ယခု ၂၀၂၂ ခုနှစ် ရက်ပိုင်းအတွင်း မြန်မာတစ်နိုင်ငံလုံး၌ မီးလောင်မှုဖြစ်စဉ်(၈)ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ရန်ကုန်နှင့် မန္တလေးတို့တွင် အများဆုံးဖြစ်ပွား

630

ထက်ကြီး (NP News) - ဇန်နဝါရီ ၃
ယခု ၂၀၂၂ ခုနှစ် နှစ်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ မီးလောင်မှုဖြစ်စဉ် (၈) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။
ယနေ့ ဇန်နဝါရီ (၃) ရက် နံနက်ပိုင်းအချိန်များတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁ဝ) ရပ်ကွက်၊ ဓမ္မစေတီလမ်းနှင့်အင်းယားလမ်းထောင်ရှိ အဆောက်အဦးတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့်အပြင် သုံးခွမြို့နယ်၊ အမှတ်(၉)ရပ်ကွက်တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အတူ ယနေ့ ဇန်နဝါရီ (၃) ရက် နံနက် (၅) နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ (၁၃ဝ) လမ်းနှင့် အေးသုခလမ်းကြားရှိ Eco Max တာယာပြန်ကြိတ်စက်ရုံတွင်လည်း (၂ဝ) မိနစ်နီးပါးကြာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက် ဗြဟ္မာစာရီကျောင်းတိုက်အနီးတွင်လည်း ယနေ့ ဇန်နဝါရီ (၃( ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဆက်လက်ပြီး ဇန်နဝါရီ (၂) ရက်အတွင်းတွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုံရှိ သံချပ်ဝန်ဦးမြင့်ဦးလမ်းတွင် မြက်ခြောက်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ လှိုင်သာယာရပ်ကွက်ရှိ ကျောက်ဂူရေထွက်တောရကျောင်းတိုက်ရှိ ဆွမ်းစားဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မြို့နယ်ရှိ လသာအောက်ရွာတွင်လည်း ဇန်နဝါရီ (၂) ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ (၁) ရက်တွင်လည်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့အတွင်းရှိ ငှက်ပျောတောကွင်းကျေးရွာအုပ်စု၊ ငှက်ပျောတောကွင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
Zawgyi Version;
ယခု ၂၀၂၂ ခုႏွစ္ ရက္ပိုင္းအတြင္း ျမန္မာတစ္ႏိုင္ငံလုံး၌ မီးေလာင္မႈျဖစ္စဥ္(၈)ႀကိမ္ထက္မနည္းျဖစ္ပြားခဲ့ၿပီး ရန္ကုန္ႏွင့္ မႏၲေလးတို႔တြင္ အမ်ားဆုံးျဖစ္ပြား
ထက္ႀကီး (NP News) - ဇန္နဝါရီ ၃
ယခု ၂၀၂၂ ခုႏွစ္ ႏွစ္ရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံတစ္ႏိုင္ငံလုံး၌ မီးေလာင္မႈျဖစ္စဥ္ (၈) ႀကိမ္ထက္မနည္းျဖစ္ပြားခဲ့ၿပီး ရန္ကုန္တိုင္းႏွင့္ မႏၲေလးတိုင္းတို႔တြင္ အမ်ားဆုံးျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
ယေန႔ ဇန္နဝါရီ (၃) ရက္ နံနက္ပိုင္းအခ်ိန္မ်ားတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ အမွတ္ (၁ဝ) ရပ္ကြက္၊ ဓမၼေစတီလမ္းႏွင့္အင္းယားလမ္းေထာင္ရွိ အေဆာက္အဦးတြင္ မီးေလာင္မႈျဖစ္ပြားခဲ့သည့္အျပင္ သုံးခြၿမိဳ႕နယ္၊ အမွတ္(၉)ရပ္ကြက္တြင္လည္း မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ယေန႔ ဇန္နဝါရီ (၃) ရက္ နံနက္ (၅) နာရီအခ်ိန္ခန႔္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဆ)ရပ္ကြက္၊ (၁၃ဝ) လမ္းႏွင့္ ေအးသုခလမ္းၾကားရွိ Eco Max တာယာျပန္ႀကိတ္စက္႐ုံတြင္လည္း (၂ဝ) မိနစ္နီးပါးၾကာ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ထို႔အျပင္ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္ ျဗဟၼာစာရီေက်ာင္းတိုက္အနီးတြင္လည္း ယေန႔ ဇန္နဝါရီ (၃( ရက္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံသတ္တပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ဆက္လက္ၿပီး ဇန္နဝါရီ (၂) ရက္အတြင္းတြင္ ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္၊ စက္မႈဇုံရွိ သံခ်ပ္ဝန္ဦးျမင့္ဦးလမ္းတြင္ ျမက္ေျခာက္မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္းသိရၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္၊ လႈိင္သာယာရပ္ကြက္ရွိ ေက်ာက္ဂူေရထြက္ေတာရေက်ာင္းတိုက္ရွိ ဆြမ္းစားေဆာင္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ရခိုင္ျပည္နယ္၊ ေမာင္ေတာခ႐ိုင္ၿမိဳ႕နယ္ရွိ လသာေအာက္႐ြာတြင္လည္း ဇန္နဝါရီ (၂) ရက္ နံနက္ပိုင္းက မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ဇန္နဝါရီ (၁) ရက္တြင္လည္း ဧရာဝတီတိုင္း၊ ပုသိမ္ခ႐ိုင္၊ ေရၾကည္ၿမိဳ႕နယ္၊ အသုတ္ၿမိဳ႕အတြင္းရွိ ငွက္ေပ်ာေတာကြင္းေက်း႐ြာအုပ္စု၊ ငွက္ေပ်ာေတာကြင္းေက်း႐ြာတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။