အဓ္ဓမကျင့်ခံရပြီး မွေးဖွားလာတဲ့ကလေးကို သတ်ဖြတ်မှုကြောင့် ဆယ်ကျော်သက်တစ်ဦး တရားစွဲဆိုခံရမှု မလေးရှားမှာဖြစ်ပွား

 709

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၆
အဓ္ဓမကျင့်ခံရပြီးရလာတဲ့ မွေးကင်းစကလေးငယ်ကို သတ်ဖြတ်မှုနဲ့မလေးရှားဆယ်ကျော်သက်တစ်ဦးဟာ အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်)မှာ စွဲချက်တင်ခံ ထားရကာ ယင်းအတွက်တက်ကြွလှုပ်ရှားသူများက ၎င်းကိုအာမခံနဲ့လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ၎င်းရဲ့ရှေ့နေက ပြောကြားခဲ့ပါတယ်။

တာရန်ဂါနူပြည်နယ် အရှေ့ပိုင်းရှိ အိမ်တစ်အိမ်မှာ မွေးကင်းစကလေးငယ်တစ်ဦး ရင်ဘတ်မှာဓားဒဏ်ရာများနဲ့တွေ့ရှိပြီးနောက် အာဏာပိုင်များက အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ မလေးရှားမှာ လူသတ်မှုစွဲချက်နဲ့ဆိုရင်သေဒဏ်ပေးရပေမယ့်လည်း အရွယ်မရောက်သေးတာကြောင့် နိုင်ငံ့ဘုရင်ရဲ့ဆုံးဖြတ်ချက်အရ တစ်သက်တစ်ကျွန်း ပြစ် ဒဏ်ကျခံရမှာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါမိန်းကလေးသည် ပြီးခဲ့သောနှစ်က အသက်၂ဝအရွယ် အမျိုးသားတစ်ဦးရဲ့အဓမ္မပြုကျင့်မှုခံခဲ့ရကြောင်း၊ ရဲ တပ်ဖွဲ့က ယင်းအတွက်သီးခြားစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူများက ဆိုပါတယ်။

သူမရဲ့ရှေ့နေ Nurainie Haziqah Shafii က သူမဟာ အရွယ်မရောက်သေးတဲ့အမျိုးသမီးဖြစ်ပြီး နေမကောင်းတာကြောင့် အာမခံပေးဖို့ တောင်းဆိုခဲ့သော် လည်း အကြောင်းပြချက်မရှိဘဲ တရားရုံးက အဆိုပါတောင်းဆိုမှုကို ငြင်းပယ်ခဲ့ပါတယ်။ မှတ်ချက်ပေးရန် ရှေ့နေချုပ်ရုံးက အီးမေးလ်ပေးပို့တဲ့ တောင်းဆိုချက်များကိုလည်း ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးပါဘူး။ မလေးရှား လူ့အခွင့်အရေးကော်မရှင် Suhakam က အဆိုပါ မိန်းကလေးကို ဖမ်းဆီးထိန်းသိမ်းတဲ့ တရား ရုံးရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိသည်ဟုဆိုကာ"(တရားရုံး)ဟာ မိန်းကလေးရဲ့စိတ်နေသဘောထားကိုထည့်သွင်းစဉ်းစားပြီး သူမကိုဆေးရုံပို့သင့်တယ်" လို့ ပြောကြားခဲ့ပါတယ်။

ကလေးသူငယ်နဲ့ အမျိုးသမီးရေးရာဆိုင်ရာမလေးရှားပါလီမန်ကော်မတီက အဆိုပါအမှုကို လူသတ်မှုအ ဖြစ်ခွဲခြားသတ်မှတ်ဖို့စိုးရိမ်ကြောင်း စနေနေ့က ထုတ်ဖော်ပြောကြားခဲ့ပြီး ကလေးမွေးဖွားပြီး ၂၄ နာရီအတွင်း မိခင်မှကလေးငယ်ကို သတ်ဖြတ်ခြင်းကို infanticide လို့သတ်မှတ်သင့်ပြီး တရားခံဟာအာမ ခံပေးဖို့ အရည်အချင်းပြည့်မီသော ပြစ်မှုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

zawgyi version
အဓၶမက်င့္ခံရၿပီး ေမြးဖြားလာတဲ့ကေလးကို သတ္ျဖတ္မႈေၾကာင့္ ဆယ္ေက်ာ္သက္တစ္ဦး တရားစြဲဆိုခံရမႈ မေလးရွားမွာျဖစ္ပြား
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၆

အဓၶမက်င့္ခံရၿပီးရလာတဲ့ ေမြးကင္းစကေလးငယ္ကို သတ္ျဖတ္မႈနဲ႔မေလးရွားဆယ္ေက်ာ္သက္တစ္ဦးဟာ အဂၤါေန႔ (ေဖေဖာ္ဝါရီလ ၁၅ ရက္)မွာ စြဲခ်က္တင္ခံ ထားရကာ ယင္းအတြက္တက္ႂကြလႈပ္ရွားသူမ်ားက ၎ကိုအာမခံနဲ႔လႊတ္ေပးဖို႔ ေတာင္းဆိုထားတယ္လို႔ ၎ရဲ႕ေရွ႕ေနက ေျပာၾကားခဲ့ပါတယ္။

တာရန္ဂါႏူျပည္နယ္ အေရွ႕ပိုင္းရွိ အိမ္တစ္အိမ္မွာ ေမြးကင္းစကေလးငယ္တစ္ဦး ရင္ဘတ္မွာဓားဒဏ္ရာမ်ားနဲ႔ေတြ႕ရွိၿပီးေနာက္ အာဏာပိုင္မ်ားက အသက္ ၁၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို ၿပီးခဲ့တဲ့ သီတင္းပတ္က ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ မေလးရွားမွာ လူသတ္မႈစြဲခ်က္နဲ႔ဆိုရင္ေသဒဏ္ေပးရေပမယ့္လည္း အ႐ြယ္မေရာက္ေသးတာေၾကာင့္ ႏိုင္ငံ့ဘုရင္ရဲ႕ဆုံးျဖတ္ခ်က္အရ တစ္သက္တစ္ကြၽန္း ျပစ္ ဒဏ္က်ခံရမွာ ျဖစ္တယ္လို႔သိရပါတယ္။ အဆိုပါမိန္းကေလးသည္ ၿပီးခဲ့ေသာႏွစ္က အသက္၂ဝအ႐ြယ္ အမ်ိဳးသားတစ္ဦးရဲ႕အဓမၼျပဳက်င့္မႈခံခဲ့ရေၾကာင္း၊ ရဲ တပ္ဖြဲ႕က ယင္းအတြက္သီးျခားစုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့တယ္လို႔ တာဝန္ရွိသူမ်ားက ဆိုပါတယ္။

သူမရဲ႕ေရွ႕ေန Nurainie Haziqah Shafii က သူမဟာ အ႐ြယ္မေရာက္ေသးတဲ့အမ်ိဳးသမီးျဖစ္ၿပီး ေနမေကာင္းတာေၾကာင့္ အာမခံေပးဖို႔ ေတာင္းဆိုခဲ့ေသာ္ လည္း အေၾကာင္းျပခ်က္မရွိဘဲ တရား႐ုံးက အဆိုပါေတာင္းဆိုမႈကို ျငင္းပယ္ခဲ့ပါတယ္။ မွတ္ခ်က္ေပးရန္ ေရွ႕ေနခ်ဳပ္႐ုံးက အီးေမးလ္ေပးပို႔တဲ့ ေတာင္းဆိုခ်က္မ်ားကိုလည္း ခ်က္ခ်င္းတုံ႔ျပန္ျခင္းမရွိေသးပါဘူး။ မေလးရွား လူ႔အခြင့္အေရးေကာ္မရွင္ Suhakam က အဆိုပါ မိန္းကေလးကို ဖမ္းဆီးထိန္းသိမ္းတဲ့ တရား ႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ကို စိတ္ပ်က္မိသည္ဟုဆိုကာ"(တရား႐ုံး)ဟာ မိန္းကေလးရဲ႕စိတ္ေနသေဘာထားကိုထည့္သြင္းစဥ္းစားၿပီး သူမကိုေဆး႐ုံပို႔သင့္တယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

ကေလးသူငယ္နဲ႔ အမ်ိဳးသမီးေရးရာဆိုင္ရာမေလးရွားပါလီမန္ေကာ္မတီက အဆိုပါအမႈကို လူသတ္မႈအ ျဖစ္ခြဲျခားသတ္မွတ္ဖို႔စိုးရိမ္ေၾကာင္း စေနေန႔က ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ကေလးေမြးဖြားၿပီး ၂၄ နာရီအတြင္း မိခင္မွကေလးငယ္ကို သတ္ျဖတ္ျခင္းကို infanticide လို႔သတ္မွတ္သင့္ၿပီး တရားခံဟာအာမ ခံေပးဖို႔ အရည္အခ်င္းျပည့္မီေသာ ျပစ္မႈျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.