ ယခင်ယူဂိုဆလားဗီးယားနိုင်ငံထက် ပိုမိုပြင်းထန်ပြီးသွေးထွက်သံယို ဖြစ်နိုင်ကြောင်း ရုရှားသမ္မတဗ လာဒီမာပူတင်က Rossiya-1 တီဗီချန်နယ်၊ "Russia: Its Recent History" အမည်ရှိ မှတ်တမ်းရုပ်ရှင်အတွက် တနင်္ဂနွေနေ့(ဒီဇင်ဘာလ ၁၂ ရက်)က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်ုပ်တို့အရမ်းစိတ်မကောင်းဖြစ်ရပါတယ်၊ မွေးနှုန်းကိုမြှင့်တင်ဖို့ထက် အခုအသက်ရှင်ဖို့တိုက်ပွဲဝင်ရဦးမယ်၊ ရုရှားအတွက် အကျိုးဆက်တွေက တော့ ရုရှားသာမကဘဲ ရုရှားမှာနေထိုင်တဲ့တခြားနိုင်ငံတွေအားလုံးဟာ ယူဂိုဆလားဗီးယားထက် ပိုပြင်းထန်ပြီးသွေးထွက်သံယိုဖြစ်စေမှာပါ”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ "ကျွန်ုပ်တို့ဟာ ရန်သူတွေကိုလိုက်ရှာနေတယ်လို့ အကြောင်းပြချက်မပေးဘဲ သိမ်သိမ်မွေ့မွေ့နဲ့ပြောချင်ပါတယ်၊ ကျွန်တော် FSB (Federal Security Service - TASS) ဒါရိုက်တာ ဖြစ် စဉ်အချိန်က အဲဒါကိုကိုယ့်မျက်စိနဲ့မြင်ခဲ့တာသေချာပါတယ်။ အနောက် အုပ်စုကတပ်ဖွဲ့တွေက ရုရှားကိုပြိုလဲစေချင်တယ်၊ ခွဲထွက်ရေးသမားတွေ၊ ဓားပြတွေနဲ့အကြမ်းဖက်သမားတွေကို ရုရှားကိုလှုပ်နှိုးဖို့ နှမြောတ သမနေဘဲ ခွဲထွက်ရေးတွေကို တိုက်ရိုက်ပံ့ပိုးပေးစေချင်တယ်၊ အဲဒါက ကျွန်တော့်အတွက် လုံးဝကိုထင်ရှားတဲ့ကိစ္စပဲ”လို့ ၎င်းကထပ်လောင်းပြောကြားခဲ့ပါတယ်။

ယင်းအပြင် ၁၉၉ဝ ခုနှစ်များအတွင်း ကော့ကေးဆပ်ခွဲထွက်ရေးဝါဒဟာ ဒုတိယကမ္ဘာစစ်အပြီး လူများကိုအတင်းအကျပ်ရွှေ့ပြောင်းစေခြင်းမှ ပေါက်ဖွားလာခဲ့ခြင်းဖြစ်ကြောင်း၊ မြောက်ကော့ကေးဆပ်မှာအရှေ့အ လယ်ပိုင်းက အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံနဲ့အကြမ်းဖက်သမားတွေ ပြည့်လျှံနေကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေနဲ့အတူ တိုင်းပြည်ဟာ နိုင်ငံတကာအကြမ်းဖက်ဝါဒရဲ့ရန်လိုမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး တကယ်တော့ပြည်တွင်းစစ်ဟာ သွေးထွက်သံယိုရက်စက်ကြမ်း ကြုတ်လွန်းလှကြောင်း သမ္မတက ပြောကြားခဲ့ပါတယ်။

zawgyi version



© 2021. All rights reserved.