အမေရိကန်နိုင်ငံရဲ့မဲဆန္ဒရှင်(၈၃)ရာခိုင်နှုန်းက နိုင်ငံရဲ့ဒီမိုကရေစီအနာဂတ်အတွက်စိုးရိမ်ပူပန်နေ

1507

ရောင်နီ (NP News) - ဇန်နဝါရီ ၅
အမေရိကန်မှာမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေရဲ့(၈၃)ရာခိုင်နှုန်းဟာ နိုင် ငံရဲ့ဒီမိုကရေစီအနာဂတ်အတွက် စိုးရိမ်နေကြတယ်လို့ အင်္ဂါနေ့ (ဇန်န ဝါရီလ ၄ရက်)က USA Today နဲ့ Suffolk တက္ကသိုလ်မှထုတ်ပြန်တဲ့ စစ် တမ်းတစ်ခုအရသိရပါတယ်။
အဆိုပါစစ်တမ်းမှာ အမေရိကန်နိုင်ငံသားအများစုဟာ တိုင်းပြည်ဒီမိုကရေစီအနာဂတ်အတွက် အလွန် သို့မဟုတ် အနည်းငယ်စိုးရိမ်နေကြတယ်လို့ဖော်ပြထားကြတယ်လို့သိရပါတယ်။ ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေဟာ ကက်ပီတိုအဓိကရုဏ်းနဲ့ဆန့်ကျင်ဘက်အမှတ်ရစရာတွေရှိခဲ့ပြီး ဒီမိုကရက်တစ်ပါတီရဲ့ (၈၂)ရာခိုင်နှုန်းနဲ့ ရီပတ်ဘလီကန်တွေရဲ့(၈၆)ရာခိုင်နှုန်းက ပါတီနှစ်ခုစလုံးရဲ့အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေပျံ့နှံ့နေပါတယ်။ (၁၅)ရာခိုင်နှုန်းကတော့ "သိပ်မစိုးရိမ်ဘူး" သို့မ ဟုတ် အမေရိကန် ဒီမိုကရေစီအနာဂတ်အတွက် လုံးဝစိုးရိမ်ခြင်းမရှိဘူးလို့သိရပါတယ်။
ဒီမိုကရေစီ အနာဂတ်နဲ့ပတ်သက်ပြီး ဖြေဆိုသူအများစုရဲ့အမြင်မှာ လွန်ခဲ့တဲ့လေးနှစ်အတွင်း ပိုမိုဆိုးရွားလာခဲ့ပြီး (၇၁)ရာခိုင်နှုန်းက အမေရိကန်ဒီမိုကရေစီအားနည်းသွားခဲ့ကြောင်းနဲ့(၁၈)ရာခိုင်နှုန်းက ပိုမိုအားကောင်း လာကြောင်းငြင်းခုံခဲ့ကြကာ (၆)ရာခိုင်နှုန်းကတော့ဒီအတိုင်းပဲထားခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးရှုထောင့်မှ အဆိုပါလေးနှစ်တာကာလအတွင်း ဒီမိုကရေစီမည်ကဲ့သို့ ပြောင်းလဲလာသည်နဲ့ပတ်သက်ပြီး အမေရိကန်တို့ရဲ့အမြင်ကို ခန့် မှန်းပေးခဲ့သော်လည်း တနင်္လာနေ့(ဇန်နဝါရီလ ၃ ရက်)ကထုတ်ပြန်တဲ့ NPR/Ipsos စစ်တမ်းရဲ့ရလဒ်တွေထက် ပိုလို့တောင်စိုးရိမ်စရာဖြစ်နေပြီး အမေရိကန်နိုင်ငံသား (၆၄)ရာခိုင်နှုန်းက US ဒီမိုကရေစီအကျပ်အတည်း နဲ့ ကျရှုံးနိုင်ချေရှိတယ်လို့ ယုံကြည်နေကြတာကိုတွေ့ရှိခဲ့ပါတယ်။
zawgyi version