ဒေါ်လာသန်း(၁၀၀)တန်သည်ဆိုသော အမေရိကန်ကိုယ်ပျောက်တိုက်လေယာဉ် ရေဆင်းကူးသည့် မှတ်တမ်းရုပ်သံဖိုင်များ လျို့ဝှက်ဖုံးဖိနေသည့်ကြားမှ ထွက်ပေါ်လာ

 3378

Htay Oung (NP News) - ဇန်နဝါရီ ၂၉
အမေရိကန်၏ အဆင့်မြင့်ဆုံး တိုက်လေယာဉ်များအနက် တစ်ခုဖြစ်သည့် F-35C Lightning II ကိုယ်ပျောက်တိုက်လေယာဉ်တစ်စီး လေယာဉ်တင်သင်္ဘောကုန်းပတ်ပေါ်သို့ ပျက်ကျသွားပုံ ဗွီဒီယိုမှာ လတ်တလော အွန်လိုင်းစာမျက်နှာများ၌ ပျံနှံ့လျှက်ရှိသည်။

ပင်လယ်ပြင်တွင် မျောပါနေသော လေယာဉ်အပျက်အစီးများကို ပြသထားသည့် ဓာတ်ပုံနှင့်အတူ အဆိုပါ ဗီဒီယိုဖိုင်မှာ တိုက်လေယာဉ်ပျက်ကျကြောင်း သတင်းထုတ်ပြန်ပါအတိုင်းဖြစ်ကြောင်း အမေရိကန်ရေတပ်အာဏာပိုင်များက CNN သတင်းဋ္ဌာသို့ အတည်ပြုသည်ဟု Russia Today က ရေးသားသည်။ F-35C တိုက်လေယာဉ်က လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ကားလ်ဗင်ဆန်၏ ကုန်းပတ်ပေါ်သို့ အဝေးမှ ချဉ်းကပ်လာသည်ကို လေယာဉ်တင်သင်္ဘောပေါ်မှ ရိုက်ကူးထားခြင်းဖြစ်၍ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားရပြီးနောက် ဗွီဒီယို ပြတ်တောက်သွားခြင်း မတိုင်မီ တိုက်လေယာဉ်မှ အဖြူရောင်မီး ခိုးငွေ့များ ထွက်ပေါ်လာသည်ကို ရုပ်သံတွင် တွေ့မြင်ကြရသည်။ တောင်တရုတ်ပင်လယ်ရေပြင်၌ မျောပါလျှက်ရှိသည့် တိုက်လေယာဉ်အပျက်အစီး၏ ဓာတ်ပုံမှာလည်း အွန်လိုင်းလူမှုကွန်ယက်တွင် ပေါက်ကြားခဲ့သည်။ CNN နှင့် အဆက်အသွယ်ရရှိသော အမေရိကန်ရေတပ်က အဆိုပါဗီဒီယိုဖိုင်မှာ အစစ်အမှန် ဖြစ်ကြောင်း၊ ယနေ့ မီဒီယာများတွင် ဖော်ပြလျှက်ရှိသော ဗွီဒီယိုနှင့် ဓါတ်ပုံမှာ အခင်း ဖြစ်ပွားစဉ် ကားလ်ဗင်ဆင်လေယာဉ်တင်သင်္ဘောပေါ်မှ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုသည် ကိုယ်ပျောက်တိုက်လေယာဉ် ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အပျက်အစီးများကို ပြန်လည်ဆယ်ယူရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း အမေရိကန် ရေတပ်ပြောရေးဆိုခွင့်ရှိသူက ဖြေကြားသည်။ ဤတွင် အဆိုပါ ပင်လယ်ကြမ်းပြင်မှာ တရုတ်နိုင်ငံက အလုံးစုံနီးပါး ပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုထားသည့် အငြင်းပွားတောင်တရုတ်ပင်လယ်ရှိ ရေလမ်းကြောင်းတစ်ခု၌ တည်ရှိနေသည်။

ရေဒါဖြင့် ဖမ်းယူနိုင်ခြင်း မရှိသည့် ဒေါ်လာ သန်း ၁၀၀ တန်သည်ဆိုသော ကိုယ်ပျောက် တိုက်လေယာဉ်ကို ပြန်လည်ဆယ်ယူရန် ဝါရှင်တန်က ကြိုးပမ်းနေပြီး နောက်ပိုင်းတွင် တရုတ်အစိုးရက ၎င်းတို့နှင့် သက်ဆိုင်ကြောင်း တောင်းဆိုလာမည်ကို စိုးရိမ်လျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်ဟု အမေရိကန်မီဒီယာများက ရေးသားသည်။ သို့သော် ပေကျင်းအနေဖြင့် ၎င်းတို့၏ လေယာဉ်များအား စိတ်ဝင်စားမှု မရှိကြောင်း၊ ဒေသတွင်း ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေမည့် အကြောင်းကိစ္စများကိုသာ လုပ်ဆောင်ရန် ဝါရှင်တန်ကို တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ကြာသပတေးနေ့ တွင် သတင်းထုတ်ပြန်ခဲ့သည်။ လေယာဉ်တင်သင်္ဘောအများအပြားပါဝင်သည့် အမေရိကန်ရေတပ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း တနင်္လာနေ့၌ တိုက်လေယာဉ်ပျက်ကျစဉ် အသက်ကယ်ထိုင်ခုံဖြင့် ခုန်ထွက်လွတ်မြောက်ခဲ့သော လေသူရဲအပါအဝင် အမေရိကန် ရေတပ်မှ ဝန်ထမ်း ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ဆေးဝါးကုသမှု ခံယူရန်အတွက်သင်္ဘောသား ၃ ဦးကို လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

အမေရိကန်အနေဖြင့်မူ ယင်းဖြစ်ရပ်မှာ အရှက်ရဖွယ်ဖြစ်စဉ်တစ်ခုအဖြစ် သတင်းများကို သိုဝှက်ထားလိုခဲ့ကြပြီး အမေရိကန်အားပေးမီဒီယာများကလည်း ဖော်ပြခြင်းမပြုဘဲ နှုတ်ဆိတ်နေကြသည်ကို တွေ့ရသည်။

Zawgyi Version

ေဒၚလာသန္း(၁၀၀)တန္သည္ဆုိေသာ အေမရိကန္ကုိယ္ေပ်ာက္တုိက္ေလယာဥ္ ေရဆင္းကူးသည့္ မွတ္တမ္းရုပ္သံဖုိင္မ်ား လ်ဳိ႕၀ွက္ဖုံးဖိေနသည့္ၾကားမွ ထြက္ေပၚလာ
Htay Oung (NP News) - ဇန္န၀ါရီ ၂၉
အေမရိကန္၏ အဆင့္ျမင့္ဆုံး တိုက္ေလယာဥ္မ်ားအနက္ တစ္ခုျဖစ္သည့္ F-35C Lightning II ကိုယ္ေပ်ာက္တိုက္ေလယာဥ္တစ္စီး ေလယာဥ္တင္သေဘၤာကုန္းပတ္ေပၚသို႔ ပ်က္က်သြားပုံ ဗြီဒီယိုမွာ လတ္တေလာ အြန္လိုင္းစာမ်က္ႏွာမ်ား၌ ပ်ံႏွံ႔လွ်က္ရွိသည္။

ပင္လယ္ျပင္တြင္ ေမ်ာပါေနေသာ ေလယာဥ္အပ်က္အစီးမ်ားကို ျပသထားသည့္ ဓာတ္ပုံႏွင့္အတူ အဆိုပါ ဗီဒီယိုဖိုင္မွာ တိုက္ေလယာဥ္ပ်က္က်ေၾကာင္း သတင္းထုတ္ျပန္ပါအတိုင္းျဖစ္ေၾကာင္း အေမရိကန္ေရတပ္အာဏာပိုင္မ်ားက CNN သတင္း႒ာသို႔ အတည္ျပဳသည္ဟု Russia Today က ေရးသားသည္။ F-35C တိုက္ေလယာဥ္က ေလယာဥ္တင္သေဘၤာ ယူအက္စ္အက္စ္ ကားလ္ဗင္ဆန္၏ ကုန္းပတ္ေပၚသို႔ အေဝးမွ ခ်ဥ္းကပ္လာသည္ကို ေလယာဥ္တင္သေဘၤာေပၚမွ ႐ိုက္ကူးထားျခင္းျဖစ္၍ က်ယ္ေလာင္ေသာ ေပါက္ကြဲသံကို ၾကားရၿပီးေနာက္ ဗြီဒီယို ျပတ္ေတာက္သြားျခင္း မတိုင္မီ တိုက္ေလယာဥ္မွ အျဖဴေရာင္မီး ခိုးေငြ႕မ်ား ထြက္ေပၚလာသည္ကို ႐ုပ္သံတြင္ ေတြ႕ျမင္ၾကရသည္။ ေတာင္တ႐ုတ္ပင္လယ္ေရျပင္၌ ေမ်ာပါလွ်က္ရွိသည့္ တိုက္ေလယာဥ္အပ်က္အစီး၏ ဓာတ္ပုံမွာလည္း အြန္လိုင္းလူမႈကြန္ယက္တြင္ ေပါက္ၾကားခဲ့သည္။ CNN ႏွင့္ အဆက္အသြယ္ရရွိေသာ အေမရိကန္ေရတပ္က အဆုိပါဗီဒီယိုဖိုင္မွာ အစစ္အမွန္ ျဖစ္ေၾကာင္း၊ ယေန႔ မီဒီယာမ်ားတြင္ ေဖာ္ျပလွ်က္ရွိေသာ ဗြီဒီယိုႏွင့္ ဓါတ္ပုံမွာ အခင္း ျဖစ္ပြားစဥ္ ကားလ္ဗင္ဆင္ေလယာဥ္တင္သေဘၤာေပၚမွ ႐ိုက္ကူးခဲ့ျခင္းျဖစ္ေၾကာင္း အတည္ျပဳသည္ ကုိယ္ေပ်ာက္တိုက္ေလယာဥ္ ပ်က္က်ရသည့္အေၾကာင္းရင္းကုိ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ၿပီး အပ်က္အစီးမ်ားကို ျပန္လည္ဆယ္ယူရန္ ႀကိဳးပမ္းေနဆဲ ျဖစ္ေၾကာင္း အေမရိကန္ ေရတပ္ေျပာေရးဆိုခြင့္ရွိသူက ေျဖၾကားသည္။ ဤတြင္ အဆိုပါ ပင္လယ္ၾကမ္းျပင္မွာ တ႐ုတ္ႏိုင္ငံက အလုံးစုံနီးပါး ပိုင္ဆိုင္သည္ဟု အခိုင္အမာဆိုထားသည့္ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္ရွိ ေရလမ္းေၾကာင္းတစ္ခု၌ တည္ရွိေနသည္။

ေရဒါျဖင့္ ဖမ္းယူႏိုင္ျခင္း မရွိသည့္ ေဒၚလာ သန္း ၁၀၀ တန္သည္ဆုိေသာ ကိုယ္ေပ်ာက္ တိုက္ေလယာဥ္ကို ျပန္လည္ဆယ္ယူရန္ ဝါရွင္တန္က ႀကိဳးပမ္းေနၿပီး ေနာက္ပိုင္းတြင္ တ႐ုတ္အစိုးရက ၎တို႔ႏွင့္ သက္ဆိုင္ေၾကာင္း ေတာင္းဆိုလာမည္ကို စိုးရိမ္လ်က္ရွိေၾကာင္း သတင္းမ်ား ထြက္ေပၚလ်က္ရွိသည္ဟု အေမရိကန္မီဒီယာမ်ားက ေရးသားသည္။ သို႔ေသာ္ ေပက်င္းအေနျဖင့္ ၎တို႔၏ ေလယာဥ္မ်ားအား စိတ္ဝင္စားမႈ မရွိေၾကာင္း၊ ေဒသတြင္း ၿငိမ္း ခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးအတြက္ အေထာက္အကူျဖစ္ေစမည့္ အေၾကာင္းကိစၥမ်ားကိုသာ လုပ္ေဆာင္ရန္ ဝါရွင္တန္ကို တိုက္တြန္းေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ က ၾကာသပေတးေန႔ တြင္ သတင္းထုတ္ျပန္ခဲ့သည္။ ေလယာဥ္တင္သေဘၤာအမ်ားအျပားပါဝင္သည့္ အေမရိကန္ေရတပ္၏ စစ္ေရးေလ့က်င့္မႈအတြင္း တနလၤာေန႔၌ တိုက္ေလယာဥ္ပ်က္က်စဥ္ အသက္ကယ္ထိုင္ခုံျဖင့္ ခုန္ထြက္လြတ္ေျမာက္ခဲ့ေသာ ေလသူရဲအပါအဝင္ အေမရိကန္ ေရတပ္မွ ဝန္ထမ္း ၇ ဦး ဒဏ္ရာရရွိခဲ့သည္။ ဖိလစ္ပိုင္ႏိုင္ငံတြင္ ေဆးဝါးကုသမႈ ခံယူရန္အတြက္သေဘၤာသား ၃ ဦးကို ေလယာဥ္ျဖင့္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သတင္း၌ ဆက္လက္ေဖာ္ျပသည္။

အေမရိကန္အေနျဖင့္မူ ယင္းျဖစ္ရပ္မွာ အရွက္ရဖြယ္ျဖစ္စဥ္တစ္ခုအျဖစ္ သတင္းမ်ားကုိ သုိ၀ွက္ထားလုိခဲ့ၾကျပီး အေမရိကန္အားေပးမီဒီယာမ်ားကလည္း ေဖာ္ျပျခင္းမျပဳဘဲ ႏႈတ္ဆိတ္ေနၾကသည္ကုိ ေတြ႔ရသည္။

Related news

© 2021. All rights reserved.