ဒီဇယ်များကို စက်သုံးဆီအရောင်းဆိုင် ၃၆ဝ ကျော်တွင် အထူးဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးနေ

2124

ဖူးပြည့် (NP News) - ဖေဖော်ဝါရီ ၁၃
ကမ္ဘာ့ရေနံဈေးမြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်လာသည့်အတွက် ကုမ္ပဏီ ၁၈ ခုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၃၆၃ ဆိုင်တွင် ဖေဖော်ဝါရီလ ၁၁ ရက်မှစတင်ကာ သက်သာသောဈေးနှုန်း(အထူးဈေးနှုန်း)များဖြင့် ဒီဇယ်များဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေအမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့်ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ် ဂါလန် ၁၂ ဒသမ ၅၄ သန်း ခန့်ကို ဝယ်ယူခဲ့ကြောင်းသိရသည်။
အဆိုပါကုမ္ပဏီများအနက်မှ ကုမ္ပဏီ ၁ဝ ခုသည်တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၉၉ ဆိုင်တွင် ဇန်နဝါရီလ ၁၁ ရက်မှစတင်၍ သက်သာသောဈေးနှုန်းများဖြင့် ဒီဇယ်များစတင်ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး ဖေဖော်ဝါရီလတွင် ဆိုင်အရေအတွက်ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ထပ်မံတိုးမြှင့်ရောင်းချပေးမည့်ဆိုင်များတွင် ရန်ကုန် တိုင်းဒေသကြီးမှ ၉၄ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးမှ ၇၇ ဆိုင်၊ နေပြည်တော်မှ ၁၂ ဆိုင်၊ ပဲခူးတိုင်းဒေသကြီမှ ၄၂ ဆိုင်၊ မကွေးတိုင်းဒေသကြီးမှ ၁၄ ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၆ ဆိုင်၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂ ဆိုင်၊ ဧရာဝတီတိုင်းဒေသကြီးမှ ဆိုင် ၃ဝ၊ ကချင်ပြည်နယ်မှ ၅ ဆိုင်၊ ကရင် ပြည်နယ်မှ ၃ ဆိုင်၊ မွန်ပြည်နယ်မှ ၃၁ ဆိုင်၊ ရခိုင်ပြည်နယ်မှ ၉ ဆိုင်၊ ရှမ်းပြည်နယ်မှ ၂၈ ဆိုင်တို့ ပါဝင်ကြောင်းသိရ သည်။
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်း၏ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ အရောင်းဆိုင် များ ၌ ပရီမီယံဒီဇယ်ဆီ ၁ လီတာလျှင် ၁၅၁၉ ကျပ် နှင့် ဒီဇယ်ဆီ ၁ လီတာလျှင် ၁၅၁၁ ကျပ်ဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။
ပြည်သူများအနေဖြင့် အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည့် စက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်ဆီများကို မြန်မာ့ရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ရည် ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး နေ့ စဉ်ဒီဇယ်ဆီဈေးနှုန်းများအား မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်း၏ ဝက်ဘ်ဆိုက်တွင် နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်းသိရသည်။
ပြည်သူများအနေဖြင့် ဒီဇယ်ဆီများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေ ညာထားသည်။

zawgyi version
ဒီဇယ္မ်ားကို စက္သုံးဆီအေရာင္းဆိုင္ ၃၆ဝ ေက်ာ္တြင္ အထူးေဈးႏႈန္းမ်ားျဖင့္ ျဖန႔္ျဖဴးေရာင္းခ်ေပးေန
ဖူးျပည့္ (NP News) - ေဖေဖာ္ဝါရီ ၁၃
ကမာၻ႔ေရနံေဈးျမင့္တက္ျခင္းႏွင့္အတူ ျပည္တြင္းစက္သုံးဆီေဈးႏႈန္းမ်ားလည္း ျမင့္တက္လာသည့္အတြက္ ကုမၸဏီ ၁၈ ခုမွ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ စက္သုံးဆီအေရာင္းဆိုင္ စုစုေပါင္း ၃၆၃ ဆိုင္တြင္ ေဖေဖာ္ဝါရီလ ၁၁ ရက္မွစတင္ကာ သက္သာေသာေဈးႏႈန္း(အထူးေဈးႏႈန္း)မ်ားျဖင့္ ဒီဇယ္မ်ားျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။
စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းျဖန႔္ျဖဴးေရာင္းခ်ေရးအသင္းတို႔ပူးေပါင္းစီစဥ္မႈျဖင့္ ျပည္သူမ်ားသက္သာေသာေဈးႏႈန္းျဖင့္ ဝယ္ယူရရွိႏိုင္ရန္ရည္႐ြယ္၍ ဗဟိုဘဏ္မွရည္ၫႊန္းေငြလဲႏႈန္းျဖင့္ တိုက္႐ိုက္ေရာင္းခ်ေပးသည့္ ႏိုင္ငံျခားေငြအေမရိကန္ေဒၚလာ ၃၄ သန္းျဖင့္ကုမၸဏီ ၂၆ ခုမွ ဒီဇယ္ ဂါလန္ ၁၂ ဒသမ ၅၄ သန္း ခန႔္ကို ဝယ္ယူခဲ့ေၾကာင္းသိရသည္။
အဆိုပါကုမၸဏီမ်ားအနက္မွ ကုမၸဏီ ၁ဝ ခုသည္တိုင္း ေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ စက္သုံးဆီအေရာင္းဆိုင္ ၉၉ ဆိုင္တြင္ ဇန္နဝါရီလ ၁၁ ရက္မွစတင္၍ သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ဒီဇယ္မ်ားစတင္ျဖန႔္ျဖဴးေရာင္းခ်ေပးခဲ့ၿပီး ေဖေဖာ္ဝါရီလတြင္ ဆိုင္အေရအတြက္ထပ္မံတိုးျမႇင့္လိုက္ျခင္းျဖစ္ေၾကာင္းသိရသည္။
ထပ္မံတိုးျမႇင့္ေရာင္းခ်ေပးမည့္ဆိုင္မ်ားတြင္ ရန္ကုန္ တိုင္းေဒသႀကီးမွ ၉၄ ဆိုင္၊ မႏၲေလးတိုင္းေဒသႀကီးမွ ၇၇ ဆိုင္၊ ေနျပည္ေတာ္မွ ၁၂ ဆိုင္၊ ပဲခူးတိုင္းေဒသႀကီမွ ၄၂ ဆိုင္၊ မေကြးတိုင္းေဒသႀကီးမွ ၁၄ ဆိုင္၊ စစ္ကိုင္းတိုင္းေဒသႀကီးမွ ၁၆ ဆိုင္၊ တနသၤာရီတိုင္းေဒသႀကီးမွ ၂ ဆိုင္၊ ဧရာဝတီတိုင္းေဒသႀကီးမွ ဆိုင္ ၃ဝ၊ ကခ်င္ျပည္နယ္မွ ၅ ဆိုင္၊ ကရင္ ျပည္နယ္မွ ၃ ဆိုင္၊ မြန္ျပည္နယ္မွ ၃၁ ဆိုင္၊ ရခိုင္ျပည္နယ္မွ ၉ ဆိုင္၊ ရွမ္းျပည္နယ္မွ ၂၈ ဆိုင္တို႔ ပါဝင္ေၾကာင္းသိရ သည္။
ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းေရာင္းခ်ျဖန႔္ျဖဴးေရး အသင္း၏ထုတ္ျပန္ခ်က္အရ ေဖေဖာ္ဝါရီလ ၁၃ ရက္ ႏွင့္ ၁၄ ရက္တို႔တြင္ ရန္ကုန္ၿမိဳ႕ရွိ အေရာင္းဆိုင္ မ်ား ၌ ပရီမီယံဒီဇယ္ဆီ ၁ လီတာလွ်င္ ၁၅၁၉ က်ပ္ ႏွင့္ ဒီဇယ္ဆီ ၁ လီတာလွ်င္ ၁၅၁၁ က်ပ္ျဖင့္ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္းသိရသည္။
ျပည္သူမ်ားအေနျဖင့္ အထူးေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးမည့္ စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ ဒီဇယ္ဆီမ်ားကို ျမန္မာ့ေရနံႏွင့္ေရနံထြက္ပစၥည္းႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာနမွ ထုတ္ျပန္ထားေသာ ရည္ ၫႊန္းေဈးႏႈန္းအတိုင္း ဝယ္ယူရရွိႏိုင္မည္ျဖစ္ၿပီး ေန႔ စဥ္ဒီဇယ္ဆီေဈးႏႈန္းမ်ားအား ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းေရာင္းခ်ျဖန႔္ျဖဴးေရး အသင္း၏ ဝက္ဘ္ဆိုက္တြင္ ေန႔စဥ္ထုတ္ျပန္ေပးလ်က္ရွိေၾကာင္းသိရသည္။
ျပည္သူမ်ားအေနျဖင့္ ဒီဇယ္ဆီမ်ားကို တိုင္းေဒသႀကီးႏွင့္ျပည္နယ္အလိုက္ သတ္မွတ္စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ သတ္မွတ္ေဈးႏႈန္းမ်ားအတိုင္း ဝယ္ယူရရွိျခင္းမရွိပါက သက္ဆိုင္ရာဌာနမ်ားသို႔ ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္း စီးပြားေရးႏွင့္ကူး သန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက အသိေပးေၾက ညာထားသည္။