ဂျပန်နီပွန်ဖောင်ဒေးရှင်းမှ မြန်မာအတွက်လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးနှစ်သန်းအနက် တစ်သန်း ယခုလတွင် ရောက်ရှိမည်

 805

ဓါတ်ပုံ- ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါ၏ နိုဝင် ဘာလမြန်မာခရီးစဉ်အတွင်း နစကဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်

NP News - ဒီဇင်ဘာ ၁၄
ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးနှစ်သန်း လှူဒါန်းပေးမည်ဖြစ်ပြီး ယခု ဒီဇင်ဘာလတွင် တစ်သန်းရောက်ရှိမည်ဖြစ်ကာ ကျန်တစ်သန်းသည် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါသည် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ၎င်း၏မြန်မာခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးများ လှူဒါန်းသွားမည်ဖြစ်ပြီး အတတ်နိုင်ဆုံးအမြန်ဆုံးရောက်ရှိအောင်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တဆင့်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းေ ပြောကြားခဲ့သည်။

ပြည်ပနိုင်ငံများမှ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူမှု၊ လှူဒါန်းမှုများအပြင် ပုဂ္ဂလိက လှူဒါန်းမှုများနှင့် မြန်မာ-တရုတ် နယ်စပ်ဒေသအတွက် တရုတ်-မြန်မာချစ်ကြည်ရေးအသင်းမှ လှူဒါန်းပေးမှုများအပါအဝင် ကာကွယ်ဆေးများ လက်ခံရရှိမှုအနေဖြင့် အကြိမ်ရေ (၄၂) သန်းကျော်ရှိပြီဖြစ်ပြီး ပြည်တွင်း၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသည့် အကြိမ်အရေအတွက်သည် (၃၁) သန်းရှိပြီဖြစ်ကာ အကြိမ်ရေ (၁၁) သန်းကျော် Doses ကျန်ရှိသေးကြောင်းသိရသည်။ ထို့ပြင် ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးတစ်သန်းသည်လည်း ယခုလအတွင်း ရောက်ရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံကလည်း ကာကွယ်ဆေးများ ထပ်မံလှူဒါန်းပေးရန်ရှိကြောင်း သိရသည်။

နစကအနေဖြင့် ယခုနှစ်မကုန်ခင် ဒီဇင်ဘာလအတွင်း တစ်နိုင်ငံလုံအတိုင်းအတာအရ အသက်(၁၈)နှစ်အထက် လူဦးရေ၏(၅ဝ)ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုခဲ့သည့်နည်းတူ ယခုအနေအထားကိုကြည့် ခြင်းအားဖြင့် ယခင်မျှော်မှန်းထားသည်ထက် ကျော်လွန်နိုင်မည်ဟု ယူဆရကြောင်း နစကဥက္ကဋ္ဌက ဒီဇင်ဘာလ(၁၃) ရက်တွင် ပြောသည်။

သို့သော် ပြည်တွင်း ကိုဗစ်ကူးစက်မှုအခြေအနေသည် တည်ငြိမ်မှုမရှိသေးသည်ကို တွေ့ရပြီး ဒီဇင်ဘာလ (၁၃) ရက်တွင် ကိုဗစ်ကူးစက်မှု(၂) ရာခိုင်နှုန်းအထက်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အသီးအသီးရှိ မြို့နယ်၊ ရပ်ကွက်တာဝန်ရှိသူများအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အားနာမှုမရှိဘဲ စနစ်တကျ လုပ်ဆောင်ရ မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။

Zawgyi Version;
ဂ်ပန္နီပြန္ေဖာင္ေဒးရွင္းမွ ျမန္မာအတြက္လႉဒါန္းသည့္ ကိုဗစ္ကာကြယ္ေဆးႏွစ္သန္းအနက္ တစ္သန္း ယခုလတြင္ ေရာက္ရွိမည္
NP News - ဒီဇင္ဘာ ၁၄
ဂ်ပန္ႏိုင္ငံ နီပြန္ေဖာင္ေဒးရွင္းမွ ျမန္မာႏိုင္ငံအတြက္ ကိုဗစ္ကာကြယ္ေဆးႏွစ္သန္း လႉဒါန္းေပးမည္ျဖစ္ၿပီး ယခု ဒီဇင္ဘာလတြင္ တစ္သန္းေရာက္ရွိမည္ျဖစ္ကာ က်န္တစ္သန္းသည္ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလအတြင္း ေရာက္ရွိမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးက တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။

နီပြန္ေဖာင္ေဒးရွင္းဥကၠ႒ ဆာဆာကာဝါသည္ ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက ၎၏ျမန္မာခရီးစဥ္အတြင္း ျမန္မာႏိုင္ငံအတြက္ ကိုဗစ္ကာကြယ္ေဆးမ်ား လႉဒါန္းသြားမည္ျဖစ္ၿပီး အတတ္ႏိုင္ဆုံးအျမန္ဆုံးေရာက္ရွိေအာင္ႀကိဳးစားေဆာင္႐ြက္သြားမည္ျဖစ္ကာ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းမွ တဆင့္လႉဒါန္းေပးသြားမည္ျဖစ္ေၾကာင္းေ ေျပာၾကားခဲ့သည္။

ျပည္ပႏိုင္ငံမ်ားမွ ကိုဗစ္ကာကြယ္ေဆး ဝယ္ယူမႈ၊ လႉဒါန္းမႈမ်ားအျပင္ ပုဂၢလိက လႉဒါန္းမႈမ်ားႏွင့္ ျမန္မာ-တ႐ုတ္ နယ္စပ္ေဒသအတြက္ တ႐ုတ္-ျမန္မာခ်စ္ၾကည္ေရးအသင္းမွ လႉဒါန္းေပးမႈမ်ားအပါအဝင္ ကာကြယ္ေဆးမ်ား လက္ခံရရွိမႈအေနျဖင့္ အႀကိမ္ေရ (၄၂) သန္းေက်ာ္ရွိၿပီျဖစ္ၿပီး ျပည္တြင္း၌ ကိုဗစ္ကာကြယ္ေဆးထိုးႏွံၿပီးသည့္ အႀကိမ္အေရအတြက္သည္ (၃၁) သန္းရွိၿပီျဖစ္ကာ အႀကိမ္ေရ (၁၁) သန္းေက်ာ္ Doses က်န္ရွိေသးေၾကာင္းသိရသည္။ ထို႔ျပင္ ႐ုရွားႏိုင္ငံမွ ဝယ္ယူထားသည့္ ကာကြယ္ေဆးတစ္သန္းသည္လည္း ယခုလအတြင္း ေရာက္ရွိမည္ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံကလည္း ကာကြယ္ေဆးမ်ား ထပ္မံလႉဒါန္းေပးရန္ရွိေၾကာင္း သိရသည္။

နစကအေနျဖင့္ ယခုႏွစ္မကုန္ခင္ ဒီဇင္ဘာလအတြင္း တစ္ႏိုင္ငံလုံအတိုင္းအတာအရ အသက္(၁၈)ႏွစ္အထက္ လူဦးေရ၏(၅ဝ)ရာခိုင္ႏႈန္းကို ကိုဗစ္ကာကြယ္ေဆးထိုးႏွံေပးႏိုင္ရန္ ေဆာင္႐ြက္သြားမည္ဟု ဆိုခဲ့သည့္နည္းတူ ယခုအေနအထားကိုၾကည့္ ျခင္းအားျဖင့္ ယခင္ေမွ်ာ္မွန္းထားသည္ထက္ ေက်ာ္လြန္ႏိုင္မည္ဟု ယူဆရေၾကာင္း နစကဥကၠ႒က ဒီဇင္ဘာလ(၁၃) ရက္တြင္ ေျပာသည္။

သို႔ေသာ္ ျပည္တြင္း ကိုဗစ္ကူးစက္မႈအေျခအေနသည္ တည္ၿငိမ္မႈမရွိေသးသည္ကို ေတြ႕ရၿပီး ဒီဇင္ဘာလ (၁၃) ရက္တြင္ ကိုဗစ္ကူးစက္မႈ(၂) ရာခိုင္ႏႈန္းအထက္သို႔ ျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ျပည္နယ္အသီးအသီးရွိ ၿမိဳ႕နယ္၊ ရပ္ကြက္တာဝန္ရွိသူမ်ားအေနျဖင့္ ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္မ်ားေဆာင္႐ြက္ရာတြင္ အားနာမႈမရွိဘဲ စနစ္တက် လုပ္ေဆာင္ရ မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.