ကျောင်းသူ ၁၃ ဦးကိုအဓမ္မပြုကျင့်ခဲ့တဲ့ အင်ဒိုနီးရှားကျောင်းဆရာကိုတစ်သက် တစ်ကျွန်းပြစ်ဒဏ်ပေး

 1565

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၅
အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးကျောင်းသူ ၁၃ ဦးကိုအဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းဆရာကို အင်ဒိုနီးရှား တရားရုံးကတစ်သက်တစ်ကျွန်းပြစ်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဟာရီ ဝီရာဝမ် ဆိုသူဟာ အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြားရှိအမျိုးသမီးကျောင်းသူများကို လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အဓမ္မပြုကျင့်မှုများကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရသူဖြစ်ပါတယ်။ ဘာသာရေးဆရာတစ်ဦးဖြစ်တဲ့ ဝီဝါဝမ်ဟာ ၂ဝ၁၆ ခုနှစ်နောက်ပိုင်းတည်းက အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီး ၁၃ ဦးအနက် ၈ ဦးကသားသ မီးများမွေးဖွားခဲ့ပြီး သားသမီး ၉ ဦးအထိ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အစိုးရရှေ့နေတွေက ဘာသာရေးဆရာဖြစ်တဲ့ ဝီဝါဝမ်ကို သေဒဏ်အပြစ်ပေးဖို့တောင်းဆိုခဲ့ကြောင်း၊ ဒါပေမယ့် ဘန်ဒန်ဒေသ တရားရုံးက အသက် ၃၆ နှစ်အရွယ်ရှိ ဘာသာရေးဆရာကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းသာ ပြစ် ဒဏ်ပေးခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။

ဝီဝါဝမ်ဟာ ဂျာဗာကျွန်းအနောက်ပိုင်း ဘန်ဒန်ဒေသမှာ အစ္စာလာမ်မစ် ဘာသာရေးကျောင်းဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်နောက်ပိုင်းတည်းကကျောင်းသူများကိုအဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားအစိုးရ ရှေ့နေတွေက ဝီဝါဝမ်ဟာ ဒေသခံကျောင်းသူ၊ ကျောင်းသားများကို စကော့လားရှစ် အခွင့်ရေးအပြင် အခြားအခွင့်ရေးလမ်းများပေးမယ်လို့ မက်လုံးပေးပြီး ကျောင်းတက်စေဖို့ ဆွဲဆောင်ခဲ့တယ်လို့ဒေသခံမီဒီယာတွေကဆိုပါတယ်။ တရားရုံးမှတ်တမ်းများအရ ဝီဝါဝမ်ဟာ အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းသူများကိုအိမ်နဲ့အဆက်အသွယ်ဖြတ်တောက်ခဲ့သလို မိသားစုနဲ့အဝေးမှာနေထိုင်စေခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ကျောင်းသူများကို တစ်နှစ်ကိုတစ်ကြိမ်သာအိမ်ပြန်ခွင့်ပေးခဲ့ပြီးဖုန်းများလည်းသိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။
အစိုးရရှေ့နေတွေက အဓမ္မပြု ကျင့်ခံရတဲ့ ကျောင်း သူများအတွက်တစ်ဦးကို အမေရိကန်ဒေါ်လာ ၂၁ဝဝဝ နစ်နာကြေးပေးဖို့ တောင်းဆိုမှုများရှိနေခဲ့တယ်လို့သိရပါတယ်။ ကျောင်းသူများကို အဓမ္မပြုကျင့်မှုအပေါ် အင်ဒိုနီးရှားနိုင်ငံမှာ စိတ်ဆိုးဒေါသဖြစ်မှုအရှိန်မြင့်တက်နေပြီး လူအခွင့်ရေးအဖွဲ့များက အဓမ္မပြုကျင့်ခံရတဲ့ကျောင်းသူများအတွက် နစ်နာ ကြေးပေးဖို့ တောင်းဆိုခဲ့ရာ အစိုးရက နစ်နာတဲ့ကျောင်းသူတစ်ဦးကို အမေရိကန်ဒေါ်လာ ၅၉၄၅ ပေးရဖွယ်ရှိတယ်လို့ဆိုပါတယ်။

zawgyi version
ေက်ာင္းသူ ၁၃ ဦးကိုအဓမၼျပဳက်င့္ခဲ့တဲ့ အင္ဒိုနီးရွားေက်ာင္းဆရာကို တစ္သက္တစ္ကြၽန္းျပစ္ဒဏ္ေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၅

အင္ဒိုနီးရွားႏိုင္ငံမွာ အမ်ိဳးသမီးေက်ာင္းသူ ၁၃ ဦးကိုအဓမၼျပဳက်င့္ခဲ့တဲ့ ေက်ာင္းဆရာကို အင္ဒိုနီးရွား တရား႐ုံးကတစ္သက္တစ္ကြၽန္းျပစ္ဒဏ္ေပးခဲ့တယ္လို႔ သိရပါတယ္။

ဟာရီ ဝီရာဝမ္ ဆိုသူဟာ အသက္ ၁၁ ႏွစ္နဲ႔ ၁၆ ႏွစ္ၾကားရွိအမ်ိဳးသမီးေက်ာင္းသူမ်ားကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ၊ အဓမၼျပဳက်င့္မႈမ်ားက်ဴးလြန္ခဲ့ေၾကာင္း စြပ္စြဲခံရသူျဖစ္ပါတယ္။ ဘာသာေရးဆရာတစ္ဦးျဖစ္တဲ့ ဝီဝါဝမ္ဟာ ၂ဝ၁၆ ခုႏွစ္ေနာက္ပိုင္းတည္းက အမ်ိဳးသမီးကို အဓမၼျပဳက်င့္ခဲ့တာျဖစ္ၿပီး အဓမၼျပဳက်င့္ခံရတဲ့အမ်ိဳးသမီး ၁၃ ဦးအနက္ ၈ ဦးကသားသ မီးမ်ားေမြးဖြားခဲ့ၿပီး သားသမီး ၉ ဦးအထိ ေမြးဖြားခဲ့တယ္လို႔ သိရပါတယ္။ အစိုးရေရွ႕ေနေတြက ဘာသာေရးဆရာျဖစ္တဲ့ ဝီဝါဝမ္ကို ေသဒဏ္အျပစ္ေပးဖို႔ေတာင္းဆိုခဲ့ေၾကာင္း၊ ဒါေပမယ့္ ဘန္ဒန္ေဒသ တရား႐ုံးက အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ ဘာသာေရးဆရာကို ေထာင္ဒဏ္တစ္သက္တစ္ကြၽန္းသာ ျပစ္ ဒဏ္ေပးခဲ့တယ္လို႔သတင္းေတြကဆိုပါတယ္။

ဝီဝါဝမ္ဟာ ဂ်ာဗာကြၽန္းအေနာက္ပိုင္း ဘန္ဒန္ေဒသမွာ အစၥာလာမ္မစ္ ဘာသာေရးေက်ာင္းဖြင့္လွစ္ခဲ့ၿပီး ၂ဝ၁၆ ခုႏွစ္ေနာက္ပိုင္းတည္းကေက်ာင္းသူမ်ားကိုအဓမၼျပဳက်င့္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အင္ဒိုနီးရွားအစိုးရ ေရွ႕ေနေတြက ဝီဝါဝမ္ဟာ ေဒသခံေက်ာင္းသူ၊ ေက်ာင္းသားမ်ားကို စေကာ့လားရွစ္ အခြင့္ေရးအျပင္ အျခားအခြင့္ေရးလမ္းမ်ားေပးမယ္လို႔ မက္လုံးေပးၿပီး ေက်ာင္းတက္ေစဖို႔ ဆြဲေဆာင္ခဲ့တယ္လို႔ေဒသခံမီဒီယာေတြကဆိုပါတယ္။ တရား႐ုံးမွတ္တမ္းမ်ားအရ ဝီဝါဝမ္ဟာ အဓမၼျပဳက်င့္ခဲ့တဲ့ ေက်ာင္းသူမ်ားကိုအိမ္နဲ႔အဆက္အသြယ္ျဖတ္ေတာက္ခဲ့သလို မိသားစုနဲ႔အေဝးမွာေနထိုင္ေစခဲ့တယ္လို႔သိရပါတယ္။ ဒါ့အျပင္ ေက်ာင္းသူမ်ားကို တစ္ႏွစ္ကိုတစ္ႀကိမ္သာအိမ္ျပန္ခြင့္ေပးခဲ့ၿပီးဖုန္းမ်ားလည္းသိမ္းဆည္းခဲ့တယ္လို႔သိရပါတယ္။
အစိုးရေရွ႕ေနေတြက အဓမၼျပဳ က်င့္ခံရတဲ့ ေက်ာင္း သူမ်ားအတြက္တစ္ဦးကို အေမရိကန္ေဒၚလာ ၂၁ဝဝဝ နစ္နာေၾကးေပးဖို႔ ေတာင္းဆိုမႈမ်ားရွိေနခဲ့တယ္လို႔သိရပါတယ္။ ေက်ာင္းသူမ်ားကို အဓမၼျပဳက်င့္မႈအေပၚ အင္ဒိုနီးရွားႏိုင္ငံမွာ စိတ္ဆိုးေဒါသျဖစ္မႈအရွိန္ျမင့္တက္ေနၿပီး လူအခြင့္ေရးအဖြဲ႕မ်ားက အဓမၼျပဳက်င့္ခံရတဲ့ေက်ာင္းသူမ်ားအတြက္ နစ္နာ ေၾကးေပးဖို႔ ေတာင္းဆိုခဲ့ရာ အစိုးရက နစ္နာတဲ့ေက်ာင္းသူတစ္ဦးကို အေမရိကန္ေဒၚလာ ၅၉၄၅ ေပးရဖြယ္ရွိတယ္လို႔ဆိုပါတယ္။

Related news

© 2021. All rights reserved.