ပြည်နယ်နှင့်တိုင်း (၁၄) ခုခန့်တွင် မြေမြှုပ်မိုင်း၊ ပေါက်ကွဲနိုင်သော စစ်လက်ကျန်ပစ္စည်းကိရိယာများ၏ အန္တရာယ်များဖြင့်ကြုံနေကြရဟု UNICEF ထုတ်ပြန်

1673

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁၆
ပြည်နယ်နှင့်တိုင်း(၁၄)ခုခန့်တွင် မြေမြှုပ်မိုင်း၊ ပေါက်ကွဲနိုင်သော စစ်လက်ကျန်ပစ္စည်းကိရိယာများ၏ အန္တရာယ်များဖြင့်ကြုံနေကြရဟု UNICEF Myanmar က ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေး တိုင်း၊ စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် မလုံခြုံမှုများကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် လူပေါင်း ၃၂ဝ၉ဝဝ ကျော်သည် အိုးအိမ်နေရပ်မှစွန့်ခွာထွက်ပြေးနေကြရကြောင်း UNICEF Myanmar ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင်ပဋိပက္ခများသည် ယခင်ဖြစ်ပွားခြင်းမရှိခဲ့သော နေရာများသို့ပါပျံ့နှံ့လာသည့်အတွက် ပြည်နယ်နှင့်တိုင်း ၁၅ ခုအနက် ၁၄ ခုခန့်တယ်ငမြေမြှုပ်မိုင်းများ၊ ပေါက်ကွဲနိုင်သော စစ်လက်ကျန်ပစ္စည်း ကိရိယာများ ၏ အန္တရာယ်များနှင့် ကြုံနေကြရကြောင်းလည်း UNICEF Myanmar က ဆိုသည်။
အပြန်အလှန်ဆက်နွယ်နေသည့် အန္တရာယ်များသည် နိုင်ငံတစ်ဝန်းရှိ ကလေးသူငယ်များ၏ ရှင်သန်ရပ် တည်မှု၊ ဖွံ့ဖြိုးမှုနှင့်ကောင်းကျိုးသုခတို့အပေါ် ခြိမ်းခြောက်လျှက်နေကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိနိုင်ငံအကျပ်အတည်းမတိုင်ခင်ကပင် မြန်မာ နိုင်ငံ၌ ကလေးငယ်များကို အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမှ ကင်းဝေးအောင်ထားရှိရန်မှာ အကြီးစားစိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ကြောင်း UNICEF Myanmar ကဆိုထားသည်။
၂ဝ၂၁ ခုနှစ် ပထမ ၁ဝ လအတွင်း ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ ချင်း ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် တနင်္သာရီ တိုင်းတို့တွင် မြေမြှုပ်မိုင်းများ သို့မဟုတ် အခြားပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၁၇ ဦးရှိခဲ့ပြီး ၎င်းတို့အထဲတွင် အမျိုးသမီးနှင့်ကလေးငယ် ၁ဝ၂ ဦးပါဝင်ခဲ့ကြောင်း သိရသည်။
zawgyi version
ျပည္နယ္ႏွင့္တိုင္း (၁၄) ခုခန႔္တြင္ ေျမျမႇဳပ္မိုင္း၊ ေပါက္ကြဲႏိုင္ေသာ စစ္လက္က်န္ပစၥည္းကိရိယာမ်ား၏ အႏၲရာယ္မ်ားျဖင့္ ႀကဳံေနၾကရဟု UNICEF ထုတ္ျပန္
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁၆
ျပည္နယ္ႏွင့္တိုင္း(၁၄)ခုခန႔္တြင္ ေျမျမႇဳပ္မိုင္း၊ ေပါက္ကြဲႏိုင္ေသာ စစ္လက္က်န္ပစၥည္းကိရိယာမ်ား၏ အႏၲရာယ္မ်ားျဖင့္ႀကဳံေနၾကရဟု UNICEF Myanmar က ေဖေဖာ္ဝါရီလ ၁၅ ရက္တြင္ ထုတ္ျပန္ခဲ့သည္။
ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ရွမ္းျပည္နယ္၊ မေကြး တိုင္း၊ စစ္ကိုင္းတိုင္းႏွင့္ တနသၤာရီတိုင္းေဒသႀကီးမ်ားတြင္ ျဖစ္ပြားလ်က္ရွိသည့္ တိုက္ပြဲမ်ားႏွင့္ မလုံၿခဳံမႈမ်ားေၾကာင့္ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားအပါအဝင္ လူေပါင္း ၃၂ဝ၉ဝဝ ေက်ာ္သည္ အိုးအိမ္ေနရပ္မွစြန႔္ခြာထြက္ေျပးေနၾကရေၾကာင္း UNICEF Myanmar ၏ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ထို႔ျပင္ပဋိပကၡမ်ားသည္ ယခင္ျဖစ္ပြားျခင္းမရွိခဲ့ေသာ ေနရာမ်ားသို႔ပါပ်ံ႕ႏွံ႔လာသည့္အတြက္ ျပည္နယ္ႏွင့္တိုင္း ၁၅ ခုအနက္ ၁၄ ခုခန႔္တယ္ငေျမျမႇဳပ္မိုင္းမ်ား၊ ေပါက္ကြဲႏိုင္ေသာ စစ္လက္က်န္ပစၥည္း ကိရိယာမ်ား ၏ အႏၲရာယ္မ်ားႏွင့္ ႀကဳံေနၾကရေၾကာင္းလည္း UNICEF Myanmar က ဆိုသည္။
အျပန္အလွန္ဆက္ႏြယ္ေနသည့္ အႏၲရာယ္မ်ားသည္ ႏိုင္ငံတစ္ဝန္းရွိ ကေလးသူငယ္မ်ား၏ ရွင္သန္ရပ္ တည္မႈ၊ ဖြံ႕ၿဖိဳးမႈႏွင့္ေကာင္းက်ိဳးသုခတို႔အေပၚ ၿခိမ္းေျခာက္လွ်က္ေနေၾကာင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
လက္ရွိႏိုင္ငံအက်ပ္အတည္းမတိုင္ခင္ကပင္ ျမန္မာ ႏိုင္ငံ၌ ကေလးငယ္မ်ားကို အၾကမ္းဖက္မႈ၊ ညႇဥ္းပန္းႏွိပ္စက္မႈႏွင့္ ေခါင္းပုံျဖတ္အျမတ္ထုတ္မႈမ်ားမွ ကင္းေဝးေအာင္ထားရွိရန္မွာ အႀကီးစားစိန္ေခၚမႈတစ္ရပ္ျဖစ္ခဲ့ေၾကာင္း UNICEF Myanmar ကဆိုထားသည္။
၂ဝ၂၁ ခုႏွစ္ ပထမ ၁ဝ လအတြင္း ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ ပဲခူးတိုင္း၊ ခ်င္း ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ ျပည္နယ္၊ မေကြးတိုင္း၊ စစ္ကိုင္းတိုင္းႏွင့္ တနသၤာရီ တိုင္းတို႔တြင္ ေျမျမႇဳပ္မိုင္းမ်ား သို႔မဟုတ္ အျခားေပါက္ကြဲမႈမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ ၂၁၇ ဦးရွိခဲ့ၿပီး ၎တို႔အထဲတြင္ အမ်ိဳးသမီးႏွင့္ကေလးငယ္ ၁ဝ၂ ဦးပါဝင္ခဲ့ေၾကာင္း သိရသည္။