ICJ ၌ ဂမ်ဘီယာ၏ စွပ်စွဲချက်ကို မြန်မာဘက်မှ ဝန်ကြီးဦးကိုကိုလှိုင်၏ ပြန်လည်ချေပချက်(အပြည့်အစုံ)

 3720

NP News - ဖေဖော်ဝါရီ ၂၄
(၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ သည်ဟိတ်ဂ်မြို)

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုအပေါ် မြန်မာနိုင်ငံဘက်မှ တင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်လွှာနှင့်ပတ်သက်သည့် ကြားနာမှု၌ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၏ ပြောကြားချက်ကို မူရင်းအတိုင်း မဖြတ်မတောက်ဘဲ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ…
၁။ ကျွန်တော်အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ်အဖြစ် တရားရုံးတွင် ပါဝင်တက် ရောက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

၂။ တရားသူကြီးများဖွဲစည်းမှုနှင့် နှစ်ဖက်အမှုသည်များ၏ ကိုယ်စားလှယ်များတွင် အပြောင်းအလဲများ ရှိသည့် အားလျော်စွာ ကျွန်တော်အနေနဲ့ Madam Joan Donoghue ကို တရားရုံး၏ သဘာပတိအဖြစ်လည်းကောင်း၊ Mr. Kirill Gevorgian ကို ဒုတိယသဘာပတိတို အဖြစ်လည်းကောင်း၊ Mr. Georg Nolte နှင့် Ms. Hilary Charlesworth တို့ကို တရားသူကြီးများအဖြစ်လည်းကောင်း တင်မြှောက်ခံရသည့်အတွက် ဝမ်းမြောက်ပါ ကြောင်းနှင့် တရားလို၏ ကိုယ်စားလှယ်အသစ်ဖြစ်သော Mr. Dawda Jallow နှင့် တွဲဖက်ကိုယ်စားလှယ်အသစ် ဖြစ်သော (Co-Agent) Mr. Hussein Thomasi တိုကို ချစ်ကြည်လေးစားမှု ရှိပါကြောင်း ဦးစွာပြောကြားလိုပါ တယ်။

၃။ ကုလသမဂ္ဂ၏ အဓိကတရားရေးမဏ္ဍိုင်ဖြစ်သော အပြည်ပြည်ဆိုင်ရာ တရားရုံးအနေဖြင့် ယခုကိစ္စရပ်အား တရားဥပဒေနှင့်လျှော်ညီစွာဆုံးဖြတ်မည်ဟု နက်ရှိင်းသော ယုံကြည်မှုနှင့်အတူ မိမိအနေနဲ့ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အသစ်အနေဖြင့် တွဲဖက်ကိုယ်စားလှယ်ဖြစ်သော ဒေါက်တာသီတာဦးနှင့်အတူ လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ…
၄။ အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ တရားရုံး၏ရှေ့မှောက်သို့ရောက်ရှိလာသည့် နိုင်ငံအချင်းချင်း ဆက်ဆံ ရေးနှင့်သက်ဆိုင်သည့်ဥပဒေများ၊ တရားရုံး၏ စီရင်ပိုင်ခွင့်နှင့်သက်ဆိုင်သည့်ဥပဒေများအပြင် တရားရုံးသို့ အမှု စွဲတင်ခွင့်အပေါ် သတ်မှတ်ချက်များကိုလည်း အမှုနှင့်သက်ဆိုင်သောဥပဒေများအဖြစ် မှတ်ယူဆုံးဖြတ်ရမှာဖြစ် ပါတယ်။

၅။ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးအတွက် အပြည်ပြည်ဆိုင်ရာဥပဒေ၏စံနှုန်းများကို လေးစားလိုက်နာရာမှာ အခြားသောကျန်ရှိတဲ့ ဥပဒေစံနှုန်းများကိုပါ တိကျစွာ လေးစားလိုက်နာသွားရန် အရေးကြီးပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစနစ်ကို မတူကွဲပြားသောနိုင်ငံများ၏ တူညီသော သဘောဆန္ဒများနဲ့ တည်ထောင်ထားတာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစနစ် ဆက်လက်ကျယ်ပြန့်စွာ ဖွံဖြိုးတိုးတက် စေဖို့အတွက် ဘုံသဘောထားတွေကို အတိအကျ လေးစားလိုက်နာမှာဖြစ်တဲ့အကြောင်း အဖွဲ့ဝင်နိုင်ငံများ အားလုံးက ယုံကြည်လက်ခံနေရမှာဖြစ်ပါတယ်။

၆။ မြန်မာနိုင်ငံအနေဖြင့် ယခုအမှုအပေါ် တရားရုံးအနေဖြင့် စီရင်ပိုင်ခွင့်မရှိကြောင်း (သို့မဟုတ်) အမှုအား ပလပ် သင့်ကြောင်း လျှောက်လဲခြင်းဟာ တရားရုံးရဲ့တရားစီရင်မှု လုပ်ထုံးလုပ်နည်းများအပေါ် ဆင်ခြေပေး ကန့်သတ် ရန်အတွက် မဟုတ်ပါ။ အဲဒီအစား တော်တည့်မှန်ကန်တဲ့တရားမျှတမှု ရရှိနိုင်ရေးအတွက် ရည်ရွယ်တာဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေဖြင့် ယခုကနဦး ကန့်ကွက်လွှာလျှောက်ထားခြင်းအား တရားရုံးအပေါ် အထူးလေးစား သမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

၇။ ဒါကြောင့် နောင်ရက်များအတွင်း တရားရုံးရှေ့မှောက်မှာပြုလုပ်မယ့် လျှောက်လဲချက်များ ကြားနာခြင်းဟာ အလွန်ပဲအရေးကြီးပါတယ်။ ယေဘူယျအားဖြင့် တရားရုံးရဲ့ အနာဂတ်တရားစီရင်ရေးလုပ်ငန်းစဉ်တွေအပေါ် အကျိုးသက်ရောက်မှုများစွာ ရှိမှာဖြစ်သလို နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာတရားရုံး (သို့မဟုတ်) ခုံရုံးများ သို့ တင်သွင်းမည့် အမှုများအပေါ်လည်း အမှန်တကယ် အကျိုးသက်ရောက်မှုများရှိလာမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ…
၈။ မြန်မာနိုင်ငံမှတင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များသည် အမှတ်တကယ် ကနဦးအဆင့်သာဖြစ်ပြီး Genocide Convention အား မြန်မာနိုင်ငံမှ ဖောက်ဖျက်ကြောင်း ဂမ်ဘီယာနိုင်ငံမှစွပ်စွဲထားသည့်ကိစ္စအပေါ် ဆုံးဖြတ်ချက်ချမှတ်ရေးနှင့် သီးခြားစီဖြစ်ပါတယ်။ တရားရုံးအနေဖြင့် ယခု ကနဦးကန့်ကွက်လွှာကြားနာမှုကို ဆုံးဖြတ်ပြီးနောက်မှာမှ အဆိုပါကိစ္စရပ်အား ဆက်လက်စဉ်းစား ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

၉။ တရားရုံး၏ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်များသည် ကနဦးကန့်ကွက်လွှာပါ အချက်များအပေါ် ကြိုတင် ဆုံးဖြတ်သည့်သဘော လုံးဝသက်ရောက်စေမည်မဟုတ်ကြောင်း ကြားဖြတ်စီမံ ဆောင်ရွက်ချက်အမိန့်အပိုဒ် ၈၅ ၌ ရှင်းလင်းစွာဖော်ပြထားပြီး ဖြစ်ပါတယ်။ ထို့ကြောင့် ယခုအချိန်မှသာ တရားရုံးအနေဖြင့် ကနဦးကန့်ကွက်ချက် များအပေါ် သေချာစွာ လေ့လာသုံးသပ်၍ ဆုံးဖြတ်ချက်ချမှတ်ပေးရမှာဖြစ်ပါတယ်။

၁ဝ။ အဲဒါကြောင့် ယနေ့ကြားနာပွဲမှာ ကျွန်တော့်အနေနဲ့ ဂမ်ဘီယာနိုင်ငံမှတင်သွင်းထားသည့် အသေးစိတ် အချက်အလက်များကို ဆွေးနွေးသွားမှာမဟုတ်ပါ။ မြန်မာနိုင်ငံအနေဖြင့် ယခုအမှုအား တရားရုံးတွင် စီရင်ပိုင်ခွင့် မရှိကြောင်း၊ ပလပ်ရမည်ဖြစ်ကြောင်း လျှောက်ထားခြင်းသည် ဂမ်ဘီယာ၏စွပ်စွဲချက်အပေါ် တုံ့ပြန်ရန် မရှိ ကြောင်း ပြောဆိုခြင်းမဟုတ်သည်ကိုလည်း အထူးအလေးထားပြောလိုပါတယ်။

၁၁။ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်တိုအနေဖြင့် ကာလရှည်ကြာစွာ သမိုင်းကြောင်းရှိတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိပြဿနာများအပေါ် ဆက်လက်ဖြေရှင်းသွားရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါတယ်။ အဆိုပါ ပြဿနာများဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ ကျရောက်ခဲ့တဲ့ ကိုလိုနီလက်အောက်ခံဘဝရဲ့ အကျိုးဆက်များ အပါအဝင် ရှုပ်ထွေးတဲ့ပြဿနာများဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါအချက်များဟာ ယခုကြားနာမှုနဲ့ သက်ဆိုင် ခြင်း မရှိပါဘူး။

၁၂။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဤရှုပ်ထွေးလှသောပြဿနာအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်း အဖြေရှာ၍ ပြေလည်မှုရရှိစေရေးအတွက် ကြိုးစားလျက်ရှိပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် (၃)နိုင်ငံ အကြား သုံးပွင့်ဆိုင်သံတမန်ဆွေးနွေးပွဲများကျင်းပလျက် ပြန်လည်လက်ခံရေးကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏လုပ်ငန်းအဖွဲ့များမှ နှစ်နိုင်ငံသဘောတူညီချက်အရ မိမိဆန္ဒအလျှောက်နေရပ်ပြန်လိုသည့် လူဦးရေစာရင်းကိုပြုစုရာတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ပါ တယ်။ ပြန်လည်လက်ခံရေးအတွက် ကနဦး လုပ်ငန်းစီမံကိန်းများကိုလည်း မြန်မာနိုင်ငံအစိုးရမှ ပြင်ဆင်ဆောင် ရွက်ထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့နယ်နိမိတ်အတွင်း၊ ရခိုင်ပြည်နယ်ရှိ IDP စခန်းတွေမှာ နေထိုင်လျက်ရှိသူ များကို အခြားနိုင်ငံသားများနည်းတူ Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါတယ်။ ဒါ့အပြင် နေရပ် စွန့်ခွာသူများအား ၎င်းတို၏ မူရင်းဒေသများကို ပြန်လည်ပို့ဆောင်နိုင်ရေးနဲ့ IDP စခန်းများ ပိတ်သိမ်းနိုင်ရေး ကိစ္စ များမှာလည်း ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ လတ်တလောဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ကြည့်ခြင်းအား ဖြင့် မြန်မာနိုင်ငံအစိုးရအနေနဲ့ လက်ရှိပြဿနာအပေါ်ထိရောက်ပြီး မှန်ကန်တဲ့ ကုစားမှုရရှိနိုင်ရေး အလေးထားမှု ဆန္ဒမှန်ကို သိရှိမှာဖြစ်ပါတယ်။

၁၃။ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်၏တာဝန်များကို ရယူ ပြီးနောက်မှာလည်း အိမ်စောင့်အစိုးရအသစ်အနေဖြင့် ယခုအမှုအပေါ် ယခင်အစိုးရမှ ထားရှိခဲ့တဲ့တာဝန်များကို ဆက်လက်လက်ခံ လိုက်နာလျက်ရှိပါတယ်။ တာဝန်ရှိအဖွဲ့အစည်းအနေဖြင့် တရားရုံးမှချမှတ်ခဲ့သော ကြားဖြတ် စီမံဆောင်ရွက်ချက်အမိန့်အား အစွမ်းကုန်အကောင်အထည်ဖော်လျက်ရှိပြီး ပုံမှန်တင်သွင်းရမည့် အစီရင်ခံစာ များကို ဆက်လက်တင်သွင်းလျက်ရှိပါတယ်။

ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ။
၁၄။ မြန်မာနိုင်ငံအနေနဲ့ ကနဦးကန့်ကွက်လွှာမှာ အချက်(၄)ချက်ကို တင်သွင်းခဲ့ပါတယ်။ အဆိုပါကန့်ကွက် ချက်များနဲ့သက်ဆိုင်တဲ့လျှောက်လဲချက်များကို မြန်မာနိုင်ငံက တင်ပြခဲ့တဲ့ စာဖြင့်ရေးသားလျှောက်လဲချက်များ မှာ အပြည့်အစုံပါဝင်ထားပြီးဖြစ်ကာ အဆိုပါအချက်များကို ဆက်လက်မှီငြမ်း လျှောက်လဲသွားမှာဖြစ်လို တရားရုံး အနေဖြင့်လည်း ဆက်လက်မှီငြမ်းနိုင်ပါရန် လေးစားစွာတင်ပြပါတယ်။ တရားရုံး၏နည်းဥပဒေများနဲ့ ကျင့်ထုံး လမ်းညွှန်များနှင့်အညီ မြန်မာနိုင်ငံရဲ့ကိုယ်စားပြုရှေ့နေများမှလိုအပ်သည့် အချက်အလက်များအပေါ် အဓိက ထား တင်ပြသွားမှာဖြစ်ပါတယ်။

၁၅။ ယနေ့ပြုလုပ်မယ့် မြန်မာနိုင်ငံရဲ့လျှောက်လဲချက်များကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ပထမဦးစွာ Dr. Staker မှ မြန်မာနိုင်ငံရဲ့ ကနဦးကန့်ကွက်လွှာ ပထမအချက်ကို လျှောက်လဲ မှာဖြစ်ပါတယ်။ ကနဦးကန့်ကွက်လွှာ ဒုတိယအချက်ကို Professor Talmon က လည်းကောင်း၊ တတိယ အချက်ကို Professor Kolb ကလည်းကောင်း အသီးသီးလျှောက်လဲကြမှာဖြစ်ပြီး ကနဦးကန့်ကွက်လွှာ နောက်ဆုံးအချက်ကို Dr. Staker မှ ဆက်လက်လျှောက်လဲသွားမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ…
၁၆။ စိတ်ပါဝင်စားစွာ နားထောင်ပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ ရှေ့နေ Dr. Staker အား လျှောက်လဲခွင့်ပြုပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မှတ်ချက် ။ ။ မြန်မာနိုင်ငံဘက်က ချေပချက်များကို မူရင်းအတိုင်း မဖြတ်မတောက်ဘဲ ဖော်ပြပေးခြင်း ဖြစ်ပါသည်။

Zawgyi Version;
ICJ ၌ ဂမ္ဘီယာ၏ စြပ္စြဲခ်က္ကို ျမန္မာဘက္မွ ဝန္ႀကီးဦးကိုကိုလႈိင္၏ ျပန္လည္ေခ်ပခ်က္(အျပည့္အစုံ)
NP News - ေဖေဖာ္ဝါရီ ၂၄

(၂ဝ၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔၊ သည္ဟိတ္ဂ္ၿမိဳ)

ျမန္မာႏိုင္ငံအေပၚ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုမႈအေပၚ ျမန္မာႏိုင္ငံဘက္မွ တင္သြင္းခဲ့သည့္ ကနဦး ကန႔္ကြက္လႊာႏွင့္ပတ္သက္သည့္ ၾကားနာမႈ၌ ျမန္မာႏိုင္ငံကိုယ္စားလွယ္အဖြဲ႕ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလႈိင္၏ ေျပာၾကားခ်က္ကို မူရင္းအတိုင္း မျဖတ္မေတာက္ဘဲ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

ဥကၠ႒ႀကီးနဲ႔ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၁။ ကြၽန္ေတာ္အေနနဲ႔ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ ကိုယ္စားလွယ္အျဖစ္ တရား႐ုံးတြင္ ပါဝင္တက္ ေရာက္ရတဲ့အတြက္ ဂုဏ္ယူမိပါတယ္။

၂။ တရားသူႀကီးမ်ားဖြဲစည္းမႈႏွင့္ ႏွစ္ဖက္အမႈသည္မ်ား၏ ကိုယ္စားလွယ္မ်ားတြင္ အေျပာင္းအလဲမ်ား ရွိသည့္ အားေလ်ာ္စြာ ကြၽန္ေတာ္အေနနဲ႔ Madam Joan Donoghue ကို တရား႐ုံး၏ သဘာပတိအျဖစ္လည္းေကာင္း၊ Mr. Kirill Gevorgian ကို ဒုတိယသဘာပတိတို အျဖစ္လည္းေကာင္း၊ Mr. Georg Nolte ႏွင့္ Ms. Hilary Charlesworth တို႔ကို တရားသူႀကီးမ်ားအျဖစ္လည္းေကာင္း တင္ေျမႇာက္ခံရသည့္အတြက္ ဝမ္းေျမာက္ပါ ေၾကာင္းႏွင့္ တရားလို၏ ကိုယ္စားလွယ္အသစ္ျဖစ္ေသာ Mr. Dawda Jallow ႏွင့္ တြဲဖက္ကိုယ္စားလွယ္အသစ္ ျဖစ္ေသာ (Co-Agent) Mr. Hussein Thomasi တိုကို ခ်စ္ၾကည္ေလးစားမႈ ရွိပါေၾကာင္း ဦးစြာေျပာၾကားလိုပါ တယ္။

၃။ ကုလသမဂၢ၏ အဓိကတရားေရးမ႑ိဳင္ျဖစ္ေသာ အျပည္ျပည္ဆိုင္ရာ တရား႐ုံးအေနျဖင့္ ယခုကိစၥရပ္အား တရားဥပေဒႏွင့္ေလွ်ာ္ညီစြာဆုံးျဖတ္မည္ဟု နက္ရွိင္းေသာ ယုံၾကည္မႈႏွင့္အတူ မိမိအေနနဲ႔ ျမန္မာႏိုင္ငံ၏ ကိုယ္စားလွယ္အသစ္အေနျဖင့္ တြဲဖက္ကိုယ္စားလွယ္ျဖစ္ေသာ ေဒါက္တာသီတာဦးႏွင့္အတူ လာေရာက္ခဲ့ျခင္း ျဖစ္ပါတယ္။

ဥကၠ႒ႀကီးနဲ႔ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ားခင္ဗ်ာ…
၄။ အျပည္ျပည္ဆိုင္ရာတရား႐ုံးအေနနဲ႔ တရား႐ုံး၏ေရွ႕ေမွာက္သို႔ေရာက္ရွိလာသည့္ ႏိုင္ငံအခ်င္းခ်င္း ဆက္ဆံ ေရးႏွင့္သက္ဆိုင္သည့္ဥပေဒမ်ား၊ တရား႐ုံး၏ စီရင္ပိုင္ခြင့္ႏွင့္သက္ဆိုင္သည့္ဥပေဒမ်ားအျပင္ တရား႐ုံးသို႔ အမႈ စြဲတင္ခြင့္အေပၚ သတ္မွတ္ခ်က္မ်ားကိုလည္း အမႈႏွင့္သက္ဆိုင္ေသာဥပေဒမ်ားအျဖစ္ မွတ္ယူဆုံးျဖတ္ရမွာျဖစ္ ပါတယ္။

၅။ ႏိုင္ငံတကာ တရားဥပေဒစိုးမိုးေရးအတြက္ အျပည္ျပည္ဆိုင္ရာဥပေဒ၏စံႏႈန္းမ်ားကို ေလးစားလိုက္နာရာမွာ အျခားေသာက်န္ရွိတဲ့ ဥပေဒစံႏႈန္းမ်ားကိုပါ တိက်စြာ ေလးစားလိုက္နာသြားရန္ အေရးႀကီးပါတယ္။ အျပည္ျပည္ဆိုင္ရာ တရားဥပေဒစနစ္ကို မတူကြဲျပားေသာႏိုင္ငံမ်ား၏ တူညီေသာ သေဘာဆႏၵမ်ားနဲ႔ တည္ေထာင္ထားတာျဖစ္ပါတယ္။ အျပည္ျပည္ဆိုင္ရာ တရားဥပေဒစနစ္ ဆက္လက္က်ယ္ျပန႔္စြာ ဖြံၿဖိဳးတိုးတက္ ေစဖို႔အတြက္ ဘုံသေဘာထားေတြကို အတိအက် ေလးစားလိုက္နာမွာျဖစ္တဲ့အေၾကာင္း အဖြဲ႕ဝင္ႏိုင္ငံမ်ား အားလုံးက ယုံၾကည္လက္ခံေနရမွာျဖစ္ပါတယ္။

၆။ ျမန္မာႏိုင္ငံအေနျဖင့္ ယခုအမႈအေပၚ တရား႐ုံးအေနျဖင့္ စီရင္ပိုင္ခြင့္မရွိေၾကာင္း (သို႔မဟုတ္) အမႈအား ပလပ္ သင့္ေၾကာင္း ေလွ်ာက္လဲျခင္းဟာ တရား႐ုံးရဲ႕တရားစီရင္မႈ လုပ္ထုံးလုပ္နည္းမ်ားအေပၚ ဆင္ေျခေပး ကန႔္သတ္ ရန္အတြက္ မဟုတ္ပါ။ အဲဒီအစား ေတာ္တည့္မွန္ကန္တဲ့တရားမွ်တမႈ ရရွိႏိုင္ေရးအတြက္ ရည္႐ြယ္တာျဖစ္ပါ တယ္။ ျမန္မာႏိုင္ငံအေနျဖင့္ ယခုကနဦး ကန႔္ကြက္လႊာေလွ်ာက္ထားျခင္းအား တရား႐ုံးအေပၚ အထူးေလးစား သမႈျဖင့္ လုပ္ေဆာင္ျခင္းျဖစ္ပါတယ္။

၇။ ဒါေၾကာင့္ ေနာင္ရက္မ်ားအတြင္း တရား႐ုံးေရွ႕ေမွာက္မွာျပဳလုပ္မယ့္ ေလွ်ာက္လဲခ်က္မ်ား ၾကားနာျခင္းဟာ အလြန္ပဲအေရးႀကီးပါတယ္။ ေယဘူယ်အားျဖင့္ တရား႐ုံးရဲ႕ အနာဂတ္တရားစီရင္ေရးလုပ္ငန္းစဥ္ေတြအေပၚ အက်ိဳးသက္ေရာက္မႈမ်ားစြာ ရွိမွာျဖစ္သလို ႏိုင္ငံမ်ားအၾကား အျပည္ျပည္ဆိုင္ရာတရား႐ုံး (သို႔မဟုတ္) ခုံ႐ုံးမ်ား သို႔ တင္သြင္းမည့္ အမႈမ်ားအေပၚလည္း အမွန္တကယ္ အက်ိဳးသက္ေရာက္မႈမ်ားရွိလာမွာျဖစ္ပါတယ္။

ဥကၠ႒ႀကီးနဲ႔ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၈။ ျမန္မာႏိုင္ငံမွတင္သြင္းခဲ့သည့္ ကနဦးကန႔္ကြက္ခ်က္မ်ားသည္ အမွတ္တကယ္ ကနဦးအဆင့္သာျဖစ္ၿပီး Genocide Convention အား ျမန္မာႏိုင္ငံမွ ေဖာက္ဖ်က္ေၾကာင္း ဂမ္ဘီယာႏိုင္ငံမွစြပ္စြဲထားသည့္ကိစၥအေပၚ ဆုံးျဖတ္ခ်က္ခ်မွတ္ေရးႏွင့္ သီးျခားစီျဖစ္ပါတယ္။ တရား႐ုံးအေနျဖင့္ ယခု ကနဦးကန႔္ကြက္လႊာၾကားနာမႈကို ဆုံးျဖတ္ၿပီးေနာက္မွာမွ အဆိုပါကိစၥရပ္အား ဆက္လက္စဥ္းစား ဆုံးျဖတ္ရမွာျဖစ္ပါတယ္။

၉။ တရား႐ုံး၏ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္အမိန႔္မ်ားသည္ ကနဦးကန႔္ကြက္လႊာပါ အခ်က္မ်ားအေပၚ ႀကိဳတင္ ဆုံးျဖတ္သည့္သေဘာ လုံးဝသက္ေရာက္ေစမည္မဟုတ္ေၾကာင္း ၾကားျဖတ္စီမံ ေဆာင္႐ြက္ခ်က္အမိန႔္အပိုဒ္ ၈၅ ၌ ရွင္းလင္းစြာေဖာ္ျပထားၿပီး ျဖစ္ပါတယ္။ ထို႔ေၾကာင့္ ယခုအခ်ိန္မွသာ တရား႐ုံးအေနျဖင့္ ကနဦးကန႔္ကြက္ခ်က္ မ်ားအေပၚ ေသခ်ာစြာ ေလ့လာသုံးသပ္၍ ဆုံးျဖတ္ခ်က္ခ်မွတ္ေပးရမွာျဖစ္ပါတယ္။

၁ဝ။ အဲဒါေၾကာင့္ ယေန႔ၾကားနာပြဲမွာ ကြၽန္ေတာ့္အေနနဲ႔ ဂမ္ဘီယာႏိုင္ငံမွတင္သြင္းထားသည့္ အေသးစိတ္ အခ်က္အလက္မ်ားကို ေဆြးေႏြးသြားမွာမဟုတ္ပါ။ ျမန္မာႏိုင္ငံအေနျဖင့္ ယခုအမႈအား တရား႐ုံးတြင္ စီရင္ပိုင္ခြင့္ မရွိေၾကာင္း၊ ပလပ္ရမည္ျဖစ္ေၾကာင္း ေလွ်ာက္ထားျခင္းသည္ ဂမ္ဘီယာ၏စြပ္စြဲခ်က္အေပၚ တုံ႔ျပန္ရန္ မရွိ ေၾကာင္း ေျပာဆိုျခင္းမဟုတ္သည္ကိုလည္း အထူးအေလးထားေျပာလိုပါတယ္။

၁၁။ ျမန္မာႏိုင္ငံအစိုးရႏွင့္ တပ္မေတာ္တိုအေနျဖင့္ ကာလရွည္ၾကာစြာ သမိုင္းေၾကာင္းရွိတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသရွိျပႆနာမ်ားအေပၚ ဆက္လက္ေျဖရွင္းသြားရန္ စိတ္ပိုင္းျဖတ္ထားၿပီးျဖစ္ပါတယ္။ အဆိုပါ ျပႆနာမ်ားဟာ ျမန္မာႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံတို႔ က်ေရာက္ခဲ့တဲ့ ကိုလိုနီလက္ေအာက္ခံဘဝရဲ႕ အက်ိဳးဆက္မ်ား အပါအဝင္ ရႈပ္ေထြးတဲ့ျပႆနာမ်ားျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါအခ်က္မ်ားဟာ ယခုၾကားနာမႈနဲ႔ သက္ဆိုင္ ျခင္း မရွိပါဘူး။

၁၂။ ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ဤရႈပ္ေထြးလွေသာျပႆနာအား ၿငိမ္းခ်မ္းေသာနည္းလမ္းျဖင့္ ေစ့စပ္ညႇိႏႈိင္း အေျဖရွာ၍ ေျပလည္မႈရရွိေစေရးအတြက္ ႀကိဳးစားလ်က္ရွိပါတယ္။ ျမန္မာ-ဘဂၤလားေဒ့ရွ္ႏွင့္ တ႐ုတ္ (၃)ႏိုင္ငံ အၾကား သုံးပြင့္ဆိုင္သံတမန္ေဆြးေႏြးပြဲမ်ားက်င္းပလ်က္ ျပန္လည္လက္ခံေရးကိစၥရပ္မ်ားကို ေဆာင္႐ြက္လ်က္ ရွိပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္တို႔၏လုပ္ငန္းအဖြဲ႕မ်ားမွ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရ မိမိဆႏၵအေလွ်ာက္ေနရပ္ျပန္လိုသည့္ လူဦးေရစာရင္းကိုျပဳစုရာတြင္ နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္လ်က္ပါ တယ္။ ျပန္လည္လက္ခံေရးအတြက္ ကနဦး လုပ္ငန္းစီမံကိန္းမ်ားကိုလည္း ျမန္မာႏိုင္ငံအစိုးရမွ ျပင္ဆင္ေဆာင္ ႐ြက္ထားၿပီးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕နယ္နိမိတ္အတြင္း၊ ရခိုင္ျပည္နယ္ရွိ IDP စခန္းေတြမွာ ေနထိုင္လ်က္ရွိသူ မ်ားကို အျခားႏိုင္ငံသားမ်ားနည္းတူ Covid-19 ေရာဂါကာကြယ္ေဆး ထိုးႏွံေပးလ်က္ရွိပါတယ္။ ဒါ့အျပင္ ေနရပ္ စြန႔္ခြာသူမ်ားအား ၎တို၏ မူရင္းေဒသမ်ားကို ျပန္လည္ပို႔ေဆာင္ႏိုင္ေရးနဲ႔ IDP စခန္းမ်ား ပိတ္သိမ္းႏိုင္ေရး ကိစၥ မ်ားမွာလည္း ေဆာင္႐ြက္ေနဆဲျဖစ္ပါတယ္။ လတ္တေလာျဖစ္ေပၚတိုးတက္မႈအေျခအေနမ်ားကို ၾကည့္ျခင္းအား ျဖင့္ ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ လက္ရွိျပႆနာအေပၚထိေရာက္ၿပီး မွန္ကန္တဲ့ ကုစားမႈရရွိႏိုင္ေရး အေလးထားမႈ ဆႏၵမွန္ကို သိရွိမွာျဖစ္ပါတယ္။

၁၃။ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစတင္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ ႏိုင္ငံေတာ္၏တာဝန္မ်ားကို ရယူ ၿပီးေနာက္မွာလည္း အိမ္ေစာင့္အစိုးရအသစ္အေနျဖင့္ ယခုအမႈအေပၚ ယခင္အစိုးရမွ ထားရွိခဲ့တဲ့တာဝန္မ်ားကို ဆက္လက္လက္ခံ လိုက္နာလ်က္ရွိပါတယ္။ တာဝန္ရွိအဖြဲ႕အစည္းအေနျဖင့္ တရား႐ုံးမွခ်မွတ္ခဲ့ေသာ ၾကားျဖတ္ စီမံေဆာင္႐ြက္ခ်က္အမိန႔္အား အစြမ္းကုန္အေကာင္အထည္ေဖာ္လ်က္ရွိၿပီး ပုံမွန္တင္သြင္းရမည့္ အစီရင္ခံစာ မ်ားကို ဆက္လက္တင္သြင္းလ်က္ရွိပါတယ္။

ဥကၠ႒ႀကီးနဲ႔ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ။
၁၄။ ျမန္မာႏိုင္ငံအေနနဲ႔ ကနဦးကန႔္ကြက္လႊာမွာ အခ်က္(၄)ခ်က္ကို တင္သြင္းခဲ့ပါတယ္။ အဆိုပါကန႔္ကြက္ ခ်က္မ်ားနဲ႔သက္ဆိုင္တဲ့ေလွ်ာက္လဲခ်က္မ်ားကို ျမန္မာႏိုင္ငံက တင္ျပခဲ့တဲ့ စာျဖင့္ေရးသားေလွ်ာက္လဲခ်က္မ်ား မွာ အျပည့္အစုံပါဝင္ထားၿပီးျဖစ္ကာ အဆိုပါအခ်က္မ်ားကို ဆက္လက္မွီျငမ္း ေလွ်ာက္လဲသြားမွာျဖစ္လို တရား႐ုံး အေနျဖင့္လည္း ဆက္လက္မွီျငမ္းႏိုင္ပါရန္ ေလးစားစြာတင္ျပပါတယ္။ တရား႐ုံး၏နည္းဥပေဒမ်ားနဲ႔ က်င့္ထုံး လမ္းၫႊန္မ်ားႏွင့္အညီ ျမန္မာႏိုင္ငံရဲ႕ကိုယ္စားျပဳေရွ႕ေနမ်ားမွလိုအပ္သည့္ အခ်က္အလက္မ်ားအေပၚ အဓိက ထား တင္ျပသြားမွာျဖစ္ပါတယ္။

၁၅။ ယေန႔ျပဳလုပ္မယ့္ ျမန္မာႏိုင္ငံရဲ႕ေလွ်ာက္လဲခ်က္မ်ားကို ေအာက္ေဖာ္ျပပါအစီအစဥ္အတိုင္း ေဆာင္႐ြက္ သြားမွာျဖစ္ပါတယ္။ ပထမဦးစြာ Dr. Staker မွ ျမန္မာႏိုင္ငံရဲ႕ ကနဦးကန႔္ကြက္လႊာ ပထမအခ်က္ကို ေလွ်ာက္လဲ မွာျဖစ္ပါတယ္။ ကနဦးကန႔္ကြက္လႊာ ဒုတိယအခ်က္ကို Professor Talmon က လည္းေကာင္း၊ တတိယ အခ်က္ကို Professor Kolb ကလည္းေကာင္း အသီးသီးေလွ်ာက္လဲၾကမွာျဖစ္ၿပီး ကနဦးကန႔္ကြက္လႊာ ေနာက္ဆုံးအခ်က္ကို Dr. Staker မွ ဆက္လက္ေလွ်ာက္လဲသြားမွာ ျဖစ္ပါတယ္။

ဥကၠ႒ႀကီးနဲ႔ ဂုဏ္သေရရွိတရားသူႀကီးမင္းမ်ား ခင္ဗ်ာ…
၁၆။ စိတ္ပါဝင္စားစြာ နားေထာင္ေပးမႈအတြက္ ေက်းဇူးတင္ရွိပါတယ္။ ဆက္လက္၍ ျမန္မာႏိုင္ငံ၏ ေရွ႕ေန Dr. Staker အား ေလွ်ာက္လဲခြင့္ျပဳပါရန္ ေမတၱာရပ္ခံအပ္ပါတယ္။ ေက်းဇူးတင္ပါတယ္။

မွတ္ခ်က္ ။ ။ ျမန္မာႏိုင္ငံဘက္က ေခ်ပခ်က္မ်ားကို မူရင္းအတိုင္း မျဖတ္မေတာက္ဘဲ ေဖာ္ျပေပးျခင္း ျဖစ္ပါသည္။

Related news

© 2021. All rights reserved.