ယူကရိန်းစစ်မီးတောက်မှ အာရှဖက်သို့ ကူးစက်လာမည့် အလားအလာ၊ နိုင်ငံကြီးများ၏ စစ်အေးခေတ်လွန် သြဇာလွှမ်းမိုးရေးတွန်းတိုက်မှုနှင့် တတိယကမ္ဘာစစ်

 1198

Htay Oung (NP News) - ဖေဖော်ဝါရီ ၂၅
ယမန်နေ့ (ဖေဖော်ဝါရီလ ၂၅ ရက်) မော်စကိုစံတော် ချိန် နံနက် ၅ နာရီ ၅၅ မိနစ်တွင် ယူကရိန်းနိုင်ငံအ ရှေ့ပိုင်း ဒွန်ဘတ်စ်၌ စစ်ဆင်ရေးစတင်ပြီ ဖြစ် ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မိန့်ခွန်းပြောကြားပြီးနောက် များမကြာမီ ယူကရိန်းနိုင်ငံအား ရုရှားတို့က အပြည့်အဝကျူးကျော်တိုက်ခိုက်နေပြီဖြစ်ကြောင်း ကိရိယက်ဗ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

တိုက်ခိုက်ရေးဇုန်ရှိ ယူကရိန်းစစ်သားများအနေဖြင့် ၎င်းတို့၏လက်နက်များကို စွန့်ပစ်၍ နေအိမ်သို့ပြန်ကြရန် ပူတင်က တိုက်တွန်းထားပြီး တိုက်ပွဲများ သည် ဧကန်မလွဲ ကြုံတွေ့ရတော့မည်ဖြစ်ပြီး အချိန်ကာလအတွက် မေးခွန်းထုတ်ရန်သာရှိကြောင်း ပြော ဆိုသည်။

ယူကရိန်းမြို့တော် ကိရိယက်ဗ်၊ တောင်ပိုင်းမြို့တော် အိုဒက်ဆာနှင့် အရှေ့ပိုင်းခွဲထွက်နယ်မြေ ဒွန်းညက်စ်ဒေသရှိ ကရမ်မက်တော့စ်မြို့တို့ဆီမှ ပေါက်ကွဲမှုများ ကြားရကြောင်း BBC သတင်းထောက်က ယနေ့(ဖေ ဖော်ဝါရီလ ၂၅ ရက်) နံနက်က သတင်းပေးပို့သည်။

ယူကရိန်းနိုင်ငံနှင့် ပတ်သက်၍ မျက်စိထဲမြင်အောင် ပြောရလျှင် မြန်မာနိုင်ငံထက် ဧရိယာအကျယ်အဝန်းနှင့် လူဦးရေတွင် ၁၂ ရာခိုင်နှုန်းခန့် ပိုမိုသေးငယ်နည်း ပါးသည်။ သို့သော် ဥရောပတွင် ရုရှားပြီးလျှင် ဒုတိယမြောက် နယ်မြေအကြီးဆုံး တိုင်းပြည်ဖြစ်သည်။

စစ်မျက်နှာ ၃ ခုဖြင့် ရုရှားတပ်များ ဝင်ရောက်မလာမီ ယူကရိန်းမြို့ကြီးနှင့် စစ်ဘက်ဆိုင်ရာအဆောက်အအုံ များအား လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ပေါင်း ၇ဝ ကျော်ကိုဖျက်ဆီးနိုင်ခဲ့ကြောင်း မော်စကိုက သ တင်းထုတ်ပြန်သည်။ ပဋိပက္ခအတွင်း သေဆုံးသူများတွင် ယူကရိန်းစစ်သား ၄ဝ ဦး၊ အရပ်သား ၁ဝ ဦးနှင့် ရုရှားစစ်သားများ ပါဝင်ကြောင်း ကိရိယက်ဗ်က ပြော ဆိုသော်လည်း လူပေါင်းများစွာသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းများ ထွက်ပေါ်သည်ဟု BBC က ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ရေးသည်။

ယူကရိန်းသည် ၁၉၉၁ ခုနှစ် ဆိုဗီယက်ဖက်ဒရယ်နိုင် ငံ ပြိုကွဲပြီးနောက် သီးခြားလွတ်လပ်သော သမ္မတ နိုင်ငံဖြစ်လာခဲ့သည်။ ဆိုဗီယက်အင်ပါယာအတွင်း ရှိစဉ် ဒုတိယမြောက် အဖွံ့ဖြိုးဆုံးဖက်ဒရယ်နိုင်ငံဖြစ်ပြီး စစ်လက်နက်ယန္တရားများနှင့် ရုရှား၏ စစ်ရေးအ ချက်အချာများ အခြေစိုက်ရာဖြစ်ခဲ့ဖူးသည်။ယူကရိန်း နိုင်ငံဖြစ်လာပြီးနောက် ဘဏ္ဍာရေးအကြပ်အတည်းနှင့်ရင်ဆိုင်ရပြီး အထွေထွေချွတ်ခြုံကျကာ ဥရောပတွင် အဆင်းရဲဆုံးတိုင်းပြည်ဖြစ်သွားသည်။ ပဋိပက္ခ ၏အစသည် ယူကရိန်းတွင် ရုရှားလိုလားသောသမ္မတ ယာနျူကိုဗစ်ချ် ပြုတ်ကျရာမှ နိဒါန်းပျိုးခဲ့သည်။ ဒီမိုကရေစီနည်းကျ နှစ်ကြိမ်တိုင် ရွေးကောက်တင်မြှောက်ခံရသူသည် ဥရောပသမဂ္ဂနှင့် စီးပွားရေးပူးပေါင်းလိုသူများ၏ ကန့်ကွက်ဆန္ဒပြပွဲများနှင့် ကြုံ တွေ့ရသည်။ စောစောပိုင်းတွင် ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေး CDM ပြုလုပ်သူများမှာ နောက်ပိုင်း၌ ဆူပူသောင်းကျန်းသည့် အဆင့်သို့ ရောက်ရှိလာသည်။

ဆန္ဒပြသူများ၊ အဓိကရုန်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် အမည်မသိ သေနတ်သမားများ၏ ပဋိပက္ခတွင် လူပေါင်းများစွာ သေဆုံး ဒဏ်ရာရရှိခဲ့ကြသည်။ နောက်ဆုံးတွင် ၂ဝ၁၄ ခုနှစ်၌ ယာနျူကိုဗစ်ချ်လည်း ရုရှားသို့ထွက်ပြေးရပြီး အစိုးရအဖွဲ့ပြုတ်ကျသွားသည်။ သမ္မတ ယာနျူကိုဗစ်ချ်အား ဆန့်ကျင်သူတို့ကို အနောက်အုပ်စုက ထောက်ပံ့အားပေးခဲ့ရာတွင် တစ်ချိန်က လက်ဝဲနိုင်ငံများ၌ ဒီမိုကရေစီ ပြန့်ပွားရေး Open Society ပွင့်လင်းလူ့အဖွဲ့အစည်း အလှူ ရှင်သူဋ္ဌေးကြီး ဂျော့ဆိုရော့စ်လက်ချက်မကင်းဟုဆိုကာ ၎င်းအား မော်စကိုက ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်။

နောက်ဆက်တွဲ ရလဒ်မှာ ရုရှားဘာသာစကားပြော ဆိုသူအများစုနေထိုင်သော ခရိုင်မီးယားအား ရုရှားတပ်များက ကျူးကျော်သိမ်းပိုက်ခြင်းဖြစ်သည်။ အ တိကာလတွင် ဂရိ၊ ရောမနှင့် တူရကီတို့ လက် အောက်ကျရောက်ခဲ့ဖူးသော ခရိုင်မီးယားအား နောက်ဆုံးသိမ်းသွင်းနိုင်ခဲ့သူမှာ ရုရှားဖြစ်ပြီး ၁၉၅၄ ခုနှစ် ခရူးရှော့ဗ်လက်ထက်တွင် ယူကရိန်းပိုင်နက်အတွင်း ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။

ဥပမာပေးရလျှင် လွတ်လပ်ရေးရယူအံ့ဆဲဆဲ မြန်မာ နိုင်ငံ၌ ထိုစဉ်ဖဆပလခေါင်းဆောင်တို့က စစ်ကိုင်း တိုင်းအထက်ပိုင်း မိုကောင်း၊ မိုးညှင်း၊ တနိုင်း၊ ဖားကန့်နှင့် ရှမ်းပြည်တွင်တည်ရှိသည့် ဗန်းမော်ခရိုင်အား ကချင်ပြည်နယ်အတွင်း ထည့်သွင်းပေးခဲ့ခြင်းမျိုးဖြစ် သည်။

ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်သည့် တင်းမာ မှု၏ အမြင့်ဆုံးကာလမှာ ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့သို့ဝင်ရောက်ခြင်းဖြင့် ရုရှား၏လုံခြုံရေးအပေါ် ခြိမ်းခြောက်လာသည်ဟု မော်စကိုက ရှုမြင်ရာမှ စ တင်သည်။ တစ်ချိန်က ဆိုဗီယက်အင်ပါယာတွင် ပါ ဝင်ခဲ့ဖူးသော ဥရောပအရှေ့ဖျားနိုင်ငံများသည် စစ်စာချုပ်အဖွဲ့ဝင်များဖြစ်လာကြပြီး ရုရှားနိုင်ငံအား အ နောက်ဖက်မှနေ၍ ဒုံးကျည်များနှင့် ချိန်ရွယ်ခံရသည်ကို ဗလာဒီမာပူတင်အနေဖြင့် သည်းမခံနိုင်ပါ။ အဆို ပါနိုင်ငံများမှ နေတိုးတပ်များနှင့် စစ်ယန္တယားများအားရုတ်သိမ်း၍ အမေရိကန်နှင့် နေတိုးတို့က ရုရှား ၏ အမျိုးသားလုံခြုံရေးအပေါ် အာမခံချက်ပေးရန် တောင်းဆိုသည်။ ယူကရိန်းအား ကျူးကျော်ရန် အစီ အစဉ် မရှိသော်လည်း တောင်းဆိုချက်များ မအောင် မြင်ခဲ့လျှင် စစ်ရေးနည်းနာများအား အသုံးချရဖွယ်ရှိကြောင်း ခြိမ်းခြောက်ခဲ့သည်။

မျက်မှောက်ကမ္ဘာကြီး၏ အရှေ့အနောက် တင်းမာမှုများကို စစ်အေးခေတ်လွန် သြဇာလွှမ်းမိုးရေး တွန်းတိုက်မှုဟု မီဒီယာများက ကင်ပွန်းတပ်ကြပါသည်။

လွန်ခဲ့သည့်နှစ်များအတွင်း ကမ္ဘာ့စီးပွားရေးနှင့် စစ်အင်အား၌ တစ်ရှိန်ထိုးအင်အားကြီးမားလာသော ရု ရှားနှင့် တရုတ်တို့၏ အနီးပတ်ဝန်းကျင်၌ အနောက် အုပ်စုက ၎င်းတို့၏ သြဇာခံနိုင်ငံများထူ ထောင်ရာမှ စတင်ခြင်းဖြစ်သည်။ အကယ်၍ ၎င်းနိုင်ငံကြီးများအနီးတွင် ၎င်းတို့ကြိုးဆွဲရာ မကနိုင်ပဲ ပြန်လှန်အာခံမည့် အင်စတီကျုးရှင်းများ အခိုင်အမာရှိသည့် တိုင်း ပြည်များတွင် ဆီးရီးယားကဲ့သို့ အချင်းချင်းမပြီးနိုင်မစီးနိုင် အသေအကြေသတ်ပုတ်လျက်ကျဆုံးတိုင်း ပြည် Failed State အဖြစ် ပုံဖော်နေခြင်း၊ အနောက် အုပ်စု၏ အဆိုပါအားထုတ်မှုကို ရုရှား- တရုတ်တို့က လက်တုန့်ပြန်ခြင်း ဖြစ်သည်။

ရုရှားက ယူကရိန်းအား ကျူးကျော်စစ်ဆင်ခြင်းသည် တတိယကမ္ဘာစစ်၏ ပြိုင်ပွဲအစ ခရာမှုတ်သံပင်ဖြစ်ပါ သည်။ အနောက်အုပ်စု၏ တုန့်ပြန်မှုအပေါ်မူတည်၍ စစ်ဖြစ်ပွားဖွယ် အလားအလာများပြားသည်။ တရုတ်သည် ယူကရိန်းအရေးတွင် အနောက်အုပ်စု၏ ဆောင်ရွက်မှုများအပေါ် တွက်ချက်လျှက်ရှိသည်ဟု အမေရိကန်အစိုးရအနေဖြင့် တစ်နေ့တစ်ခြားပိုမိုယုံ ကြည်လာသည်။ ယူကရိန်းအကျပ်အတည်းအပေါ် အမေရိကန်၏ တုံ့ပြန်မှုသည် ထိုင်ဝမ်အရေး၌ ဝါရှင်တန်က ကိုင်တွယ်ဖြေရှင်းရာတွင် သွေးရူးသွေးတန်းဖြစ်လာစေရန် တရုတ်က ဆွဲယူအသုံးချလိမ့်မည်ဖြစ် ကြောင်း အမေရိကန် အကြီးတန်းအရာရှိသုံးဦးက ပြောကြားသည်ဟု Bloomberg က ဖေဖော်ဝါရီလ ၁၂ ရက်ကရေးသားသည်။

ဤတွင် တရုတ်အနေဖြင့် ယူကရိန်းအရေးအတွက် ရု ရှားအား စစ်ကူတိုက် ပေး၊ မပေး မသေချာ။ သို့သော် ရုရှားနည်းတူ အနောက်အုပ်စု၏ တစ်ချိန်လုံးစစ်အင် အား အမျိုးမျိုး ပြသခံနေရယုံမက စီးပွားရေးဒဏ် ခတ်ပိတ်ဆို့ ခြင်းအကြိမ်ကြိမ်ဖြင့် တစ်ဖက်သပ်အ နိုင်ကျင့်ခံနေရသော တရုတ်အတွက် အနောက်အုပ်စု ပျားတုပ်နေမည့် ယူကရိန်းအရေးမှာ အခွင့်အခါကောင်းဖြစ်သည်။

အတိတ်ကာလ အမှားကျူးလွန်ခဲ့သော နိုင်ငံရေးသ မားတို့လည်း ကွယ်လွန်ကုန်ကြပါပြီ၊ သို့သော် ခရိုင်းမီးယားသည် ရုရှား၏ သမိုင်းစဉ်လာ ပိုင်နက်နယ်မြေဖြစ်သည်ဟု မော်စကိုက ယုံကြည်သည်။ ထို့အတူ ထိုင်ဝမ်ဆိုသည်မှာလည်း တရုတ်၏ ခွဲခွာ၍မရသော ထာဝရအစိတ်အပိုင်းဖြစ်သည်ဟု ပေကျင်းက မှတ် ယူထားသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြင့် လူပေါင်း ၆ သန်းခန့် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ တိုင်းပြည်အသီးသီးမှာလည်း စီးပွားရေး၊ ပညာရေး၊ လူမှုရေးထိခိုက်လျက်ရှိသည်။ ထိုအချိန်မျိုးတွင် ကမ္ဘာကြီးအားကိုင်လှုပ်နိုင်သည့် နိုင်ငံကြီးတို့အကြား သြဇာလွှမ်းမိုးရေးတွန်းတိုက်မှုမှာ အတော်ပင် စိတ်မသက်သာစရာဖြစ်သည်။

zawgyi version
ယူကရိန္းစစ္မီးေတာက္မွ အာရွဖက္သို႔ ကူးစက္လာမည့္ အလားအလာ၊ ႏိုင္ငံႀကီးမ်ား၏ စစ္ေအးေခတ္လြန္ ၾသဇာလႊမ္းမိုးေရးတြန္းတိုက္မႈႏွင့္ တတိယကမာၻစစ္
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၂၅

ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၂၅ ရက္) ေမာ္စကိုစံေတာ္ ခ်ိန္ နံနက္ ၅ နာရီ ၅၅ မိနစ္တြင္ ယူကရိန္းႏိုင္ငံအ ေရွ႕ပိုင္း ဒြန္ဘတ္စ္၌ စစ္ဆင္ေရးစတင္ၿပီ ျဖစ္ ေၾကာင္း ႐ုရွားသမၼတ ဗလာဒီမာပူတင္က မိန႔္ခြန္းေျပာၾကားၿပီးေနာက္ မ်ားမၾကာမီ ယူကရိန္းႏိုင္ငံအား ႐ုရွားတို႔က အျပည့္အဝက်ဴးေက်ာ္တိုက္ခိုက္ေနၿပီျဖစ္ေၾကာင္း ကိရိယက္ဗ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္း ထုတ္ျပန္သည္။

တိုက္ခိုက္ေရးဇုန္ရွိ ယူကရိန္းစစ္သားမ်ားအေနျဖင့္ ၎တို႔၏လက္နက္မ်ားကို စြန႔္ပစ္၍ ေနအိမ္သို႔ျပန္ၾကရန္ ပူတင္က တိုက္တြန္းထားၿပီး တိုက္ပြဲမ်ား သည္ ဧကန္မလြဲ ႀကဳံေတြ႕ရေတာ့မည္ျဖစ္ၿပီး အခ်ိန္ကာလအတြက္ ေမးခြန္းထုတ္ရန္သာရွိေၾကာင္း ေျပာ ဆိုသည္။

ယူကရိန္းၿမိဳ႕ေတာ္ ကိရိယက္ဗ္၊ ေတာင္ပိုင္းၿမိဳ႕ေတာ္ အိုဒက္ဆာႏွင့္ အေရွ႕ပိုင္းခြဲထြက္နယ္ေျမ ဒြန္းညက္စ္ေဒသရွိ ကရမ္မက္ေတာ့စ္ၿမိဳ႕တို႔ဆီမွ ေပါက္ကြဲမႈမ်ား ၾကားရေၾကာင္း BBC သတင္းေထာက္က ယေန႔(ေဖ ေဖာ္ဝါရီလ ၂၅ ရက္) နံနက္က သတင္းေပးပို႔သည္။

ယူကရိန္းႏိုင္ငံႏွင့္ ပတ္သက္၍ မ်က္စိထဲျမင္ေအာင္ ေျပာရလွ်င္ ျမန္မာႏိုင္ငံထက္ ဧရိယာအက်ယ္အဝန္းႏွင့္ လူဦးေရတြင္ ၁၂ ရာခိုင္ႏႈန္းခန႔္ ပိုမိုေသးငယ္နည္း ပါးသည္။ သို႔ေသာ္ ဥေရာပတြင္ ႐ုရွားၿပီးလွ်င္ ဒုတိယေျမာက္ နယ္ေျမအႀကီးဆုံး တိုင္းျပည္ျဖစ္သည္။

စစ္မ်က္ႏွာ ၃ ခုျဖင့္ ႐ုရွားတပ္မ်ား ဝင္ေရာက္မလာမီ ယူကရိန္းၿမိဳ႕ႀကီးႏွင့္ စစ္ဘက္ဆိုင္ရာအေဆာက္အအုံ မ်ားအား ေလေၾကာင္းမွတိုက္ခိုက္ခဲ့ရာ ပစ္မွတ္ေပါင္း ၇ဝ ေက်ာ္ကိုဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ေမာ္စကိုက သ တင္းထုတ္ျပန္သည္။ ပဋိပကၡအတြင္း ေသဆုံးသူမ်ားတြင္ ယူကရိန္းစစ္သား ၄ဝ ဦး၊ အရပ္သား ၁ဝ ဦးႏွင့္ ႐ုရွားစစ္သားမ်ား ပါဝင္ေၾကာင္း ကိရိယက္ဗ္က ေျပာ ဆိုေသာ္လည္း လူေပါင္းမ်ားစြာေသဆုံး၍ ထိခိုက္ဒဏ္ရာရရွိေၾကာင္း သတင္းမ်ား ထြက္ေပၚသည္ဟု BBC က ယေန႔ (ေဖေဖာ္ဝါရီလ ၂၅ ရက္)တြင္ ေရးသည္။

ယူကရိန္းသည္ ၁၉၉၁ ခုႏွစ္ ဆိုဗီယက္ဖက္ဒရယ္ႏိုင္ ငံ ၿပိဳကြဲၿပီးေနာက္ သီးျခားလြတ္လပ္ေသာ သမၼတ ႏိုင္ငံျဖစ္လာခဲ့သည္။ ဆိုဗီယက္အင္ပါယာအတြင္း ရွိစဥ္ ဒုတိယေျမာက္ အဖြံ႕ၿဖိဳးဆုံးဖက္ဒရယ္ႏိုင္ငံျဖစ္ၿပီး စစ္လက္နက္ယႏၲရားမ်ားႏွင့္ ႐ုရွား၏ စစ္ေရးအ ခ်က္အခ်ာမ်ား အေျခစိုက္ရာျဖစ္ခဲ့ဖူးသည္။ယူကရိန္း ႏိုင္ငံျဖစ္လာၿပီးေနာက္ ဘ႑ာေရးအၾကပ္အတည္းႏွင့္ရင္ဆိုင္ရၿပီး အေထြေထြခြၽတ္ၿခဳံက်ကာ ဥေရာပတြင္ အဆင္းရဲဆုံးတိုင္းျပည္ျဖစ္သြားသည္။ ပဋိပကၡ ၏အစသည္ ယူကရိန္းတြင္ ႐ုရွားလိုလားေသာသမၼတ ယာန်ဴကိုဗစ္ခ်္ ျပဳတ္က်ရာမွ နိဒါန္းပ်ိဳးခဲ့သည္။ ဒီမိုကေရစီနည္းက် ႏွစ္ႀကိမ္တိုင္ ေ႐ြးေကာက္တင္ေျမႇာက္ခံရသူသည္ ဥေရာပသမဂၢႏွင့္ စီးပြားေရးပူးေပါင္းလိုသူမ်ား၏ ကန႔္ကြက္ဆႏၵျပပြဲမ်ားႏွင့္ ႀကဳံ ေတြ႕ရသည္။ ေစာေစာပိုင္းတြင္ ၿငိမ္းခ်မ္းစြာ အာဏာဖီဆန္ေရး CDM ျပဳလုပ္သူမ်ားမွာ ေနာက္ပိုင္း၌ ဆူပူေသာင္းက်န္းသည့္ အဆင့္သို႔ ေရာက္ရွိလာသည္။

ဆႏၵျပသူမ်ား၊ အဓိက႐ုန္းႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ အမည္မသိ ေသနတ္သမားမ်ား၏ ပဋိပကၡတြင္ လူေပါင္းမ်ားစြာ ေသဆုံး ဒဏ္ရာရရွိခဲ့ၾကသည္။ ေနာက္ဆုံးတြင္ ၂ဝ၁၄ ခုႏွစ္၌ ယာန်ဴကိုဗစ္ခ်္လည္း ႐ုရွားသို႔ထြက္ေျပးရၿပီး အစိုးရအဖြဲ႕ျပဳတ္က်သြားသည္။ သမၼတ ယာန်ဴကိုဗစ္ခ်္အား ဆန႔္က်င္သူတို႔ကို အေနာက္အုပ္စုက ေထာက္ပံ့အားေပးခဲ့ရာတြင္ တစ္ခ်ိန္က လက္ဝဲႏိုင္ငံမ်ား၌ ဒီမိုကေရစီ ျပန႔္ပြားေရး Open Society ပြင့္လင္းလူ႔အဖြဲ႕အစည္း အလႉ ရွင္သူေ႒းႀကီး ေဂ်ာ့ဆိုေရာ့စ္လက္ခ်က္မကင္းဟုဆိုကာ ၎အား ေမာ္စကိုက ျပည္ဝင္ခြင့္ပိတ္ပင္ခဲ့သည္။

ေနာက္ဆက္တြဲ ရလဒ္မွာ ႐ုရွားဘာသာစကားေျပာ ဆိုသူအမ်ားစုေနထိုင္ေသာ ခ႐ိုင္မီးယားအား ႐ုရွားတပ္မ်ားက က်ဴးေက်ာ္သိမ္းပိုက္ျခင္းျဖစ္သည္။ အ တိကာလတြင္ ဂရိ၊ ေရာမႏွင့္ တူရကီတို႔ လက္ ေအာက္က်ေရာက္ခဲ့ဖူးေသာ ခ႐ိုင္မီးယားအား ေနာက္ဆုံးသိမ္းသြင္းႏိုင္ခဲ့သူမွာ ႐ုရွားျဖစ္ၿပီး ၁၉၅၄ ခုႏွစ္ ခ႐ူးေရွာ့ဗ္လက္ထက္တြင္ ယူကရိန္းပိုင္နက္အတြင္း ထည့္သြင္းေပးခဲ့ျခင္းျဖစ္သည္။

ဥပမာေပးရလွ်င္ လြတ္လပ္ေရးရယူအံ့ဆဲဆဲ ျမန္မာ ႏိုင္ငံ၌ ထိုစဥ္ဖဆပလေခါင္းေဆာင္တို႔က စစ္ကိုင္း တိုင္းအထက္ပိုင္း မိုေကာင္း၊ မိုးညႇင္း၊ တႏိုင္း၊ ဖားကန႔္ႏွင့္ ရွမ္းျပည္တြင္တည္ရွိသည့္ ဗန္းေမာ္ခ႐ိုင္အား ကခ်င္ျပည္နယ္အတြင္း ထည့္သြင္းေပးခဲ့ျခင္းမ်ိဳးျဖစ္ သည္။

ရက္သတၱပတ္ေပါင္းမ်ားစြာ ၾကာျမင့္သည့္ တင္းမာ မႈ၏ အျမင့္ဆုံးကာလမွာ ယူကရိန္းအေနျဖင့္ ေနတိုးအဖြဲ႕သို႔ဝင္ေရာက္ျခင္းျဖင့္ ႐ုရွား၏လုံၿခဳံေရးအေပၚ ၿခိမ္းေျခာက္လာသည္ဟု ေမာ္စကိုက ရႈျမင္ရာမွ စ တင္သည္။ တစ္ခ်ိန္က ဆိုဗီယက္အင္ပါယာတြင္ ပါ ဝင္ခဲ့ဖူးေသာ ဥေရာပအေရွ႕ဖ်ားႏိုင္ငံမ်ားသည္ စစ္စာခ်ဳပ္အဖြဲ႕ဝင္မ်ားျဖစ္လာၾကၿပီး ႐ုရွားႏိုင္ငံအား အ ေနာက္ဖက္မွေန၍ ဒုံးက်ည္မ်ားႏွင့္ ခ်ိန္႐ြယ္ခံရသည္ကို ဗလာဒီမာပူတင္အေနျဖင့္ သည္းမခံႏိုင္ပါ။ အဆို ပါႏိုင္ငံမ်ားမွ ေနတိုးတပ္မ်ားႏွင့္ စစ္ယႏၲယားမ်ားအား႐ုတ္သိမ္း၍ အေမရိကန္ႏွင့္ ေနတိုးတို႔က ႐ုရွား ၏ အမ်ိဳးသားလုံၿခဳံေရးအေပၚ အာမခံခ်က္ေပးရန္ ေတာင္းဆိုသည္။ ယူကရိန္းအား က်ဴးေက်ာ္ရန္ အစီ အစဥ္ မရွိေသာ္လည္း ေတာင္းဆိုခ်က္မ်ား မေအာင္ ျမင္ခဲ့လွ်င္ စစ္ေရးနည္းနာမ်ားအား အသုံးခ်ရဖြယ္ရွိေၾကာင္း ၿခိမ္းေျခာက္ခဲ့သည္။

မ်က္ေမွာက္ကမာၻႀကီး၏ အေရွ႕အေနာက္ တင္းမာမႈမ်ားကို စစ္ေအးေခတ္လြန္ ၾသဇာလႊမ္းမိုးေရး တြန္းတိုက္မႈဟု မီဒီယာမ်ားက ကင္ပြန္းတပ္ၾကပါသည္။

လြန္ခဲ့သည့္ႏွစ္မ်ားအတြင္း ကမာၻ႔စီးပြားေရးႏွင့္ စစ္အင္အား၌ တစ္ရွိန္ထိုးအင္အားႀကီးမားလာေသာ ႐ု ရွားႏွင့္ တ႐ုတ္တို႔၏ အနီးပတ္ဝန္းက်င္၌ အေနာက္ အုပ္စုက ၎တို႔၏ ၾသဇာခံႏိုင္ငံမ်ားထူ ေထာင္ရာမွ စတင္ျခင္းျဖစ္သည္။ အကယ္၍ ၎ႏိုင္ငံႀကီးမ်ားအနီးတြင္ ၎တို႔ႀကိဳးဆြဲရာ မကႏိုင္ပဲ ျပန္လွန္အာခံမည့္ အင္စတီက်ဳးရွင္းမ်ား အခိုင္အမာရွိသည့္ တိုင္း ျပည္မ်ားတြင္ ဆီးရီးယားကဲ့သို႔ အခ်င္းခ်င္းမၿပီးႏိုင္မစီးႏိုင္ အေသအေၾကသတ္ပုတ္လ်က္က်ဆုံးတိုင္း ျပည္ Failed State အျဖစ္ ပုံေဖာ္ေနျခင္း၊ အေနာက္ အုပ္စု၏ အဆိုပါအားထုတ္မႈကို ႐ုရွား- တ႐ုတ္တို႔က လက္တုန႔္ျပန္ျခင္း ျဖစ္သည္။

႐ုရွားက ယူကရိန္းအား က်ဴးေက်ာ္စစ္ဆင္ျခင္းသည္ တတိယကမာၻစစ္၏ ၿပိဳင္ပြဲအစ ခရာမႈတ္သံပင္ျဖစ္ပါ သည္။ အေနာက္အုပ္စု၏ တုန႔္ျပန္မႈအေပၚမူတည္၍ စစ္ျဖစ္ပြားဖြယ္ အလားအလာမ်ားျပားသည္။ တ႐ုတ္သည္ ယူကရိန္းအေရးတြင္ အေနာက္အုပ္စု၏ ေဆာင္႐ြက္မႈမ်ားအေပၚ တြက္ခ်က္လွ်က္ရွိသည္ဟု အေမရိကန္အစိုးရအေနျဖင့္ တစ္ေန႔တစ္ျခားပိုမိုယုံ ၾကည္လာသည္။ ယူကရိန္းအက်ပ္အတည္းအေပၚ အေမရိကန္၏ တုံ႔ျပန္မႈသည္ ထိုင္ဝမ္အေရး၌ ဝါရွင္တန္က ကိုင္တြယ္ေျဖရွင္းရာတြင္ ေသြး႐ူးေသြးတန္းျဖစ္လာေစရန္ တ႐ုတ္က ဆြဲယူအသုံးခ်လိမ့္မည္ျဖစ္ ေၾကာင္း အေမရိကန္ အႀကီးတန္းအရာရွိသုံးဦးက ေျပာၾကားသည္ဟု Bloomberg က ေဖေဖာ္ဝါရီလ ၁၂ ရက္ကေရးသားသည္။

ဤတြင္ တ႐ုတ္အေနျဖင့္ ယူကရိန္းအေရးအတြက္ ႐ု ရွားအား စစ္ကူတိုက္ ေပး၊ မေပး မေသခ်ာ။ သို႔ေသာ္ ႐ုရွားနည္းတူ အေနာက္အုပ္စု၏ တစ္ခ်ိန္လုံးစစ္အင္ အား အမ်ိဳးမ်ိဳး ျပသခံေနရယုံမက စီးပြားေရးဒဏ္ ခတ္ပိတ္ဆို႔ ျခင္းအႀကိမ္ႀကိမ္ျဖင့္ တစ္ဖက္သပ္အ ႏိုင္က်င့္ခံေနရေသာ တ႐ုတ္အတြက္ အေနာက္အုပ္စု ပ်ားတုပ္ေနမည့္ ယူကရိန္းအေရးမွာ အခြင့္အခါေကာင္းျဖစ္သည္။

အတိတ္ကာလ အမွားက်ဴးလြန္ခဲ့ေသာ ႏိုင္ငံေရးသ မားတို႔လည္း ကြယ္လြန္ကုန္ၾကပါၿပီ၊ သို႔ေသာ္ ခ႐ိုင္းမီးယားသည္ ႐ုရွား၏ သမိုင္းစဥ္လာ ပိုင္နက္နယ္ေျမျဖစ္သည္ဟု ေမာ္စကိုက ယုံၾကည္သည္။ ထို႔အတူ ထိုင္ဝမ္ဆိုသည္မွာလည္း တ႐ုတ္၏ ခြဲခြာ၍မရေသာ ထာဝရအစိတ္အပိုင္းျဖစ္သည္ဟု ေပက်င္းက မွတ္ ယူထားသည္။

လြန္ခဲ့သည့္ ၂ ႏွစ္ေက်ာ္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါျဖင့္ လူေပါင္း ၆ သန္းခန႔္ အသက္ဆုံးရႈံးခဲ့ရၿပီး ျဖစ္သည္။ တိုင္းျပည္အသီးသီးမွာလည္း စီးပြားေရး၊ ပညာေရး၊ လူမႈေရးထိခိုက္လ်က္ရွိသည္။ ထိုအခ်ိန္မ်ိဳးတြင္ ကမာၻႀကီးအားကိုင္လႈပ္ႏိုင္သည့္ ႏိုင္ငံႀကီးတို႔အၾကား ၾသဇာလႊမ္းမိုးေရးတြန္းတိုက္မႈမွာ အေတာ္ပင္ စိတ္မသက္သာစရာျဖစ္သည္။

Related news

© 2021. All rights reserved.