ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက ဒေါ်လာ(၁၇) သန်းတန်ဖိုးရှိ ကိုဗစ်ကာကွယ်ဆေး Covaxin Doses နှစ်သန်း မြန်မာနိုင်ငံကို လှူဒါန်း

942

မျိုးကြီး (NP News) - ဇန်နဝါရီ ၁ဝ
ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက ဒေါ်လာ(၁၇)သန်းတန်ဖိုးရှိ ကိုဗစ်ကာကွယ်ဆေး Covaxin Doses နှစ်သန်း မြန်မာနိုင်ငံကိုလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသို့ နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေး Covaxin Doses နှစ်သန်းအနက် ပထမအသုတ်အဖြစ် တစ်သန်းကို ဇန်နဝါရီ (၉) ရက်တွင် ရန်ကုန်လေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် နီပွန်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်ဒါရိုက်တာတို့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေမှူးချုပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌတို့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် ဒုတိယအသုတ်အဖြစ် Covaxin Doses တစ်သန်းကို ဇန်နဝါရီ (၂၃) ရက်တွင် ထပ်မံလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာဝါကာသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၁၂) ရက်တွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ၎င်း၏ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တိုင်းရင်းသားပါတီအချို့နှင့်တွေ့ဆုံခဲ့သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၏ ခေါင်းဆောင်ပိုင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
Zawgyi Version;
ဂ်ပန္ႏိုင္ငံ နီပြန္ေဖာင္ေဒးရွင္းက ေဒၚလာ(၁၇) သန္းတန္ဖိုးရွိ ကိုဗစ္ကာကြယ္ေဆး Covaxin Doses ႏွစ္သန္း ျမန္မာႏိုင္ငံကို လႉဒါန္း
မ်ဳိးႀကီး (NP News) - ဇန္နဝါရီ ၁ဝ
ဂ်ပန္ႏိုင္ငံ နီပြန္ေဖာင္ေဒးရွင္းက ေဒၚလာ(၁၇)သန္းတန္ဖိုးရွိ ကိုဗစ္ကာကြယ္ေဆး Covaxin Doses ႏွစ္သန္း ျမန္မာႏိုင္ငံကိုလႉဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။
ျမန္မာႏိုင္ငံသို႔ နီပြန္ေဖာင္ေဒးရွင္းက လႉဒါန္းသည့္ ကိုဗစ္ကာကြယ္ေဆး Covaxin Doses ႏွစ္သန္းအနက္ ပထမအသုတ္အျဖစ္ တစ္သန္းကို ဇန္နဝါရီ (၉) ရက္တြင္ ရန္ကုန္ေလဆိပ္ရွိ အေရးႀကီးပုဂၢိဳလ္ဧည့္ခန္းမေဆာင္၌ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီးႏွင့္ နီပြန္ေဖာင္ေဒးရွင္းမွ အလုပ္အမႈေဆာင္ဒါ႐ိုက္တာတို႔က ရန္ကုန္တိုင္းေဒသႀကီး ျပည္သူက်န္းမာေရးႏွင့္ကုသေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရမႉးခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းဥကၠ႒တို႔ထံ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ထို႔အျပင္ ဒုတိယအသုတ္အျဖစ္ Covaxin Doses တစ္သန္းကို ဇန္နဝါရီ (၂၃) ရက္တြင္ ထပ္မံလႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
နီပြန္ေဖာင္ေဒးရွင္းဥကၠ႒ မစၥတာဆာဆာဝါကာသည္ ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာ (၁၂) ရက္တြင္ ျမန္မာႏိုင္ငံသို႔လာေရာက္ခဲ့ၿပီး ၎၏ခရီးစဥ္အတြင္း နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အပါအဝင္ တိုင္းရင္းသားပါတီအခ်ိဳ႕ႏွင့္ေတြ႕ဆုံခဲ့သည့္အျပင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD) ၏ ေခါင္းေဆာင္ပိုင္မ်ားႏွင့္လည္း ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။