ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးစီမံချက်လာမည့်ဘဏ္ဍာနှစ်တွင်အကောင်အထည်ဖော်မည်

819

ရဲပြည့် (NP News) - ဖေဖော်ဝါရီ ၁၈
ကိုဗစ်ကာလအတွင်း ကျေးလက်နေအမျိုးသမီးများ ၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူ ထောင်ရေးစီမံချက်ကို ၂ဝ၂၂-၂၃ ဘဏ္ဍာနှစ်တွင်အ ကောင်အထည်ဖော်ပေးမည်ဖြစ်ပြီး နေပြည်တော်နှင့် ရခိုင်ပြည့်နယ်ရှိ ကျေးလက်ဒေသများတွင် စတင်အ ကောင်အထည်ဖော်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက် သက်ခိုင်က ဖေဖော်ဝါရီလ ၁၇ ရက်ကကျင်းပသည့် အဆိုပါစီမံကိန်းအကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။
ကိုဗစ်ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများအားလျော့ချနိုင်ရန်အတွက် ကျေးလက်နေအ မျိုးသမီးများ၏ ဝင်ငွေရတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ အရှိန်မပျက်ပုံမှန်ရရှိစေရန်၊ ကိုဗစ်ကြောင့်ရပ်ဆိုင်းသွားရသည့် အငယ်စားစီးပွားရေး လုပ်ငန်းများပြန်လည်စတင်နိုင်ရန်နှင့် ဝင်ငွေမရှိသေးသည့် အမျိုးသမီးများအတွက်ကိုလည်း အလုပ် အ ကိုင်အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောသည်။
ထို့ပြင် လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်သည် ကျေး လက်နေအမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်း ကျောင်း သင်တန်းများမှတဆင့် မိသားစုဝင်ငွေတိုး ပွားလာစေရေးနှင့် အမျိုးသမီးများအသိပညာ ဗဟု သုတတိုးပွားလာပြီး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာစေရန်တို့ ဖြစ်ကြောင်းလည်း ၎င်းမှ ဆက်လက်ပြောသည်။
ထို့ကြောင့် လူမှုဝန်ထမ်းဦးစီးဌာနမှဦးဆောင်၍ နေ ပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ သာ ယာကုန်းကျေးရွာနှင့် တပ်ကုန်းမြို့နယ်သကြားဟင်း အိုးကျေးရွာ၊ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာနှင့် တိမ်ညိုကျေးရွာတို့တွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း အချက်အလက်များ ကောက်ယူခဲ့ပြီး တွေ့ရှိချက်များအပေါ်အခြေခံ၍ စီမံချက်အား ရေးဆွဲထားကာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ လာမည့်ဘဏ္ဍာနှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံ့လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး ၎င်းတို့အနက် ၅၁ ရာခိုင်နှုန်း ကျော်သည် ကျေးလက်နေအမျိုးသမီးများဖြစ်သည့် အတွက် ကျေးလက်နေအမျိုးသမီးများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထည့်သွင်းစဉ်းစားခြင်းသည် နိုင် ငံသာယာဝပြောမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်တိုးမြှင့်စေသော အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ကြောင်းလည်း ဒေါက်တာသက်သက်ခိုင်ကပြောသည်။
zawgyi version
ေက်းလက္ေနအမ်ိဳးသမီးမ်ားအတြက္ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ားျပန္လည္ထူေထာင္ေရးစီမံခ်က္လာမည့္ဘ႑ာႏွစ္တြင္အေကာင္အထည္ေဖာ္မည္
ရဲျပည့္ (NP News) - ေဖေဖာ္ဝါရီ ၁၈
ကိုဗစ္ကာလအတြင္း ေက်းလက္ေနအမ်ိဳးသမီးမ်ား ၏အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ားျပန္လည္ထူ ေထာင္ေရးစီမံခ်က္ကို ၂ဝ၂၂-၂၃ ဘ႑ာႏွစ္တြင္အ ေကာင္အထည္ေဖာ္ေပးမည္ျဖစ္ၿပီး ေနျပည္ေတာ္ႏွင့္ ရခိုင္ျပည့္နယ္ရွိ ေက်းလက္ေဒသမ်ားတြင္ စတင္အ ေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ သက္ခိုင္က ေဖေဖာ္ဝါရီလ ၁၇ ရက္ကက်င္းပသည့္ အဆိုပါစီမံကိန္းအေကာင္အထည္ေဖာ္ေရးညႇိႏႈိင္းအစည္းအေဝးတြင္ ေျပာသည္။
ကိုဗစ္ေၾကာင့္ စီးပြားေရးအေပၚ အက်ိဳးသက္ေရာက္မႈမ်ားအားေလ်ာ့ခ်ႏိုင္ရန္အတြက္ ေက်းလက္ေနအ မ်ိဳးသမီးမ်ား၏ ဝင္ေငြရတစ္ပိုင္တစ္ႏိုင္ စီးပြားေရးလုပ္ငန္းမ်ား အရွိန္မပ်က္ပုံမွန္ရရွိေစရန္၊ ကိုဗစ္ေၾကာင့္ရပ္ဆိုင္းသြားရသည့္ အငယ္စားစီးပြားေရး လုပ္ငန္းမ်ားျပန္လည္စတင္ႏိုင္ရန္ႏွင့္ ဝင္ေငြမရွိေသးသည့္ အမ်ိဳးသမီးမ်ားအတြက္ကိုလည္း အလုပ္ အ ကိုင္အခြင့္အလမ္းမ်ား ဖန္တီးေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာသည္။
ထို႔ျပင္ လုပ္ငန္းစီမံခ်က္၏ ရည္႐ြယ္ခ်က္သည္ ေက်း လက္ေနအမ်ိဳးသမီးမ်ား၏ စြမ္းေဆာင္ရည္ ျမင့္မားေစေရးႏွင့္ အလုပ္အကိုင္ အခြင့္အလမ္းရရွိေရး၊ ေက်းလက္ေနအမ်ိဳးသမီးမ်ား အသက္ေမြးဝမ္း ေက်ာင္း သင္တန္းမ်ားမွတဆင့္ မိသားစုဝင္ေငြတိုး ပြားလာေစေရးႏွင့္ အမ်ိဳးသမီးမ်ားအသိပညာ ဗဟု သုတတိုးပြားလာၿပီး ပူးေပါင္းခ်ိတ္ဆက္ေဆာင္႐ြက္မႈ အားေကာင္းလာေစရန္တို႔ ျဖစ္ေၾကာင္းလည္း ၎မွ ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ လူမႈဝန္ထမ္းဦးစီးဌာနမွဦးေဆာင္၍ ေန ျပည္ေတာ္ေကာင္စီနယ္ေျမ လယ္ေဝးၿမိဳ႕နယ္၊ သာ ယာကုန္းေက်း႐ြာႏွင့္ တပ္ကုန္းၿမိဳ႕နယ္သၾကားဟင္း အိုးေက်း႐ြာ၊ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ေျမာင္းေဘြေက်း႐ြာႏွင့္ တိမ္ညိဳေက်း႐ြာတို႔တြင္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလအတြင္း အခ်က္အလက္မ်ား ေကာက္ယူခဲ့ၿပီး ေတြ႕ရွိခ်က္မ်ားအေပၚအေျခခံ၍ စီမံခ်က္အား ေရးဆြဲထားကာ သက္ဆိုင္ရာဌာန၊ အဖြဲ႕အစည္းမ်ား ႏွင့္ပူးေပါင္း၍ လာမည့္ဘ႑ာႏွစ္အတြင္း အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။
ႏိုင္ငံ့လူဦးေရ၏ ၇ဝ ရာခိုင္ႏႈန္းခန႔္သည္ ေက်းလက္ေနျပည္သူမ်ားျဖစ္ၿပီး ၎တို႔အနက္ ၅၁ ရာခိုင္ႏႈန္း ေက်ာ္သည္ ေက်းလက္ေနအမ်ိဳးသမီးမ်ားျဖစ္သည့္ အတြက္ ေက်းလက္ေနအမ်ိဳးသမီးမ်ား၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို ထည့္သြင္းစဥ္းစားျခင္းသည္ ႏိုင္ ငံသာယာဝေျပာမႈႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အရွိန္အဟုန္တိုးျမႇင့္ေစေသာ အေကာင္းဆုံးနည္းလမ္းတစ္ခု ျဖစ္ေၾကာင္းလည္း ေဒါက္တာသက္သက္ခိုင္ကေျပာသည္။