မျိုးချင်းမတူသည့်တိရစ္ဆာန်များ၏ ထင်မှတ်မထားလောက်ဖွယ် ထူးထူးခြားခြားခင်မင်မှုများ
571
ဝတီ (NP News) - ဇန်နဝါရီ ၁၁
တိရစ္ဆာန်တွေဟာလည်း လူတွေလိုပဲ ချစ်တတ်၊ ခင်တတ်၊ တွယ်တာတတ်တယ်ဆိုတာကို မျိုးချင်းမတူတာတောင် တစ်ကောင်နဲ့တစ်ကောင်ချစ်ခင်နေကြတဲ့တိရစ္ဆာန်လေးတွေရဲ့အဖြစ်က သက်သေခံနေပါတယ်။ မျိုးချင်း မတူတာတောင်သူတို့တွေ ဘာလို့ တစ်ကောင်နဲ့တစ်ကောင်ချစ်ခင်နေကြတာလဲလို့
မေးခွန်းထုတ်စရာရှိနေပါတယ်။ အဖြေကတော့ ဒီလိုပါ။ ခြင်္သေ့တွေ၊ ခွေးတွေ၊ ဆင်တွေဟာ တောရိုင်းသ ဘာဝထဲမှာလည်း အသင်းအဖွဲ့နဲ့ပဲနေတတ်တဲ့တိရ စ္ဆာန်တွေဖြစ်ပါတယ်။ သူတို့နဲ့မျိုးတူတိရစ္ဆာန်မရှိတဲ့အခါမှာတော့သူတို့က သူတို့အနီးနားမှာရှိနေတဲ့ မျိုးမတူတဲ့ တိရစ္ဆာန်တွေနဲ့ပဲအပေါင်းအသင်းလုပ်လိုက်ရပုံပေါ်ပါတယ်။ အသင်းအဖွဲ့နဲ့မဟုတ်ဘဲတစ်ကောင်တည်း ထီးထီးပဲနေလေ့ရှိတဲ့ တချို့တိရစ္ဆာန်တွေကျတော့လည်းအမိမဲ့ တိရစ္ဆာန်ပေါက်စလေးတွေအပေါ်မှာ မိခင်စိတ်နဲ့ကူညီစောင့်ရှောက်ပေးရင်းမိဘနဲ့ သားသမီးဆက်ဆံရေးလိုမျိုးဖြစ်သွားကြပုံရပါတယ်။ မျိုးမတူတဲ့ တိရစ္ဆာန်ချင်းဘယ်အကြောင်းကြောင့်ပဲ ချစ်ခင်နေကြပါစေ သူတို့တွေတစ်ကောင်နဲ့တစ်ကောင်ရန်မလုပ်ဘဲ ချစ်ချစ်ခင်ခင်ဆော့ကစားနေကြတာကိုတွေ့ရတာကတော့ကြည့်ရသူတွေအဖို့ပါအ ရမ်းကြည်နူးဖို့ကောင်းနေပါတယ်။ ဒါကြောင့် မျိုးမတူပေမယ့်ချစ်ခင်နေကြတဲ့ တိရစ္ဆာန်တွေက ဘယ်တိရစ္ဆာန်တွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။
zawgyi version
ဝတီ (NP News) - ဇန်နဝါရီ ၁၁
အာဖရိကဆင်ကြီးနဲ့ ခွေး
အာဖရိကဆင်ကြီးနဲ့ ခွေးအနက်ရောင်လေးဟာအရွယ် အစားချင်းအင်မတန်ကိုမှ ကွာခြားလှပေမယ့်တစ်ကောင်နဲ့တစ်ကောင် အရမ်းကိုမှချစ်ခင်ကြပါသတဲ့။ အာဖရိကမှာမုဆိုးတွေရဲ့လက်ကနေ ဒီဆင်ကြီးကို ကယ်တင်ခဲ့တာဖြစ်ပြီး သူ့ကိုအမေရိကန်သစ်တောကြိုးဝိုင်းထဲပို့လိုက်တာဖြစ်ပါတယ်။ အဲဒီသစ်တောထဲမှာ ဒီခွေးမည်းလေးရှိနေတာဖြစ်ပါတယ်။ နှစ်ကောင်သားတွေ့တာနဲ့ကို ချစ်ခင်သွားကြတာပါတဲ့။
zawgyi version
သစ်ကုလားအုတ်နဲ့ ငှက်ကုလားအုပ်
ဒီနှစ်ကောင်ဟာလည်း အမေရိကန်က ဥယျာဉ်ကြီးတစ်ခုထဲမှာ အတူနေရင်းတကယ့်သူငယ်ချင်း အရင်းခေါက်ခေါက်တွေဖြစ်သွားကြတာပါ။ အဲဒီဥယျာဉ်ကြီးက ၆၅ ဧကတောင်ရှိတယ်ဆိုတော့ သူတို့ဟာနေရာကျဉ်းကျဉ်းလေးမှာအတူနေရတာကြောင့် သူငယ်ချင်း မဖြစ်ချင်ဘဲ ဇွတ်အတင်းဖြစ်သွားရတာမျိုး မဟုတ်ဘဲ
သူတို့စိတ်ဆန္ဒအလျောက်ကို မိတ်ဆွေဖြစ်သွားကြပြီး နှစ်ကောင်သားတပူးပူးတတွဲတွဲနဲ့ဖြစ်နေကြတော့တာပါ။
zawgyi version
ခွေးနဲ့ ဇီးကွက်
ခွေးဆိုပေမယ့် ဒီခွေးကခွေးကြီးမျိုးပါ။ ဒီခွေး ၆ လသားအရွယ်မှာပဲဇီးကွက်ပေါက်စလေးနဲ့စဆုံတာပါ။ဇီးကွက် အမေကြီး စားပစ်လိုက်မှာစိုးလို့ဆိုပြီး တိရစ္ဆာန်ထိန်း သိမ်းစောင့်ရှောက်ရေးသမားတွေက ဇီးကွက်လေးကို
သူ့အမေနဲ့ခွဲလိုက်ရတာဖြစ်ပါတယ်။ အခုတော့ဇီးကွက် လေးလည်း အဆင်ပြေနေပါပြီ။ ဒါ့ပြင်သူနဲ့ခွေးကြီးကလည်း မခွဲအတူဖြစ်နေကြပြီလေ။
zawgyi version
ခွေးနဲ့ ဇီးကွက်
ခွေးနဲ့ဘဲပေါက်စ
ဒီဘဲလေးရဲ့အမေဟာ မြေခွေးကိုက်ခံရပြီးသေသွားတာပါ။ ဒီတော့ဘဲပေါက်လေးဟာ မိတဆိုးဘ၀ရောက်သွား ရတာပေါ့။ ဒါပေမဲ့ဖရက်ဒ်ဆိုတဲ့ ခွေးနဲ့အဲဒီခွေးရဲ့ ပိုင်ရှင်က ဒီမိတဆိုးဘဲပေါက်လေးကိုတွေ့သွားပြီး ကယ်တင်လိုက်ပါတယ်။ အဲဒီကတည်းကစပြီးဘဲပေါက်လေးနဲ့ ဖရက်ဒ်ဆိုတဲ့ခွေးကြီးဟာဘော်ဒါတွေ ဖြစ်သွားတော့တာပါပဲ။ ဖရက်ဒ်ဆိုတဲ့ ဒီခွေးကြီးဟာ အတော်ကိုသဘောကောင်းပုံရပါတယ်။ ဘဲပေါက်လေး မတိုင်ခင်ကလည်း သူကသမင်ပေါက်လေးတစ်ကောင်ကို ဒီလိုပဲကူညီစောင့်ရှောက်ပေးခဲ့သေးတယ်လေ။
zawgyi version
ခွေးနဲ့ဘဲပေါက်စ
ကြက်မကြီးနဲ့ ခွေးပေါက်
ဒီကြက်မကြီးဟာ ကံကောင်းထောက်မလို့ ဟင်းအိုးထဲ ရောက်မသွားတာပါ။ကြက်မကြီးခြေထောက်မှာ ဒဏ် ရာရှိလို့ သခင်ကသနားပြီး အိမ်ထဲခေါ်လိုက်တာပါ။
အိမ်ထဲလည်းရောက်ရော ကြက်မကြီးဟာ ခွေးပေါက်လေးနှစ်ကောင်ကိုတွေ့သွားပြီး အရမ်းသဘောကျသွားပါတယ်။ သူက အဲဒီခွေးပေါက်လေးနှစ်ကောင်ကို
ကြက်ပေါက်လေးတွေလိုသဘောထားပြီး အပေါ်ကနေ ဝပ်ပေးတယ်လေ။
zawgyi version
ခွေးနဲ့ ခြင်္သေ့
မီလိုဆိုတဲ့ ခွေးပုလေးဟာ အရိုးရောဂါတစ်မျိုးကြောင့် မသန်စွမ်းဖြစ်နေရတဲ့ခြင်္သေ့ပေါက်လေးကို အရမ်းဂရု စိုက်စောင့်ရှောက်ခဲ့ပါတယ်။ ငါးနှစ်လည်း ကြာရော
သူတစ်ချိန်ကစောင့်ရှောက်ပေးခဲ့တဲ့ခြင်္သေ့လေးဟာ ပေါင်ချိန် ၅၀၀ ရှိတဲ့ဧရာမခြင်္သေ့ကြီးဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ခြင်္သေ့ကြီးက မီလိုဆိုတဲ့ခွေးပုလေးကို နည်းနည်းမှ ရန်မလိုပါဘူး။ သူတို့ဟာအရင်လိုဆက်ပြီးချစ်ခင်နေကြတုန်းပါပဲ။ ဒါ့ပြင်ခြင်္သေ့ကြီးဟာမီလို့ရဲ့ ခွေးအပေါင်းအဖော်နှစ်ကောင်နဲ့တောင်ခင်မင်နေပါပြီ။
zawgyi version
ခွေးနဲ့ ခြင်္သေ့
ကြောင်နဲ့မြေခွေး
မြေခွေးက ကြောင်ကို ကိုက်မပစ်တဲ့အပြင် နှစ်ကောင်သား ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေကြတာကို တူရ ကီ တံငါသည်တွေ ကမ်းစပ်တစ်နေရာမှာတွေ့ခဲ့ရပါ
တယ်။ သူတို့နှစ်ကောင်လုံးချစ်ဖို့ကောင်းပြီး ထူးထူး ဆန်းဆန်းတည့်နေကြတာကလွဲလို့ ကျန်တာကိုတော့ ဘာမှ မသိရပါဘူး။
zawgyi version
ကြောင်နဲ့မြေခွေး
ကျား၊ ဝက်ဝံ၊ ခြင်္သေ့
ဒီသုံးကောင်ရဲ့ ဇာတ်လမ်းကတော့ ကြေကွဲဖို့ကောင်းလှပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတစ်ယောက်က သူတို့ကိုငယ်ငယ်လေးကတည်းက လှောင်အိမ်တစ်ခုထဲထည့်ပိတ်ထားပြီး နှိပ်စက်ပါတယ်။ တာဝန်ရှိသူတွေသိသွားပြီး သွားကယ်တော့ ဝက်ဝံကြီးမှာ ဒဏ်ရာအနာတရတွေရထားလို့ ဆရာ ဝန်တွေက ခွဲစိတ်ပေးလိုက်ရပါသေးတယ်။ သုံးကောင်သားဒုက္ခတွေကို အတူခါးစည်းခံခဲ့ကြရတာဆိုတော့ သူတို့သုံးကောင်ဟာ တစ်ကောင်နဲ့တစ်ကောင်မျက်စိအောက်က အပျောက်မခံကြပါဘူး။ အခုတော့သူတို့ သုံးကောင်လုံး အမေရိကန်တောရိုင်းတိရစ္ဆာန်စောင့် ရှောက်ရေးမှာရောက်နေကြပြီဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင် နေခွင့်ရနေကြပါပြီ။
zawgyi version
ကျား၊ ဝက်ဝံ၊ ခြင်္သေ့
တောဝက်ပေါက်နဲ့ ခွေး
တောဝက်ပေါက်လေးတစ်ကောင် လယ်ကွင်းတစ်ခုထဲမှာ ငတ်ပြတ်နေတာကိုဂျာမနီမိသားစုကတွေ့သွားပြီး အိမ်ခေါ်လာခဲ့ကြပါတယ်။ ဝက်ပေါက်လေးကိုသူတို့ အိမ်မှာမွေးထားတဲ့ ခွေးလေးနဲ့လည်းမိတ်ဆက်ပေး လိုက်ရော နှစ်ကောင်သားချက်ချင်းကို ဘော်ဒါတွေ ဖြစ်သွားကြပါတော့တယ်။ အခုဆိုရင် ဝက်ပေါက်လေးဟာအတော်လေး နလန်ထူနေပါပြီ။
zawgyi version
တောဝက်ပေါက်နဲ့ ခွေး
ချီတာကျားသစ်နဲ့ ခွေး
သူတို့နှစ်ကောင်ဟာ အမေရိကန်ဥယျာဉ်ကြီးတစ်ခုထဲမှာ ငယ်ငယ်ကတည်းက အတူကြီးပြင်းလာကြတာပါ။ ငယ်ငယ်တုန်းကဆိုရင် အရမ်းဆော့တော့မျိုးမတူတဲ့
ချစ်စရာတိရစ္ဆာန်လေးနှစ်ကောင်အတူဆော့နေတာဟာကြည့်လို့သိပ်ကောင်းတာပေါ့။ နှစ်ကောင်သားကြီး ကောင်လည်းဝင်လာရော ချီတာကျားသစ်လေးက ငယ်သူငယ်ချင်း ခွေးလေးထက်ဘေးနားခြံချင်းကပ်လျက်က ချီတာမလေးတွေကိုပဲ ပိုပြီးစိတ်ဝင်စားလာပါသတဲ့လေ။ အခုဆိုရင် ဒီချီတာကမျိုးတူအချင်းချင်းနဲ့ပဲ ပိုပြီးနေနေပေမယ့် ငယ်ပေါင်းကြီးဖော်ခွေးနဲ့လည်း ခင်မင်နေတုန်းပါပဲ။
zawgyi version
ချီတာကျားသစ်နဲ့ ခွေး
မျောက်နဲ့ ကျားပေါက်
ဒီကျားဖြူပေါက်စလေးနှစ်ကောင်ဟာ လှောင်အိမ်ကြီးတစ်ခုထဲမှာ အမေနဲ့အတူနေနေတုန်း ဟာရီကိန်းမုန် တိုင်းကြီးဝင်လို့ သူတို့လှောင်အိမ်ကြီးရေလွှမ်းပြီး အ မေနဲ့တကွဲတပြားဖြစ်သွားပါတယ်။ ကံကောင်းချင်တော့ သူတို့ဟာအမေရိကန် တောရိုင်းတိရစ္ဆာန်စောင့် ရှောက်ရေးမှာ ချင်ပန်ဇီမျောက်တစ်ကောင်ကိုအမေ အစားထိုးသဘောမျိုးရလိုက်ပါတယ်။ တိရစ္ဆာန်စောင့် ရှောက်ရေးက တာဝန်ရှိသူအမျိုးသမီးတစ်ယောက်က ဒီရှားပါး ကျားဖြူပေါက်စလေးတွေကို စောင့်ရှောက်ပေးတော့ အဲဒီချင်ပန်ဇီမျောက်ကပါ ဝင်ပြီးကူညီပေးတာပါ။ ဒီမျောက်ဟာအရင်ကလည်း ဒီလိုပဲအမိမဲ့ တိ ရစ္ဆာန်ပေါက်စလေးတွေကိုကူပြီးစောင့်ရှောက်ပေး
တာပါပဲ။
zawgyi version
မျောက်နဲ့ ကျားပေါက်
တာပါပဲ။