ပြိုင်ဘက်ဟောင်း ဘစ်ဒက်ချ်နဲ့ (၃) ကြိမ်မြောက် မကြေပွဲယှဉ်ပြိုင်မယ့် အောင်လအန်ဆန်
811
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၇
ကချင်တိုင်းရင်းသားအောင်လအန်ဆန်ဟာ One Championship ရဲ့ ONE: ‘Heavy Hitters’ ပွဲစဉ်မှာ ပြိုင်ဘက်ဟောင်းဖြစ်တဲ့ ရုရှားတိုက်ခိုက်ရေးသမား ဗစ်တာလီဘစ်ဒက်ချ်နဲ့ မကျေပွဲယှဉ်ပြိုင်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။
One Championship ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လာမယ့်လအတွင်းကျင်းပမယ့် တွဲဆိုင်းတွေကိုထုတ်ပြန်ခဲ့ရာ အောင်လအန်ဆန်ဟာ ဖေဖော်ဝါရီ(၂၅) ရက်နေ့မှာကျင်းပမယ့် ONE ‘Full Circle’ ပွဲစဉ်မှာ ရုရှားတိုက်ခိုက်ရေးသမားနဲ့ တတိယအကြိမ်မြောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
One Championship ရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း အောင်လအန်ဆန်ဟာ ဘစ်ဒက်ချ်နဲ့ နှစ်ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။ အောင်လအန်ဆန်ဟာ နယ်သာလန် တိုက်ခိုက်ရေးသမား ဒီရစ်ဒါကို ရှုံးနိမ့်ခဲ့တဲ့အတွက် ချန်ပီယံခါးပတ်နှစ်ခုစလုံး စွန့်လွှတ်ခဲ့ရသူဖြစ်ကာ ချန်ပီယံဆုတွေ ပြန်ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အောင်လအန်ဆန်ဟာ နောက်ဆုံးယှဉ်ပြိုင်တဲ့ ဘရာဇီးတိုက်ခိုက်ရေးသမား လီအန်ဒရိုအက်တိုင်းဒက်စ်နဲ့ ပွဲစဉ်မှာ အလဲထိုးအနိုင်ယူနိုင်ခဲ့သူဖြစ်ပါတယ်။ ရုရှားတိုက်ခိုက်ရေးသမား ဘစ်ဒက်ချ်ဟာ ကျန်းမာရေးပြဿနာ တွေအပြင် ဒဏ်ရာပြဿနာတွေကြောင့် ၂ဝ၁၉ ခုနှစ်နဲ့ ၂ဝ၂ဝ ခုနှစ်အတွင်း ပွဲစဉ်တွေယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ဘဲ မကြာသေးမီက ပြိုင်ပွဲတွေပြန်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။
ဘစ်ဒက်ချ်ဟာ ပွဲစဉ်တွေတစ်ကျော့ပြန်ယှဉ်ပြိုင်ချိန်မှာ နိုင်ပွဲတွေပြန်ရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့လက ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ Rong Fan ကို အနိုင်ရပြီးနောက် အောင်လအန်ဆန်နဲ့ တတိယအကြိမ်မြောက်ယှဉ်ပြိုင်ဖို့ စိန်ခေါ်ခဲ့သူဖြစ်ပါတယ်။
Zawgyi Version;
ပြိုင်ဘက်ဟောင်း ဘစ်ဒက်ခ်ျနဲ့ (၃) ကြိမ်မြောက် မကြေပွဲယှဉ်ပြိုင်မယ့် အောင်လအန်ဆန်
ကချင်တိုင်းရင်းသားအောင်လအန်ဆန်ဟာ One Championship ရဲ့ ONE: ‘Heavy Hitters’ ပွဲစဉ်မှာ ပြိုင်ဘက်ဟောင်းဖြစ်တဲ့ ရုရှားတိုက်ခိုက်ရေးသမား ဗစ်တာလီဘစ်ဒက်ခ်ျနဲ့ မကျေပွဲယှဉ်ပြိုင်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။
ဘစ်ဒက်ခ်ျဟာ ပွဲစဉ်တွေတစ်ကျော့ပြန်ယှဉ်ပြိုင်ချိန်မှာ နိုင်ပွဲတွေပြန်ရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့လက ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ Rong Fan ကို အနိုင်ရပြီးနောက် အောင်လအန်ဆန်နဲ့ တတိယအကြိမ်မြောက်ယှဉ်ပြိုင်ဖို့ စိန်ခေါ်ခဲ့သူဖြစ်ပါတယ်။