မြဝတီမြို့မှ LP Gas အရည်များသယ်ဆောင်လာသည့် မော်တော်ယာဉ်(၂) စီး ပစ်ခတ်မီးရှို့ခံရ၊ ယာဉ်မောင်းနှစ်ဦး သေဆုံး

 206

NP News - ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထင်းအစားထိုး လောင်စာဆီအဖြစ် အသုံးပြုသော ရေနံဓာတ်ငွေ့ရည်(LP Gas) များ သယ်ဆောင်လာသည့် မော်တော်ယာဉ်(၂) စီးအား ဇန်နဝါရီ(၁၆) ရက်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ပစ်ခတ်၊ မီးရှို့ခဲ့သဖြင့် ယာဉ်မောင်း(၂) ဦး သေဆုံးသွားသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နစကသတင်းမှန်ပြန်ကြားရေး၏ထုတ်ပြန်ချက်တွင် PDF အဖွဲ့၏လက်ချက်ဖြစ် သည်ဟု အခိုင်အမာစွပ်စဲရေးသားထားသည်ကို တွေ့ရသည်။

ဖြစ်စဉ်အရ ဩရကုမ္ပဏီမှ Fuso အမျိုးအစား (၁၂)ဘီးမော်တော်ယာဉ်သည် ရေးမြို့သို့လည်းကောင်း၊ ချစ်လင်း မြိုင်ကုမ္ပဏီမှ Fuso အမျိုးအစား (၁ဝ)ဘီးမော်တော်ယာဉ်သည် မော်လမြိုင်မြို့သို့လည်းကောင်း ထင်းအစားထိုး လောင်စာဆီအဖြစ်အသုံးပြုသည့် ရေနံဓာတ်ငွေ့ရည်(LP Gas)များအား သယ်ဆောင်၍ မြဝတီမြို့မှ ထွက်ခွာလာ စဉ် မွန်းလွဲပိုင်းတွင် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအနီး အပြင်ကွင်းကလေးကျေးရွာ၏ အနောက် ဘက် မီတာ(၂၅ဝဝ) ခန့်အကွာသို့အရောက်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သည် လက်နက်ငယ်များဖြင့် ပစ် ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်၊ မီးရှို့မှုများကြောင့် ယာဉ်မောင်းများဖြစ်ကြသော ဦးမင်း မင်းတွင် မီးလောင်ဒဏ်ရာများဖြင့်လည်းကောင်း၊ ဦးခင်မောင်သန်းတွင် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာများ ဖြင့်လည်းကောင်း သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် မော်တော်ယာဉ်တစ်စီးသည် မီးလောင်ပျက်စီးသွားခဲ့ပြီး ကျန်မော်တော်ယာဉ်တစ်စီးသည်လည်း လက်နက်ငယ်ကျည်ထိမှန်ခဲ့သဖြင့် ပျက်စီးခဲ့ကြောင်း နစကသတင်းပြန် ကြားရေးအဖွဲ့သည် ဇန်နဝါရီလ (၁၆) ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
အလားတူ ဇန်နဝါရီ (၇) ရက်နေ့ ညနေပိုင်းတွင်လည်း ကော့ကရိတ်မြို့ ကျိုက်ဒုံလမ်းဆုံအနီး အာရှလမ်းမပေါ် တွင် AwRa Trading Co.,Ltd.(ThaiGas) ကုမ္ပဏီပိုင် ဓာတ်ငွေ့ရည် (LPGas) တင်ဆောင်လာသည့် တွဲကား (၂) စီး ပစ်ခတ်တိုက်ခိုက်ခံရသည့်အတွက် တစ်စီးသည် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမဝတီၿမိဳ႕မွ LP Gas အရည္မ်ားသယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္(၂) စီး ပစ္ခတ္မီးရႈိ႕ခံရ၊ ယာဥ္ေမာင္း ႏွစ္ဦးေသဆုံး
NP News - ဇန္နဝါရီ ၁၇
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕မွ ထင္းအစားထိုး ေလာင္စာဆီအျဖစ္ အသုံးျပဳေသာ ေရနံဓာတ္ေငြ႕ရည္(LP Gas) မ်ား သယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္(၂) စီးအား ဇန္နဝါရီ(၁၆) ရက္ေန႔ မြန္းလြဲပိုင္းတြင္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕မွ ပစ္ခတ္၊ မီးရႈိ႕ခဲ့သျဖင့္ ယာဥ္ေမာင္း(၂) ဦး ေသဆုံးသြားသည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ နစကသတင္းမွန္ျပန္ၾကားေရး၏ထုတ္ျပန္ခ်က္တြင္ PDF အဖြဲ႕၏လက္ခ်က္ျဖစ္ သည္ဟု အခိုင္အမာစြပ္စဲေရးသားထားသည္ကို ေတြ႕ရသည္။

ျဖစ္စဥ္အရ ဩရကုမၸဏီမွ Fuso အမ်ိဳးအစား (၁၂)ဘီးေမာ္ေတာ္ယာဥ္သည္ ေရးၿမိဳ႕သို႔လည္းေကာင္း၊ ခ်စ္လင္း ၿမိဳင္ကုမၸဏီမွ Fuso အမ်ိဳးအစား (၁ဝ)ဘီးေမာ္ေတာ္ယာဥ္သည္ ေမာ္လၿမိဳင္ၿမိဳ႕သို႔လည္းေကာင္း ထင္းအစားထိုး ေလာင္စာဆီအျဖစ္အသုံးျပဳသည့္ ေရနံဓာတ္ေငြ႕ရည္(LP Gas)မ်ားအား သယ္ေဆာင္၍ ျမဝတီၿမိဳ႕မွ ထြက္ခြာလာ စဥ္ မြန္းလြဲပိုင္းတြင္ ျမဝတီ-ေကာ့ကရိတ္သြား အာရွလမ္းမႀကီးအနီး အျပင္ကြင္းကေလးေက်း႐ြာ၏ အေနာက္ ဘက္ မီတာ(၂၅ဝဝ) ခန႔္အကြာသို႔အေရာက္တြင္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕သည္ လက္နက္ငယ္မ်ားျဖင့္ ပစ္ ခတ္ျခင္း၊ မီးရႈိ႕ျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္း၊ ထိုသို႔ပစ္ခတ္၊ မီးရႈိ႕မႈမ်ားေၾကာင့္ ယာဥ္ေမာင္းမ်ားျဖစ္ၾကေသာ ဦးမင္း မင္းတြင္ မီးေလာင္ဒဏ္ရာမ်ားျဖင့္လည္းေကာင္း၊ ဦးခင္ေမာင္သန္းတြင္ လက္နက္ငယ္က်ည္ထိမွန္ ဒဏ္ရာမ်ား ျဖင့္လည္းေကာင္း ေသဆုံးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ေမာ္ေတာ္ယာဥ္တစ္စီးသည္ မီးေလာင္ပ်က္စီးသြားခဲ့ၿပီး က်န္ေမာ္ေတာ္ယာဥ္တစ္စီးသည္လည္း လက္နက္ငယ္က်ည္ထိမွန္ခဲ့သျဖင့္ ပ်က္စီးခဲ့ေၾကာင္း နစကသတင္းျပန္ ၾကားေရးအဖြဲ႕သည္ ဇန္နဝါရီလ (၁၆) ရက္၊ ညပိုင္းတြင္ သတင္းထုတ္ျပန္သည္။
အလားတူ ဇန္နဝါရီ (၇) ရက္ေန႔ ညေနပိုင္းတြင္လည္း ေကာ့ကရိတ္ၿမိဳ႕ က်ိဳက္ဒုံလမ္းဆုံအနီး အာရွလမ္းမေပၚ တြင္ AwRa Trading Co.,Ltd.(ThaiGas) ကုမၸဏီပိုင္ ဓာတ္ေငြ႕ရည္ (LPGas) တင္ေဆာင္လာသည့္ တြဲကား (၂) စီး ပစ္ခတ္တိုက္ခိုက္ခံရသည့္အတြက္ တစ္စီးသည္ မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.