"မြန်မာနိုင်ငံရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးတော့မည်" (ဆောင်းပါး)

 5050

ရဲထွန်း (သီပေါ) (NP News) - ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံတွင် လာမည့် ၂ဝ၂၃ ခုနှစ်သြဂုတ်လတွင်ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲများမှစတင်ကာ အ ချိုးကျကိုယ်စားပြုစနစ် (Proportional Representative Election System) PR ကိုကျင့်သုံးရန် ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါ တီ ၆၂ ပါတီတို့ ဆွေးနွေးတိုင်ပင်အကောင်အထည် ဖေါ်နေကြပြီဖြစ်သည်။ အခြေခံမူသဘောကို ညှိနှိုင်းပြီးဆုံးပါက လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေတစ်ရပ်ပေါ်ထွက်လာရန်ရှိပါသည်။

ပီအာစနစ်ဆိုသည်မှာ
ပီအာခေါ် အချိုးကျကိုယ်စားပြုစနစ်ဆိုသည်မှာ Proportional Representation ဆိုသည်ကို အတို ကောက်ယူထားခြင်းဖြစ်ပါသည်။ အဘိဓာန်ဖွင့်ဆိုချက်အတိုင်းအတိအကျဖော်ပြရလျှင် ‘electoral system designed to produce legislative bodies in which the number of seats held by each group or party is proportional to the number of votes cast for….’ ပါတီ သို့မဟုတ် အစုအဖွဲ့အ သီးသီးကရရှိသည့် ထောက်ခံဆန္ဒမဲအရေအတွက်အ ချိုးအစားအတိုင်း နေရာအရေတွက်ရယူထားသည့် ဥပဒေပြုလွှတ်တော်များထွက်ပေါ်လာရန် စီမံထားသည့်ရွေးကောက်ပွဲစနစ်ဖြစ်ပါသည်။

နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင်ရရှိသည့် မဲအ ရေအတွက်အရ၊ ဥပဒေပြုလွှတ်တော်တွင် အချိုးကျ ခွဲဝေယူရမည့်စနစ်ဟု အလွယ်ပြောနိုင်ပါသည်။ မဲဆ န္ဒနယ်ကြီးတခုစီမှနေ၍ လွှတ်တော်ဆီသို့စေလွှတ်ရန် ကိုယ်စားလှယ်ကို တစ်ဦးထက်ပို၍ ရွေးကောက်စေကာ ပါတီများကလည်း ထိုဒေသကိုကိုယ်စားပြုမည့် ကိုယ်စားလှယ်များစာရင်းကို အသီးသီးပြည်သူထံတင်ပြပြီး လူထုကလည်း ရွေးကောက်ပွဲတွင်မိမိတို့ဆန္ဒရှိသည့်ပါတီ၏ ကိုယ်စားလှယ်စာရင်းကို မဲပေးရွေးချယ်သော စနစ်ပင်ဖြစ်သည်။ ဥပမာအားဖြင့် မဲဆန္ဒနယ်တစ်ခုတွင် အမတ်ဆယ်ယောက်ရွေးမည်ဆိုလျှင် ပါတီများက တစ်ပါတီလျှင် ဆယ်ဦးစီပါသော စာရင်းတင်ပြီး ထိုဒေသ၌ရွေးကောက်ပွဲဝင်သည့်အ ခါတွင် ၃ဝ ရာခိုင်နှုန်းထောက်ခံမဲရရှိပါက ၃ဝ ရာခိုင် နှုန်း၏အချိုးကျအဖြစ် အမတ်ဆယ်နေရာတွင်သုံးနေ ရာပါဝင်ခွင့်ရမည်ဖြစ်သည်။ အချို့နယ်မြေမကျယ် ဝန်းလွန်းသော နိုင်ငံများတွင် တနိုင်ငံလုံးကို မဲဆန္ဒ နယ်ကြီးတခုအဖြစ်သတ်မှတ်ကာ အထက်ပါအတိုင်းရွေးကောက်တင်မြှောက်ကြလေ့ရှိသည်။ (ဥပမာ နယ်သာလန်၊အစ္စရေး) ဥပမာအားဖြင့် ရှင်းလင်းနေသော်လည်း လက်တွေ့တွင်မူကိုယ်စားလှယ် ၁၁ ယောက်ရွေးသော မဲဆန္ဒနယ်မှ ပါတီတခုက ၄၂ ရာခိုင်နှုန်းထောက်ခံမဲများရရှိခဲ့မည်ဆိုလျှင် အချိုးကျပြန်တွက်သောအခါ ကိုယ်စားလှယ် ၄.၆၂ ယောက်ကိုယ်စားပြုခွင့်ရသည်ဟု အဖြေထွက်နေပြီး အခက်တွေ့ရနိုင်သည်။ ထိုအခြေအနေကိုဖြေရှင်းပုံမှာ ဒေသအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်၏အမတ်အရေအတွက်အပြင် အစွန်းထွက်လာမည့် ကိန်းပြည့်မဟုတ်သည့်အမတ်အရေအတွက်များကို ကာမိစေရန်နှင့်ပါတီများအသီး သီးအတွက် အစွန်းထွက်မဲများကို ထပ်မံခွဲဝေရန်အ တွက် အမတ်နေရာအချို့ကို သီးသန့်ချန်ထားခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် ဆွီဒင်နိုင်ငံတွင် မဲဆန္ဒနယ် ၂၈ နယ်ရှိရာ၌ တနယ်စီတွင်ရွေးချယ်သော လွှတ် တော်အမတ်များ၏ စုစုပေါင်းအရေအတွက်မှာ ၃၁ဝ ဖြစ်သော်လည်း လွှတ်တော်ရှိ အမတ်နေရာစုစုပေါင်းကို ၃၄၉ နေရာအဖြစ် သတ်မှတ်ထားကာ ၃၉ နေရာကို အစွန်းထွက်ဖြစ်လာမည့် ရာနှုန်းများကိုပြန်ညှိရန် သီးသန့်သတ်မှတ်ပေးထား၏။ အစွန်းထွက်ရာနှုန်းများ ရှုပ်ထွေးမှုအလွန်အကျွံ မဖြစ်စေရေးအတွက် ဂျာမနီနှင့် ပိုလန်ကဲ့သို့သော နိုင်ငံများတွင် အမတ်နေ ရာရရေးအတွက် မဲအရေအတွက်စုစုပေါင်း၏ အ နည်းဆုံး ၅ ရာခိုင်နှုန်းရ ရမည်ဟု သတ်မှတ်ထားကြပြီး ဆွီဒင်နှင့် အီတလီနိုင်ငံတို့တွင်လည်း အနည်းဆုံး မဲ ၄ ရာခိုင်နှုန်းရ ရမည်ဟု အသီးသီးသတ်မှတ်ထားကြ
သည်။

နောက်ထပ် ဥပမာတခုမှာ
လွှတ်တော်ကိုယ်စားလှယ်နေရာ ၆ နေရာရှိသောမဲဆ န္ဒနယ်တနယ်တွင် ယှဉ်ပြိုင်သည့်နိုင်ငံရေးပါတီ ၁ဝ ခုရှိသည်ဆိုကြပါစို့။ ပါတီများရရှိကြသည့် ခိုင်လုံဆန္ဒမဲအရေအတွက် စုစုပေါင်း၏ ၁၆.၆၆ ရာခိုင်နှုန်းရလျှင် အမတ်နေရာ တစ်နေရာရမည်ဖြစ်ပြီး၊ ၃၃.၃၂ ရာခိုင်နှုန်းရလျှင် အမတ်နေရာ ၂ နေရာရမည်ဖြစ် သည်။ သို့သော်လည်း မည်သည့်ပါတီမျှ ၁၆.၆၆ ရာခိုင်နှုန်း အပြည့်မရဘဲ ၁ဝ ရာခိုင်နှုန်းပတ်ဝန်းကျင်သာရရှိကြမည်ဆိုလျှင် ရရှိသည့်မဲအများအနည်း အ စဉ်လိုက်ဖြင့် မဲအများဆုံးရ ၆ ပါတီသာခွဲဝေယူကြရမည်ဖြစ်သည်။

လက်လှမ်းမီသမျှ သမိုင်းကြောင်းအရဆိုရလျှင်၊ ပြင်သစ်တော်လှန်ရေးကာလလောက်ကပင် ပီအာစနစ် အကြောင်း စတင်စဉ်းစားခဲ့ကြသည်ဟုဆိုပါသည်။ ဗြိတိသျှနိုင်ငံရေးဘောဂဗေဒပညာရှင် ဂျွန်စတုဝပ် မီး(လ)က စတင်ဖော်ထုတ်ခဲ့သည်ဟုလည်း အမှတ် အသားရှိသည်။ စံတော်ဝင်ရွေးကောက်ပွဲစနစ်ဟုဆိုနိုင်သော၊ မဲအများဆုံးရသူက အနိုင်ရသည့်စနစ် (First Past the Post) အတိုကောက် FPTP စနစ်၏ အားနည်းချက်များကို ဝေဖန်သုံးသပ်ရာမှပေါ်ထွက်လာခြင်းဖြစ်သည်။ FPTP စနစ်မှာ ပေါက်သူအကုန်ယူ(Winner takes all) သဘောဖြစ်ရာ၊ အများစုနှင့် ဗိုလ်ကျသည်မျိုး (tyranny of majority) ဖြစ်နိုင်၍ ပါတီငယ်များ၊ အထူးသဖြင့် လူမျိုးစုပါတီများ၊ ဘေးရောက်သွားနိုင် (marginalized)သောကြောင့် ပီအာစနစ်ကို အဆိုပြုလာသည်ဟုဆိုသည်။

ပီအာစနစ်ကို ပထမဆုံးအကောင်အထည်ဖော် ကျင့် သုံးခဲ့သည်မှာ (၁၈၅၅) ဒိန်းမတ်နိုင်ငံဖြစ်သည်။ ထိုသည်၏ နောက်တွင်မူလူမျိုးများစွာဖြင့် ပြည်ထောင် စုပုံသဏ္ဌာန်စုစည်းကြသော နိုင်ငံတော်တော်များများလိုက်ပါကျင့်သုံးလာကြသည်။ ဆွတ်ဇာလန် (၁၈၉၁) ၊ ဘယ်(လ်)ဂျီယံ (၁၈၉၉) ၊ ဖင်လန် (၁၉ဝ၆) စသည်တို့ဖြစ်သည်။ လူမျိုးစု လူနည်းစုများရှိသော၊ ပါတီတွေအများကြီးရှိနေသော နိုင်ငံများအတွက်၊ ပိုမိုဒီမိုကရေစီနည်းကျသည့် ရွေးကောက်ပွဲစနစ်ဟု ပညာ ရှင်များက အမှတ်ပေးကြသည်။ သို့နှင့်တိုင်၊ ၁၉၂ဝ ပြည့်လွန်နှစ်များက ပေါ်ထွက်လာခဲ့သော ဂျာမန်ဝိုင်မာသမ္မတနိုင်ငံတွင် ပီအာစနစ်ကို ကျင့်သုံးခဲ့ရာမှဟစ်တလာ၏ နာဇီပါတီအာဏာရလာသော သမိုင်းကလည်းရှိနေပြန်သည်။ ဤအချက်ကို အကြောင်းခံ၍ ပီအာစနစ်၏ အားနည်းချက်မှာ အစွန်းရောက်ပါတီများ အာဏာရလာနိုင်သည့် အလားအလာရှိသည်ဆိုသော ဝေဖန်ထောက်ပြချက်များလည်း ရှိသည်။ သို့ နှင့်အမျှ၊ နောက်ပိုင်းတွင် FPTP နှင့် PR ကိုပေါင်းစပ်ကျင့်သုံးသည့်စနစ်လည်း ပေါ်လာသည်။ တစ်စိတ်တစ်ပိုင်းအချိုးကျစနစ် (Semi-Proportional System) ဟုခေါ်ပါသည်။

အကျိုးကျေးဇူးများ
ပီအာစနစ်ကြောင့် ရွေးကောက်ခံဥပဒေပြုအမတ်များ သည် ပါတီအလိုက်လူထု၏ရွေးချယ်မှုရာနှုန်းကိုတိတိကျကျ ကိုယ်စားပြုနေပြီး ဒီမိုကရေစီ၏ အနှစ် သာရကို တိုက်ရိုက်ထင်ဟပ်နိုင်သည်ဟု ယူဆနိုင် သည်။ ပါတီအသီးသီးမှာလည်း မိမိတို့ယုံကြည်ကြသည့် မူဝါဒအသီးသီးကို လွတ်လွတ်လပ်လပ်ကျင့်သုံး ၍ မိမိ၏မူဝါဒကို ထောက်ခံမှုရှိလျှင် ရှိသလောက် လွှတ်တော်တွင်း အမတ်နေရာရနိုင်ပြီး မဲဆန္ဒနယ်တစ်နယ်ကိုယ်စားလှယ်တစ်ယောက်စနစ်မှာ ကဲ့သို့ အမတ်နေရာရရှိရေး သေချာစေရန်အတွက် အဓိကပါတီကြီးတစ်ခုခုနှင့် အပေးအယူလုပ်ရန်မလိုချေ။ ဥပမာအားဖြင့် အစ္စရေးနိုင်ငံတွင်အချို့ပါတီငယ်များမှာ အစ္စရေးလူဦးရေ၏ နှစ်ရာခိုင်နှုန်းမျှသာထောက် ခံမှုရရှိသော်လည်း ပါလီမန်ထဲတွင် အမတ်နေရာရရှိကာ မိမိတို့ကိုထောက်ခံသည့် နှစ်ရာခိုင်နှုန်းမျှသော လူဦးရေ၏ဆန္ဒကို တတ်စွမ်းသမျှ ဖြည့်ဆည်းခွင့်ရကြသည်။

ဆိုးကျိုးများ
ဤစနစ်ကြောင့် တိုင်းပြည်၏ ကွဲပြားခြားနားနေသော အမြင်အမျိုးမျိုးများကြောင့် ပါတီငယ်များ အဆမတန်များပြားနေမှုဖြစ်နိုင်ပြီး နိုင်ငံတစ်နိုင်၏ နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်လာစေနိုင်၏။(ဥပမာ – အစ္စရေး) ဆန့်ကျင်ဘက်အားဖြင့် တခါတရံတွင် ဤစနစ်အသုံးပြုသောနိုင်ငံများအတွင်း၌ပင် အဓိကနှစ်ပါတီကြီးစိုးပြီး ကျန်ပါတီငယ်လေးများကလည်း ဆက်လက်ရုန်းကန်နေရသော အနေအထားရောက်သွားနှိုင်သည်။ (ဥပမာ – ဆွီဒင်၊စပိန်) ဤပီအာစနစ်တွင် အင်အား ကြီးဆုံးပါတီတခုသည် ယေဘုယျအားဖြင့် ထောက်ခံမှု ၅ဝ ရာခိုင်နှုန်းပတ်ဝန်းကျင်အ ထိရရှိရန်မစွမ်းဆောင်နိုင်သောအခါတွင် ထိုပါတီသည် ပါတီငယ်သေးသေးမွှားမွှားလေးများနှင့်ပေါင်း ၍ ညွန့်ပေါင်းအစိုးရဖွဲ့ရေးကို စည်းရုံးရကာ အစိုးရအဖြစ် တက်လာသည့်အခါတွင် ညွန့်ပေါင်းအစိုးရဖြစ်နေသောကြောင့် မူဝါဒရေးရာဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသားမချနိုင်ပဲ နိုင်ငံရေးဖြစ်စဉ်နှောင့် နှေးမှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို ကြုံတွေ့လာရနိုင်သည်။

UEC ကတင်ပြသော အချိုးကျ ရွေးကောက်ပွဲစနစ် သုံးမျိုး
၂၉-၁ဝ-၂ဝ၂၁ ရက်နေ့ နေ့စွဲဖြင့် ရွေးကောက်ပွဲကော်မရှင်က တင်ပြခဲ့သောစာတန်းတွင် အချိုးကျကိုယ်စားပြု စနစ် PR system သုံးမျိုးကိုဖေါ်ပြထား သည်။ ၎င်းတို့မှာ..
(၁) ပါတီအမည်ကို မူတည်သည့် အချိုးကျကိုယ်စားပြုစနစ် ( Party List PR system- LPR )
အဆိုပါ စနစ်အောက်တွင်

၁. စာရင်းပိတ် ( Closed List )
ဤစနစ်တွင် ပါတီကိုသာမဲပေးရပြီး၊ အချိုးကျ လွှတ်တော်နေရာရရှိပါက မည်သည့်ကိုယ်စားလှယ် လောင်းက ဉီးစားပေးခံရမည်ဆိုသည့် စာရင်းကို ပါတီမှတန်းစီကာ ကြိုတင်ဖေါ်ပြထားသော စနစ်ဖြစ်သည်။

၂. စာရင်းဖွင့် ( Open List )
ဤစနစ်တွင် ပါတီကိုယ်စားလှယ်လောင်းကို မဲပေးရမည်ဖြစ်သဖြင့် ပါတီအလိုက် အချိုးကျ လွှတ် တော် နေရာခွဲဝေယူရာတွင် ဉီးစားပေးခံရသည့် စာ ရင်းကို ကိုယ်စားလှယ်လောင်းရရှိသည့် မဲအများ၊ အ နည်းအလိုက်တန်းစီခြင်းပြုသဖြင့် မဲဆန္ဒရှင်များက ပါတီကိုယ်စားပြု လွှတ်တော်အမတ်ရွေး ချယ်မှုအပေါ် ဩဇာသက်ရောက်မှုရှိသည်။

၃. စာရင်းလွတ် ( Free List )
ဤစနစ်တွင် မဲဆန္ဒရှင်များသည် မိမိမဲပေးရမည့် မဲဆန္ဒနယ်အတွင်း လွှတ်တော်နေရာအရေအတွက် ရှိ သလောက်မဲပေးနှိုင်ပြီး၊ ထိုထောက်ခံမဲများသည် ပါတီတစ်ခုထဲမှ ကိုယ်စားလှယ်လောင်းများကို ဖြန့်ခွဲပေးခြင်းဖြစ်နှိုင်သလို၊ ပါတီပေါင်းစုံမှ ကိုယ်စားလှယ်လောင်းများကို စိတ်ကြိုက်ဖြန့်ခွဲရွေးချယ် မဲပေးခြင်း ဖြစ်နှိုင်သည်။ ထို့ပြင် မိမိအနှစ်သက်ဆုံး ကိုယ်စား လှယ်လောင်းတဉီးတည်းကိုသာ မဲအားလုံးထည့်ပေးခြင်းမျိုးလည်းပြုနှိုင်သည်။

(၂) ပါတီနှင့်အမတ်လောင်း တပါတည်းရွေးချယ်သည့် ပေါင်းစပ်ထားသောအချိုးကျကိုယ်စားပြုစနစ် ( Mixed Member Proportional System- MMP)
အဆိုပါစနစ်တွင် မဲဆန္ဒရှင်များသည် ပါတီကိုတစ်ကြိမ်၊ ကိုယ်စားလှယ်လောင်းကိုတစ်ကြိမ် နှစ်ကြိမ် မဲထည့်ရသည်။ ကိုယ်စားလှယ်လောင်းများ ရရှိသည့်မဲကို မဲအများဆုံးအနိုင်ရစနစ် ( FPTP စနစ်) ဖြင့် ရွေး ချယ်ပြီး၊ တစ်နိုင်ငံလုံးအရ သို့မဟုတ် (ပြည်နယ်/တိုင်းဒေသကြီးများကဲ့သို့) မဲဆန္ဒနယ်ကြီးများအရ ပါတီအလိုက်ရရှိသော မဲများကို အချိုးကျတွက်ချက်ပြီး လွှတ်တော်နေရာ ထပ်မံခွဲဝေယူသောစနစ် နှစ်ခုကို ပေါင်းထားခြင်းဖြစ်သည်။

(၃) လွှဲပြောင်း၍ရသောတမဲတည်းပေးစနစ် (Singal Transferable Vote - STV )
ဤစနစ်တွင် မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်လောင်းကို ဦးစားပေးအဆင့်သတ်မှတ်၍ ဆန္ဒမဲပေးနိုင်သည်။ သတ်မှတ်ထားသော ဆန္ဒမဲပြည့်သွား သည့် အရွေးချယ်ခံရသော ကိုယ်စားလှယ်သည် ပိုလျှံလာသောမဲများကို ကျန်ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးနိုင်သည်။

Closed List PR စနစ်ကို ရွေးချယ်ကြခြင်း
နိုင်ငံရေးပါတီအစုအဖွဲ့ခြောက်ဖွဲ့၏ ဒီဇင်ဘာလ၂၄ ရက်နှင့် ၂၅ ရက် နှစ်ရက်တာ ဆွေးနွေးချက်များအရ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးအတွက် အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲဒီဇိုင်းစာတမ်းများကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်ဆွေးနွေးပွဲတွင် အစုအဖွဲ့ခြောက်ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးစီက ဖတ်ကြားတင်ပြခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ သုံးရက်တာဆွေးနွေးပွဲတွင် လာမည့်ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြုစနစ် (PR) ပြောင်းလဲကျင့်သုံးရန် နိုင်ငံရေးပါတီများ သ ဘောတူခဲ့ပြီး PR စနစ်သို့ပြောင်းလဲကျင့်သုံးမည်ဆိုပါက စာရင်းပိတ်စနစ် (Closed List PR) ကို ကျင့်သုံးသင့်ကြောင်း နိုင်ငံရေးပါတီများက အကြံပြုဆွေးနွေးခဲ့ပါသည်။

ရွေးကောက်ပွဲ မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် လူဉီးရေကို အခြေမခံဘဲမြို့နယ်ကို အခြေခံတွက်ချက်ခြင်းအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အ လိုက် ယခင်ကရရှိခဲ့သည့် ကိုယ်စားလှယ်အရေအ တွက် အတိုင်းထိန်းသိမ်းထားကြရန် သဘောထားရှိကြသည်။

ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်များသတ်မှတ်ရာတွင်မူ ပါတီအစုအဖွဲ့တခုက ပြည်နယ်နှင့် တိုင်းဒေသကြီးများကို မဲဆန္ဒနယ်တခုစီအဖြစ်သတ်မှတ်လိုပြီး၊ နောက်ပါတီအစုအဖွဲ့တစ်ခုက ခရိုင်တစ်ခုစီကို မဲဆန္ဒနယ်တခုစီအဖြစ် ပိုမိုသေးငယ်စွာသတ်မှတ်လိုကြသည်။

အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်များသတ် မှတ်ရာတွင် ဆွေးနွေးကြသောပါတီအစုအဖွဲ့နှစ်ခုလုံးက ခရိုင်များကို မဲဆန္ဒနယ် တစ်နယ်စီအဖြစ် သတ် မှတ်လိုကြသည်။

မြို့နယ်ကို အခြေခံမည်လော၊ လူဦးရေကို အခြေခံမည်လော
နိုင်ငံရေးပါတီများကို ဤကဲ့သို့ အစုအဖွဲ့ (၆) ဖွဲ့ခွဲ၍ ရွေးကောက်ပွဲဒီဇိုင်းပုံစံများကို စဉ်းစားခိုင်းခြင်းမှာ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ နေ့စွဲဖြင့် ရွေးကောက်ပွဲကော်မရှင်မှ တင်ပြခဲ့သော အချိုးကျကိုယ်စားပြုမှုစနစ် (PR system) နှင့်စပ်လျဉ်း၍တင် ပြခဲ့သောစာတန်းအပေါ် သဘောထားကွဲလွဲမှုများကြောင့်ဖြစ်ပါသည်။ အဆိုပါစာတန်းတွင် မဲဆန္ဒနယ်များသတ်မှတ်သည့်အခါ မြို့နယ်ကိုအခြေမခံဘဲ လူဦးရေကိုအခြေခံရန် အကြံပြုတင်ပြထားပါသည်။

အကြောင်းမှာ အခြေခံဥပဒေ ပုဒ်မ ၁ဝ၉ (က) အရ..."ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ရွေး ကောက်တင်မြှောက်ရာတွင် မြို့နယ်ကိုအခြေခံ၍ လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ၃၃ဝ ထက်မပိုသော ကိုယ်စားလှယ်ရွေးကောက်တင်မြှောက်ရမည်" ဟုဆိုထားသောကြောင့် (၂ဝ၂၂ ခုနှစ် ခန့်မှန်းလူဦးရေ ၅၅.၇၇ သန်း) လူဦးရေ ၁၆၉ဝဝဝ ဦးရှိလျှင် ကိုယ်စားလှယ်တစ်ယောက်နှုန်းဖြင့်တွက်ချက်ထားရာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တချို့တို့မှာ ကိုယ်စားလှယ်ဦးရေ ပိုမိုရရှိလာပြီး၊ တ ချို့သော ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှာ ယခင် ကထက် ကိုယ်စားလှယ်ဉီးရေ လျော့နည်းရရှိနှိုင် ကြောင်းတွေ့ရသောကြောင့်ဖြစ်ပါသည်။

လူဦးရေ ၁၆၉ဝဝဝ ယောက်လျှင် ကိုယ်စားလှယ်တစ် ဦးကျစီဖြင့် ပြည်နယ်/တိုင်းဒေသကြီးများကို ကျယ် ဝန်း သောမဲဆန္ဒနယ်မြေတစ်ခုစီအဖြစ်သတ်မှတ် ပါက ယခင်ကထက် ကိုယ်စားလှယ်ဦးရေ ပိုမိုရရှိလာမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ.....
(၁) ကရင်ပြည်နယ် (၃ ယောက်)၊
(၂) မွန်ပြည်နယ် (၂ ယောက်)၊
(၃) ရခိုင်ပြည်နယ် (၃ ယောက်)
(၄) ပဲခူးတိုင်းဒေသကြီး( ၁ ယောက်)
(၅) မန္တလေးတိုင်းဒေသကြီး ( ၁၂ ယောက်)
(၆) ရန်ကုန်တိုင်းဒေသကြီး (၇ ယောက်)
(၇) ဧရာဝတီတိုင်းဒေသကြီး ( ၁၁ ယောက်)
စုစုပေါင်း ( ၃၉ ) ယောက်
လူဦးရေကို အခြေခံ၍တွက်ချက်လျှင် အထက်ပါပြည် နယ်တချို့က မူလရရှိထားသည့် ကိုယ်စားလှယ်အ ရေအတွက်ထက် စုစုပေါင်း( ၈ ) ယောက်ပိုမိုရရှိမည်ဖြစ်သော်လည်း တိုင်းဒေသကြီးတချို့က စုစုပေါင်း( ၃၁ ယောက်) ထိပိုမိုရရှိလာမည်ဖြစ်သည်။

အခြားတဖက်တွင်
ယခင်ကထက် ကိုယ်စားလှယ်ဉီးရေလျော့နည်းရရှိသွားမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ.....
(၁) ကချင်ပြည်နယ် ( ၆ ယောက်)
(၂) ကယားပြည်နယ် ( ၅ ယောက်)
(၃) ချင်းပြည်နယ် ( ၆ ယောက်)
(၄) ရှမ်းပြည်နယ် ( ၁၆ ယောက်)
(၅) စစ်ကိုင်းတိုင်းဒေသကြီး ( ၃ ယောက်)
(၆) တနင်္သာရီတိုင်းဒေသကြီး ( ၁ ယောက်)
(၇) မကွေးတိုင်းဒေသကြီး ( ၂ ယောက်)
စုစုပေါင်း (၃၉) ယောက်
လူဦးရေကို အခြေခံ၍တွက်ချက်လျှင် အထက်ပါတိုင်းဒေသကြီးတချို့က စုစုပေါင်း( ၆ ယောက်) သာလျော့နည်းရရှိမည်ဖြစ်သော်လည်း၊ အထက်ဖေါ်ပြပါပြည်နယ်တချို့က မူလရရှိထားသည့် ကိုယ်စားလှယ် အရေအတွက်ထက် စုစုပေါင်း( ၃၃ ) ယောက်အထိလျော့နည်းရရှိသွားမည်ဖြစ်ပါသည်။

ထိုသို ဖြစ်ပေါ်လာနှိုင်သည့် အခြေအနေအပေါ်နိုင်ငံ ရေးပါတီများသဘောမတူကြသောကြောင့်၊ အစုအဖွဲ့ (၆) စုဖွဲ့ကာ ဆွေးနွေးစေခြင်းဖြစ်ပါသည်။

နိုင်ငံရေးပါတီများအနေဖြင့် မြို့နယ်ကိုအခြေခံ၍ တစ်မြို့နယ်ရှိလျှင် ကိုယ်စားလှယ်တစ်ယောက်နှုန်းရရှိရမည်ဟုသတ်မှတ်ပါက မူလကပြည်နယ်နှင့် တိုင်းဒေသကြီးများရရှိထားသော ကိုယ်စားလှယ်အရေအတွက် အတိုင်းသာရရှိမည်ဖြစ်၍ သာသည်နာသည် အငြင်းမပွားဘဲကျေနပ်ကြပုံရပါသည်။

မြန်မာနိုင်ငံတွင် ဘာကြောင့် PR စနစ်ကို စိတ်ဝင်စားလာကြသလဲ
မြန်မာနိုင်ငံတွင် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် ( proportional representative election system) ကို အသုံးပြုသင့်ကြောင်း စဉ်းစားလာကြသည်မှာ ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရသွားပြီးကတည်းက စတင်ခဲ့သည်ဟုဆိုနိုင် သည်။ အကြောင်းမှာ မဲအများဆုံးရသူအနိုင် ရစနစ်ဖြင့်ကျင်းပသော ထိုရွေးကောက်ပွဲမဲရလဒ်များအရ ရှုံးနိမ့်သွားသောနိုင်ငံရေးပါတီတစ်ခုအနေဖြင့် မိမိကိုထောက်ခံဆန္ဒမဲပေးလိုက်သော မဲအရေအတွက် အချိုးအစားအတိုင်း လွှတ်တော်တွင်ကိုယ်စားပြုခွင့် အမတ်နေရာမရရှိဘဲ ထောက်ခံမဲများအလဟသဖြစ်သွားသဖြင့် လွှတ်တော်သည် ပြည်သူ့ဆန္ဒကို အမှန်တကယ် မထင်ဟပ်နိုင်ဟု ယူဆလာကြ၍ဖြစ်သည်။ ထိုစဉ်က အဓိကပါတီကြီးများ အလိုက်ရရှိခဲ့သည့် ထောက်ခံမဲ အရေအတွက်နှင့် လွှတ်တော်အမတ်နေရာအရေအတွက် အချိုးအစားကို အောက်ပါ အတိုင်းတွေ့ရသည်။ အောက်တွင် ဖေါ်ပြထားသည့် စာရင်းမှာ ၉ဝ ခုနှစ်ရွေးကောက်ပွဲတွင်ပါတီလိုက် ရရှိသော မဲစာရင်း အပြည့်အစုံမဟုတ်ပါ။ ထောက်ခံမဲရ ရှိသည့်ရာခိုင်နှုန်းနှင့် လွှတ်တော်နေရာရရှိမှုအချိုးမညီမှုကိုဖေါ်ပြရာတွင် ထင်ရှားပေါ်လွင် စေသည့် အဓိကပါတီများရရှိသည့် မဲစာရင်းသာဖြစ်ပါသည်။
စုစုပေါင်းနေရာ 492

အထက်ပါ ရွေးကောက်ပွဲရလဒ်စာရင်းအရ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ NUP သည် ထောက်ခံမဲ ၂ သန်း ၈ သိန်းကျော်ဖြင့် တနိုင်ငံလုံးမဲပေးသူများ၏ ၂၁.၂ ရာခိုင်နှုန်းသော ထောက်ခံမဲများကို ရရှိခဲ့သော် လည်း၊ လွှတ်တော်တွင်းနေရာ ၁ဝ နေရာသာရခဲ့သည်။ ဤသည်မှာ လွှတ်တော်နေရာအားလုံး၏ ၂.ဝ၃ ရာခိုင် နှုန်းသာရှိပါသည်။ အနိုင်ရပါတီဖြစ်သော NLD ပါတီကမူ ထောက်ခံမဲ ၇ သန်း ၉ သိန်းကျော်ဖြင့် တစ်နိုင်ငံလုံးမဲပေးသူများ၏ ၅၈.၉ ရာခိုင်နှုန်းသာရရှိခဲ့သော် လည်း လွှတ်တော်အမတ်နေရာ ၃၉၂ နေရာဖြင့် နေရာအားလုံး (၄၉၂) ၏ ၇၉.၆၇ ရာခိုင်နှုန်း (၈ဝ ရာခိုင်နှုန်းခန့်) ရရှိသွားပေသည်။

အခြားတဖက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ထောက်ခံမဲ ၂ သိန်း ၂ သောင်းကျော်ဖြင့် NUP တစည ပါတီရရှိသောမဲ၏ ဆယ်ပုံတစ်ပုံ၊ တစ်နိုင်ငံလုံးဆန္ဒမဲများ၏ ၁.၇ ရာခိုင်နှုန်းသာရရှိခဲ့သော SNLD ပါတီသည် လွှတ်တော်တွင်းနေရာ ၂၃ နေရာရရှိခဲ့သည်။ ဤအရေ အတွက်မှာ လွှတ်တော်နေရာအားလုံး၏ ၄.၆၇ ရာခိုင် နှုန်းရှိပါသည်။ သို့ဖြင့် FPTP ရွေးကောက်ပွဲစနစ်သည် နိုင်သူကို ပိုနိုင်စေပြီး၊ ရှုံးသူကို ပိုရှုံးစေသောစနစ် အ ဖြစ်တွေ့မြင်နှိုင်ပါသည်။ အဓိပ္ပာယ်မှာ တစ်နေရာချင်းစီတွင် ဆန္ဒမဲအများဆုံးဖြင့် အနိုင်ရသောပါတီ၏ လွှတ် တော်နေရာရရှိမှုရာခိုင်နှုန်းသည်၊ ဆန္ဒမဲရရှိမှု ရာခိုင် နှုန်းထက်ပိုများပြီး၊ ရှုံးနိမ့်သောပါတီ၏ လွှတ်တော်နေ ရာရရှိမှုရာခိုင်နှုန်းသည် ဆန္ဒမဲရရှိမှု ရာခိုင်နှုန်းထက် ပိုမိုနည်းပါးသည်ဟု ဆိုခြင်းဖြစ်ပါ သည်။ အကယ်၍ ရွေးကောက်ပွဲကို FPTP စနစ်ဖြင့်မကျင်းပဘဲ PR စနစ်ဖြင့် ကျင်းပမည်ဆိုလျှင်၊ တစ်နိုင်ငံလုံးရရှိသည့် ထောက်ခံမဲရာခိုင်နှုန်း အလိုက်အောက်ပါအတိုင်း လွှတ်တော်နေရာများရရှိနှိုင်သည်။

အထက်ဖေါ်ပြပါအတိုင်းနေရာရရှိကြမည်ဆိုလျှင်၊ လွှတ်တော်တွင်းနေရာ အချိုးအစားအကြီးအကျယ်ပြောင်းလဲသွားမည်ဖြစ်ပေသည်။ တစ်နိုင်ငံလုံးတွင် ယှဉ်ပြိုင်နှိုင်သောပါတီများအနေဖြင့် ပိုမိုတရားမျှတ သည်ဟု ယူဆနှိုင်သော်လည်း လူဉီးရေနည်းပါးပြီးတစ် နိုင်ငံလုံးတွင် ယှဉ်ပြိုင်ခြင်းမပြုနှိုင်သည့် SNLD ကဲ့သို့သော လူနည်းစုတိုင်းရင်းသားပါတီများအတွက်မူ ကိုယ်စားပြုခွင့်ပိုမိုအားနည်းသွားမည်ဖြစ်သည်။ ဤအချက်က ပီအာစနစ်သည် လူနည်းစုတိုင်းရင်းသားများအတွက် ပိုမိုကောင်းမွန်သည်ဆိုသည့်အချက်ကို ဆန့်ကျင်နေပေသည်။ ထိုသို့ဖြစ်ရသည်မှာ မြန်မာနိုင်ငံရှိလူနည်းစုတိုင်းရင်းသားများသည်၊ ဗမာလူမျိုးကြီးနှင့် အတူရောနှောနေထိုင်ခြင်းနည်းပါးပြီး ၎င်းတို့နေထိုင်ကြသော မဲဆန္ဒနယ်မြေများတွင်၎င်းတို့မှာ အများစုနေ ထိုင်ကြသဖြင့် FPTP စနစ်က ၎င်းတို့အတွက် ပိုမိုကောင်းမွန်သောကြောင့်ဖြစ်ပေသည်။

PRစနစ်ကျင့်သုံးရန် ကြိုးစားခဲ့မှုများ
၉ဝ ခုနှစ် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ NUP သည် ၂ဝဝ၈ ခုနှစ် အ ခြေခံဥပဒေကိုရေးဆွဲကြသည့်အခါ ရွေးကောက်ပွဲစ နစ်ကို အချိုးကျကိုယ်စားပြုစနစ်ဖြင့်ကျင်းပရန်တင်ပြခဲ့ဘူးသော်လည်း၊ မအောင်မြင်ခဲ့ဟုကြားသိဘူးသည်။ ထို့ကြောင့် ၂ဝဝ၈ အခြေခံဥပဒေကို မဲအများဆုံးရသူ အနိုင်ရရွေးကောက်ပွဲစနစ်ကျင့်သုံးရန်အတွက်သာရည် ရွယ်ကာပြဌာန်းခဲ့ပြီး၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း FPTP စနစ်ဖြင့်ကျင်းပခဲ့သည်။ ၂ဝ၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် NLD က လွှတ်တော်နေရာအားလုံးနီး ပါးကို အနိုင်ရသွားပြီး ၂ဝဝ၈ အခြေခံဥပဒေအောက်တွင်ပြန်လည်ပါဝင်လာသည့်နောက်၊ နောင်လာမည့် ရွေးကောက်ပွဲများ၌ ၉ဝ ခုနှစ်ရွေးကောက်ပွဲကဲ့သို့သော အချိုးအစားမကျမှုမျိုးမုချကြုံတွေ့ရမည်ကို ကြိုတင် သိမြင်သော NDF ပါတီက ၂ဝ၁၅ ရွေးကောက်ပွဲကို PR စနစ်ဖြင့်ကျင်းပရန် ပထမအကြိမ်လွှတ်တော်တွင်တင် ပြခဲ့သည်။ သို့သော်လည်း မအောင်မြင်ခဲ့ပါ။

အကယ်၍ ထိုစဉ်ကသာ USDP (ပြည်ခိုင်ဖြိုးပါတီ) ခေါင်းဆောင်ပိုင်းက ညီညီညွတ်ညွတ်ဖြင့် PR စနစ်ကို ကျင့်သုံးလိုစိတ်ရှိခဲ့ပါက ၂ဝဝ၈ အခြေခံဥပဒေပါ ရွေးကောက်ပွဲစနစ်နှင့် သက်ဆိုင်သည့် ပြဌာန်းချက်များကို ပြင်ဆင်ကာ PR စနစ်ကိုကျင့်သုံးနှိုင်သည့် အခြေအနေရှိခဲ့ပါသည်။ သို့သော်လည်း NLD ပါတီကို ဤမျှမဲအပြတ်အသတ်ရှုံးလိမ့်မည်ဟုထင်မထားခြင်း၊ PR စနစ်၏ ရှုပ်ထွေးမှုများ နှင့် ၂ဝဝ၈ အခြေခံဥပဒေ၏ အကန့်အသတ်တို့ကြောင့် ပြောင်းလဲကျင့်သုံးနိုင်ခြင်းမရှိခဲ့ချေ။

ထို့ကြောင့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲကျင်းပသောအခါ အများကခန့်မှန်းထားသလိုပင် NLD ပါတီက မဲအပြတ် အသတ်နိုင်ရခဲ့ရာ ထွက်ပေါ်လာသည့် မဲစာရင်းရလဒ်များမှာ NDF ပါတီက စိုးရိမ်သည့်အတိုင်းဖြစ်လာခဲ့ပေသည်။ ပြည်သူ့လွှတ်တော်အတွက် ထွက်ပေါ်လာသော အဓိကပါတီကြီးများရရှိသည့် အောက်ပါမဲရလဒ်များကို နမူနာအဖြစ်ကြည့်ကြပါစို့။ ပါတီများအားလုံးရရှိသည့် မဲစာရင်း အပြည့်အစုံမဟုတ်ပါ။ အချိုးမညီမှုကို ဖေါ်ပြရာတွင် ထင်ရှားပေါ်လွင်စေသည့် အဓိကပါတီများရရှိသည့် မဲစာရင်းသာဖြစ်ပါသည်။

၂ဝ၁၅ ခုနှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမဲရလဒ် (ယှဉ်ပြိုင်သည့်နေရာ စုစုပေါင်း ၃၂၃ နေရာ)

အထက်ပါစာရင်းအရ ထင်ထင်ရှားရှားတွေ့မြင်ရသည် မှာ အနိုင်ရလေလေပိုနိုင်လေလေဖြစ်ပြီး၊ ရှုံးနိမ့်လေလေ ပိုရှုံးလေဖြစ်သည်။ အဓိပ္ပါယ်မှာ ထောက်ခံဆန္ဒမဲ အများစုဖြင့် အနိုင်ရပါတီသည် လွှတ်တော်တွင်းနေရာ အချိုးအစားကိုလည်း ပိုမိုရရှိပြီး ထောက်ခံမဲအနည်းစုသာရရှိသော ရှုံးနိမ့်ပါတီသည် လွှတ်တော်တွင်းနေရာ အချိုးအစားတွင်လည်း ပိုမိုနည်းပါးစွာသာရရှိသည်ဆိုသည့်အဓိပ္ပါယ်ဖြစ်ပါသည်။

၂ဝ၁၅ ရွေးကောက်ပွဲမဲရလဒ်များကို ပီအာစနစ်ဖြင့် အချိုးကျခွဲဝေယူခဲ့သော်
အကယ်၍ တစ်နိုင်ငံလုံးရရှိမဲကို အချိုးကျကိုယ်စားပြုနှိုင်သည့် PR စနစ်ကိုကျင့်သုံးမည်ဆိုပါက ရရှိလာမည့် ပြည်သူ့လွှတ်တော်နေရာများမှာ အောက်ပါအတိုင်းဖြစ်ပေလိမ့်မည်။

အထက်တွင်ဖေါ်ပြထားသည့် နမူနာအရ နိုင်ငံရေးပါ တီများသည် မိမိတို့ရရှိလိုက်သော ထောက်ခံမဲအချိုး အစားအရ လွှတ်တော်တွင်းတွင်လည်းအနီးစပ်ဆုံးမှန် ကန်သည့် အချိုးအစားဖြင့် ကိုယ်စားပြုမှုကို ရရှိနှိုင်ပြီး အလဟသဖြစ်သွားသော ထောက်ခံဆန္ဒမဲများ နည်းပါးသွားပေလိမ့်မည်။

အခြားတဖက်တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြိုင် ပွဲမဝင်နှိုင်သော ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်တို့ ကဲ့သို့လူနည်းစုတိုင်း ရင်းသားအခြေပြုပါတီများအနေဖြင့်လည်း FPTP စနစ်မှာထက် ကိုယ်စားလှယ်နေရာရရှိမှုနည်းပါးသွားမည်ဖြစ်သည်။

အကယ်၍ ၂ဝ၁၅ ခုနှစ်က PR ရွေးကောက်ပွဲစနစ်ကျင့် သုံးပြီး ပြည်သူ့လွှတ်တော်တွင် အထက်ပါအတိုင်းအ မတ်နေရာများရရှိခဲ့ပါက တပ်မတော်ကိုယ်စားလှယ် ၁၁ဝ အပါအဝင် စုစုပေါင်း အမတ်နေရာ ၄၃၃ ( အချို့သော နေရာများတွင် ရွေးကောက်ပွဲမကျင်းပနှိုင်ခဲ့ပါ) သာရှိမည်ဖြစ်ရာ ဥပဒေပြုရေးဖြစ်စေ၊ သမ္မတလောင်းရွေးချယ်တင်မြှောက်ခြင်း အပါအဝင် လွှတ်တော်ဆိုင် ရာဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်ရန်အတွက် အများစုထောက်ခံမဲ ၂၁၇ မဲလိုမည်ဖြစ်သောကြောင့် အနိုင်ရပါ တီသည် တပါတီတည်းစိတ်တိုင်းကျလွတ်လွတ်လပ် လပ်ဆောင်ရွက်နိုင်တော့မည်မဟုတ်ပေ။ အခြားသောပါတီများနှင့် စေ့စပ်ညှိနှိုင်းစည်းရုံးမှု များပြုလုပ်ရတော့မည်ဖြစ်သည်။

ရွေးကောက်ပွဲမဝင်ရဘဲ ၂၅ ရာခိုင်နှုန်းပါဝင်ခွင့်ရနေသော တပ်မတော်သားကိုယ်စားလှယ်များသည်လည်း အရေးပါသောအင်အားစုတစ်ရပ်ဖြစ်လာပြီး USDP ကဲ့သို့သောပါတီများနှင့်ပူးပေါင်းကာ အနိုင်ရပါတီ၏ မဲအင်အားကို သာလွန်သွားမည်ဖြစ်သည်။ သို့သော် ၅ဝ ရာခိုင်နှုန်းကျော် ၂၁၇ မဲဖြစ်ရန်ကား အခြားသောပါတီငယ်များကို အားကိုးရဦးမည်ဖြစ်သည်။ မိမိတစ်ပါတီတည်း ထင်ရာစိုင်းနှိုင်မည်မဟုတ်သောကြောင့် လွှတ် တော်တွင်း မဲခွဲဆုံးဖြတ်မှုများသည် အမြဲလိုစိတ်ဝင်စားစရာကောင်းနေပေလိမ့်မည်။ ဤအခြေအနေကား ၂ဝ၁၅ ခုနှစ်တွင် NLD လည်းပါဝင်ပြီး ရွေးကောက်ပွဲစနစ်ကိုလည်း တစ်နိုင်ငံလုံးရရှိမဲအပေါ်အချိုးချသည့် PR စနစ်ဖြင့် ကျင့်သုံးမည်ဆိုပါက ဖြစ်လာနိုင်ခြေရှိ သည့် ပြည်သူ့လွှတ်တော်အခင်းအကျင်းကိုပြသခြင်းဖြစ်သည်။

အထက်တွင်တင်ပြခဲ့သည့် အချိုးကျတွက်ချက်မှုမှာ တစ်နိုင်ငံလုံးကို မဲဆန္ဒနယ်တစ်ခုတည်းကဲ့သို့ မှတ်ယူပြီးနိုင်ငံရေးပါတီများအလိုက်ရရှိမဲကို အခြေပြုတွက် ချက်ခြင်းဖြစ်သည်ကို သတိပြုစေလိုပါသည်။ အ ကြောင်းမှာ PR အချိုးကျကိုယ်စားပြုစနစ်တွင် မဲဆန္ဒ နယ်မြေ တစ်ခုတွင် ကိုယ်စားလှယ်တစ်ယောက်ထဲရွေးချယ်၍မရပါ။ ကိုယ်စားလှယ် ၂ ယောက်နှင့်အထက်ရွေးချယ်ရသောမဲဆန္ဒနယ်မြေများတွင်သာ အချိုးကျစနစ်ကျင့်သုံးနှိုင်သောကြောင့်ဖြစ်ပါသည်။

၂ဝဝ၈ အခြေခံဥပဒေနှင့် အချိုးကျကိုယ်စားပြုရွေး ကောက်ပွဲစနစ်ဆန့်ကျင်မှုရှိ-မရှိ
ဤသည်မှာ အရေးကြီးသော မေးခွန်းဖြစ်ပါသည်။ အ ကြောင်းမှာ ‌ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်သည့်ဥပဒေများသည် အခြေခံဥပဒေနှင့်ဆန့်ကျင်၍ မရသောကြောင့်ဖြစ်သည်။ ၂ဝဝ၈ အခြေခံဥပဒေမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တစ်နယ်လျှင် လွှတ် တော်ကိုယ်စားလှယ် တယောက်နှုန်းဖြင့် ရွေးချယ် တင်မြှောက်ရန် ရေးဆွဲပြဌာန်းထားပြီး PR စနစ်က မဲဆန္ဒနယ်တစ်နယ်အတွက် လွှတ်တော်ကိုယ်စား လှယ်နေရာအများအပြားသတ်မှတ်ပြီး ရရှိသည့် ဆန္ဒမဲ အရေအတွက်ကို အချိုးကျတွက်ချက်၍ ကိုယ်စား လှယ်နေရာခွဲဝေယူကြရသောကြောင့်ဖြစ်သည်။

ပထမအကြိမ်လွှတ်တော်ကာလက အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် ကျင့်သုံးသင့်မသင့် ပြည်သူ့ လွှတ်တော်တွင်းဆွေးနွေးခဲ့ရာတွင် လွှတ်တော်ကဆုံးဖြတ်ချက်မချမှတ်မီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ စာပေးပို့ပြီးခုံရုံး၏သဘောထားတောင်းခံခဲ့ရာ၊ ခုံရုံးက “ပေးပို့လာသော ရွေးကောက်ပွဲနည်း လမ်းများပါ ရွေးကောက်ပွဲပုံစံ (၂) မှ (၈) အထိသည် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်များ ရွေးကောက်တင်မြှောက် ပုံနှင့်စပ် လျဉ်း၍ လက်ရှိအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်မှုမရှိဟု စိစစ်တွေ့ရှိရပါကြောင်း၊ ပြန်ကြားအပ်ပါသည်" ဟု ၁၃-၁၁-၂ဝ၁၄ နေ့စွဲဖြင့် စာရေးပြန် ကြားခဲ့ပါသည်။ ( မှတ်ချက် စာတွင်ရည်ညွှန်းထားသော ပုံစံ (၂ ) သည် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် ဖြစ်ပါသည်။ )

သို့ဖြစ်ရာ ခုံရုံးသည် အချိုးကျကိုယ်စားပြုရွေးကောက် ပွဲစနစ်ကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများအ တွက် ကျင့်သုံးပါက အခြေခံဥပဒေနှင့်ညီညွတ်မှုမရှိဟု ဆုံးဖြတ်ပြီးဖြစ်သည်ဟု ဆိုရပါမည်။

သို့သော်လည်း ၂ဝ၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့စွဲဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်( NLD )ပါ ၂၆ ဉီးတို့က တင်သွင်းသည့် " အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် (PR) စနစ်ကျင့်သုံးရန်ဆုံးဖြတ်ခြင်း၊ ဥပဒေပြင်ဆင်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အားဆောင်ရွက်စေခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုချန် လှပ်၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တပြေးညီကျင့်သုံးရန်လျာထားခြင်းနှင့် တင်ပြထားသောရွေးကောက်ပွဲပုံစံနှစ်မျိုး သတ်မှတ်ပေးခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိ-မရှိ တင်ပြလာသည့်ကိစ္စ"ကို ခုံရုံးက အဆုံးအဖြတ်ပေးခဲ့ရာတွင်၊
"ဥပဒေပြုရန် အခွင့်အာဏာရလွှတ်တော်က ပြဌာန်းပြီးသော ဥပဒေများကိုသာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီဤခုံရုံးက စိစစ်ခွင့်ရှိမည်ဖြစ်သည်။ ပြဌာန်းပြီးသော ဥပဒေအဆင့်မရောက်မီ၊ ဥပဒေပြဌာန်းရန်အ တွက် လွှတ်တော်လုပ်ထုံးလုပ်နည်းများအရ ဆောင် ရွက်နေသည့်အဆင့်တွင် တင်သွင်းလွှာပါကိစ္စအပေါ် ဤခုံရုံးက စိစစ်ခွင့်၊ စွက်ဖက်ခွင့် ရှိသည်ဟုဆိုနိုင်မည်မဟုတ်ပေ။

စုပေါင်းသုံးသပ်ပါက တင်သွင်းလွှာပါ အချက်များ သည်၊ ဥပဒေပြုခွင့်ရလွှတ်တော်က ဥပဒေအဖြစ်ပြဌာန်းမှုမပြုရသေးခြင်း၊ ဥပဒေပြုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးအဖြေရှာရန် ကျန်ရှိနေခြင်းတို့ကို တွေ့ရှိရသည်။ ဤပေါ်ပေါက်ချက်များအရတင်သွင်းလွှာသည် ယခုအဆင့်တွင် ဆုံးဖြတ်ရမည့် အခြေအနေသို့မရောက်ရှိသေးသဖြင့်၊ ခုံရုံးက ဆုံးဖြတ်ရမည့်အ ချက်များတွင် အကျုံးမဝင်ပေ။ ထို့ကြောင့်ဤတင်သွင်းလွှာကို ပလပ်ကြောင်းအမိန့်ချမှတ်သည်။" ဟု ဆိုပြီး၊ PR စနစ်သည် အခြေခံဥပဒေနှင့် ညီ၊ မညီကို အဆုံးအ ဖြတ်မပေးခဲ့ပေ။

သို့ဖြစ်ရာ ယခုရွေးကောက်ပွဲကော်မရှင်သည် PR စနစ်ကျင့်သုံးရေးနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်နှင့် ပတ်သက်သည့် ထိုဆုံးဖြတ်ချက်ကို ကိုယ်းကား၍ PR စနစ်သည် အခြေခံဥပဒေနှင့် ညီ၊ မညီကို ခုံရုံးက ဆုံး ဖြတ်ခွင့်မရှိ၍ ဆုံးဖြတ်ချက်ပေးနှိုင်မည်မဟုတ်ဟု ဆိုသည်။

ထို့ကြောင့် PR စနစ်ကျင့်သုံးနှိုင်ရေးအတွက် အဓိက အချက်ဖြစ်သော ကိုယ်စားလှယ်အများအပြား ရွေး ချယ်ရသည့် မဲဆန္ဒနယ်မြေများလိုအပ်သလို သတ်မှတ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာ နည်းဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီထုတ် ပြန်ခြင်းတို့ကို ၎င်းတို့၏ တာဝန်ဖြစ်သည်ဟုခံယူကာ ဆက်လက်ဆောင် ရွက်လျက်ရှိသည်ကိုတွေ့ရှိရပေသည်။

လာမည့်ရွေးကောက်ပွဲတွင် မည်သို့သောရလဒ်ထွက်ပေါ်လာမည်ဆိုသည်မှာ မည်သို့သော အချိုးကျကိုယ် စားပြုရွေးကောက်ပွဲစနစ် PR System Design ကိုအသုံးပြုမည်လဲဆိုသည့်အပေါ်များစွာမူတည်ပါသည်။ မည်သို့ဆိုစေ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းကြိုတင်နေရာရယူထားသော တပ်မတော်၏ လွှတ်တော်တွင်း အရေးပါမှု ပိုမိုမြင့်တက်လာမည်ကား အသေအချာဖြစ်ပါတော့သည်။
ကိုးကား (1) Wikipedia
(2) ဦးမျိုးညွန့်(ခ)မိုက်ကယ်ညွန့်ရေး- ပီအာ (PR) စနစ်ဆိုတာဘာလဲ

"ျမန္မာႏိုင္ငံေ႐ြးေကာက္ပြဲမ်ားတြင္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ကိုက်င့္သုံးေတာ့မည္" (ေဆာင္းပါး)
ရဲထြန္း (သီေပါ) (NP News) - ဇန္နဝါရီ ၂၅

ျမန္မာႏိုင္ငံတြင္ လာမည့္ ၂ဝ၂၃ ခုႏွစ္ၾသဂုတ္လတြင္က်င္းပျပဳလုပ္မည့္ေ႐ြးေကာက္ပြဲမ်ားမွစတင္ကာ အ ခ်ိဳးက်ကိုယ္စားျပဳစနစ္ (Proportional Representative Election System) PR ကိုက်င့္သုံးရန္ ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) ႏွင့္ ႏိုင္ငံေရးပါ တီ ၆၂ ပါတီတို႔ ေဆြးေႏြးတိုင္ပင္အေကာင္အထည္ ေဖၚေနၾကၿပီျဖစ္သည္။ အေျခခံမူသေဘာကို ညႇိႏႈိင္းၿပီးဆုံးပါက လာမည့္ေ႐ြးေကာက္ပြဲတြင္ က်င့္သုံးမည့္ ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒတစ္ရပ္ေပၚထြက္လာရန္ရွိပါသည္။

ပီအာစနစ္ဆိုသည္မွာ
ပီအာေခၚ အခ်ိဳးက်ကိုယ္စားျပဳစနစ္ဆိုသည္မွာ Proportional Representation ဆိုသည္ကို အတို ေကာက္ယူထားျခင္းျဖစ္ပါသည္။ အဘိဓာန္ဖြင့္ဆိုခ်က္အတိုင္းအတိအက်ေဖာ္ျပရလွ်င္ ‘electoral system designed to produce legislative bodies in which the number of seats held by each group or party is proportional to the number of votes cast for….’ ပါတီ သို႔မဟုတ္ အစုအဖြဲ႕အ သီးသီးကရရွိသည့္ ေထာက္ခံဆႏၵမဲအေရအတြက္အ ခ်ိဳးအစားအတိုင္း ေနရာအေရတြက္ရယူထားသည့္ ဥပေဒျပဳလႊတ္ေတာ္မ်ားထြက္ေပၚလာရန္ စီမံထားသည့္ေ႐ြးေကာက္ပြဲစနစ္ျဖစ္ပါသည္။

ႏိုင္ငံေရးပါတီမ်ား၊ ေ႐ြးေကာက္ပြဲတြင္ရရွိသည့္ မဲအ ေရအတြက္အရ၊ ဥပေဒျပဳလႊတ္ေတာ္တြင္ အခ်ိဳးက် ခြဲေဝယူရမည့္စနစ္ဟု အလြယ္ေျပာႏိုင္ပါသည္။ မဲဆ ႏၵနယ္ႀကီးတခုစီမွေန၍ လႊတ္ေတာ္ဆီသို႔ေစလႊတ္ရန္ ကိုယ္စားလွယ္ကို တစ္ဦးထက္ပို၍ ေ႐ြးေကာက္ေစကာ ပါတီမ်ားကလည္း ထိုေဒသကိုကိုယ္စားျပဳမည့္ ကိုယ္စားလွယ္မ်ားစာရင္းကို အသီးသီးျပည္သူထံတင္ျပၿပီး လူထုကလည္း ေ႐ြးေကာက္ပြဲတြင္မိမိတို႔ဆႏၵရွိသည့္ပါတီ၏ ကိုယ္စားလွယ္စာရင္းကို မဲေပးေ႐ြးခ်ယ္ေသာ စနစ္ပင္ျဖစ္သည္။ ဥပမာအားျဖင့္ မဲဆႏၵနယ္တစ္ခုတြင္ အမတ္ဆယ္ေယာက္ေ႐ြးမည္ဆိုလွ်င္ ပါတီမ်ားက တစ္ပါတီလွ်င္ ဆယ္ဦးစီပါေသာ စာရင္းတင္ၿပီး ထိုေဒသ ၌ေ႐ြးေကာက္ပြဲဝင္သည့္အ ခါတြင္ ၃ဝ ရာခိုင္ႏႈန္းေထာက္ခံမဲရရွိပါက ၃ဝ ရာခိုင္ ႏႈန္း၏အခ်ိဳးက်အျဖစ္ အမတ္ဆယ္ေနရာတြင္သုံးေန ရာပါဝင္ခြင့္ရမည္ျဖစ္သည္။ အခ်ိဳ႕နယ္ေျမမက်ယ္ ဝန္းလြန္းေသာ ႏိုင္ငံမ်ားတြင္ တႏိုင္ငံလုံးကို မဲဆႏၵ နယ္ႀကီးတခုအျဖစ္သတ္မွတ္ကာ အထက္ပါအတိုင္းေ႐ြးေကာက္တင္ေျမႇာက္ၾကေလ့ရွိသည္။ (ဥပမာ နယ္သာလန္၊အစၥေရး) ဥပမာအားျဖင့္ ရွင္းလင္းေနေသာ္လည္း လက္ေတြ႕တြင္မူကိုယ္စားလွယ္ ၁၁ ေယာက္ေ႐ြးေသာ မဲဆႏၵနယ္မွ ပါတီတခုက ၄၂ ရာခိုင္ႏႈန္းေထာက္ခံမဲမ်ားရရွိခဲ့မည္ဆိုလွ်င္ အခ်ိဳးက်ျပန္တြက္ေသာအခါ ကိုယ္စားလွယ္ ၄.၆၂ ေယာက္ကိုယ္စားျပဳခြင့္ရသည္ဟု အေျဖထြက္ေနၿပီး အခက္ေတြ႕ရႏိုင္သည္။ ထိုအေျခအေနကိုေျဖရွင္းပုံမွာ ေဒသအသီးသီးမွ ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ လႊတ္ေတာ္၏အမတ္အေရအတြက္အျပင္ အစြန္းထြက္လာမည့္ ကိန္းျပည့္မဟုတ္သည့္အမတ္အေရအတြက္မ်ားကို ကာမိေစရန္ႏွင့္ပါတီမ်ားအသီး သီးအတြက္ အစြန္းထြက္မဲမ်ားကို ထပ္မံခြဲေဝရန္အ တြက္ အမတ္ေနရာအခ်ိဳ႕ကို သီးသန႔္ခ်န္ထားျခင္းပင္ျဖစ္သည္။ ဥပမာအားျဖင့္ ဆြီဒင္ႏိုင္ငံတြင္ မဲဆႏၵနယ္ ၂၈ နယ္ရွိရာ၌ တနယ္စီတြင္ေ႐ြးခ်ယ္ေသာ လႊတ္ ေတာ္အမတ္မ်ား၏ စုစုေပါင္းအေရအတြက္မွာ ၃၁ဝ ျဖစ္ေသာ္လည္း လႊတ္ေတာ္ရွိ အမတ္ေနရာစုစုေပါင္းကို ၃၄၉ ေနရာအျဖစ္ သတ္မွတ္ထားကာ ၃၉ ေနရာကို အစြန္းထြက္ျဖစ္လာမည့္ ရာႏႈန္းမ်ားကိုျပန္ညႇိရန္ သီးသန႔္သတ္မွတ္ေပးထား၏။ အစြန္းထြက္ရာႏႈန္းမ်ား ရႈပ္ေထြးမႈအလြန္အကြၽံ မျဖစ္ေစေရးအတြက္ ဂ်ာမနီႏွင့္ ပိုလန္ကဲ့သို႔ေသာ ႏိုင္ငံမ်ားတြင္ အမတ္ေန ရာရေရးအတြက္ မဲအေရအတြက္စုစုေပါင္း၏ အ နည္းဆုံး ၅ ရာခိုင္ႏႈန္းရ ရမည္ဟု သတ္မွတ္ထားၾကၿပီး ဆြီဒင္ႏွင့္ အီတလီႏိုင္ငံတို႔တြင္လည္း အနည္းဆုံး မဲ ၄ ရာခိုင္ႏႈန္းရ ရမည္ဟု အသီးသီးသတ္မွတ္ထားၾက
သည္။

ေနာက္ထပ္ ဥပမာတခုမွာ
လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ ၆ ေနရာရွိေသာမဲဆ ႏၵနယ္တနယ္တြင္ ယွဥ္ၿပိဳင္သည့္ႏိုင္ငံေရးပါတီ ၁ဝ ခုရွိသည္ဆိုၾကပါစို႔။ ပါတီမ်ားရရွိၾကသည့္ ခိုင္လုံဆႏၵမဲအေရအတြက္ စုစုေပါင္း၏ ၁၆.၆၆ ရာခိုင္ႏႈန္းရလွ်င္ အမတ္ေနရာ တစ္ေနရာရမည္ျဖစ္ၿပီး၊ ၃၃.၃၂ ရာခိုင္ႏႈန္းရလွ်င္ အမတ္ေနရာ ၂ ေနရာရမည္ျဖစ္ သည္။ သို႔ေသာ္လည္း မည္သည့္ပါတီမွ် ၁၆.၆၆ ရာခိုင္ႏႈန္း အျပည့္မရဘဲ ၁ဝ ရာခိုင္ႏႈန္းပတ္ဝန္းက်င္သာရရွိၾကမည္ဆိုလွ်င္ ရရွိသည့္မဲအမ်ားအနည္း အ စဥ္လိုက္ျဖင့္ မဲအမ်ားဆုံးရ ၆ ပါတီသာခြဲေဝယူၾကရမည္ျဖစ္သည္။

လက္လွမ္းမီသမွ် သမိုင္းေၾကာင္းအရဆိုရလွ်င္၊ ျပင္သစ္ေတာ္လွန္ေရးကာလေလာက္ကပင္ ပီအာစနစ္ အေၾကာင္း စတင္စဥ္းစားခဲ့ၾကသည္ဟုဆိုပါသည္။ ၿဗိတိသွ်ႏိုင္ငံေရးေဘာဂေဗဒပညာရွင္ ဂြၽန္စတုဝပ္ မီး(လ)က စတင္ေဖာ္ထုတ္ခဲ့သည္ဟုလည္း အမွတ္ အသားရွိသည္။ စံေတာ္ဝင္ေ႐ြးေကာက္ပြဲစနစ္ဟုဆိုႏိုင္ေသာ၊ မဲအမ်ားဆုံးရသူက အႏိုင္ရသည့္စနစ္ (First Past the Post) အတိုေကာက္ FPTP စနစ္၏ အားနည္းခ်က္မ်ားကို ေဝဖန္သုံးသပ္ရာမွေပၚထြက္လာျခင္းျဖစ္သည္။ FPTP စနစ္မွာ ေပါက္သူအကုန္ယူ(Winner takes all) သေဘာျဖစ္ရာ၊ အမ်ားစုႏွင့္ ဗိုလ္က်သည္မ်ိဳး (tyranny of majority) ျဖစ္ႏိုင္၍ ပါတီငယ္မ်ား၊ အထူးသျဖင့္ လူမ်ိဳးစုပါတီမ်ား၊ ေဘးေရာက္သြားႏိုင္ (marginalized)ေသာေၾကာင့္ ပီအာစနစ္ကို အဆိုျပဳလာသည္ဟုဆိုသည္။

ပီအာစနစ္ကို ပထမဆုံးအေကာင္အထည္ေဖာ္ က်င့္ သုံးခဲ့သည္မွာ (၁၈၅၅) ဒိန္းမတ္ႏိုင္ငံျဖစ္သည္။ ထိုသည္၏ ေနာက္တြင္မူလူမ်ိဳးမ်ားစြာျဖင့္ ျပည္ေထာင္ စုပုံသဏၭာန္စုစည္းၾကေသာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားလိုက္ပါက်င့္သုံးလာၾကသည္။ ဆြတ္ဇာလန္ (၁၈၉၁) ၊ ဘယ္(လ္)ဂ်ီယံ (၁၈၉၉) ၊ ဖင္လန္ (၁၉ဝ၆) စသည္တို႔ျဖစ္သည္။ လူမ်ိဳးစု လူနည္းစုမ်ားရွိေသာ၊ ပါတီေတြအမ်ားႀကီးရွိေနေသာ ႏိုင္ငံမ်ားအတြက္၊ ပိုမိုဒီမိုကေရစီနည္းက်သည့္ ေ႐ြးေကာက္ပြဲစနစ္ဟု ပညာ ရွင္မ်ားက အမွတ္ေပးၾကသည္။ သို႔ႏွင့္တိုင္၊ ၁၉၂ဝ ျပည့္လြန္ႏွစ္မ်ားက ေပၚထြက္လာခဲ့ေသာ ဂ်ာမန္ဝိုင္မာသမၼတႏိုင္ငံတြင္ ပီအာစနစ္ကို က်င့္သုံးခဲ့ရာမွဟစ္တလာ၏ နာဇီပါတီအာဏာရလာေသာ သမိုင္းကလည္းရွိေနျပန္သည္။ ဤအခ်က္ကို အေၾကာင္းခံ၍ ပီအာစနစ္၏ အားနည္းခ်က္မွာ အစြန္းေရာက္ပါတီမ်ား အာဏာရလာႏိုင္သည့္ အလားအလာရွိသည္ဆိုေသာ ေဝဖန္ေထာက္ျပခ်က္မ်ားလည္း ရွိသည္။ သို႔ ႏွင့္အမွ်၊ ေနာက္ပိုင္းတြင္ FPTP ႏွင့္ PR ကိုေပါင္းစပ္က်င့္သုံးသည့္စနစ္လည္း ေပၚလာသည္။ တစ္စိတ္တစ္ပိုင္းအခ်ိဳးက်စနစ္ (Semi-Proportional System) ဟုေခၚပါသည္။

အက်ိဳးေက်းဇူးမ်ား
ပီအာစနစ္ေၾကာင့္ ေ႐ြးေကာက္ခံဥပေဒျပဳအမတ္မ်ား သည္ ပါတီအလိုက္လူထု၏ေ႐ြးခ်ယ္မႈရာႏႈန္းကိုတိတိက်က် ကိုယ္စားျပဳေနၿပီး ဒီမိုကေရစီ၏ အႏွစ္ သာရကို တိုက္႐ိုက္ထင္ဟပ္ႏိုင္သည္ဟု ယူဆႏိုင္ သည္။ ပါတီအသီးသီးမွာလည္း မိမိတို႔ယုံၾကည္ၾကသည့္ မူဝါဒအသီးသီးကို လြတ္လြတ္လပ္လပ္က်င့္သုံး ၍ မိမိ၏မူဝါဒကို ေထာက္ခံမႈရွိလွ်င္ ရွိသေလာက္ လႊတ္ေတာ္တြင္း အမတ္ေနရာရႏိုင္ၿပီး မဲဆႏၵနယ္တစ္နယ္ကိုယ္စားလွယ္တစ္ေယာက္စနစ္မွာ ကဲ့သို႔ အမတ္ေနရာရရွိေရး ေသခ်ာေစရန္အတြက္ အဓိကပါတီႀကီးတစ္ခုခုႏွင့္ အေပးအယူလုပ္ရန္မလိုေခ်။ ဥပမာအားျဖင့္ အစၥေရးႏိုင္ငံတြင္အခ်ိဳ႕ပါတီငယ္မ်ားမွာ အစၥေရးလူဦးေရ၏ ႏွစ္ရာခိုင္ႏႈန္းမွ်သာေထာက္ ခံမႈရရွိေသာ္လည္း ပါလီမန္ထဲတြင္ အမတ္ေနရာရရွိကာ မိမိတို႔ကိုေထာက္ခံသည့္ ႏွစ္ရာခိုင္ႏႈန္းမွ်ေသာ လူဦးေရ၏ဆႏၵကို တတ္စြမ္းသမွ် ျဖည့္ဆည္းခြင့္ရၾကသည္။

ဆိုးက်ိဳးမ်ား
ဤစနစ္ေၾကာင့္ တိုင္းျပည္၏ ကြဲျပားျခားနားေနေသာ အျမင္အမ်ိဳးမ်ိဳးမ်ားေၾကာင့္ ပါတီငယ္မ်ား အဆမတန္မ်ားျပားေနမႈျဖစ္ႏိုင္ၿပီး ႏိုင္ငံတစ္ႏိုင္၏ ႏိုင္ငံေရးတည္ၿငိမ္မႈကို ထိခိုက္လာေစႏိုင္၏။(ဥပမာ – အစၥေရး) ဆန႔္က်င္ဘက္အားျဖင့္ တခါတရံတြင္ ဤစနစ္အသုံးျပဳေသာႏိုင္ငံမ်ားအတြင္း၌ပင္ အဓိကႏွစ္ပါတီႀကီးစိုးၿပီး က်န္ပါတီငယ္ေလးမ်ားကလည္း ဆက္လက္႐ုန္းကန္ေနရေသာ အေနအထားေရာက္သြားႏႈိင္သည္။ (ဥပမာ – ဆြီဒင္၊စပိန္) ဤပီအာစနစ္တြင္ အင္အား ႀကီးဆုံးပါတီတခုသည္ ေယဘုယ်အားျဖင့္ ေထာက္ခံမႈ ၅ဝ ရာခိုင္ႏႈန္းပတ္ဝန္းက်င္အ ထိရရွိရန္မစြမ္းေဆာင္ႏိုင္ေသာအခါတြင္ ထိုပါတီသည္ ပါတီငယ္ေသးေသးမႊားမႊားေလးမ်ားႏွင့္ေပါင္း ၍ ၫြန႔္ေပါင္းအစိုးရဖြဲ႕ေရးကို စည္း႐ုံးရကာ အစိုးရအျဖစ္ တက္လာသည့္အခါတြင္ ၫြန႔္ေပါင္းအစိုးရျဖစ္ေနေသာေၾကာင့္ မူဝါဒေရးရာဆုံးျဖတ္ခ်က္မ်ားကို ျပတ္ျပတ္သားသားမခ်ႏိုင္ပဲ ႏိုင္ငံေရးျဖစ္စဥ္ေႏွာင့္ ေႏွးမႈမ်ားႏွင့္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားကို ႀကဳံေတြ႕လာရႏိုင္သည္။

UEC ကတင္ျပေသာ အခ်ိဳးက် ေ႐ြးေကာက္ပြဲစနစ္ သုံးမ်ိဳး
၂၉-၁ဝ-၂ဝ၂၁ ရက္ေန႔ ေန႔စြဲျဖင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္က တင္ျပခဲ့ေသာစာတန္းတြင္ အခ်ိဳးက်ကိုယ္စားျပဳ စနစ္ PR system သုံးမ်ိဳးကိုေဖၚျပထား သည္။ ၎တို႔မွာ..
(၁) ပါတီအမည္ကို မူတည္သည့္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ ( Party List PR system- LPR )
အဆိုပါ စနစ္ေအာက္တြင္

၁. စာရင္းပိတ္ ( Closed List )
ဤစနစ္တြင္ ပါတီကိုသာမဲေပးရၿပီး၊ အခ်ိဳးက် လႊတ္ေတာ္ေနရာရရွိပါက မည္သည့္ကိုယ္စားလွယ္ ေလာင္းက ဉီးစားေပးခံရမည္ဆိုသည့္ စာရင္းကို ပါတီမွတန္းစီကာ ႀကိဳတင္ေဖၚျပထားေသာ စနစ္ျဖစ္သည္။

၂. စာရင္းဖြင့္ ( Open List )
ဤစနစ္တြင္ ပါတီကိုယ္စားလွယ္ေလာင္းကို မဲေပးရမည္ျဖစ္သျဖင့္ ပါတီအလိုက္ အခ်ိဳးက် လႊတ္ ေတာ္ ေနရာခြဲေဝယူရာတြင္ ဉီးစားေပးခံရသည့္ စာ ရင္းကို ကိုယ္စားလွယ္ေလာင္းရရွိသည့္ မဲအမ်ား၊ အ နည္းအလိုက္တန္းစီျခင္းျပဳသျဖင့္ မဲဆႏၵရွင္မ်ားက ပါတီကိုယ္စားျပဳ လႊတ္ေတာ္အမတ္ေ႐ြး ခ်ယ္မႈအေပၚ ဩဇာသက္ေရာက္မႈရွိသည္။

၃. စာရင္းလြတ္ ( Free List )
ဤစနစ္တြင္ မဲဆႏၵရွင္မ်ားသည္ မိမိမဲေပးရမည့္ မဲဆႏၵနယ္အတြင္း လႊတ္ေတာ္ေနရာအေရအတြက္ ရွိ သေလာက္မဲေပးႏႈိင္ၿပီး၊ ထိုေထာက္ခံမဲမ်ားသည္ ပါတီတစ္ခုထဲမွ ကိုယ္စားလွယ္ေလာင္းမ်ားကို ျဖန႔္ခြဲေပးျခင္းျဖစ္ႏႈိင္သလို၊ ပါတီေပါင္းစုံမွ ကိုယ္စားလွယ္ေလာင္းမ်ားကို စိတ္ႀကိဳက္ျဖန႔္ခြဲေ႐ြးခ်ယ္ မဲေပးျခင္း ျဖစ္ႏႈိင္သည္။ ထို႔ျပင္ မိမိအႏွစ္သက္ဆုံး ကိုယ္စား လွယ္ေလာင္းတဉီးတည္းကိုသာ မဲအားလုံးထည့္ေပးျခင္းမ်ိဳးလည္းျပဳႏႈိင္သည္။

(၂) ပါတီႏွင့္အမတ္ေလာင္း တပါတည္းေ႐ြးခ်ယ္သည့္ ေပါင္းစပ္ထားေသာအခ်ိဳးက်ကိုယ္စားျပဳစနစ္ ( Mixed Member Proportional System- MMP)
အဆိုပါစနစ္တြင္ မဲဆႏၵရွင္မ်ားသည္ ပါတီကိုတစ္ႀကိမ္၊ ကိုယ္စားလွယ္ေလာင္းကိုတစ္ႀကိမ္ ႏွစ္ႀကိမ္ မဲထည့္ရသည္။ ကိုယ္စားလွယ္ေလာင္းမ်ား ရရွိသည့္မဲကို မဲအမ်ားဆုံးအႏိုင္ရစနစ္ ( FPTP စနစ္) ျဖင့္ ေ႐ြး ခ်ယ္ၿပီး၊ တစ္ႏိုင္ငံလုံးအရ သို႔မဟုတ္ (ျပည္နယ္/တိုင္းေဒသႀကီးမ်ားကဲ့သို႔) မဲဆႏၵနယ္ႀကီးမ်ားအရ ပါတီအလိုက္ရရွိေသာ မဲမ်ားကို အခ်ိဳးက်တြက္ခ်က္ၿပီး လႊတ္ေတာ္ေနရာ ထပ္မံခြဲေဝယူေသာစနစ္ ႏွစ္ခုကို ေပါင္းထားျခင္းျဖစ္သည္။

(၃) လႊဲေျပာင္း၍ရေသာတမဲတည္းေပးစနစ္ (Singal Transferable Vote - STV )
ဤစနစ္တြင္ မဲဆႏၵရွင္မ်ားသည္ ကိုယ္စားလွယ္ေလာင္းကို ဦးစားေပးအဆင့္သတ္မွတ္၍ ဆႏၵမဲေပးႏိုင္သည္။ သတ္မွတ္ထားေသာ ဆႏၵမဲျပည့္သြား သည့္ အေ႐ြးခ်ယ္ခံရေသာ ကိုယ္စားလွယ္သည္ ပိုလွ်ံလာေသာမဲမ်ားကို က်န္ကိုယ္စားလွယ္မ်ားထံ ျဖန႔္ေဝေပးႏိုင္သည္။

Closed List PR စနစ္ကို ေ႐ြးခ်ယ္ၾကျခင္း
ႏိုင္ငံေရးပါတီအစုအဖြဲ႕ေျခာက္ဖြဲ႕၏ ဒီဇင္ဘာလ၂၄ ရက္ႏွင့္ ၂၅ ရက္ ႏွစ္ရက္တာ ေဆြးေႏြးခ်က္မ်ားအရ ေ႐ြးေကာက္ပြဲစနစ္ ေျပာင္းလဲက်င့္သုံးေရးအတြက္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR) ႏွင့္စပ္လ်ဥ္း၍ ေဆာင္႐ြက္သင့္သည့္ ေ႐ြးေကာက္ပြဲဒီဇိုင္းစာတမ္းမ်ားကို ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၂၆ ရက္ေဆြးေႏြးပြဲတြင္ အစုအဖြဲ႕ေျခာက္ဖြဲ႕မွ ကိုယ္စားလွယ္တစ္ဦးစီက ဖတ္ၾကားတင္ျပခဲ့ၾကသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ အစိုးရအဖြဲ႕႐ုံး၌ က်င္းပခဲ့သည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) ႏွင့္ ႏိုင္ငံေရးပါတီမ်ား သုံးရက္တာေဆြးေႏြးပြဲတြင္ လာမည့္ေ႐ြးေကာက္ပြဲ၌ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR) ေျပာင္းလဲက်င့္သုံးရန္ ႏိုင္ငံေရးပါတီမ်ား သ ေဘာတူခဲ့ၿပီး PR စနစ္သို႔ေျပာင္းလဲက်င့္သုံးမည္ဆိုပါက စာရင္းပိတ္စနစ္ (Closed List PR) ကို က်င့္သုံးသင့္ေၾကာင္း ႏိုင္ငံေရးပါတီမ်ားက အႀကံျပဳေဆြးေႏြးခဲ့ပါသည္။

ေ႐ြးေကာက္ပြဲ မဲဆႏၵနယ္မ်ား သတ္မွတ္ရာတြင္ လူဉီးေရကို အေျခမခံဘဲၿမိဳ႕နယ္ကို အေျခခံတြက္ခ်က္ျခင္းအားျဖင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား အ လိုက္ ယခင္ကရရွိခဲ့သည့္ ကိုယ္စားလွယ္အေရအ တြက္ အတိုင္းထိန္းသိမ္းထားၾကရန္ သေဘာထားရွိၾကသည္။

ျပည္သူ႔လႊတ္ေတာ္အတြက္ မဲဆႏၵနယ္မ်ားသတ္မွတ္ရာတြင္မူ ပါတီအစုအဖြဲ႕တခုက ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားကို မဲဆႏၵနယ္တခုစီအျဖစ္သတ္မွတ္လိုၿပီး၊ ေနာက္ပါတီအစုအဖြဲ႕တစ္ခုက ခ႐ိုင္တစ္ခုစီကို မဲဆႏၵနယ္တခုစီအျဖစ္ ပိုမိုေသးငယ္စြာသတ္မွတ္လိုၾကသည္။

အမ်ိဳးသားလႊတ္ေတာ္အတြက္ မဲဆႏၵနယ္မ်ားသတ္ မွတ္ရာတြင္ ေဆြးေႏြးၾကေသာပါတီအစုအဖြဲ႕ႏွစ္ခုလုံးက ခ႐ိုင္မ်ားကို မဲဆႏၵနယ္ တစ္နယ္စီအျဖစ္ သတ္ မွတ္လိုၾကသည္။

ၿမိဳ႕နယ္ကို အေျခခံမည္ေလာ၊ လူဦးေရကို အေျခခံမည္ေလာ
ႏိုင္ငံေရးပါတီမ်ားကို ဤကဲ့သို႔ အစုအဖြဲ႕ (၆) ဖြဲ႕ခြဲ၍ ေ႐ြးေကာက္ပြဲဒီဇိုင္းပုံစံမ်ားကို စဥ္းစားခိုင္းျခင္းမွာ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ ၂၉ ရက္ေန႔ ေန႔စြဲျဖင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္မွ တင္ျပခဲ့ေသာ အခ်ိဳးက်ကိုယ္စားျပဳမႈစနစ္ (PR system) ႏွင့္စပ္လ်ဥ္း၍တင္ ျပခဲ့ေသာစာတန္းအေပၚ သေဘာထားကြဲလြဲမႈမ်ားေၾကာင့္ျဖစ္ပါသည္။ အဆိုပါစာတန္းတြင္ မဲဆႏၵနယ္မ်ားသတ္မွတ္သည့္အခါ ၿမိဳ႕နယ္ကိုအေျခမခံဘဲ လူဦးေရကိုအေျခခံရန္ အႀကံျပဳတင္ျပထားပါသည္။

အေၾကာင္းမွာ အေျခခံဥပေဒ ပုဒ္မ ၁ဝ၉ (က) အရ..."ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ကို ေ႐ြး ေကာက္တင္ေျမႇာက္ရာတြင္ ၿမိဳ႕နယ္ကိုအေျခခံ၍ လည္းေကာင္း၊ လူဦးေရကို အေျခခံ၍လည္းေကာင္း ၃၃ဝ ထက္မပိုေသာ ကိုယ္စားလွယ္ေ႐ြးေကာက္တင္ေျမႇာက္ရမည္" ဟုဆိုထားေသာေၾကာင့္ (၂ဝ၂၂ ခုႏွစ္ ခန႔္မွန္းလူဦးေရ ၅၅.၇၇ သန္း) လူဦးေရ ၁၆၉ဝဝဝ ဦးရွိလွ်င္ ကိုယ္စားလွယ္တစ္ေယာက္ႏႈန္းျဖင့္တြက္ခ်က္ထားရာ၊ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး တခ်ိဳ႕တို႔မွာ ကိုယ္စားလွယ္ဦးေရ ပိုမိုရရွိလာၿပီး၊ တ ခ်ိဳ႕ေသာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးတို႔မွာ ယခင္ ကထက္ ကိုယ္စားလွယ္ဉီးေရ ေလ်ာ့နည္းရရွိႏႈိင္ ေၾကာင္းေတြ႕ရေသာေၾကာင့္ျဖစ္ပါသည္။

လူဦးေရ ၁၆၉ဝဝဝ ေယာက္လွ်င္ ကိုယ္စားလွယ္တစ္ ဦးက်စီျဖင့္ ျပည္နယ္/တိုင္းေဒသႀကီးမ်ားကို က်ယ္ ဝန္း ေသာမဲဆႏၵနယ္ေျမတစ္ခုစီအျဖစ္သတ္မွတ္ ပါက ယခင္ကထက္ ကိုယ္စားလွယ္ဦးေရ ပိုမိုရရွိလာမည့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားမွာ.....
(၁) ကရင္ျပည္နယ္ (၃ ေယာက္)၊
(၂) မြန္ျပည္နယ္ (၂ ေယာက္)၊
(၃) ရခိုင္ျပည္နယ္ (၃ ေယာက္)
(၄) ပဲခူးတိုင္းေဒသႀကီး( ၁ ေယာက္)
(၅) မႏၲေလးတိုင္းေဒသႀကီး ( ၁၂ ေယာက္)
(၆) ရန္ကုန္တိုင္းေဒသႀကီး (၇ ေယာက္)
(၇) ဧရာဝတီတိုင္းေဒသႀကီး ( ၁၁ ေယာက္)
စုစုေပါင္း ( ၃၉ ) ေယာက္
လူဦးေရကို အေျခခံ၍တြက္ခ်က္လွ်င္ အထက္ပါျပည္ နယ္တခ်ိဳ႕က မူလရရွိထားသည့္ ကိုယ္စားလွယ္အ ေရအတြက္ထက္ စုစုေပါင္း( ၈ ) ေယာက္ပိုမိုရရွိမည္ျဖစ္ေသာ္လည္း တိုင္းေဒသႀကီးတခ်ိဳ႕က စုစုေပါင္း( ၃၁ ေယာက္) ထိပိုမိုရရွိလာမည္ျဖစ္သည္။

အျခားတဖက္တြင္
ယခင္ကထက္ ကိုယ္စားလွယ္ဉီးေရေလ်ာ့နည္းရရွိသြားမည့္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးမ်ားမွာ.....
(၁) ကခ်င္ျပည္နယ္ ( ၆ ေယာက္)
(၂) ကယားျပည္နယ္ ( ၅ ေယာက္)
(၃) ခ်င္းျပည္နယ္ ( ၆ ေယာက္)
(၄) ရွမ္းျပည္နယ္ ( ၁၆ ေယာက္)
(၅) စစ္ကိုင္းတိုင္းေဒသႀကီး ( ၃ ေယာက္)
(၆) တနသၤာရီတိုင္းေဒသႀကီး ( ၁ ေယာက္)
(၇) မေကြးတိုင္းေဒသႀကီး ( ၂ ေယာက္)
စုစုေပါင္း (၃၉) ေယာက္
လူဦးေရကို အေျခခံ၍တြက္ခ်က္လွ်င္ အထက္ပါတိုင္းေဒသႀကီးတခ်ိဳ႕က စုစုေပါင္း( ၆ ေယာက္) သာေလ်ာ့နည္းရရွိမည္ျဖစ္ေသာ္လည္း၊ အထက္ေဖၚျပပါျပည္နယ္တခ်ိဳ႕က မူလရရွိထားသည့္ ကိုယ္စားလွယ္ အေရအတြက္ထက္ စုစုေပါင္း( ၃၃ ) ေယာက္အထိေလ်ာ့နည္းရရွိသြားမည္ျဖစ္ပါသည္။

ထိုသို ျဖစ္ေပၚလာႏႈိင္သည့္ အေျခအေနအေပၚႏိုင္ငံ ေရးပါတီမ်ားသေဘာမတူၾကေသာေၾကာင့္၊ အစုအဖြဲ႕ (၆) စုဖြဲ႕ကာ ေဆြးေႏြးေစျခင္းျဖစ္ပါသည္။

ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ၿမိဳ႕နယ္ကိုအေျခခံ၍ တစ္ၿမိဳ႕နယ္ရွိလွ်င္ ကိုယ္စားလွယ္တစ္ေယာက္ႏႈန္းရရွိရမည္ဟုသတ္မွတ္ပါက မူလကျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားရရွိထားေသာ ကိုယ္စားလွယ္အေရအတြက္ အတိုင္းသာရရွိမည္ျဖစ္၍ သာသည္နာသည္ အျငင္းမပြားဘဲေက်နပ္ၾကပုံရပါသည္။

ျမန္မာႏိုင္ငံတြင္ ဘာေၾကာင့္ PR စနစ္ကို စိတ္ဝင္စားလာၾကသလဲ
ျမန္မာႏိုင္ငံတြင္ အခ်ိဳးက်ကိုယ္စားျပဳေ႐ြးေကာက္ပြဲစနစ္ ( proportional representative election system) ကို အသုံးျပဳသင့္ေၾကာင္း စဥ္းစားလာၾကသည္မွာ ၁၉၉ဝ ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ NLD ပါတီအႏိုင္ရသြားၿပီးကတည္းက စတင္ခဲ့သည္ဟုဆိုႏိုင္ သည္။ အေၾကာင္းမွာ မဲအမ်ားဆုံးရသူအႏိုင္ ရစနစ္ျဖင့္က်င္းပေသာ ထိုေ႐ြးေကာက္ပြဲမဲရလဒ္မ်ားအရ ရႈံးနိမ့္သြားေသာႏိုင္ငံေရးပါတီတစ္ခုအေနျဖင့္ မိမိကိုေထာက္ခံဆႏၵမဲေပးလိုက္ေသာ မဲအေရအတြက္ အခ်ိဳးအစားအတိုင္း လႊတ္ေတာ္တြင္ကိုယ္စားျပဳခြင့္ အမတ္ေနရာမရရွိဘဲ ေထာက္ခံမဲမ်ားအလဟသျဖစ္သြားသျဖင့္ လႊတ္ေတာ္သည္ ျပည္သူ႔ဆႏၵကို အမွန္တကယ္ မထင္ဟပ္ႏိုင္ဟု ယူဆလာၾက၍ျဖစ္သည္။ ထိုစဥ္က အဓိကပါတီႀကီးမ်ား အလိုက္ရရွိခဲ့သည့္ ေထာက္ခံမဲ အေရအတြက္ႏွင့္ လႊတ္ေတာ္အမတ္ေနရာအေရအတြက္ အခ်ိဳးအစားကို ေအာက္ပါ အတိုင္းေတြ႕ရသည္။ ေအာက္တြင္ ေဖၚျပထားသည့္ စာရင္းမွာ ၉ဝ ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ပါတီလိုက္ ရရွိေသာ မဲစာရင္း အျပည့္အစုံမဟုတ္ပါ။ ေထာက္ခံမဲရ ရွိသည့္ရာခိုင္ႏႈန္းႏွင့္ လႊတ္ေတာ္ေနရာရရွိမႈအခ်ိဳးမညီမႈကိုေဖၚျပရာတြင္ ထင္ရွားေပၚလြင္ ေစသည့္ အဓိကပါတီမ်ားရရွိသည့္ မဲစာရင္းသာျဖစ္ပါသည္။
စုစုေပါင္းေနရာ 492

အထက္ပါ ေ႐ြးေကာက္ပြဲရလဒ္စာရင္းအရ တိုင္းရင္း သားစည္းလုံးညီၫြတ္ေရးပါတီ NUP သည္ ေထာက္ခံမဲ ၂ သန္း ၈ သိန္းေက်ာ္ျဖင့္ တႏိုင္ငံလုံးမဲေပးသူမ်ား၏ ၂၁.၂ ရာခိုင္ႏႈန္းေသာ ေထာက္ခံမဲမ်ားကို ရရွိခဲ့ေသာ္ လည္း၊ လႊတ္ေတာ္တြင္းေနရာ ၁ဝ ေနရာသာရခဲ့သည္။ ဤသည္မွာ လႊတ္ေတာ္ေနရာအားလုံး၏ ၂.ဝ၃ ရာခိုင္ ႏႈန္းသာရွိပါသည္။ အႏိုင္ရပါတီျဖစ္ေသာ NLD ပါတီကမူ ေထာက္ခံမဲ ၇ သန္း ၉ သိန္းေက်ာ္ျဖင့္ တစ္ႏိုင္ငံလုံးမဲေပးသူမ်ား၏ ၅၈.၉ ရာခိုင္ႏႈန္းသာရရွိခဲ့ေသာ္ လည္း လႊတ္ေတာ္အမတ္ေနရာ ၃၉၂ ေနရာျဖင့္ ေနရာအားလုံး (၄၉၂) ၏ ၇၉.၆၇ ရာခိုင္ႏႈန္း (၈ဝ ရာခိုင္ႏႈန္းခန႔္) ရရွိသြားေပသည္။

အျခားတဖက္တြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ေထာက္ခံမဲ ၂ သိန္း ၂ ေသာင္းေက်ာ္ျဖင့္ NUP တစည ပါတီရရွိေသာမဲ၏ ဆယ္ပုံတစ္ပုံ၊ တစ္ႏိုင္ငံလုံးဆႏၵမဲမ်ား၏ ၁.၇ ရာခိုင္ႏႈန္းသာရရွိခဲ့ေသာ SNLD ပါတီသည္ လႊတ္ေတာ္တြင္းေနရာ ၂၃ ေနရာရရွိခဲ့သည္။ ဤအေရ အတြက္မွာ လႊတ္ေတာ္ေနရာအားလုံး၏ ၄.၆၇ ရာခိုင္ ႏႈန္းရွိပါသည္။ သို႔ျဖင့္ FPTP ေ႐ြးေကာက္ပြဲစနစ္သည္ ႏိုင္သူကို ပိုႏိုင္ေစၿပီး၊ ရႈံးသူကို ပိုရႈံးေစေသာစနစ္ အ ျဖစ္ေတြ႕ျမင္ႏႈိင္ပါသည္။ အဓိပၸာယ္မွာ တစ္ေနရာခ်င္းစီတြင္ ဆႏၵမဲအမ်ားဆုံးျဖင့္ အႏိုင္ရေသာပါတီ၏ လႊတ္ ေတာ္ေနရာရရွိမႈရာခိုင္ႏႈန္းသည္၊ ဆႏၵမဲရရွိမႈ ရာခိုင္ ႏႈန္းထက္ပိုမ်ားၿပီး၊ ရႈံးနိမ့္ေသာပါတီ၏ လႊတ္ေတာ္ေန ရာရရွိမႈရာခိုင္ႏႈန္းသည္ ဆႏၵမဲရရွိမႈ ရာခိုင္ႏႈန္းထက္ ပိုမိုနည္းပါးသည္ဟု ဆိုျခင္းျဖစ္ပါ သည္။ အကယ္၍ ေ႐ြးေကာက္ပြဲကို FPTP စနစ္ျဖင့္မက်င္းပဘဲ PR စနစ္ျဖင့္ က်င္းပမည္ဆိုလွ်င္၊ တစ္ႏိုင္ငံလုံးရရွိသည့္ ေထာက္ခံမဲရာခိုင္ႏႈန္း အလိုက္ေအာက္ပါအတိုင္း လႊတ္ေတာ္ေနရာမ်ားရရွိႏႈိင္သည္။

အထက္ေဖၚျပပါအတိုင္းေနရာရရွိၾကမည္ဆိုလွ်င္၊ လႊတ္ေတာ္တြင္းေနရာ အခ်ိဳးအစားအႀကီးအက်ယ္ေျပာင္းလဲသြားမည္ျဖစ္ေပသည္။ တစ္ႏိုင္ငံလုံးတြင္ ယွဥ္ၿပိဳင္ႏႈိင္ေသာပါတီမ်ားအေနျဖင့္ ပိုမိုတရားမွ်တ သည္ဟု ယူဆႏႈိင္ေသာ္လည္း လူဉီးေရနည္းပါးၿပီးတစ္ ႏိုင္ငံလုံးတြင္ ယွဥ္ၿပိဳင္ျခင္းမျပဳႏႈိင္သည့္ SNLD ကဲ့သို႔ေသာ လူနည္းစုတိုင္းရင္းသားပါတီမ်ားအတြက္မူ ကိုယ္စားျပဳခြင့္ပိုမိုအားနည္းသြားမည္ျဖစ္သည္။ ဤအခ်က္က ပီအာစနစ္သည္ လူနည္းစုတိုင္းရင္းသားမ်ားအတြက္ ပိုမိုေကာင္းမြန္သည္ဆိုသည့္အခ်က္ကို ဆန႔္က်င္ေနေပသည္။ ထိုသို႔ျဖစ္ရသည္မွာ ျမန္မာႏိုင္ငံရွိလူနည္းစုတိုင္းရင္းသားမ်ားသည္၊ ဗမာလူမ်ိဳးႀကီးႏွင့္ အတူေရာေႏွာေနထိုင္ျခင္းနည္းပါးၿပီး ၎တို႔ေနထိုင္ၾကေသာ မဲဆႏၵနယ္ေျမမ်ားတြင္၎တို႔မွာ အမ်ားစုေန ထိုင္ၾကသျဖင့္ FPTP စနစ္က ၎တို႔အတြက္ ပိုမိုေကာင္းမြန္ေသာေၾကာင့္ျဖစ္ေပသည္။

PRစနစ္က်င့္သုံးရန္ ႀကိဳးစားခဲ့မႈမ်ား
၉ဝ ခုႏွစ္ ေ႐ြးေကာက္ပြဲရႈံးနိမ့္ခဲ့ေသာ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ NUP သည္ ၂ဝဝ၈ ခုႏွစ္ အ ေျခခံဥပေဒကိုေရးဆြဲၾကသည့္အခါ ေ႐ြးေကာက္ပြဲစ နစ္ကို အခ်ိဳးက်ကိုယ္စားျပဳစနစ္ျဖင့္က်င္းပရန္တင္ျပခဲ့ဘူးေသာ္လည္း၊ မေအာင္ျမင္ခဲ့ဟုၾကားသိဘူးသည္။ ထို႔ေၾကာင့္ ၂ဝဝ၈ အေျခခံဥပေဒကို မဲအမ်ားဆုံးရသူ အႏိုင္ရေ႐ြးေကာက္ပြဲစနစ္က်င့္သုံးရန္အတြက္သာရည္ ႐ြယ္ကာျပဌာန္းခဲ့ၿပီး၊ ၂ဝ၁ဝ ေ႐ြးေကာက္ပြဲကိုလည္း FPTP စနစ္ျဖင့္က်င္းပခဲ့သည္။ ၂ဝ၁၂ ၾကားျဖတ္ေ႐ြး ေကာက္ပြဲတြင္ NLD က လႊတ္ေတာ္ေနရာအားလုံးနီး ပါးကို အႏိုင္ရသြားၿပီး ၂ဝဝ၈ အေျခခံဥပေဒေအာက္တြင္ျပန္လည္ပါဝင္လာသည့္ေနာက္၊ ေနာင္လာမည့္ ေ႐ြးေကာက္ပြဲမ်ား၌ ၉ဝ ခုႏွစ္ေ႐ြးေကာက္ပြဲကဲ့သို႔ေသာ အခ်ိဳးအစားမက်မႈမ်ိဳးမုခ်ႀကဳံေတြ႕ရမည္ကို ႀကိဳတင္ သိျမင္ေသာ NDF ပါတီက ၂ဝ၁၅ ေ႐ြးေကာက္ပြဲကို PR စနစ္ျဖင့္က်င္းပရန္ ပထမအႀကိမ္လႊတ္ေတာ္တြင္တင္ ျပခဲ့သည္။ သို႔ေသာ္လည္း မေအာင္ျမင္ခဲ့ပါ။

အကယ္၍ ထိုစဥ္ကသာ USDP (ျပည္ခိုင္ၿဖိဳးပါတီ) ေခါင္းေဆာင္ပိုင္းက ညီညီၫြတ္ၫြတ္ျဖင့္ PR စနစ္ကို က်င့္သုံးလိုစိတ္ရွိခဲ့ပါက ၂ဝဝ၈ အေျခခံဥပေဒပါ ေ႐ြးေကာက္ပြဲစနစ္ႏွင့္ သက္ဆိုင္သည့္ ျပဌာန္းခ်က္မ်ားကို ျပင္ဆင္ကာ PR စနစ္ကိုက်င့္သုံးႏႈိင္သည့္ အေျခအေနရွိခဲ့ပါသည္။ သို႔ေသာ္လည္း NLD ပါတီကို ဤမွ်မဲအျပတ္အသတ္ရႈံးလိမ့္မည္ဟုထင္မထားျခင္း၊ PR စနစ္၏ ရႈပ္ေထြးမႈမ်ား ႏွင့္ ၂ဝဝ၈ အေျခခံဥပေဒ၏ အကန႔္အသတ္တို႔ေၾကာင့္ ေျပာင္းလဲက်င့္သုံးႏိုင္ျခင္းမရွိခဲ့ေခ်။

ထို႔ေၾကာင့္ ၂ဝ၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲက်င္းပေသာအခါ အမ်ားကခန႔္မွန္းထားသလိုပင္ NLD ပါတီက မဲအျပတ္ အသတ္ႏိုင္ရခဲ့ရာ ထြက္ေပၚလာသည့္ မဲစာရင္းရလဒ္မ်ားမွာ NDF ပါတီက စိုးရိမ္သည့္အတိုင္းျဖစ္လာခဲ့ေပသည္။ ျပည္သူ႔လႊတ္ေတာ္အတြက္ ထြက္ေပၚလာေသာ အဓိကပါတီႀကီးမ်ားရရွိသည့္ ေအာက္ပါမဲရလဒ္မ်ားကို နမူနာအျဖစ္ၾကည့္ၾကပါစို႔။ ပါတီမ်ားအားလုံးရရွိသည့္ မဲစာရင္း အျပည့္အစုံမဟုတ္ပါ။ အခ်ိဳးမညီမႈကို ေဖၚျပရာတြင္ ထင္ရွားေပၚလြင္ေစသည့္ အဓိကပါတီမ်ားရရွိသည့္ မဲစာရင္းသာျဖစ္ပါသည္။

၂ဝ၁၅ ခုႏွစ္ ျပည္သူ႔လႊတ္ေတာ္ေ႐ြးေကာက္ပြဲမဲရလဒ္ (ယွဥ္ၿပိဳင္သည့္ေနရာ စုစုေပါင္း ၃၂၃ ေနရာ)

အထက္ပါစာရင္းအရ ထင္ထင္ရွားရွားေတြ႕ျမင္ရသည္ မွာ အႏိုင္ရေလေလပိုႏိုင္ေလေလျဖစ္ၿပီး၊ ရႈံးနိမ့္ေလေလ ပိုရႈံးေလျဖစ္သည္။ အဓိပၸါယ္မွာ ေထာက္ခံဆႏၵမဲ အမ်ားစုျဖင့္ အႏိုင္ရပါတီသည္ လႊတ္ေတာ္တြင္းေနရာ အခ်ိဳးအစားကိုလည္း ပိုမိုရရွိၿပီး ေထာက္ခံမဲအနည္းစုသာရရွိေသာ ရႈံးနိမ့္ပါတီသည္ လႊတ္ေတာ္တြင္းေနရာ အခ်ိဳးအစားတြင္လည္း ပိုမိုနည္းပါးစြာသာရရွိသည္ဆိုသည့္အဓိပၸါယ္ျဖစ္ပါသည္။

၂ဝ၁၅ ေ႐ြးေကာက္ပြဲမဲရလဒ္မ်ားကို ပီအာစနစ္ျဖင့္ အခ်ိဳးက်ခြဲေဝယူခဲ့ေသာ္
အကယ္၍ တစ္ႏိုင္ငံလုံးရရွိမဲကို အခ်ိဳးက်ကိုယ္စားျပဳႏႈိင္သည့္ PR စနစ္ကိုက်င့္သုံးမည္ဆိုပါက ရရွိလာမည့္ ျပည္သူ႔လႊတ္ေတာ္ေနရာမ်ားမွာ ေအာက္ပါအတိုင္းျဖစ္ေပလိမ့္မည္။

အထက္တြင္ေဖၚျပထားသည့္ နမူနာအရ ႏိုင္ငံေရးပါ တီမ်ားသည္ မိမိတို႔ရရွိလိုက္ေသာ ေထာက္ခံမဲအခ်ိဳး အစားအရ လႊတ္ေတာ္တြင္းတြင္လည္းအနီးစပ္ဆုံးမွန္ ကန္သည့္ အခ်ိဳးအစားျဖင့္ ကိုယ္စားျပဳမႈကို ရရွိႏႈိင္ၿပီး အလဟသျဖစ္သြားေသာ ေထာက္ခံဆႏၵမဲမ်ား နည္းပါးသြားေပလိမ့္မည္။

အျခားတဖက္တြင္ တႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၿပိဳင္ ပြဲမဝင္ႏႈိင္ေသာ ရခိုင္အမ်ိဳးသားပါတီႏွင့္ ရွမ္းတိုင္းရင္း သားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔ ကဲ့သို႔လူနည္းစုတိုင္း ရင္းသားအေျချပဳပါတီမ်ားအေနျဖင့္လည္း FPTP စနစ္မွာထက္ ကိုယ္စားလွယ္ေနရာရရွိမႈနည္းပါးသြားမည္ျဖစ္သည္။

အကယ္၍ ၂ဝ၁၅ ခုႏွစ္က PR ေ႐ြးေကာက္ပြဲစနစ္က်င့္ သုံးၿပီး ျပည္သူ႔လႊတ္ေတာ္တြင္ အထက္ပါအတိုင္းအ မတ္ေနရာမ်ားရရွိခဲ့ပါက တပ္မေတာ္ကိုယ္စားလွယ္ ၁၁ဝ အပါအဝင္ စုစုေပါင္း အမတ္ေနရာ ၄၃၃ ( အခ်ိဳ႕ေသာ ေနရာမ်ားတြင္ ေ႐ြးေကာက္ပြဲမက်င္းပႏႈိင္ခဲ့ပါ) သာရွိမည္ျဖစ္ရာ ဥပေဒျပဳေရးျဖစ္ေစ၊ သမၼတေလာင္းေ႐ြးခ်ယ္တင္ေျမႇာက္ျခင္း အပါအဝင္ လႊတ္ေတာ္ဆိုင္ ရာဆုံးျဖတ္ခ်က္တစ္ခုခုကို ခ်မွတ္ရန္အတြက္ အမ်ားစုေထာက္ခံမဲ ၂၁၇ မဲလိုမည္ျဖစ္ေသာေၾကာင့္ အႏိုင္ရပါ တီသည္ တပါတီတည္းစိတ္တိုင္းက်လြတ္လြတ္လပ္ လပ္ေဆာင္႐ြက္ႏိုင္ေတာ့မည္မဟုတ္ေပ။ အျခားေသာပါတီမ်ားႏွင့္ ေစ့စပ္ညႇိႏႈိင္းစည္း႐ုံးမႈ မ်ားျပဳလုပ္ရေတာ့မည္ျဖစ္သည္။

ေ႐ြးေကာက္ပြဲမဝင္ရဘဲ ၂၅ ရာခိုင္ႏႈန္းပါဝင္ခြင့္ရေနေသာ တပ္မေတာ္သားကိုယ္စားလွယ္မ်ားသည္လည္း အေရးပါေသာအင္အားစုတစ္ရပ္ျဖစ္လာၿပီး USDP ကဲ့သို႔ေသာပါတီမ်ားႏွင့္ပူးေပါင္းကာ အႏိုင္ရပါတီ၏ မဲအင္အားကို သာလြန္သြားမည္ျဖစ္သည္။ သို႔ေသာ္ ၅ဝ ရာခိုင္ႏႈန္းေက်ာ္ ၂၁၇ မဲျဖစ္ရန္ကား အျခားေသာပါတီငယ္မ်ားကို အားကိုးရဦးမည္ျဖစ္သည္။ မိမိတစ္ပါတီတည္း ထင္ရာစိုင္းႏႈိင္မည္မဟုတ္ေသာေၾကာင့္ လႊတ္ ေတာ္တြင္း မဲခြဲဆုံးျဖတ္မႈမ်ားသည္ အၿမဲလိုစိတ္ဝင္စားစရာေကာင္းေနေပလိမ့္မည္။ ဤအေျခအေနကား ၂ဝ၁၅ ခုႏွစ္တြင္ NLD လည္းပါဝင္ၿပီး ေ႐ြးေကာက္ပြဲစနစ္ကိုလည္း တစ္ႏိုင္ငံလုံးရရွိမဲအေပၚအခ်ိဳးခ်သည့္ PR စနစ္ျဖင့္ က်င့္သုံးမည္ဆိုပါက ျဖစ္လာႏိုင္ေျခရွိ သည့္ ျပည္သူ႔လႊတ္ေတာ္အခင္းအက်င္းကိုျပသျခင္းျဖစ္သည္။

အထက္တြင္တင္ျပခဲ့သည့္ အခ်ိဳးက်တြက္ခ်က္မႈမွာ တစ္ႏိုင္ငံလုံးကို မဲဆႏၵနယ္တစ္ခုတည္းကဲ့သို႔ မွတ္ယူၿပီးႏိုင္ငံေရးပါတီမ်ားအလိုက္ရရွိမဲကို အေျချပဳတြက္ ခ်က္ျခင္းျဖစ္သည္ကို သတိျပဳေစလိုပါသည္။ အ ေၾကာင္းမွာ PR အခ်ိဳးက်ကိုယ္စားျပဳစနစ္တြင္ မဲဆႏၵ နယ္ေျမ တစ္ခုတြင္ ကိုယ္စားလွယ္တစ္ေယာက္ထဲေ႐ြးခ်ယ္၍မရပါ။ ကိုယ္စားလွယ္ ၂ ေယာက္ႏွင့္အထက္ေ႐ြးခ်ယ္ရေသာမဲဆႏၵနယ္ေျမမ်ားတြင္သာ အခ်ိဳးက်စနစ္က်င့္သုံးႏႈိင္ေသာေၾကာင့္ျဖစ္ပါသည္။

၂ဝဝ၈ အေျခခံဥပေဒႏွင့္ အခ်ိဳးက်ကိုယ္စားျပဳေ႐ြး ေကာက္ပြဲစနစ္ဆန႔္က်င္မႈရွိ-မရွိ
ဤသည္မွာ အေရးႀကီးေသာ ေမးခြန္းျဖစ္ပါသည္။ အ ေၾကာင္းမွာ ‌ေ႐ြးေကာက္ပြဲစနစ္ႏွင့္ပတ္သက္သည့္ဥပေဒမ်ားသည္ အေျခခံဥပေဒႏွင့္ဆန႔္က်င္၍ မရေသာေၾကာင့္ျဖစ္သည္။ ၂ဝဝ၈ အေျခခံဥပေဒမွာ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္တစ္နယ္လွ်င္ လႊတ္ ေတာ္ကိုယ္စားလွယ္ တေယာက္ႏႈန္းျဖင့္ ေ႐ြးခ်ယ္ တင္ေျမႇာက္ရန္ ေရးဆြဲျပဌာန္းထားၿပီး PR စနစ္က မဲဆႏၵနယ္တစ္နယ္အတြက္ လႊတ္ေတာ္ကိုယ္စား လွယ္ေနရာအမ်ားအျပားသတ္မွတ္ၿပီး ရရွိသည့္ ဆႏၵမဲ အေရအတြက္ကို အခ်ိဳးက်တြက္ခ်က္၍ ကိုယ္စား လွယ္ေနရာခြဲေဝယူၾကရေသာေၾကာင့္ျဖစ္သည္။

ပထမအႀကိမ္လႊတ္ေတာ္ကာလက အခ်ိဳးက်ကိုယ္စားျပဳေ႐ြးေကာက္ပြဲစနစ္ က်င့္သုံးသင့္မသင့္ ျပည္သူ႔ လႊတ္ေတာ္တြင္းေဆြးေႏြးခဲ့ရာတြင္ လႊတ္ေတာ္ကဆုံးျဖတ္ခ်က္မခ်မွတ္မီ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးေ႐ႊမန္းက အေျခခံဥပေဒဆိုင္ရာခုံ႐ုံးသို႔ စာေပးပို႔ၿပီးခုံ႐ုံး၏သေဘာထားေတာင္းခံခဲ့ရာ၊ ခုံ႐ုံးက “ေပးပို႔လာေသာ ေ႐ြးေကာက္ပြဲနည္း လမ္းမ်ားပါ ေ႐ြးေကာက္ပြဲပုံစံ (၂) မွ (၈) အထိသည္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္ စားလွယ္မ်ား ေ႐ြးေကာက္တင္ေျမႇာက္ ပုံႏွင့္စပ္ လ်ဥ္း၍ လက္ရွိအေျခခံဥပေဒပါ ျပဌာန္းခ်က္မ်ားႏွင့္ ညီၫြတ္မႈမရွိဟု စိစစ္ေတြ႕ရွိရပါေၾကာင္း၊ ျပန္ၾကားအပ္ပါသည္" ဟု ၁၃-၁၁-၂ဝ၁၄ ေန႔စြဲျဖင့္ စာေရးျပန္ ၾကားခဲ့ပါသည္။ ( မွတ္ခ်က္ စာတြင္ရည္ၫႊန္းထားေသာ ပုံစံ (၂ ) သည္ အခ်ိဳးက်ကိုယ္စားျပဳေ႐ြးေကာက္ပြဲစနစ္ ျဖစ္ပါသည္။ )

သို႔ျဖစ္ရာ ခုံ႐ုံးသည္ အခ်ိဳးက်ကိုယ္စားျပဳေ႐ြးေကာက္ ပြဲစနစ္ကို ျပည္သူ႔လႊတ္ေတာ္ေ႐ြးေကာက္ပြဲမ်ားအ တြက္ က်င့္သုံးပါက အေျခခံဥပေဒႏွင့္ညီၫြတ္မႈမရွိဟု ဆုံးျဖတ္ၿပီးျဖစ္သည္ဟု ဆိုရပါမည္။

သို႔ေသာ္လည္း ၂ဝ၁၅ ခုႏွစ္ ေဖေဖၚဝါရီလ ၂၇ ရက္ေန႔စြဲျဖင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္( NLD )ပါ ၂၆ ဉီးတို႔က တင္သြင္းသည့္ " အမ်ိဳးသားလႊတ္ေတာ္ေ႐ြးေကာက္ပြဲမ်ားတြင္ (PR) စနစ္က်င့္သုံးရန္ဆုံးျဖတ္ျခင္း၊ ဥပေဒျပင္ဆင္ျခင္းလုပ္ငန္းမ်ားကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အားေဆာင္႐ြက္ေစျခင္း၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားကိုခ်န္ လွပ္၍ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ တေျပးညီက်င့္သုံးရန္လ်ာထားျခင္းႏွင့္ တင္ျပထားေသာေ႐ြးေကာက္ပြဲပုံစံႏွစ္မ်ိဳး သတ္မွတ္ေပးျခင္းတို႔သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ကိုက္ညီမႈ ရွိ-မရွိ တင္ျပလာသည့္ကိစၥ"ကို ခုံ႐ုံးက အဆုံးအျဖတ္ေပးခဲ့ရာတြင္၊
"ဥပေဒျပဳရန္ အခြင့္အာဏာရလႊတ္ေတာ္က ျပဌာန္းၿပီးေသာ ဥပေဒမ်ားကိုသာ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ညီ၊ မညီဤခုံ႐ုံးက စိစစ္ခြင့္ရွိမည္ျဖစ္သည္။ ျပဌာန္းၿပီးေသာ ဥပေဒအဆင့္မေရာက္မီ၊ ဥပေဒျပဌာန္းရန္အ တြက္ လႊတ္ေတာ္လုပ္ထုံးလုပ္နည္းမ်ားအရ ေဆာင္ ႐ြက္ေနသည့္အဆင့္တြင္ တင္သြင္းလႊာပါကိစၥအေပၚ ဤခုံ႐ုံးက စိစစ္ခြင့္၊ စြက္ဖက္ခြင့္ ရွိသည္ဟုဆိုႏိုင္မည္မဟုတ္ေပ။

စုေပါင္းသုံးသပ္ပါက တင္သြင္းလႊာပါ အခ်က္မ်ား သည္၊ ဥပေဒျပဳခြင့္ရလႊတ္ေတာ္က ဥပေဒအျဖစ္ျပဌာန္းမႈမျပဳရေသးျခင္း၊ ဥပေဒျပဳလႊတ္ေတာ္တြင္ ဆက္လက္ေဆြးေႏြးအေျဖရွာရန္ က်န္ရွိေနျခင္းတို႔ကို ေတြ႕ရွိရသည္။ ဤေပၚေပါက္ခ်က္မ်ားအရတင္သြင္းလႊာသည္ ယခုအဆင့္တြင္ ဆုံးျဖတ္ရမည့္ အေျခအေနသို႔မေရာက္ရွိေသးသျဖင့္၊ ခုံ႐ုံးက ဆုံးျဖတ္ရမည့္အ ခ်က္မ်ားတြင္ အက်ဳံးမဝင္ေပ။ ထို႔ေၾကာင့္ဤတင္သြင္းလႊာကို ပလပ္ေၾကာင္းအမိန႔္ခ်မွတ္သည္။" ဟု ဆိုၿပီး၊ PR စနစ္သည္ အေျခခံဥပေဒႏွင့္ ညီ၊ မညီကို အဆုံးအ ျဖတ္မေပးခဲ့ေပ။

သို႔ျဖစ္ရာ ယခုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ PR စနစ္က်င့္သုံးေရးႏွင့္ပတ္သက္ၿပီး အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ပတ္သက္သည့္ ထိုဆုံးျဖတ္ခ်က္ကို ကိုယ္းကား၍ PR စနစ္သည္ အေျခခံဥပေဒႏွင့္ ညီ၊ မညီကို ခုံ႐ုံးက ဆုံး ျဖတ္ခြင့္မရွိ၍ ဆုံးျဖတ္ခ်က္ေပးႏႈိင္မည္မဟုတ္ဟု ဆိုသည္။

ထို႔ေၾကာင့္ PR စနစ္က်င့္သုံးႏႈိင္ေရးအတြက္ အဓိက အခ်က္ျဖစ္ေသာ ကိုယ္စားလွယ္အမ်ားအျပား ေ႐ြး ခ်ယ္ရသည့္ မဲဆႏၵနယ္ေျမမ်ားလိုအပ္သလို သတ္မွတ္ျခင္း၊ ေ႐ြးေကာက္ပြဲဆိုင္ရာ သို႔မဟုတ္ ႏိုင္ငံေရးပါတီမ်ားဆိုင္ရာ နည္းဥပေဒမ်ားကို ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပဌာန္းခ်က္မ်ားႏွင့္အညီထုတ္ ျပန္ျခင္းတို႔ကို ၎တို႔၏ တာဝန္ျဖစ္သည္ဟုခံယူကာ ဆက္လက္ေဆာင္ ႐ြက္လ်က္ရွိသည္ကိုေတြ႕ရွိရေပသည္။

လာမည့္ေ႐ြးေကာက္ပြဲတြင္ မည္သို႔ေသာရလဒ္ထြက္ေပၚလာမည္ဆိုသည္မွာ မည္သို႔ေသာ အခ်ိဳးက်ကိုယ္ စားျပဳေ႐ြးေကာက္ပြဲစနစ္ PR System Design ကိုအသုံးျပဳမည္လဲဆိုသည့္အေပၚမ်ားစြာမူတည္ပါသည္။ မည္သို႔ဆိုေစ လႊတ္ေတာ္တြင္ ၂၅ ရာခိုင္ႏႈန္းႀကိဳတင္ေနရာရယူထားေသာ တပ္မေတာ္၏ လႊတ္ေတာ္တြင္း အေရးပါမႈ ပိုမိုျမင့္တက္လာမည္ကား အေသအခ်ာျဖစ္ပါေတာ့သည္။
ကိုးကား (1) Wikipedia
(2) ဦးမ်ိဳးၫြန႔္(ခ)မိုက္ကယ္ၫြန႔္ေရး- ပီအာ (PR) စနစ္ဆိုတာဘာလဲ

Related news

© 2021. All rights reserved.